02/05/2026
📢 Tr. Nay ရဲ့ Pre-IGCSE Algebra အတန်း 📢
သင်္ချာကို အခြေခံကောင်းကောင်းနဲ့ စနစ်တကျ နားလည်ချင်တဲ့ ကျောင်းသားများအတွက်
Pre-IGCSE Algebra Online Class အတန်း စတင်လက်ခံနေပါပြီ။
✨ အတန်း၏ အားသာချက်များ ✨
Algebra ကို အခြေခံမှ စတင်ပြီး နားလည်လွယ်အောင် သင်ကြားပေးခြင်း
Problem solving skill တိုးတက်စေမည့် လေ့ကျင့်ခန်းများ
IGCSE အတွက် ကြိုတင်ပြင်ဆင်နိုင်မည့် သင်ခန်းစာများ
ကျောင်းသားတစ်ယောက်ချင်းစီကို ဂရုစိုက်သင်ကြားပေးခြင်း
✨ ဘယ်သူတွေ တက်သင့်လဲ?✨
✔️ Secondary Level (Grade 6–8) ကျောင်းသားများ
✔️ IGCSE Maths မတက်ခင် ကြိုတင်ပြင်ဆင်ချင်သူများ
✔️ Basic Maths ကို နားလည်မှုမပြည့်စုံသေးသူများ
✔️ Problem Solving Skill တိုးတက်ချင်သူများ
📘 သင်ယူရမည့် အကြောင်းအရာများ📘
☘️Simplifying Algebraic expressions
☘️SolvingExpressions & Equations
☘️Linear Equations
☘️Solving Quadratic Equations
☘️Completing the square
☘️ Algebraic Fractions
☘️Equations with fractions
☘️Simple factorising
☘️Factorising quadratic euqations
☘️ Inequalities
☘️ Positive Integer Indices
☘️Change of subject & Using Formulae
☘️Factor theorem
Academic Maths မှာ အခြေခံ တွေ ကောင်းစေဖို့ Problem solving ပိုင်းတွေ တိုးတက်လာစေဖို့ ရည်ရွယ်ထားတဲ့ Class လေးမို့ IGCSE သွားဖို့ Pre IG မှာ Algebra အခြေခံ တွေ သေချာ ပိုင်နိုင်သွားစေမယ့် အတန်း လေး
👩🏫 Teacher - Tr. Nay
Maths ကို နားလည်လွယ်အောင် သင်ပေးမည့် class လေးမို့ အခြေခံ အားနည်းနေသူများ အတွက် အရမ်းကို သင့်တော်ပါသော အတန်းလေးပါ။
📅 စတင်မည့်နေ့ - 9.5.2026
⏰ အချိန် - 8:00-9:00 pm
📍 ZOOM Online Class
📞Viber - +95 9 78 203 5616
🔺Duration - 5-6 months
☘️Fees- 150000 kyats per month
📩 စိတ်ဝင်စားသူများ အမြန်ဆုံး စာရင်းပေးသွင်းနိုင်ပါပြီ။
👉 Limited Seats Only!
👉 မနှောင့်နှေးဘဲ အခုချိန်မှာပဲ Join လုပ်လိုက်ပါ!
