BEHS Eusa

BEHS Eusa Student Association (S.A)

S.A.Eမှ "၃၈ နှစ်မြောက် ရှစ်လေးလုံး လူထုအရေးတော်ပုံနေ့" အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာ
08/08/2026

S.A.Eမှ "၃၈ နှစ်မြောက် ရှစ်လေးလုံး လူထုအရေးတော်ပုံနေ့" အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာ

2026 July 20 ‌ကျောင်းကော်မတီ နရက ၊ S.A.E အဖွဲ့ နှင့် အထက်တန်းကျောင်းသူကျောင်းသားများ တွေ့ဆုံဆွေးနွေးခြင်း၁။ ကျောင်းကော်မ...
21/07/2026

2026 July 20 ‌
ကျောင်းကော်မတီ နရက ၊ S.A.E အဖွဲ့ နှင့် အထက်တန်းကျောင်းသူကျောင်းသားများ တွေ့ဆုံဆွေးနွေးခြင်း

၁။ ကျောင်းကော်မတီ နရက မှ တွေ့ဆုံ ဆွေးနွေးခြင်း၏ရည်ရွယ်ချက်ကိုပြောကြားခြင်း။
၂။ ကျောင်းတာဝန်ခံမှ အဖွင့်အမှာစကားပြောကြားခြင်း။
၃။ KPPA မှ S.A Eကို လှူဒါန်းထားသော Grade-12 ကျောင်းသုံးဖတ်စာအုပ်များကို ကျောင်းသူကျောင်းသားများအား ပေးဝေခြင်း
၄။ အထက်တန်းကျောင်း နရကမှ "ဖယ်ဒရယ်ဒီမိုကရေစီ ပညာရေးစနစ် " အကြောင်းကို အကျဥ်းချုပ် ဝေမျှခြင်း။
၅။ ကျောင်းသူ/သားများ၏ သဘောထားအမြင်များကို Group work sharing ativityများပြုလုပ်ခြင်း ၊ အထွေထွေဆွေးနွေးခြင်းနှင့်
၆။ကျေးဇူးတင်နိဂုံးစကားပြောကြားခြင်း တို့ကို ပြုလုပ်ခဲ့ပါသည်။

S.A.E ၏ (၂) နှစ်ပြည့် အထိမ်းအမှတ်နှင့် နှီးနှောဖလှယ်ပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။အခမ်းအနားသို့ Founder များ...
05/07/2026

S.A.E ၏ (၂) နှစ်ပြည့် အထိမ်းအမှတ်နှင့် နှီးနှောဖလှယ်ပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ Founder များ၊ အကြံပေးဆရာနှင့် S.A.E ၏ (၂)နှစ်တာခရီးလမ်းတွင် အတူတကွ လက်တွဲဆောင်ရွက်ခဲ့ကြသော အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး လှုပ်ရှားမှုများနှင့် အမှတ်တရများကို ပြန်လည်မျှဝေကာ ရင်းနှီးနွေးထွေးစွာ တွေ့ဆုံခဲ့ကြပါသည်။
ထို့အပြင် S.A.E (J) ၏ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များနှင့် ရန်ပုံငွေရှာဖွေရေးဆိုင်ရာ အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။
အခမ်းအနားအဆုံးတွင် Founder များမှ ကျန်ရှိသော အဖွဲ့ဝင်များအား အားပေးစကားများ ပြောကြားခဲ့ပြီး S.A.E ၏ ရှေ့ခရီးလမ်းကို စည်းလုံးညီညွတ်စွာ ဆက်လက်လျှောက်လှမ်းနိုင်ရန် အားပေးတိုက်တွန်းခဲ့ကြပါသည်။
"နှစ်နှစ်တာ ခရီးလမ်း၏ အမှတ်တရများနှင့် လှုပ်ရှားမှုများ ကို တန်ဖိုးထားရင်းနှင့် ဆက်လက်ကြိုးစားရင်း ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့ အတူတကွ လက်တွဲလျှောက်လှမ်းကြပါစို့။"

.A.E
Eusa
#သတင်းနှင့်ပြန်ကြားရေး(ICT)

KSSU စာကြည့်တိုက် ဖွင့်လှစ်ထားပါပြီ! ✨စာဖတ်ခြင်းက အသိပညာရဲ့ တံခါးဖွင့်ပေးတဲ့ သော့တစ်ချောင်းပါ။KSSU စာကြည့်တိုက်တွင် ဗဟုသ...
05/07/2026

KSSU စာကြည့်တိုက် ဖွင့်လှစ်ထားပါပြီ! ✨
စာဖတ်ခြင်းက အသိပညာရဲ့ တံခါးဖွင့်ပေးတဲ့ သော့တစ်ချောင်းပါ။
KSSU စာကြည့်တိုက်တွင် ဗဟုသုတတိုးပွားစေမည့် စာအုပ်များကို လာရောက်ဖတ်ရှု လေ့လာနိုင်ပြီဖြစ်ပါသည်။
ကျောင်းသား၊ ကျောင်းသူများအားလုံး လာရောက်အသုံးပြု၍ စာဖတ်သည့်အလေ့အကျင့်ကောင်းများကို အတူတကွ မွေးမြူကြပါစို့။ 📖🌿

