University of Veterinary Science,Yezin, Naypyitaw,Myanmar

University of Veterinary Science,Yezin, Naypyitaw,Myanmar

Share

မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ရေဆ?

မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၏ တရားဝင်စာမျက်နှာ ဖြစ်ပါသည်။
This Website Page is the official page for the University of Veterinary Science, Yezin, Nay Pyi Taw, Myanmar.

Photos from University of Veterinary Science,Yezin, Naypyitaw,Myanmar's post 29/04/2026

ဤတက္ကသိုလ်တွင် ၂၀၂၆ ခုနှစ် မတ်လအတွင်း ကျင်းပခဲ့သည့် စတုတ္ထနှစ် (DVM) (Sr.)၊ နောက်ဆုံးနှစ် (BASc) (Sr.)၊ ပဉ္စမနှစ် (DVM) နှင့် နောက်ဆုံးနှစ် (DVM)ဘွဲ့ ကြို သင်တန်းများ ၏ စာမေးပွဲ အောင်စာရင်း ကို ထုတ် ပြန် ကြေညာလိုက်သည်။

Photos from University of Veterinary Science,Yezin, Naypyitaw,Myanmar's post 08/12/2025

နောက်ဆက်တွဲ အတန်းတင်စာမေးပွဲအောင်စာရင်း ထုတ်ပြန်ကြေညာခြင်း

08/12/2025

(၃၇)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနား

Photos from University of Veterinary Science,Yezin, Naypyitaw,Myanmar's post 08/12/2025

မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၏ (၃၇)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ အစီအစဉ်နှစ်ရပ်ဖြင့် ကျင်းပရာ ပထမပိုင်း အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်နှင့် ပါမောက္ခ/ ဌာနမှူးများ၊ ဆရာ ဆရာမများ၊ ဘွဲ့ရမောင်မယ်များနှင့် မိဘဆွေမျိုးများ တက်ရောက်ကြသည်။

ပထမပိုင်း အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုအမှာစကား မြွက်ကြားရာတွင် "တိရစ္ဆာန်ဆေးပညာရှင်များနှင့် မွေးမြူရေးပညာရှင် နှစ်မျိုးစလုံးကို အမိတက္ကသိုလ်ကြီးက အတူတကွ မွေးဖွားပေးလိုက်ပြီ ဖြစ်ရာ ပညာရှင်မောင်နှမများ အတူလက်တွဲ ပူးပေါင်းဆောင်ရွက်ကြမှသာ နိုင်ငံတော်၏ စားရေရိက္ခာဖူလုံရေး၊ ပြည်တွင်းထုတ်ကုန်မြင့်မားရေးနှင့်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အမှန်တကယ်ပြည့်စုံအောင် ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ပညာရှင်များ၏တန်ဖိုးကို အလေးအနက်ထားသည့် နိုင်ငံတော်အစိုးရအနေဖြင့်လည်း ပညာရှင်များတိုးမြှင့် မွေးထုတ်ပေးနိုင်ရန် စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်(မအူပင်)ကို ယခုပညာသင်နှစ်ကစတင်ပြီး ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့၌ ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ကြောင်း။

မိမိတို့တက္ကသိုလ်၏ “မွေးမြူဆေးကုတိုင်းပြည်ပြု” ဟူသည့် ဆောင်ပုဒ်နှင့်အညီ မြန်မာနိုင်ငံ၏ သားငါးမွေးမြူထုတ်လုပ်ရေးကဏ္ဍ တိုးတက်စေရန်အတွက် မိမိတို့သင်ယူလေ့လာထားကြသော ပညာဗဟုသုတများ အတွေ့အကြုံများကိုအသုံးချပြီး အများပြည်သူကို စိတ်ချမ်းမြေ့အောင် ဝန်ဆောင်နိုင်စွမ်းသော၊ လူ့အသိုင်းအဝိုင်းအတွက် အကျိုးရှိသော၊ အကျင့်စာရိတ္တအရ ယုံကြည်စိတ်ချရသော၊ သစ္စာနှင့်ကျင့်ဝတ်ရှိသော တာဝန်သိပညာရှင်များဖြစ်အောင် ကြိုးစားကြရန်နှင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရပ်ပိုင်းဆိုင်ရာ အားကိုးအားထားပြုရသူများဖြစ်အောင် ကြိုးစားသွားကြရန် တိုက်တွန်းပါကြောင်း" ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် ထူးချွန်ဆရာ၊ ဆရာမနှင့် တန်းစဉ်ပေါင်းရမှတ် အများဆုံးဆုရ ကျောင်းသားကျောင်းသူများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

