Professional Development Institute

Professional Development Institute Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Professional Development Institute, Computer training school, Naypyidaw.

လူငယ်တွေထဲက Computer Science နဲ Software Engineering နယ်ပယ်မှာ အရည်ချင်းပြည့်ဝတဲ့ ကျွမ်းကျင်ပညာရှင်တွေ ထွက်ပေါ်လာစေဖို့ရည်ရွယ်ပြီး Professional Development Institute ကနေ လေ့ကျင့် သင်ကြားပေးနေပါတယ်။ Professional Development Institute ဟာ ၂၀၁၉ ခုနှစ်က စတင်ပြီး ကွန်ပျူတာသိပ္ပံနှင့် programming ပညာရပ်များကို သင်ကြားပေးနေသော ကျောင်းတစ်ခု ဖြစ်ပါတယ်။ အရည်အသွေးမြင့်မားတဲ့ in-person တက်ရောက်နိုင်တဲ့ အတန်းတွ

ေနဲ စတင်ခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ် Covid ကပ်ရောဂါအခြေအနေနောက်ပိုင်းမှာတော့ ထိရောက်တဲ့ Online သင်တန်းများအဖြစ် အောင်မြင်စွာ ပြောင်းလဲခဲ့ပြီး၊ တက္ကသိုလ် နောက်ဆုံးနှစ် ကွန်ပျူတာကျောင်းသားများအတွက် Internship program ကိုပါ ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ယခု ၂၀၂၅ ခုနှစ်မှာတော့ စနစ်တကျရေးဆွဲထားတဲ့ သင်ရိုးတွေ၊ ထိရောက်တဲ့ သင်ကြားမှုပုံစံတွေနဲ့ အတူ Online သင်တန်းတွေ ပြန်လည် ပို့ချပေးသွားတော့မှာပါ။

14/06/2026

Introduction To Computer Programming (PF1) - Massive Open Online Course

Introduction To Computer Programming (PF1) - MOOC Course မင်္ဂလာပါခင်ဗျာ။ အခု မိတ်ဆက်ပေးချင်တာကတော့ Programming ကို အခုမ...
10/06/2026

Introduction To Computer Programming (PF1) - MOOC Course

မင်္ဂလာပါခင်ဗျာ။ အခု မိတ်ဆက်ပေးချင်တာကတော့ Programming ကို အခုမှ စတင်လေ့လာမယ့်သူတွေအတွက် ရည်ရွယ်ပြီး သေချာဆွဲထားတဲ့ သင်တန်းလေးတစ်ခုပဲ ဖြစ်ပါတယ်။

ဒီသင်တန်းမှာ Module (၄) ခု၊ သင်ခန်းစာ Unit (၁၁) ခုနဲ့ လက်တွေ့လုပ်ရမယ့် Mini Project Unit (၂) ခု ပါဝင်မှာပါ။ တစ်ဦးချင်းစီရဲ့ လေ့လာနိုင်စွမ်းပေါ် မူတည်ပြီး ၅ ပတ်ကနေ ၈ ပတ်အထိ ကြာမြင့်နိုင်ပါတယ်။ ကျွန်တော်တို့က MOOC စနစ်နဲ့ သင်ကြားပေးမှာ ဖြစ်တဲ့အတွက် အပတ်စဉ် တင်ပေးမယ့် ရုပ်သံဖိုင်၊ ဖတ်စာအုပ်နဲ့ လေ့ကျင့်ခန်းတွေကို မိမိတို့ အားလပ်တဲ့ အချိန်မှာ စိတ်ကြိုက် ဝင်ရောက်လေ့လာနိုင်ပါတယ်။ နားမလည်တာ ရှိရင်လည်း ကျွန်တော်တို့ သတ်မှတ်ပေးထားတဲ့ Channel တွေကနေ တိုက်ရိုက် မေးမြန်းနိုင်ပါတယ်။

