Brilliant Nurture International Preschool and Learning Center

Brilliant Nurture International Preschool and Learning Center We build our image by your trust Start learning at Brilliant to unlock your children’s potential

Big congratulations our outstanding students for first term.ကျွန်မတို့ BNPS private school မှာဆိုရင်တော့ outstanding stu...
27/09/2025

Big congratulations our outstanding students for first term.
ကျွန်မတို့ BNPS private school မှာဆိုရင်တော့ outstanding student ရွေးချယ်တဲ့အခါမှာ
1. စာမေးပွဲ ဆိုင်ရာရလဒ် (role one ရခြင်း မဟုတ်ပါ)
ရလဒ်ကောင်းခြင်း
2.ကျောင်းတွင်းပြိုင်ပွဲ လှုပ်ရှားမှုများတွင် တတ်ကြွစွာပါဝင်ခြင်း
3. ကျောင်းတွင်း လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ခြင်း
အခြားသူများကိုလည်း ကောင်းသောလှုံ့ဆော်မှုပေးနိုင်ခြင်း
4. စိန်ခေါ်မှု များ ပြသနာများကို အပြုသဘောဆောင်စွာ ရင်ဆိုင်ကျော်လွှားနိုင်ခြင်း
5. ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်၍ စည်းကမ်းလိုက်နာနိုင်မှုရှိခြင်း
6. ယဉ်ကျေးပျူငှာမှုရှိခြင်း
7. Home work နှင်​့Assignment များရှိပါက ပျက်ကွက်မှုမရှိခြင်း စသည့် စံချိန် စံနှုန်းများနှင့် ရွေးချယ်မှုများပြုလုပ်သည့်အနက်
G 1 မှ သားသား မောင်မင်းခန့်ထည် နှင့်မ မေမြတ်မှူးသူ
G2 မှ သမီး မဟေသာမြတ်ပန်းလွှာ
G3မှ သားသား မောင်ဘုန်းတေဇကျော်
G4 မှသားသား စစ်ဟန်ကို
G5 မှ သားသား မောင်ကောင်းသန့်ဇင်တို့မှ အသီးသီးရရှိခဲ့ပါသောကြောင့် အထူးဂုဏ်ယူမိပါသည်ရှင့်
Outstanding student လေးများသည် ကျောင်းuniform အကျီအစား outstanding signature အကျီလေးများအား သတ်မှတ်ရက်တွင် ဝတ်ဆင်သွားမှာဖြစ်ပါတယ်ရှင့်
နောက် လများတွင်လည်း Outstanding award achiever လေးများအား ဆက်လက်ရွေးချယ်သွားမှာဖြစ်ပါတယ်ရှင့်
Big congratulations our beloved students.

31/05/2025

ကျောင်းသားမိဘများရှင့်
Brilliant Nurture Private school အနေဖြင့် နိုင်ငံတော်အစိုးရ၏တရားဝင် လိုင်စင်ရကျောင်းတစ်ကျောင်းဖြစ်သည့်အားလျော်စွာ 2025-2026 တွင် KG to G5 အတန်းများအား ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုနှင့်အညီ Green cards holders ဆရာမများ
MA. MSc. BA.BSc နှင့် TTC ကျောင်းဆင်း ဆရာမများ မှ သင်ကြားပြသပေးမည့်အပြင် ထပ်ဆောင်းဘာသာရပ်များဖြစ်သည့် Extra English and 4 skills အားအတန်းတိုင်းတွင် Tr ယမုံ ကိုယ်တိုင် သင်ကြားမည်ဖြစ်ပြီး Extra Maths အား concept မိပြီး level Complete ဖြစ်သည်အထိ သင်ကြားပေးသွားမှာဖြစ်ပါတယ်ရှင့်
အတန်းတိုင်းတွင် သက်ဆိုင်ရာ ကျွမ်းကျင်ဆရာမများအပြင် အနီးကပ် Assistant ဆရာမများမှ ပူးပေါင်းပုံဖော် သင်ကြားပြသပေးသွားမှာဖြစ်ပါတယ်ရှင့်