အခမ်းအနားအစီအစဉ် ဒုတိယပိုင်းတွင်မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်ပညာရေးအဖွဲ့က ကောင်းစွာအောင်မြင် ပေါက်မြောက်ခဲ့ပြီဟု ကြေညာခြင်းခံရသော မွေးမြူရေးပညာဘွဲ့ BASc ဘွဲ့ရမောင်မယ် (၄၉) ဦး၊ တိရစ္ဆာန်ဆေးပညာဘွဲ့ DVM (၅၅) ဦး၊ မွေးမြူရေးမဟာပညာဘွဲ့ MASc (၆) ဦး၊ တိရစ္ဆာန် မဟာဆေးသိပ္ပံဘွဲ့ MVSc (၁၂) ဦး၊ ပါရဂူဘွဲ့ PhD (၃) ဦးနှင့် အဝေးရောက်ဘွဲ့ယူသူ (၁) ဦး စုစုပေါင်း (၁၂၆) ဦးကို မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ပါမောက္ခချုပ်က ဘွဲ့များ အပ်နှင်းချီးမြှင့်ခဲ့ပါသည်။

08/12/2025

မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၏ (၃၇)ကြိမ်မြောက် ဘွဲ့နှင်းသဘင် (သတင်းစဉ်)

Photos from University of Veterinary Science,Yezin, Naypyitaw,Myanmar's post 19/11/2025

ဓာတ်ပုံနှင့်ဗွီဒီယိုရိုက်ကူးလိုသူများအား တင်ဒါလျှောက်လွှာခေါ်ယူခြင်း
***************************************************************

17/11/2025

၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘွဲ့ကြို ကျောင်းသား၊ ကျောင်းသူများ ကျောင်းဖွင့်ရက် ကြေညာခြင်း
*************************************************************************************

Photos from University of Veterinary Science,Yezin, Naypyitaw,Myanmar's post 11/11/2025

မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တတိယနှစ် BASc သင်တန်းသို့ ဝင်ခွင့်စာမေးပွဲ ဖြေဆိုရန်အတွက် စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်းများမှ အရည်အချင်း ပြည့်မီသူများ၏ စာမေးပွဲဖြေဆိုခွင့်ရရှိသူ အမည်စာရင်း ထုတ်ပြန်ကြေညာခြင်း

Photos from University of Veterinary Science,Yezin, Naypyitaw,Myanmar's post 10/11/2025

၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပထမနှစ် တိရစ္ဆာန်ဆေးပညာသင်တန်းနှင့် ပထမနှစ် မွေးမြူရေးပညာသင်တန်း တက်ရောက်ခွင့်ရရှိသူများစာရင်း ထုတ်ပြန်ကြေညာခြင်း

Photos from University of Veterinary Science,Yezin, Naypyitaw,Myanmar's post 07/11/2025

မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်ရေဆင်း ၊ နေပြည်တော်
******************************************************
(၃၇) ကြိမ်မြောက် ဘွဲ့နှင်းသဘင် ကျင်းပခြင်း ကြေညာချက်
၁။ ဤတက္ကသိုလ်မှ ကျင်းပပြုလုပ်ခဲ့သော မွေးမြူရေးပညာဘွဲ့၊ တိရစ္ဆာန်ဆေးပညာဘွဲ့၊ မွေးမြူရေးပညာမဟာဘွဲ့၊ တိရစ္ဆာန်မဟာဆေးသိပ္ပံဘွဲ့နှင့် ပါရဂူဘွဲ့ ဘွဲ့ရစာမေးပွဲ အောင်မြင်သူများ အတွက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၊ ရေဆင်း၊ နေပြည်တော်တွင် အောက်ပါအစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။

Photos from University of Veterinary Science,Yezin, Naypyitaw,Myanmar's post 02/11/2025
Want your school to be the top-listed School/college in Naypyidaw?

Click here to claim your Sponsored Listing.

Location

Telephone

Address


Yezin
Naypyidaw
15013

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00