Sandbox Education

Sandbox Education Education Center

"ဆရာကြီးတွေက လက်တန်းသင်တာ၊ Lesson Plan စာရွက်ကြီးတွေ ရေးနေဖို့ မလိုပါဘူး" ဆိုတာ အမှန်ပဲလား...❓ဆရာ၊ ဆရာမ အသိုင်းအဝန်းမှာ ...
25/08/2026

"ဆရာကြီးတွေက လက်တန်းသင်တာ၊ Lesson Plan စာရွက်ကြီးတွေ ရေးနေဖို့ မလိုပါဘူး" ဆိုတာ အမှန်ပဲလား...❓
ဆရာ၊ ဆရာမ အသိုင်းအဝန်းမှာ မကြာခဏ ငြင်းခုံကြရတဲ့ အကြောင်းအရာတစ်ခု ရှိပါတယ်။
"ငါတို့ဆို လက်တန်းသင်တာပဲ၊ Lesson Plan ဆိုတာကြီးကို စာရွက်ပေါ်မှာ အရှည်ကြီး ရေးပြနေရတာ အချိန်ဖြုန်းတာ" လို့ ပြောလေ့ရှိကြသလို၊ "Lesson Plan မပါဘဲ စာသင်တာ စနစ်မရှိဘူး" လို့လည်း စွပ်စွဲလေ့ရှိကြပါတယ်။
ဒါဆိုရင် Lesson Plan ဆိုတာ စာရွက်ပေါ်မှာ မဖြစ်မနေ စာစီရေးထားမှ Lesson Plan လား...❓
၁။ Lesson Plan ဆိုတာ စာရွက်မဟုတ်ပါ "စိတ်ထဲက လမ်းပြမြေပုံ (Mental Roadmap)" ဖြစ်ပါတယ်
ဝါရင့် ဆရာ၊ ဆရာမကြီးတွေ လက်တန်း သင်နေသလို ထင်ရပေမဲ့၊ သူတို့ ခေါင်းထဲမှာတော့—
ဒီနေ့ သင်ခန်းစာရဲ့ အဓိက ပန်းတိုင် (Learning Objective) က ဘာလဲ၊
ကျောင်းသားတွေ သဘောပေါက်အောင် ဘယ်လို နည်းလမ်း (Activities) နဲ့ သွားမလဲ၊
စာနားလည်/မလည် ဘယ်လို စစ်ဆေးမလဲ (Assessment) ဆိုတာတွေကို စက္ကန့်ပိုင်းအတွင်း ပုံဖော်ပြီးသား ဖြစ်ပါတယ်။
စာရွက်ပေါ်မှာ ချမရေးထားပေမဲ့ ခေါင်းထဲမှာ စနစ်တကျ ပြင်ဆင်ထားရင် ဒါဟာ Mental Lesson Plan တစ်ခု ရှိနေတာပါပဲ။
၂။ "လက်တန်းသင်တာ" နဲ့ "မပြင်ဆင်ဘဲ သင်တာ" မတူပါဘူး
မပြင်ဆင်ဘဲ သင်ခြင်း (Unprepared): အတန်းထဲရောက်မှ ကြုံရာသဘောပြော၊ ဆရာပြောချင်ရာပြောပြီး ကျောင်းသား ရသင့်တဲ့ သင်ယူမှုရလဒ် မရဘဲ အချိန်ကုန်သွားခြင်း။
ကျွမ်းကျင်စွာ လိုက်လျောညီထွေ သင်ခြင်း (Flexibility): ခိုင်မာတဲ့ Plan ကို ခေါင်းထဲမှာ စွဲနေအောင် ပြင်ထားတာမို့၊ အတန်းထဲက ကျောင်းသားတွေရဲ့ တုံ့ပြန်မှုအပေါ် မူတည်ပြီး လိုသလို ရေလိုက်ငါလိုက် ပြောင်းလဲသင်ကြားနိုင်ခြင်း။
၃။ စာရွက်ပေါ် ရေးဆွဲခြင်းရဲ့ အားသာချက်
ခေါင်းထဲမှာတင် Plan ဆွဲတာ အဆင်ပြေနိုင်ပေမဲ့၊ စာရွက်ပေါ်မှာ ရေးဆွဲထားခြင်းက—
နည်းလမ်းသစ်တွေကို စနစ်တကျ စမ်းသပ်နိုင်စိ‌းခြင်း၊
မိမိရဲ့ သင်ကြားရေးကို ပြန်လည်ဆန်းစစ် (Self-Reflection) လို့ရခြင်း၊
အကြောင်းတစ်ခုခုကြောင့် ဆရာအစားထိုး (Substitute) ဝင်ရတဲ့အခါ သင်ကြားမှု အဆက်မပြတ်စေခြင်း စတဲ့ ထိရောက်တဲ့ အကျိုးကျေးဇူးတွေ ပေးပါတယ်။
အတိုချုပ်ပြောရရင် Lesson Plan ဆိုတာ ဆရာ့ကို ချည်နှောင်ထားတဲ့ ကြိုးမဟုတ်ပါဘူး။ ကျောင်းသားတွေ သင်ယူမှုပန်းတိုင်ဆီ ချောချောမောမော ရောက်အောင် ပို့ဆောင်ပေးတဲ့ "လမ်းပြမြေပုံ" သာ ဖြစ်ပါတယ်။
ဆရာ/ဆရာမတို့ရော သင်ကြားရေးမှာ ခေါင်းထဲက Mental Plan ကို ပိုသုံးဖြစ်သလား၊ စာရွက်ပေါ်မှာ စနစ်တကျ ရေးဆွဲတာကို ပိုသဘောကျပါသလား.ဆွေးနွေးသွားကြပါဦး။