20/02/2025

ဖေဖေမေမေတို့ Trတို့ရေ
Brilliant Nurture (starters,movers,flyers,KETs and PETs) ကျောင်းသားများ အနေနဲ့ March 25 မှာ Cambridge exam ဖြေဆိုကြမှာ ဖြစ်တဲ့အတွက် ကလေးများကတော့ ready ဖြစ်လို့နေပါပြီ......
Exam နဲ့ပါတ်သတ်တဲ့ Tips လေးတေွ rule and regulation နဲ့ course book ရေွးချယ်ပုံ
စာမေးပွဲနဲ့ ပါတ်သတ်သမျှကိုမိမိ ကလေးကို အိမ်မှာပြန်လေ့ကျင့်ပေးဖို့ဖြစ်စေ Knowledge အနေနဲ့ သိထားလိုသည်ဖြစ်စေ မိမိ ကလေးရဲ့ English level ကို အထောက်အကူဖြစ်စေဖို့ အခမဲ့ မျှဝေပေးသွားလိုပါတယ်ရှင် စိတ်ပါဝင်စားပါကလာမည့်Sunday (23.2.25)မှာ coffee သောက်ရင်းတွေ့ကြရအောင်ပါ
With love
Tr. Yamone

Memorable Christmas celebration (2024)
26/12/2024

Memorable Christmas celebration (2024)

Happy Halloween.  Love you guys. Seeing your smiles make us happy.
31/10/2024

Happy Halloween. Love you guys. Seeing your smiles make us happy.

Within 10 minutes your works make me
25/10/2024

Within 10 minutes your works make me

Brilliant classes နဲ့ Tr Yamone 's school ရယ်လို့ ဖြစ်လာအောင် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသလောက် ပူးပေါင်းကူညီသင်ပြပေးခဲ့တဲ့ ...
23/09/2024

Brilliant classes နဲ့ Tr Yamone 's school ရယ်လို့ ဖြစ်လာအောင် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသလောက် ပူးပေါင်းကူညီသင်ပြပေးခဲ့တဲ့ ဆရာမများနှင့်အတူ
စိတ်ခွန်အား အပြည့်ပေးပြီး ယုံကြည်ပေးခဲ့တဲ့ ကျွန်မကလေးများရဲ့ မိဘများကို အထူးကျေးဇူးတင်ရပါတယ်
ရှေ့လာမည့် နှစ်များမှာလည်း ပိုပိုပြီး ကြိုးစားပေးနေမှာမို့လို့ ယုံကြည်ပေးပါ
Brilliant Nurture
Cambridge English Authorised Exam centre အဖြစ်နှင့်သော်လည်းကောင်း Brilliant Nurture Private school အဖြစ်နှင့်သော်လည်းကောင်း မိဘများနှင့်ပူးပေါင်းပြီး ကျွန်မတို့ကလေးတွေရဲ့ အနာဂတ်အတွက် တစ်ထောင့်တစ်နေရာက ပုံဖော်ခွင့် ပေးပါ

20/09/2024

Preschool အရွယ်လေးတွေသင်ရလို့ ကိုယ့်ရဲ့ English skill ကပိုမရလာနိုင်ဘူးလို့ ပြောတဲ့ဆရာ ဆရာမတွေနဲ့ ကြုံဖူးပါတယ်။ a b c d ပဲသင်တဲ့သူတွေအတွက်တော့ ဟုတ်မှာပါ။ ဒါပေမယ့် တကယ်က early years education ဆိုတာအများကြီး အဓိပ္ပါယ်ရှိပြီး ကျယ်ပြန့်ပါတယ်။ a b c d ပဲ သင်ပေးရတာ မဟုတ်ပါဘူး။ ငယ်စဉ်ကတည်းက ရှိသင့်တဲ့ life skill တွေ၊ သိမှု၊ ဦးနှောက်ဖွံ့ဖြိုးမှုကနေဖြစ်ပေါ်လာတဲ့ စိတ်ခံစားချက်တွေ၊ learning နဲ့ development တွေစသဖြင့် ကျမတို့လေ့လာရင် လေ့လာသလောက်၊ စာဖတ်ရင် ဖတ်သလောက် သိရမှာ၊ မှတ်သားရမှာ၊ သင်ယူရမှာတွေများပါတယ်။