🌟 "Strong Foundation = Bright Future" 🌟
21/04/2026
May/June Exam အတွက်
Tr.Nay သိတာ တတ်တာ လေးတွေကို ပညာဒါန ဖြည့်ပေးခဲ့တဲ့
Maths B Free Class - Every Monday 9:00-10:00pm အတန်း လေး
ယနေ့ လိုအပ်တာတွေ သင်ပေး ပြီး ပြန်လေ့ကျင့်ပေးရင်း
အတန်းလေးကို ပြီးခဲ့ပါတယ်။
Result မှာ Grade တွေ ကောင်းကောင်းထွက်ပါစေလို့ Tr.Nay က ဆုဝောာင်းပေးရင်း
Aja Aja Fighting 💪💪💪
Screen ကြီး နဲ့ Tr. nay အမှတ်တရပေါ့ဟယ် 🤣🤣🤣
11/04/2026
2026 May/June Exam ဖြေကြမယ့်
IGCSE Maths B နဲ့ FM ကလေးတို့ရဲ့ Tr.Nay ကို ပေးကြတဲ့ အမှတ်တရ လေးတွေ လာသိမ်းတာပါ☘️
Maths B ၊ FM ၊ /Biology စတဲ့ ဘာသာရပ်များ သင်ယူလိုပါက ဆက်သွယ်နိုင်ပါသည်။
01/04/2026
April မှာ အတန်းချိန် အလွတ်လေးတစ်ချို့ ရှိပါမယ် ရှင့်
🌻Monday & Tuesday -6:30-7:30 pm
🌻 Thursday & Friday - 7:00-8:00 Am
🌻 Thursday & Friday - 4:00-5:00 pm
ကျနော့်ရဲ့ အတန်းချိန်များမှာ
☘️တစ်လ လျှင် ရှစ်ချိန်
☘️တစ်ပတ် လျှင် နှစ်ရက်
☘️တစ်ရက် လျှင် တစ်နာရီ
🔺တစ်ဘာသာ အတွက် အချိန် သည် ဖော်ပြပါ အတိုင်းသာ ဖြစ်ပါတယ်ရှင့်။
အချိန် ပို ထပ်မံ ယူလိုပါက အချိန် ပေါ်မူတည်၍ Extra Fees ထပ်မံပေးသွင်းရပါတယ်ရှင့်။
👉အခါကြီး ရက်ကြီး များတွင်း အတန်းရက် ကျရောက်နေပါက အတန်း ကို ပိတ်တာလား အမေးလေးအတွက်
သင်္ကြန်တွင်းတော့ ပိတ်ပါတယ်ရှင့်
📌ကျနော် သည် တစ်လ နဲ့ သင်သည် မဟုတ်ပါ။ အချိန် နဲ့ ယူသင်ကြားသည် ဖြစ်ပါ၍ မိဘများ ကျနော်ရဲ့ အတန်းချိန်မှာ တစ်လလျှင် ရှစ်ချိန် သာ ဖြစ်ပါတယ်ရှင့်📌
🔺ကလေး ဘက် မှ အကြောင်းတစ်စုံတစ်ရာ အတွက် ပျက်ကွက်မှုကိုတော့ ရက်အစားထိုး ပြန် မသင်ပေး ဖြစ်ပါဘူးရှင့်။
🔺 သင်ကြားသူ ဘက်မှ အကြောင်းတစ်စုံတစ်ရာကြောင့် ပျက်ကွက်မှု ရှိပါက ကလေးနှင့်ပြန်လည် ညှိနှိုင်း၍ အစားထိုးပြန်လည်သင်ကြားခြင်း ကို ပြုလုပ်ပေးပါတယ်ရှင့်။
📍တစ်လ အတွက် အတန်းချိန် ရှစ်ချိန် 📍
တစ်လ အတွက် ရှစ်ချိန် အပြည့် သင်ကြားခြင်းမျိုး ဖြစ်ပါတယ်ရှင့်။
Group Class များလည်း သင်္ကြန်ပြီးပါက အတန်းသစ်များ ဆက်ဖွင့်ပါဦးမည်ရှင့်။
26/03/2026
စင်ကာပူနိုင်ငံမှာ အထက်တန်း (Secondary 3) ကနေစပြီး GCE A-Level ပြီးတဲ့အထိ (၄) နှစ်စာ အခမဲ့ ပညာသင်ကြားခွင့်ရမယ့် Fully Funded "ASEAN Scholarship for Myanmar" 🇸🇬✨
မိဘတွေရော၊ ငယ်ရွယ်ပြီး ကြိုးစားချင်စိတ်ရှိတဲ့ လူငယ်လေးတွေအတွက်ပါ တကယ့်ကို တန်ဖိုးရှိတဲ့ စင်ကာပူအစိုးရရဲ့ ပညာသင်ဆုတစ်ခုကို တီချယ် ဒီနေ့ မျှဝေပေးလိုက်ပါတယ်။ ဒီ Scholarship ဟာ လူငယ်တွေအတွက် နိုင်ငံတကာ အတွေ့အကြုံ၊ ခေါင်းဆောင်မှု စွမ်းရည်နဲ့ ဘဝအတွက် လိုအပ်တဲ့ Life Skills တွေကို စောစောစီးစီး လေ့လာခွင့်ရမယ့် အကောင်းဆုံး အခွင့်အရေးပါပဲ။