"ဆရာမ... IS က ကလေးတွေကို သင်ရတာ အရမ်း လက်ဝင်တယ်။ စာတော့ တတ်ပါရဲ့၊ အခြေခံ Manner လုံးဝ မရှိကြဘူး..."ဒါဟာ ဒီနေ့ခေတ် ဆရာ/ဆရ...
23/08/2026

"ဆရာမ... IS က ကလေးတွေကို သင်ရတာ အရမ်း လက်ဝင်တယ်။ စာတော့ တတ်ပါရဲ့၊ အခြေခံ Manner လုံးဝ မရှိကြဘူး..."
ဒါဟာ ဒီနေ့ခေတ် ဆရာ/ဆရာမ အများစုဆီက ခါးခါးသီးသီး ကြားနေရတဲ့ ရင်ဖွင့်သံပါ။
Class ထဲမှာ ဆရာမကို အမိန့်ပေးသံနဲ့ ပြောတာ၊ ဝန်ထမ်းတွေကို အောက်ခြေလွတ် စေခိုင်းတာနဲ့ မိခင်ဘာသာစကားမှာပါ ယဉ်ကျေးတဲ့ အသုံးအနှုန်း မသိတော့တာတွေဟာ ရွှေဇွန်းကိုက် အလိုလိုက်ခံထားရတဲ့ ကလေးတွေကြားမှာ ပိုဆိုးလာပါတယ်။
အင်္ဂလိပ်လို Fluent ဖြစ်ပြီး စာတော်ရုံနဲ့ လူအဆင့်အတန်း မမြင့်နိုင်ပါဘူး။ Manner ပါမှသာ ဘဝအဆင့်အတန်း တကယ် မြင့်မားတာပါ။ ဒါကြောင့် ကလေးတစ်ယောက်ရဲ့ Manner ကို အိမ်ကော ကျောင်းပါ ပူးပေါင်းပြီး ဒီလို ပုံသွင်းပေးဖို့ လိုလာပါပြီ။
ကျောင်းဘက်က ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ပေးရန်
Curriculum ထဲတွင် Manner ထည့်သွင်းခြင်း: Academic တစ်ခုတည်း မဟုတ်ဘဲ အခြေခံ လူမှုနီတိ (Social Ethics) နဲ့ လေးစားစွာ ဆက်ဆံနည်းများကို ကျောင်းစည်းကမ်း၊ Daily Activity များတွင် တရားဝင် ထည့်သွင်းကျင့်သုံးရန်။
မိခင်ဘာသာစကား ယဉ်ကျေးမှု ထိန်းသိမ်းခြင်း: အင်္ဂလိပ်စာ fluency အပြင် မြန်မာစကား ပြောဆိုသည့်အခါ "ရှင့်/ခင်ဗျာ"၊ "ကျေးဇူးပါ"၊ "တောင်းပန်ပါတယ်" စသည့် ယဉ်ကျေးသော အသုံးအနှုန်းများ သုံးစွဲရန် စနစ်တကျ လေ့ကျင့်ပေးရန်။