ကလေးတွေကို အထိရောက်ဆုံး ပံ့ပိုးပေးနိုင်ဖို့ ပညာရှင်တွေမျှဝေခဲ့တာတွေ၊ အမျိုးမျိုးသော နည်းလမ်းတွေ၊ ဆွေးနွေးမှုတွေ၊ ခေါင်းစဉ်တွေနဲ့ တန်ဖိုးကြီးတဲ့ စာအုပ်စာပေတွေဆိုတာ ကျမတို့ပတ်ဝန်းကျင်မှာ အများကြီးရှိပါတယ်။ ကလေးတွေနဲ့ပတ်သတ်ပြီး ကျမတို့သိသင့်တဲ့/သိရမယ့် စကားလုံးတွေ၊ အသုံးအနှုန်းတွေလည်းအများကြီးရှိပါတယ်။ Science of Reading မှာ ဆရာမြင့်ဇော်ပြောပြသလို စာဖတ်တဲ့နေရာမှာ စကားလုံးကို ဘာသာပြန်နိုင်ဖို့မဟုတ်ပါဘူး။ တကယ့်အဓိပ္ပါယ်ကို နားလည်သဘောပေါက်ရမယ့် comprehension ဖြစ်ဖို့လိုပါတယ်။
ဥပမာ - connection ပါ။ အချိတ်အဆက်လို့ ယေဘုယျ သိကြပေမယ့် early years က connection ဆိုတာကတော့ အင်မတန်အရေးကြီးတဲ့ အရာဖြစ်ပါတယ်။ emotional wellbeing အတွက် ကလေးနဲ့ လူကြီးကြား connect ဖြစ်နေဖို့၊ tantrum ဖြစ်နေတဲ့အချိန် ကလေးရဲ့ စိတ်ခံစားချက်တွေကိုနားလည်ဖို့၊ ချိတ်ဆက်ဖို့၊ ဘယ်လိုပြန်ပြီး regulate လုပ်ရမလဲဆိုတာတွေစသည်ဖြင့် ပိုနက်နဲပါတယ်။ ပတ်ဝန်းကျင်ဆိုတဲ့ environment ဆိုရင်လည်း
- Enabling Environment
- Emotional Environment
- Positive and Responsible Environment
စသဖြင့် အမျိုးမျိုးထပ်သိထားရတာမျိုးပါ။

ဒါကြောင့် ကျမတို့ early years practitioner တွေအတွက် ကိုယ့်ကိုကိုယ် ပြန် assess လုပ်လို့ရမယ့်အရာလေး လုပ်ထားပါတယ်။
Early years education နဲ့သက်ဆိုင်ပြီး အမြဲတမ်းတွေ့ရတဲ့ စကားလုံးတွေနဲ့ အသုံးအနှုန်းတွေကို list လုပ်ကြည့်ထားပါတယ်။ တစ်လုံးစီတိုင်းရဲ့ အဓိပ္ပါယ်နဲ့ ဒီအသုံးအနှုန်းအပေါ် ဘယ်လောက်ထိနားလည်လဲ၊ ဘယ်လိုအခြေအနေတွေမှာ သုံးလဲကိုယ့်ဘာသာ ပြန် assess လုပ်ပြီး tick လုပ်ကြည့်လို့ရပါတယ်။ English အတွက်လေ့ကျင့်ပြီးသားဖြစ်သလို early years နဲ့ပတ်သတ်ပြီး ကိုယ်ဘယ်လောက်လေ့လာဖို့လိုသေးလဲ၊ စာဖတ်ဖို့လိုသေးလဲ ပြန်ဆန်းစစ်ကြည့်လို့ရပါတယ်။
လေ့ကျင့်ချင်သူများ email ရေးသွားနိုင်ပါတယ်။ ဒီ weekend မှာပို့ပေးပါမယ်။