သတင်းထုတ်ပြန်ချက်
"စာကြည့်တိုက်ဖွင့်လှစ်ခြင်းနှင့် စာအုပ်အလှူရှင်များအား ဂုဏ်ပြုကျေးဇူးတင်လွှာ"
ရက်စွဲ။ ။ ၂၀၂၆ခုနှစ်၊ ဇူလိုင်လ (၄) ရက်နေ့။ ။
စာအုပ်တစ်အုပ်သည် အသိပညာဆီသို့ ဖွင့်ပေးသော တံခါးတစ်ချပ်ဖြစ်ပြီး၊ စာကြည့်တိုက်တစ်ခုသည် လူ့အဖွဲ့အစည်း၏ အနာဂတ်ကို တည်ဆောက်ပေးသော အခြေခံအုတ်မြစ်တစ်ရပ် ဖြစ်ပါသည်။

#သတင်းနှင့်ပြန်ကြားရေး

သတင်းထုတ်ပြန်ချက်S.A.E တတိယအကြိမ်မြောက် ညီလာခံ အောင်မြင်စွာ ကျင်းပပြုလုပ်ခြင်း[၂၀ ၊ ၆ ၊ ၂၀၂၆ ] တွင် S.A.E ၏ တတိယအကြိမ်မြ...
20/06/2026

သတင်းထုတ်ပြန်ချက်

S.A.E တတိယအကြိမ်မြောက် ညီလာခံ အောင်မြင်စွာ ကျင်းပပြုလုပ်ခြင်း

[၂၀ ၊ ၆ ၊ ၂၀၂၆ ] တွင် S.A.E ၏ တတိယအကြိမ်မြောက် ညီလာခံကို [ ဒီမောဆိုအနောက်ဘက်ခြမ်းတစ်နေရာ] ၌ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ ညီလာခံသို့ S.A.E အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အဖွဲ့အစည်း၏ ယခင်ကာလ လုပ်ငန်းဆောင်ရွက်မှုများကို ပြန်လည်သုံးသပ်ခြင်း၊ လက်ရှိအခြေအနေများအား ဆွေးနွေးခြင်း ၊၂ နှစ်ပြည့်အတွက် ရန်ပုံငွေရှာဖွေခြင်း ပွဲကျင်းပနိုင်ခြင်းအတွက်နှင့် ရှေ့ လုပ်ငန်းစဉ်များအတွက် လမ်းညွှန်ချက်များ ချမှတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။

ထို့ပြင် အဖွဲ့အစည်း၏ ရည်မှန်းချက်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး၊ အဖွဲ့ဝင်များအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာလာစေရေးနှင့် S.A.E ဆက်လက်တည်တံ့ခိုင်မြဲရေးအတွက်လည်း ဆွေးနွေးမှုတွေ ပြုလုပ်သွားကြပါသည်။

ထို့ပြင် ဗဟိုအလုပ်အမှုဆောင်သစ်များရွေးချယ်ခြင်း
နှင့် ဗဟိုအလုပ်အမှုဆောင်ဟောင်းများမှ အမှုဆောင်အသစ်များအား အလံလွဲအပ်ခြင်းလဲ ပြုလုပ်သွားခဲ့ပါသည်။

S.A.E
ဗဟိုအလုပ်အမှုဆောင်များအဖွဲ့
[ ၂၀ ၊ ၆ ၊ ၂၀၂၆ စနေနေ့ ]
.A.E
Eusa
#သတင်းနှင့်ပြန်ကြားရေး(ICT)

S.A.E၏ ၂၀၂၆/၂၀၂၇ ပညာသင်နှစ်စတွင် ပထမဆုံး activityတစ်ခုအနေဖြင့် ကျောင်းသူကျောင်းသားများ၏ သဘောထားများကို သိရှိနိုင်ရန် Vot...
13/06/2026

S.A.E၏ ၂၀၂၆/၂၀၂၇ ပညာသင်နှစ်စတွင် ပထမဆုံး activityတစ်ခုအနေဖြင့် ကျောင်းသူကျောင်းသားများ၏ သဘောထားများကို သိရှိနိုင်ရန် Voting(ဆန္ဒမဲကောက်ခံခြင်း)ကို
ပြုလုပ်ခဲ့သည်။
ကောက်ခံရသည့်ရည်ရွယ်ချက်သည် S.A.Eအနေဖြင့် ကျောင်းတွင်းရှိကျောင်းသား/သူများ အမှန်တကယ်လိုလားသောအဖွဲ့အစည်းအဖြစ် ရပ်တည်နိုင်ရန်နှင့်ကျောင်းသားထု ကို ကိုယ်စားပြုနိုင်ရန် ဖြစ်ပြီး ဇွန်လ(၅)ရက် နေ့တွင်အထက်တန်းကျောင်းသားအယောက် (၂၀၀)ကျော်အား Votingကောက်ခံခြင်းကို ပြုလုပ်ခဲ့သည်။