Manner Evaluation ပါဝင်ခြင်း: ကလေးများ၏ အပြုအမူနှင့် ဝန်ထမ်းများအပေါ် ဆက်ဆံပုံကို Report Card တွင် သီးသန့် အကဲဖြတ်အမှတ်အဖြစ် ထည့်သွင်းရန်။
မိဘများ သတိပြုရန်၊ ဆောင်ရန်နှင့် ရှောင်ရန်
မိသားစု ပတ်ဝန်းကျင်တွင် ကျောင်းကားဒရိုင်ဘာ၊ အိမ်အကူများနှင့် ဝန်ဆောင်မှုပေးသူများကို ကလေးရှေ့တွင် ယဉ်ကျေးစွာ ပြောဆိုပြသရန် လိုအပ်ပြီး၊ ငွေကြေးတတ်နိုင်မှုကို ပြသသည့်အနေဖြင့် အောက်ခြေဝန်ထမ်းများကို ကလေးရှေ့တွင် အော်ဟောက်ခိုင်းစေခြင်းမျိုးကို ရှောင်ကြဉ်ရပါမည်။ အလိုလိုက်မှု ထိန်းချုပ်ရာတွင်လည်း လိုချင်တာတိုင်း ချက်ချင်းမရနိုင်ကြောင်းနှင့် ကျေးဇူးတင်စိတ် (Gratitude) ရှိရန် သင်ပေးရမည်ဖြစ်ပြီး၊ ကလေး အမှားလုပ်သည့်အခါ "ကလေးပဲရှိသေးတာ" ဆိုပြီး မသိကျိုးနွံပြုကာ အရာရာ လိုက်လျောပေးခြင်းမျိုးကို ရှောင်ရပါမည်။ ထို့အပြင် စကားပြောဆိုမှုတွင် မိခင်ဘာသာစကားဖြင့် ပြောဆိုသည့်အခါ ယဉ်ကျေးမင်္ဂလာရှိအောင် အိမ်တွင် လေ့ကျင့်ပေးရန် လိုအပ်ပြီး၊ စာတော်ရုံ၊ အင်္ဂလိပ်လို ကျွမ်းကျင်ရုံဖြင့် ကလေး၏ ရိုင်းစိုင်းသော အပြောအဆိုများကို လျစ်လျူရှုထားခြင်းမျိုးကို ရှောင်ကြဉ်သင့်တယ်။
ကလေးတစ်ယောက်ရဲ့ အနာဂတ်ဟာ GPA နဲ့ စာတော်ရုံတင် မကပါဘူး။ ကျောင်းရဲ့ စနစ်တကျ ပုံသွင်းမှုနဲ့ မိဘတွေရဲ့ စံပြပြသမှု နှစ်ခုစလုံး ပေါင်းစပ်မှသာ အသိပညာောရော၊ အကျင့်စာရိတ္တပါ ပြည့်ဝတဲ့ True Global Citizen တစ်ယောက် ဖြစ်လာမှာပါ။

စကားတွေကပဲ လူတွေကို ဆက်သွယ်ပေးခဲ့တာဖြစ်သလို၊ အဲဒီစကားတွေကြောင့်ပဲ လူတွေကြားမှာ မမြင်နိုင်တဲ့ တံတိုင်းကြီးတွေခြားပြီး ဝေး...
21/08/2026