15/08/2024

ကလေးစိတ်ဝင်စားအောင် ဘယ်လိုသင်မလဲ။

ဆရာတစ်ယောက် စာသင်ခန်းထဲမဝင်ခင် ကြိုတင်ပြီး
ပြင်ဆင်ထားရတဲ့ lesson plan ဆိုတာ ဆရာတွေရဲ့ အသက်ပါ.. ကျွန်မကတော့ ကျွန်မဆရာမလေးတွေကို lesson plan အရင်ဆွဲပြီး ဘယ်လို out come ရစေဖို့ Lesson aim မပြောက်သွားဖို့ကိုလည်း အထူးသတိပေးသင်ပေးလေ့ရှိပါတယ်..ဆရာစားဆိုတာ ကျွန်မဘဝမှာမရှိစေရပါ
Teaching aids ကိုရွေးချယ်တဲ့နေရာမှာ စာသင်ခန်းထဲရှိ
ပစ္စည်းတွေကို အသုံးပြုနိုင်ပါတယ်...
လွယ်လွယ်ကူကူမိမိ ပတ်ဝန်းကျင်က အရာတွေနဲ့ဖန်တီးနိုင်သလို အဆင်သင့်ဝယ်ယူနိုင်ပါတယ်..

ကလေးတွေကို သင်ကြားမယ့်နည်းလမ်းတွေမှာ playing method ကတော့ မပါမဖြစ် သင်ကြားရမယ့် နည်းလမ်းပါ.. learing through play က သူတို့လေးတွေအတွက် stress မရှိတဲ့သင်ယူခြင်းပါ
ကစားခြင်းဖြင့် သင်ကြားမှသာလျှင် ကလေးများ ပိုမို စိတ်ဝင်စားလာမှာ ဖြစ်ပါတယ်။

မိမိသင်မယ့်သင်ခန်းစာကို သင်ကြားနေစဥ်မှာ
မကြာခဏ
Questions and answer method
မေးခွန်း နဲ့ အမေးအဖြေသုံးပြီး သင်ကြားခြင်းကို မရှိမဖြစ် ကျင့်သုံးပေးရပါမယ်..
ဒါမှသာ ကလေးများ မိမိသင်နေသော သင်ခန်းစာကို
စိတ်ပါဝင်စားမှု ရှိမရှိ စစ်ဆေးနေခြင်း ဖြစ်ပါတယ်။
indivitual or pair or group အဆင်ပြေသလို မေးကိုမေးပေးရမှာပါ.
မေးတဲ့နေရာမှာလည်း topic ကို တာရိုက်မေးတာမဟုတ်ဘဲlesson aim နဲ့ creativity or understanding နဲ့ မေးရပါမယ်
တခါတရံမှာ thinking skill တွေကို ထည့်သွင်းရပါတယ်..
Thinking skill ကိုသင်ကြားဖို့ observations method
လက်တွေ့လေ့လာစစ်ဆေးစေခြင်းနည်းလမ်းနဲ့ ကလေးတွေကို သင်ကြားပေးရပါမယ်..

သင်နေရင်း ကလေး ည ည်းငွေ့လာပြီဆိုရင် မိမိရဲ့ teaching method ကို ချက်ချင်း ပြောင်းလဲပစ်တတ်ဖို့လိုပါတယ်.. Warm up Activities လေးတွေနဲ့ပေါ့
သင်ခန်းစာပါ ရည်ရွယ်ချက်မပျောက်အောင် game ဆော့ပေး
တာတွေ...story telling method သုံးပြီးသင်ပေးတာတွေကို
ထည့်သွင်း သင်ကြားတတ်ရပါမယ်..