ဘယ်သူတွေ လျှောက်ထားနိုင်လဲ? (Eligibility)
• မြန်မာနိုင်ငံသား ဖြစ်ရပါမည်။
• မွေးသက္ကရာဇ် (2 Jan 2010 မှ 1 Jan 2013 အတွင်း) မွေးဖွားသူ ဖြစ်ရပါမည်။
• အနည်းဆုံး Grade 9 ပြီးမြောက်ထားပြီး၊ အင်္ဂလိပ်စာကို ဘာသာရပ်တစ်ခုအနေနဲ့ သင်ယူခဲ့သူ ဖြစ်ရပါမည်။
• ပညာရေးရလဒ် အမြဲကောင်းမွန်ပြီး အင်္ဂလိပ်စာ ကျွမ်းကျင်ရပါမည်။
• ကျောင်းစာအပြင် အခြား ပြင်ပလှုပ်ရှားမှု (Co-curricular activities - CCA) များတွင် တက်ကြွစွာ ပါဝင်ခဲ့သည့် မှတ်တမ်းကောင်း ရှိရပါမည်။
ရရှိနိုင်မယ့် အကျိုးခံစားခွင့်များ (Fully Funded Benefits)
🎓 ၄ နှစ်စာ ကျောင်းလခနှင့် စာမေးပွဲကြေးများ (O-Level & A-Level အတွက် တစ်ကြိမ်စီ)
🏠 အဆောင်နေထိုင်ခွင့်နှင့် လစဉ်ထောက်ပံ့ကြေး (Hostel & Annual Allowance)
✈️ အသွားအပြန် လေယာဉ်လက်မှတ် (Return Economy Airfare)
💰 နေရာထိုင်ခင်း အခြေချရန် ထောက်ပံ့ကြေး (Settling-in allowance)
🏥 ကျန်းမာရေးနှင့် မတော်တဆမှုဆိုင်ရာ အာမခံ (Subsidised medical benefits & insurance)
အရေးကြီးသော ရက်စွဲများ (Key Dates)
📅 လျှောက်လွှာဖွင့်မည့်ရက်: 3 April မှ 15 May 2026 အတွင်း (ခန့်မှန်းခြေ)
✍️ Selection Test ဖြေဆိုရမည့်ရက်: 27 June 2026 (ရန်ကုန်မြို့တွင် Computer ဖြင့် ဖြေဆိုရန်)
🗣️ Interview ဖြေဆိုရမည့်ရက်: 31 July 2026 (ရန်ကုန်မြို့တွင်)
(မှတ်ချက် - လျှောက်လွှာကြေး ပေးသွင်းရန် မလိုပါ)
စင်ကာပူရဲ့ ပညာရေးစနစ်က စာတော်ရုံတစ်ခုတည်းကိုပဲ ကြည့်တာမဟုတ်ပါဘူး။ ကျောင်းစာအပြင် အားကစား၊ အနုပညာ၊ လူမှုအကျိုးပြုလုပ်ငန်း စတဲ့ ပြင်ပလှုပ်ရှားမှု (CCA) တွေမှာ ဘယ်လောက် တက်ကြွစွာ ပါဝင်ခဲ့သလဲ ဆိုတဲ့ "Holistic Development" နဲ့ ခေါင်းဆောင်မှု စွမ်းရည် (Leadership Skills) ကို အရမ်း အလေးထားပါတယ်။ ဒါကြောင့် လျှောက်လွှာတင်တဲ့အခါ ကိုယ့်ရဲ့ အဲဒီလို ဘက်စုံစွမ်းရည်တွေကို ထင်ရှားအောင် သေချာချပြဖို့ အရေးကြီးပါတယ်။ လျှောက်လွှာဖွင့်ဖို့ ရက်ပိုင်းပဲ လိုတော့တာမို့ အခုကတည်းက ကြိုတင်ပြင်ဆင်ထားကြပါနော်။
အသေးစိတ် ဖတ်ရှုပြီး လျှောက်ထားရန် Link ကို Comment မှာ ချပေးထားပါတယ်ရှင့်။
24/03/2026
ခုရက်ပိုင်း လေ့ကျင့်ပေးဖြစ်နေတာ။
ကိုယ့်ဆီ မှာ Science Class ယူရင် Checkpoint ဖြေချင်တယ် ဆိုလည်း Textbook အပြင်
ဒီလို လိုက်လေ့ကျင့်ပေးဖြစ်တယ်။
Exam ဖြေဖို့ သီးသန့် သူတို့ ထပ်တက်စရာမလိုအောင် သေချာလေး ပြင်ပေးတယ်။
Pearson ဖြစ်ဖြစ် Cambridge ဖြစ်ဖြစ် ကိုယ်လုပ်ပေးနိုင်တာ အကုန်လုပ်ပေးတာမို့ စာနဲ့ ပတ်သက်ရင် ယုံကြည်စိတ်ချမှာ ပေးဖို့ပဲ လိုတာပါ။
ကလေးလည်း ကြိုးစား ၊ သင်တဲ့သူလည်း ကြိုးစား ၊ မိဘလည်း အဆင်ပြေ ယုံကြည်နားလည် ပေးမှသာ တြိဂံလေး အနားညီမှာ မို့..........