ဒါပေမဲ့ သာမန် ဗီဒီယိုသင်တန်းတွေလိုမျိုးတော့ လွှတ်မထားပါဘူး။ Unit အလိုက် Deadline တွေ ရှိမှာဖြစ်လို့ အပတ်စဉ် Assignment တွေ၊ Exam တွေကို သတ်မှတ်ချိန်အတွင်း ဖြေဆိုရမှာပါ။ ပြီးတော့ Mini Project Unit တွေမှာဆိုရင် သင်ကြားပေးတဲ့ဆရာနဲ့ Live တွေ့ပြီး Presentation လုပ်၊ အကြံဉာဏ်တောင်းရမယ့် အခွင့်အရေးလည်း ရှိဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပျင်းစရာမကောင်းဘဲ အနှစ်သာရရှိရှိ လေ့လာနိုင်မှာပါ။

အတန်းအမည် - Introduction to Computer Programming (PF1)
သင်ကြားမည့်သူ - Zayar Thant
စတင်မည့်ရက် - ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၆) ရက်နေ့
သင်တန်းကာလ - ၅ ပတ်မှ ၈ ပတ်
အသုံးပြုမည့် Platform များ - Google Classroom, Google Drive, Google Meet
လိုအပ်ချက်များ - သင်ယူလိုစိတ်နှင့် အင်တာနက် အသုံးပြုနိုင်မှု
သင်တန်းကြေး - ၃၇,၀၀၀ ကျပ် / ၃၀၀ ဘတ်

သင်ရိုးအသေးစိတ် - https://sites.google.com/view/prodevmoocpf1

Promotion လျှော့ဈေး အစီအစဉ်

ProDev ရဲ့ သင်တန်းတွေကို စရိတ်သက်သက်သာသာနဲ့ တက်ရောက်နိုင်မယ့် အထူး Promotion အစီအစဉ်လေး ရှိပါတယ်ခင်ဗျာ။

ဒီ Promotion မှာ ပါဝင်မယ်ဆိုရင် သင်တန်းကြေး (၁၇,၀၀၀) ကျပ်တောင် လျှော့ပေးမှာဖြစ်လို့... (၂၀,၀၀၀) ကျပ်တည်းနဲ့တင် စနစ်တကျ လေ့လာခွင့် ရတော့မှာပါ။

လျှော့ဈေးရဖို့ လုပ်ရမယ့် အဆင့် (၂) ဆင့်ကတော့ -
၁။ ဒီသင်တန်းကြော်ငြာ Post ကို Public နဲ့ Share ပေးရပါမယ်။
၂။ ပြီးရင် ဒီ Post အောက်မှာ မိမိသူငယ်ချင်း (၃) ယောက်ကို Mention ခေါ်ပေးရုံပါပဲ။

Scholarship (ပညာသင်ဆု)

နောက်ထပ် ထူးခြားတဲ့ အစီအစဉ်တစ်ခုကတော့... ProDev ရဲ့ ရည်ရွယ်ချက်က လူတိုင်း လက်လှမ်းမီတဲ့ ပညာရေးဖြစ်စေဖို့မလို့ ငွေကြေးအခက်အခဲကြောင့် မတက်နိုင်ဖြစ်နေတဲ့သူတွေအတွက် မျှော်လင့်ချက်တစ်ခု စီစဉ်ပေးထားပါတယ်ခင်ဗျာ။ အဲ့ဒါကတော့ Scholarship (ပညာသင်ဆု) လျှောက်ထားခွင့်ပဲ ဖြစ်ပါတယ်။

လျှောက်ရမယ့် ပုံစံကလည်း တကယ်ကို ရိုးရှင်းပါတယ်။ မိမိတို့ရဲ့ ရည်ရွယ်ချက်ဖော်ပြချက် (Statement of Purpose - SOP) လေးတစ်ခု ရေးသားပြီး လျှောက်ထားရုံပါပဲ။ လျှောက်ထားမှုအပေါ် မူတည်ပြီးတော့ (၂၀,၀၀၀) ကျပ်ကနေ (၃၀,၀၀၀) ကျပ်အထိ ပညာသင်ဆု လျှော့ဈေး ခံစားခွင့် ရရှိမှာ ဖြစ်ပါတယ်။

