Apex Strategy Academy

Call Directions

Apex Strategy Academy Training & knowledge sharing for accounting, auditing and taxation

ထုတ်လုပ်စရိတ်နည်းတာနဲ့ အမြတ်များပြီလား?Product တစ်ခုကို ထုတ်လုပ်ဖို့ ကုန်ကျစရိတ်နည်းတယ်ဆိုတာနဲ့ အဲဒီ Product က အမြတ်ကောင...
22/09/2026

ထုတ်လုပ်စရိတ်နည်းတာနဲ့ အမြတ်များပြီလား?

Product တစ်ခုကို ထုတ်လုပ်ဖို့ ကုန်ကျစရိတ်နည်းတယ်ဆိုတာနဲ့ အဲဒီ Product က အမြတ်ကောင်းတယ်လို့ ပြောလို့ရပါသလား?

ဥပမာ- Product တစ်ခုကို ထုတ်လုပ်ဖို့ 50 သိန်းကုန်ပြီး 60 သိန်းနဲ့ ရောင်းရတယ်ဆိုပါစို့။
ပုံမှန်ကြည့်ရင် 10 သိန်းမြတ်တယ်လို့ ထင်ရပါတယ်။

ဒါပေမယ့် Product မထုတ်ခင် Research, Development, Design, Testing တွေမှာ ကုန်ကျစရိတ်တွေ ရှိနိုင်ပါတယ်။
မရောင်းခင် Marketing & Promotion စရိတ်တွေ ရှိနေနိုင်တယ်။
ရောင်းပြီးတဲ့နောက် Warranty & Customer Service စရိတ်တွေ ရှိနေနိုင်တယ်။
Product ကို ပိတ်သိမ်းတဲ့အချိန်မှာလဲ Disposal / End-of-life Cost တွေရှိနိုင်ပါတယ်။

ဒီ Cost တွေအားလုံးကို ထည့်တွက်ပြီးမှသာ “Product တစ်ခု”ရဲ့ စုစုပေါင်း Cost နဲ့ Profitability ကို ပိုမှန်ကန်စွာ သုံးသပ်နိုင်မှာ ဖြစ်ပါတယ်။ Product တစ်ခုခြင်းရဲ့ Profitability ကိုသိဖို့ဆိုရင် total revenue ထဲက total cost ကိုနှုတ်ပြီးတွက်ရပါမယ်။ (total revenue - total cost = total profit)

အထူးသဖြင့် Product Life Cycle တိုတဲ့ Product တွေမှာ Product တစ်ခုရဲ့ အစကနေ အဆုံးအထိ Cost ကို ကြိုတင်စဉ်းစားပြီး Cost အားလုံး Recover ဖြစ်ဖို့ ပိုအရေးကြီးပါတယ်။

ဒါပေမယ့် Life Cycle ရှည်တဲ့ Product တွေမှာလည်း သုံးနိုင်ပါတယ်။ ဥပမာ ကား၊ စက်ယန္တရားတွေမှာ Warranty, Maintenance, After-sales Service စတဲ့ နောက်ပိုင်း Cost တွေကို ထည့်သွင်းစဉ်းစားဖို့ လိုတဲ့အတွက် အသုံးဝင်ပါတယ်။

Business အတွက် ဘာအကျိုးရှိလဲ?

Life-cycle Costing ကို အသုံးပြုခြင်းအားဖြင့်—
* Product ရဲ့ စုစုပေါင်း Cost ကို ပိုကောင်းကောင်း ခန့်မှန်းနိုင်ခြင်း
* Pricing ဆုံးဖြတ်ရာမှာ အထောက်အကူပြုခြင်း
* Cost လျှော့ချရမယ့်နေရာကို စောစောသိနိုင်ခြင်း
* Product ရဲ့ Profitability ကို Life Cycle တစ်လျှောက် သုံးသပ်နိုင်ခြင်း
* Product အသစ်ထုတ်လုပ်ဖို့ သင့်/မသင့် ဆုံးဖြတ်ရာမှာ အထောက်အကူပြုခြင်းတို့ကို ရရှိနိုင်ပါတယ်။

Summary
Life-cycle Costing ဆိုတာ Product တစ်ခုရဲ့ Life Cycle တစ်လျှောက် ဖြစ်ပေါ်တဲ့ Cost တွေကို စုစုပေါင်းကြည့်ပြီး စီမံခန့်ခွဲတဲ့ Costing နည်းလမ်း ဖြစ်ပါတယ်။

✨ဒီ Post လေးက သင့်အတွက် အထောက်အကူဖြစ်တယ်ဆိုရင် Save လုပ်ထားပြီး မိတ်ဆွေတွေကိုပါ Share ပေးလိုက်ပါဦးနော်

သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများကို ဦးထိပ်ပန်ဆင်လျှက်ပါ။

Apex Strategy Academy
📞 Tel - 095182442
Accounting•Auditing•Taxation




Withholding Tax (WHT) အကြောင်းသိကောင်းစရာ။ငွေထုတ်ပေးရန် တာဝန်ရှိသူက ငွေထုတ်ပေးချိန်တွင် ကျသင့်အခွန်ကို သတ်မှတ်ထားသည့် နှ...
28/08/2026

Withholding Tax (WHT) အကြောင်းသိကောင်းစရာ။

ငွေထုတ်ပေးရန် တာဝန်ရှိသူက ငွေထုတ်ပေးချိန်တွင် ကျသင့်အခွန်ကို သတ်မှတ်ထားသည့် နှုန်းထားအတိုင်း ကြိုတင်ဖြတ်တောက် နှုတ်ယူပြီး သက်ဆိုင်ရာ အခွန်ရုံးသို့ လွှဲပြောင်းပေးသွင်းရသည့် ဝင်ငွေအခွန်အမျိုးအစား ဖြစ်ပါသည်။

https://www.facebook.com/share/p/19A4G6Dxfr/?mibextid=wwXIfr

၂၀၂၇ ခုနှစ်အတွက် အစိုးရရုံးပိတ်ရက်များ #အစားထိုးပိတ်ရက်များ  #စနေအစားထိုးရုံးတက်ရက်မျာ  #အများပြည်သူရုံးပိတ်ရက်များ  #20...
28/08/2026

၂၀၂၇ ခုနှစ်အတွက် အစိုးရရုံးပိတ်ရက်များ

#အစားထိုးပိတ်ရက်များ #စနေအစားထိုးရုံးတက်ရက်မျာ #အများပြည်သူရုံးပိတ်ရက်များ #2027

လစာဝင်ငွေခွန်အကြောင်း သိကောင်းစရာများ။
13/08/2026

လစာဝင်ငွေခွန်အကြောင်း သိကောင်းစရာများ။

Accounting တဲ့ အခြေခံဖြစ်တဲ့ GAAP ဆိုတာဘာလဲ?GAAP ဆိုတာ Generally Accepted Accounting Principles ရဲ့ အတိုကောက်ဖြစ်ပြီး စာ...
13/08/2026

Accounting တဲ့ အခြေခံဖြစ်တဲ့ GAAP ဆိုတာဘာလဲ?

GAAP ဆိုတာ Generally Accepted Accounting Principles ရဲ့ အတိုကောက်ဖြစ်ပြီး စာရင်းတွေကို ဘယ်လိုမှတ်တမ်းတင်မလဲ၊ တန်ဖိုးတွေကိုဘယ်လိုသတ်မှတ်မလဲ၊ Financial Statements တွေကိုဘယ်လိုပြင်ဆင်တင်ပြမလဲဆိုတာအတွက် လိုက်နာရတဲ့ Accounting Principles & Rules တွေကို ဆိုလိုပါတယ်။

ရိုးရိုးပြောရရင် Accounting ကို စနစ်တကျ၊ တစ်သမတ်တည်းနဲ့ ယုံကြည်စိတ်ချရအောင် ပြုလုပ်နိုင်ဖို့ အခြေခံထားတဲ့ စည်းမျဉ်းတွေ ဖြစ်ပါတယ်။

GAAP နဲ့ ဆက်စပ်ပြီး မကြာခဏတွေ့ရတဲ့ အခြေခံအယူအဆတွေကတော့ Going Concern, Accrual, Consistency, Prudence, Matching, Revenue Recognition စတာတွေ ဖြစ်ပါတယ်။

ဥပမာ — ယခုလမှာ ဝန်ဆောင်မှုပေးပြီး ငွေကို နောက်လမှရခဲ့ရင်တောင် ဝန်ဆောင်မှုပေးတဲ့ယခုလမှာ Revenue အဖြစ် အသိအမှတ်ပြုတာက Accrual Basis ရဲ့ သဘောတရားတစ်ခုပါ။

တစ်ချက်သတိထားရမှာက GAAP နဲ့ IFRS မတူပါဘူး။ US GAAP နဲ့ IFRS တို့သည် Accounting Standards တွေဖြစ်ပေမဲ့ စည်းမျဉ်းနဲ့ သတ်မှတ်ချက်အချို့ ကွာခြားနိုင်ပါတယ်။

အတိုချုပ် — GAAP ဆိုတာ Accounting ကို မှန်ကန်၊ တစ်သမတ်တည်းနဲ့ ယုံကြည်စိတ်ချရအောင် လုပ်ဆောင်ဖို့ အခြေခံထားတဲ့ Principles & Rules (Accounting standards) တွေပဲဖြစ်ပါတယ်။