အတန်းချိန်များ စုံစမ်းနိုင်ပါသည်။
13/12/2025
☘️IGCSE O level
🔺Edexcel maths B 🔺
2026 May /June exam series မှာ ဝင်ရောက်ဖြေဆိုကြမယ့် ကျောင်းသားကျောင်းသူများအတွက် ရည်ရွယ်ပြီး မေးခွန်းဟောင်း(Past Paper)တွေ အတူတူတွက်ကြမယ့်
အတန်းလေး ဖွင့်ပါမယ်ရှင့်
👉Paper 1 ရော 2 ပါ လေ့ကျင့်ပေးမှာ ဖြစ်ပါတယ်။
🛑Past Paper သီးသန့် လေ့ကျင့်မှု ပေးမည့် အတန်းလေး ဖြစ်ပါတယ်။
🌿လေ့ကျင့်မှုတွေ ကောင်းကောင်း မရရှိ ထားလို့ ဆိုပြီး စိတ်မပူပါနဲ့နော့။
သေသေချာချာလေး လေ့ကျင့်မှု ပေးပြီး tr နဲ့အတူ တစ်ပါတည်း တွက်ကျင့်ကြပါမယ်နော်။
☘️Exam အတွက် ready ဖြစ်ဖို့ လေ့ကျင့်မှုတွေလိုအပ်နေရင် TR.Nay နဲ့ အတူ Maths B လေ့ကျင့်ကြရအောင်ပါ။
လက်ရှိ
🕖အချိန်>>> 7:00-8:00 pm
📝နေ့ရက်>>> တနင်္ဂနွေ ၊ တနင်္လာ
🌿အတန်းစမည့်ရက် >>> ဇန်နဝါရီ ၅ ရက်နေ့
🌼သင်တန်းကြေး >>> ၁၂၀၀၀၀ ကျပ်
( တစ်လ လျှင် ၈ ချိန်)
သင်တန်းကာလ >>> ၅ လ
နေပြည်တော် In Person တက်ရောက် လိုသူများ စုံစမ်းနိုင်ပါသည်။
07/12/2025
🛑 Cambridge Maths Year -9🛑
☘️🌿☘️Sat and Sunday Online Class ☘️🌿☘️
🔺နံနက်......... 7:00-8:00 တန်းလေးပါ။
🛑Dec -6 ရက်နေ့က စတာပါ။
🎄Fees.........တစ်သိန်းကျပ်( 8 sections per month )
🌿Duration ...7-8 months
🌻Cambridge Year -9 LB Online Group Class ကို သင်တဲ့ အတန်းလေးမို့ Join ချင်ပါက Join လို့ရပါသေးတယ်ရှင့်။
☘️Online One By One အတွက်ကတော့ ညပိုင်းဆို လိုင်းသိပ်မကောင်းတတ်လို့ နံနက်ပိုင်းတွေ ဆိုရင်တော့ အားချိန်ချင်းအဆင်ပြေပါက ညှိနှိုင်းစုံစမ်းတက်ရောက်နိုင်ပါတယ်ရှင့်။