စကားတွေကပဲ လူတွေကို ဆက်သွယ်ပေးခဲ့တာဖြစ်သလို၊ အဲဒီစကားတွေကြောင့်ပဲ လူတွေကြားမှာ မမြင်နိုင်တဲ့ တံတိုင်းကြီးတွေခြားပြီး ဝေးကွာသွားကြရတာလည်း အကြိမ်ကြိမ်ပါပဲ။
စကားဆိုတာ ရိုးရှင်းတဲ့ အသံထွက်တစ်ခု မဟုတ်ပါဘူး။ နှလုံးသားရဲ့ ခံစားချက်နဲ့ သတိစိစစ်မှု ပါဝင်နေရမယ့် တံတားတစ်စင်းပါ။ လူ့ပတ်ဝန်းကျင်မှာ ရှင်သန်နေထိုင်တဲ့အခါ ကိုယ်ပြောလိုက်တဲ့ စကားတိုင်းဟာ အခြားသူ၏ စိတ်နှလုံးကို နွေးထွေးစေသလား၊ ဒါမှမဟုတ် ဒဏ်ရာဖြစ်စေသလားဆိုတာကို အမြဲ သတိချပ်ဖို့ လိုပါတယ်။ စကားတစ်ခွန်းကို မပြောခင် "ဒါဟာ အမှန်တကယ်ရော ဟုတ်ရဲ့လား၊ ပြောဖို့ လိုအပ်ရဲ့လား၊ မေတ္တာနဲ့ စေတနာရော ပါရဲ့လား" ဆိုတဲ့ စိစစ်ရေးတံခါး သုံးချပ်ကို ဖြတ်သန်းစေတာဟာ လူအချင်းချင်း ဆက်ဆံရေးကို ပိုမို ခိုင်မြဲစေပါတယ်။
ပညာရေးနယ်ပယ်ထဲကနေ ကြည့်ရင် ကလေးတွေကို ငယ်စဉ်ကတည်းက စကားပြောဆိုဆက်ဆံရေးနဲ့ ပတ်သက်လို့ စကားစပြောဖို့ထက် လေးလေးနက်နက် နားထောင်ပေးခြင်း (Active Listening) ကို အဓိက စတင်သင်ကြားပေးရပါမယ်။ မိမိလိုချင်တာကိုပဲ အော်ဟစ်တောင်းဆိုတတ်ဖို့ထက် အခြားသူ၏ ခံစားချက်နှင့် စကားကို ငြိမ်သက်စွာ နားထောင်ပေးတတ်တဲ့ အလေ့အကျင့်ဟာ ကြီးမားတဲ့ လူမှုဆက်ဆံရေး စွမ်းရည်ဖြစ်ပါတယ်။ ဒါ့အပြင် ကလေးတွေကို ဒေါသဖြစ်နေချိန် သို့မဟုတ် ဝမ်းနည်းနေချိန်တွေမှာ နှုတ်ထွက်ကြမ်းတမ်းတဲ့ စကားတွေအစား မိမိ၏ စိတ်ခံစားချက်ကို ယဉ်ကျေးစွာ ထုတ်ဖော်ပြောဆိုနိုင်တဲ့ စိတ်ခံစားမှုဆိုင်ရာ စကားလုံးများ (Emotional Vocabulary) ကို အသုံးပြုတတ်အောင် ပျိုးထောင်ပေးသင့်ပါတယ်။
မိဘတွေနဲ့ လူကြီးတွေ ကိုယ်တိုင်လည်း ကလေးတွေရှေ့မှာ စံပြနေထိုင်သူများ (Role Models) ဖြစ်ဖို့ အရေးကြီးပါတယ်။ ကလေးတွေဟာ ကျွန်ုပ်တို့ သင်ပြတဲ့ စကားထက် ကျွန်ုပ်တို့ လက်တွေ့ ပြောဆိုပြုမူနေထိုင်တဲ့ အမူအကျင့်တွေကိုပဲ အတုယူ တတ်ကြတာပါ။ အိမ်တွင်းမှာ အချင်းချင်း စကားပြောတဲ့အခါ လေးစားမှုပါဝင်ခြင်း၊ မှားယွင်းပါက ရိုးသားစွာ တောင်းပန်တတ်ခြင်း၊ ကူညီမှုကို ကျေးဇူးတင်ကြောင်း ထုတ်ဖော်ပြောဆိုခြင်းနဲ့ ဒေါသဖြစ်ချိန်မှာ နှုတ်ထွက်မဆင်ခြင်ဘဲ စိတ်ကို ထိန်းချုပ်ပြခြင်းတို့ဟာ ကလေးတွေအတွက် အဖိုးမဖြတ်နိုင်တဲ့ အလေ့အကျင့်ကောင်းများ ဖြစ်လာမှာပါ။
စကားလုံးဆိုတာ လူတွေကို နီးကပ်အောင် ချည်နှောင်ပေးနိုင်သလို ဝေးကွာသွားအောင် ခွဲခြားပစ်နိုင်တဲ့ စွမ်းအားရှိပါတယ်။ ကလေးတွေကို စကားပြောတတ်ရုံတင် မကဘဲ စကားလုံးတွေ၏ အလေးချိန်နှင့် တန်ဖိုး ကို နားလည်ပြီး၊ လူအချင်းချင်း မေတ္တာ၊ နားလည်မှုတို့ဖြင့် ဆက်သွယ်ပေးနိုင်သည့် တံတားကောင်းလေးများ တည်ဆောက်တတ်သူများ ဖြစ်လာအောင် ရှေ့ကနေ နွေးထွေးစွာ လမ်းပြပေးကြစို့။