Apex Strategy Academy
095182442

MSME Loan Informationတစ်နှစ်ကို အတိုးနှုန်း ၃%, ၄%, ၅% ဖြင့် ကျပ် သန်း၅၀ မှ သန်း ၁၀၀ အထိချေးငွေလျှောက်ထားနိုင်ပြီ
13/08/2026

MSME Loan Information

တစ်နှစ်ကို အတိုးနှုန်း ၃%, ၄%, ၅% ဖြင့် ကျပ် သန်း၅၀ မှ သန်း ၁၀၀ အထိချေးငွေလျှောက်ထားနိုင်ပြီ

MSME လုပ်ငန်းများအတွက် ငွေကျပ် ဘီလီယံ ၁၅၀ ကိုထုတ်ချေးပေးရန်ဆောင်ရွက်လျှက်ရှိပါသည်။MSME 2/2026
12/08/2026

MSME လုပ်ငန်းများအတွက် ငွေကျပ် ဘီလီယံ ၁၅၀ ကိုထုတ်ချေးပေးရန်ဆောင်ရွက်လျှက်ရှိပါသည်။

MSME 2/2026

Accounting ကို ပေါ့ပေါ့ပါးပါးလေ့လာကြမည်။ Part 4 - Expense Classificationစရိတ်တွေကို ဘယ်လိုအုပ်စုခွဲပြီး မှတ်ကြမလဲ?Apex S...
11/08/2026

Accounting ကို ပေါ့ပေါ့ပါးပါးလေ့လာကြမည်။

Part 4 - Expense Classification

စရိတ်တွေကို ဘယ်လိုအုပ်စုခွဲပြီး မှတ်ကြမလဲ?

Apex Strategy
095182442

Accounting ကိုပေါ့ပေါ့ပါးပါးလေ့လာကြမယ် (Part 2)Balance Sheet ကို အလွယ်နားလည်အောင် ဘယ်လိုလေ့လာရမလဲ❓Balance Sheet (Stateme...
08/08/2026

Accounting ကိုပေါ့ပေါ့ပါးပါးလေ့လာကြမယ် (Part 2)

Balance Sheet ကို အလွယ်နားလည်အောင် ဘယ်လိုလေ့လာရမလဲ❓

Balance Sheet (Statement of Financial Position) ဆိုတာ နေ့ရက်တစ်ရက် (Specific Date) မှာ လုပ်ငန်းရဲ့ Financial Position ကို ဖော်ပြတဲ့ Financial Statement တွေထဲကတစ်ခု ဖြစ်ပါတယ်။

Balance Sheet ကို Accounting Equation ကို အခြေခံပြီး တည်ဆောက်ထားပါတယ်။

Assets = Liabilities + Capital (Equity)

ဒီ Equation က Balance Sheet ရဲ့ အခြေခံဖြစ်ပြီး Assets ဘက်နဲ့ Liabilities + Capital ဘက်ဟာ အမြဲတမ်း ညီမျှနေရပါတယ်။

Assets – လုပ်ငန်းက ပိုင်ဆိုင်တဲ့ အရာများ
Example: Cash, Inventory, Vehicle

Liabilities – လုပ်ငန်းက ပေးရန်ရှိတဲ့ အကြွေးများ
Example: Bank Loan, Accounts Payable

Capital (Equity) – Owner ရဲ့ ရင်းနှီးမြှုပ်နှံမှုနှင့် ကျန်ရှိသော ပိုင်ဆိုင်ခွင့်
Example: Initial Capital, Retained Earnings

မှတ်ထားရန်

* Assets = Liabilities + Capital (Equity) အမြဲညီမျှနေရပါတယ်။

* တစ်နေ့စာ (Specific Date) ရဲ့ လက်ကျန်အခြေအနေကို ဖော်ပြတာ ဖြစ်ပါတယ်။....
Accounting, Tax နဲ့ Business Knowledge ဆိုင်ရာ အကြောင်းအရာများကို ဆက်လက်ဖတ်ရှုလိုပါက Apex Strategy ကို Follow လုပ်ပေးထားလို့ရပါတယ်။ ပြန်ကြည့်ဖို လိုအပ်တယ်ဆိုရင်လဲ ပျောက်မသွားအောင် Share ပြုလုပ်ထားနိုင်ပါတယ်။

Apex Strategy Academy
Ph: 09 5182442

Address

Naypyidaw

Telephone

+9595182442

Website

Alerts

Be the first to know and let us send you an email when Apex Strategy Academy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category