SOP ရေးတဲ့အခါမှာ အချက် (၃) ချက်ပဲ အဓိက ထည့်ရေးပေးရပါမယ် -

ပထမတစ်ခုက... 'အဘယ်ကြောင့် ဤသင်တန်းကို တက်ရောက်လိုသလဲ'၊
ဒုတိယတစ်ခုက... 'ဒီသင်တန်းကနေ ဘာတွေ မျှော်လင့်ထားသလဲ' နဲ့
နောက်ဆုံးတစ်ခုကတော့... 'သင်တန်းပြီးသွားရင် ဘာတွေ ဆက်လုပ်မလဲ' ဆိုတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

ဒီအချက်တွေကို ပါဝင်အောင် တွေးပြီး အနည်းဆုံး A4 စာမျက်နှာ (၁) ရွက် ဒါမှမဟုတ် စာလုံးရေ (၄၀၀) လောက် ရေးသား တင်ပြပေးရမှာပါ။

အခမဲ့ လေ့လာခွင့်

နောက်ဆုံးအနေနဲ့ တကယ့်ကို အလန်းစား သတင်းကောင်းကြီးတစ်ခု ပါးပါရစေဦးခင်ဗျာ။ အဲ့ဒါကတော့ အခုနက ကျွန်တော်ပြောခဲ့တဲ့ Promotion အစီအစဉ်ရော၊ Scholarship အစီအစဉ်နှစ်ခုလုံးကိုပါ ပူးတွဲပြီး လုပ်ဆောင်သွားမယ်ဆိုရင်... ဒီသင်တန်းကို လုံးဝ (လုံးဝ) အခမဲ့ (၁၀၀% Free) တက်ရောက်ခွင့် ရရှိသွားမှာ ဖြစ်ပါတယ်!

ကဲ... သင်တန်းအပ်နှံချင်တာပဲဖြစ်ဖြစ်၊ သိချင်တဲ့ အသေးစိတ်အချက်အလက်တွေကို စုံစမ်းမေးမြန်းချင်တာပဲဖြစ်ဖြစ်... Message Box ကနေဖြစ်စေ၊ ကျွန်တော်တို့ရဲ့ Telegram Channel ကနေတစ်ဆင့်ဖြစ်စေ တိုက်ရိုက် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။

22/05/2026

0 နဲ့ 1 ကိုပဲ နားလည်တဲ့ ကွန်ပျူတာကို လူတွေသုံးနေတဲ့ စကားလုံးတွေနဲ့ ဘယ်လိုခိုင်းစေမလဲ_ အပိုင်း - ၃

21/05/2026

0 နဲ့ 1 ကိုပဲ နားလည်တဲ့ ကွန်ပျူတာကို လူတွေသုံးနေတဲ့ စကားလုံးတွေနဲ့ ဘယ်လိုခိုင်းစေမလဲ_ အပိုင်း - ၂

20/05/2026

0 နဲ့ 1 ကိုပဲ နားလည်တဲ့ ကွန်ပျူတာကို လူတွေသုံးနေတဲ့ စကားလုံးတွေနဲ့ ဘယ်လိုခိုင်းစေမလဲ_ အပိုင်း - ၁

19/05/2026

Computer က Code တွေနဲ့ ဘယ်လို အလုပ် လုပ်သလဲ_

18/05/2026

ပိုက်ဆံတစ်ပြားမှ မကုန်ဘဲ English Certificate ရယူကြမယ်! 🎓 EF SET (www.efset.org) က ပေးတဲ့ 90-min Full Exam အကြောင်းကို သိပြီးကြပြီလား_

17/05/2026

နေ့စဉ် အသုံးပြုနေတဲ့ အွန်လိုင်းငွေပေးချေမှုတွေ ဘယ်လိုအလုပ်လုပ်နေလဲဆိုတဲ့ နောက်ကွယ်ကို တွေးမိကြရဲ့လား_ ဘယ်လို Programming Language Platform မျိုး ရှိနေတယ်လို့ ထင်ပါသလဲ_

16/05/2026

Microservices တွေက Startup တွေရဲ့ လုပ်နိုင်စွမ်း ကို သတ်နေတာ 💀 မသုံးသင့်တော့ပါဘူး။

15/05/2026

Computer Programming ဆိုတာဘာလဲ_

Address

Naypyidaw

Telephone

+959256275319

Website

Alerts

Be the first to know and let us send you an email when Professional Development Institute posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Professional Development Institute:

Shortcuts

Share