15/04/2019
Ciprofloxacin ဆေးအကြောင်းသိကောင်းစရာ.......
Ciprofloxacin သည် 2nd Generation Fluoroquinolone အုပ်စုဝင် ဆေးအမျိုးအစားဖြစ်သည်။ ၎င်းအား ၁၉၈၁ခုနှစ်တွင် ဂျာမန်သိပ္ပံပညာရှင် Bayer ကရှာဖွေတွေ့ရှိခဲ့သည်။ ၁၉၈၇ခုနှစ် အောက်တိုဘာလ ၂၂ခုနှစ်တွင် US-FDA မှ first oral broad spectrum antibiotic အနေဖြင့် သတ်မှတ်ခဲ့ပါသည်။ ၁၉၉၁ခုနှစ်တွင် သွေးကြောသွင်းဆေးရည် IV ပုံစံအနေဖြင့် စတင်ထုတ်လုပ်ခဲ့ပါသည်။ Ciprofloxacin အား ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) မှ Essential Medicines စာရင်းတွင်ထည့်သွင်းထားပါသည်။
ဆေး၏အကျိုးသက်ရောက်ပုံ
Ciprofloxacin သည် ဘတ်တီးရီးယားကို သတ်နိုင်သော (Bactericidal) ဆေးတစ်မျိုးဖြစ်သည်။ ၎င်းသည် ဘတ်တီးရီးယား၏ Nuclear DNA Synthesis ကိုတားမြစ်ပါသည်။ ထို့ကြောင့် ဘတ်တီးရီးယားများသည် လျင်မြန်စွာ သေဆုံးရသည်။
ရရှိနိုင်သောဆေးပုံစံများ (Drug Formulation)
၁။ သောက်ဆေး၊ ဆေးပြား (Tablet)
၂။ သွေးကြောသွင်းဆေးပုံစံ (IV)
၃။ လိမ်းဆေးပုံစံ (Topical)
၎။ မျက်စဉ်းဆေးရည် (Eye Drop)
၅။ နားအစက်ချဆေးရည် (Ear Drop)
အသုံးများသောရောဂါများ
၁။ Bacterial Infections
၂။ Bone and Joint Infections
၃။ Intra Abdominal Infections
၎။ Respiratory Tract Infection
၅။ Skin Infection (အရေပြား ရောဂါများ)
၆။ Typhoid Fever
၇။ Urinary Tract Infection, UTI (ဆီးလမ်းကြောင်းပိုးဝင်ခြင်း)
References
1. www.emedeexpert.com
2. Wikipedia