.A.E
Eusa
#သတင်းနှင့်ပြန်ကြားရေး(ICT)

၂၀.၂.၂၀၂၆ တွေ G.S.E of Karenni မှ မူလတန်းစစ်ရှောင်စာသင်ကျောင်း တစ်ကျောင်းတွေ အဟာရတိုက်ကျွေးခြင်းနှင့် အမျိုးမျိုးသော act...
04/03/2026

၂၀.၂.၂၀၂၆ တွေ G.S.E of Karenni မှ မူလတန်းစစ်ရှောင်စာသင်ကျောင်း တစ်ကျောင်းတွေ အဟာရတိုက်ကျွေးခြင်းနှင့် အမျိုးမျိုးသော activitiesကိုဖော်ဆောင်ရန်တွေ လူအင်အားဖြင့် ဝိုင်းဝန်းကူညီပေးခြင်း


.S.E of Karenni
children

19/20,12,2025 (Fri/Sat)ကရင်နီပြည် ဒီမောဆိုမြို့‌တွင်းရှိ ကျောင်းသားသမဂ္ဂများအချင်းချင်း ပိုမိုရင်းနှီးကျွမ်းဝင်မှုရှိစေရ...
23/12/2025

19/20,12,2025 (Fri/Sat)
ကရင်နီပြည် ဒီမောဆိုမြို့‌တွင်းရှိ ကျောင်းသားသမဂ္ဂများအချင်းချင်း ပိုမိုရင်းနှီးကျွမ်းဝင်မှုရှိစေရန်အတွက် အားကစားနှီးနှောဖလှယ်ခြင်းတစ်ရပ်ကို မြို့နယ်အတွင်းရှိ ကျောင်းသားသမဂ္ဂများမှ ပူးပေါင်း၍ အကျဉ်းချုပ် ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုနှီးနှောဖလှယ်ခြင်းကို (၂)ရက်တာဖြင့် ဒီမောဆိုအနောက်ဖက်ခြမ်း‌တွေ ပြုလုပ်ခဲ့ပါသည်။
ထိုနှီးနှောဖလှယ်‌ခြင်းတွေပါဝင်သည့် အားကစားအမျိုးအစားများမှာ
-ဘော်လီဘော(ကျား/မ)
-ခြင်းလုံး(ကျား)
-စစ်တုရင်
-debate တို့နှင့် ရံပုံငွေအတွက် မုန့်‌
ရောင်းခြင်းကိုလည်းပြုလုပ်ခဲ့ပါသည်။
ထိုပွဲတွေ ကျောင်းသူ/သား၊ဆရာ/မ အားလုံး စုစုပေါင်း လူဦးရေ (၃၀၀)ခန့်လာရောက်ပါဝင်ခဲ့ပါသည်။

Union
.A.E

29/11/2025

အားလုံးမင်္ဂလာပါ

အခုကျွန်တော်တို့ ကတော့ 2024-2025 ခုနှစ်ပညာသင််နှစ်မှာ အထက်တန်းကျောင်းသူကျောင်းသားGrade 11 နဲ့ grade 12 တို့ပူးပေါင်းကာ အင်္ဂလိပ်textbook ကနေကိုးကားပြီး
စပ်ထားတဲ့ကဗျာစာအုပ်လေးတွေကို S.A.E ရံပုံငွေအတွက်ရောင်းချပေးသွားမှာဖြစ်ပါတယ်။ကဗျာစာအုပ်တွေကိုတော့ တစ်အုပ်ကိုမြန်မာငွေ ၅၀၀၀ ကျပ်နဲ့ ရောင်းချသွားမှာဖြစ်ပါတယ်

ကဲ ..ဝယ်ယူအားပေးကြပါဦးရှင့်

19.11.2025 ဗုဒ္ဓဟူးနေ့တွင် S.A.E အဖွဲ့မှ  "Gender"  1.Sex and Gender 2.LGBTQIA* 3.Gender stereotype  4. Feminism  ဟူသောခ...
19/11/2025

19.11.2025 ဗုဒ္ဓဟူးနေ့တွင် S.A.E အဖွဲ့မှ
"Gender"
1.Sex and Gender
2.LGBTQIA*
3.Gender stereotype
4. Feminism

ဟူသောခေါင်းစဥ်များဖြင့် ကျွန်ုပ်တို့၏ အထက်တန်းကျောင်းသူ/သားများနှင့် အလယ်တန်းကျောင်းသူ/သားများကို Sharing ပြုလုပ်ပေးခဲ့ပါသည်။



Address

Ngwedaung

Alerts

Be the first to know and let us send you an email when BEHS Eusa posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to BEHS Eusa:

Shortcuts

Share

Category