သင်ခန်းစာကို သင်နေမှန်းမသိအောင် သင်နိုင်နေပြီဆိုရင်
ဆရာတယောက်ရဲ့ သင်ကြားမှု အောင်မြင်တယ်လို့ သတ်မှတ်လို့ရနိုင်ပါလိမ့်မယ်..

ကလေးတွေရဲ့ attention spam ကကျွန်မတို့ထင်ထားတာထက် တိုတတ်ပါတယ်
သင်ခန်းစာပါ အကြောင်းအရာတွေကို အချိန်ကြာမြင့်စွာ ရှင်းပြနည်းကို ရှောင်ရှားရပါမယ်..အများကြီးနည်းနိုင်တာကိုသတိထားရမှာပါ Teacher's talking time ထက် student's talking time ကိုပိုပြီး ပေးရမှာပါ

ကလေးတွေက အမြဲဆော့ချင်နေလေ့ရှိပါတယ်...
သူတို့ရဲ့ လိုအင်ကို သိပြီဆိုရင် မိမိသင်ကြားမယ့်နည်းက
Gross motor skillနဲ့ fine motor skill ကို ချန်ထားခဲ့
လိ​ု့မရပါဘူး..သက်ဆိုင်ရာအသက်အရွယ်အလိုက်ရှိရမည့် milestones တွေနဲ့ ချိတ်ဆက်ပေးဖို့မမေ့ရပါဘူး

Body movement ဖြစ်စေမယ်​့ သင်နည်းကို မကြာခဏ
ထည့်သွင်းရေးဆွဲတတ်ရပါမယ်..

သင်ခန်းစာပါ အကြောင်းအရာတွေကို နိဂုံးချုပ်တော့မယ်ဆို
ကလေးတွေအကြိုက် poem လေးစပ်ပြီး ကလေးတွေ
စိတ်ထဲစွဲသွားအောင်ကဗျာလေး စပ်ပြီး
သင်​ပေးနိုင်မယ်ဆိုရင် သင်ကြားမှု ကျွမ်းကျင်သော ဆရာမတဦး
ဖြစ်လာဖို့ မလွဲတော့ပါဘူး...
With love
Yamone

ပျော်ပြီးတော်နေဖို့ တစ်ခုထဲ မဟုတ်ဘဲ cooperation ကဘာလဲ respect ကဘာလဲ Love ကဘာလဲ emphathy ကဘာလဲ ဘာလဲများစွာကိုKnow stage မ...
26/07/2024

ပျော်ပြီးတော်နေဖို့ တစ်ခုထဲ မဟုတ်ဘဲ
cooperation ကဘာလဲ respect ကဘာလဲ Love ကဘာလဲ emphathy ကဘာလဲ ဘာလဲများစွာကိုKnow stage မှာတင် ရပ်မနေဘဲ apply level ရောက်အောင် အသက်အရွယ် အလိုက်သင်ပေးနေရတာကလည်း ကျွန်မတို့ရဲ့ စိတ်ချမ်းသာမှုနဲ့ပျော်ရွှင်မှုပါဘဲ

25/06/2024

Dear parents
We would like to inform you that
you child 's Uniforms are avaliable right now.

21/05/2024

Registration လုပ်မည့်မိဘများရှင့်
အောက်ဖော်ပြပါrequirementများနှင့်အတူ ကျောင်းအပ်လက်ခံနေပါပြီရှင့်
*မွေးစာရင်း
*အိမ်ထောင်စုစာရင်း
*မေမေ ဖေဖေ မှတ်ပုံတင်မိတ္တူ
ကလေးဓာတ်ပုံ 2ပုံ

Address

No. 1611, Taunggyi Road, Nawaday Ward, Pobbathiri Township, Naypyitaw
Naypyidaw

Website

Alerts

Be the first to know and let us send you an email when Brilliant Nurture International Preschool and Learning Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category