❤️ BIG CONGRATULATIONS TO YOU ALL ❤️🎉 Sandbox Education မှ ဝင်ရောက်ယှဉ်ပြိုင်သူများအားလုံး Final Round သို့ တက်ရောက်ခွင့...
17/08/2026

❤️ BIG CONGRATULATIONS TO YOU ALL ❤️
🎉 Sandbox Education မှ ဝင်ရောက်ယှဉ်ပြိုင်သူများအားလုံး Final Round သို့ တက်ရောက်ခွင့်ရရှိသွားပါပြီ 🎉
🟦 ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၉) ရက်နေ့က ကျင်းပပြီးစီးခဲ့သော Australia - Hong Kong - Kazakhstan အခြေစိုက် NOVA World Championship (NWC) Series ၏ NOVA Maths Championship (NMC) 2026 Country Round (Myanmar Region) 🇲🇲 တွင် ဆုအသီးသီးရရှိခဲ့ကြသော မြန်မာတစ်နိုင်ငံလုံးမှ ကျောင်းသား၊ ကျောင်းသူများအားလုံးကို လှိုက်လှဲစွာ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။
🟥 ယခုပြိုင်ပွဲကြီးတွင်လည်း ကျွန်ုပ်တို့၏ Sandbox Education ကိုယ်စားပြု ဝင်ရောက်ဖြေဆိုခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအားလုံး ဆုများအသီးသီးဆွတ်ခူးပြီး ဂုဏ်ယူဖွယ်ရာ FINAL ROUND သို့ တက်လှမ်းနိုင်ခဲ့ကြပြီဖြစ်ကြောင်း ဝမ်းမြောက်စွာ အသိပေးကြေညာအပ်ပါသည်။
🏆 ဂုဏ်ထူးဆောင်ဆုရှင်များစာရင်း 🏆
* 🥇 Grade 3 - Pyae Khaing Myal (Gold Award)
* 🥉 Grade 6 - Linn Eant Hume (Bronze Award)
* 🥈 Grade 8 - Thaw Sitt Naing (Silver Award)
🟩 ယခု Country Round တွင် Gold, Silver နှင့် Bronze Award ရရှိထားကြသူများသည် လာမည့် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၁၈) ရက်နေ့တွင် ကျင်းပမည့် FINAL ROUND (Online) ကို ဆက်လက်ဖြေဆိုခွင့်ရရှိကြမည်ဖြစ်ပါသည်။
🟪 ထို့အပြင် FINAL ROUND ကို ဝင်ရောက်ဖြေဆိုပါက 💯 FULL MARKS (100% Marks) ရရှိထားသော ကျောင်းသား၊ ကျောင်းသူများသည် Exam Fees 50% Off ရရှိကြမည်ဖြစ်ပြီး၊ GOLD AWARD (95%, 90%, 85%) ရရှိထားကြသူများသည် Exam Fees 30% Off ရရှိမည့် အထူးအခွင့်အရေးများလည်း ရှိကြောင်း သတင်းကောင်းပါးအပ်ပါသည်။
🟦 NOVA Maths Championship (NMC) FINAL ROUND အချက်အလက်များ
🔹 Online Exam Day : 18 Oct 2026
🔹 Register before : 7 Oct 2026
👏 ထူးချွန်စွာ ကြိုးစားခဲ့ကြတဲ့ သားတို့သမီးတို့အားလုံးနဲ့အတူ အမြဲတမ်း ပံ့ပိုးကူညီပေးခဲ့ကြသော မိဘအုပ်ထိန်းသူများကိုလည်း Sandbox Education မှ ကျေးဇူးအထူးတင်ရှိပါသည်။ ရှေ့ဆက်သွားရမယ့် Final Round ပြိုင်ပွဲကြီးအတွက်လည်း အကောင်းဆုံးကြိုးစားယှဉ်ပြိုင်နိုင်ဖို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။ 🌟

❤️ BIG CONGRATULATIONS TO YOU ALL ❤️🎉 Sandbox Education မှ ဝင်ရောက်ယှဉ်ပြိုင်သူ (၁၀၀) ရာခိုင်နှုန်းလုံး Final Round သို့...
16/08/2026

❤️ BIG CONGRATULATIONS TO YOU ALL ❤️
🎉 Sandbox Education မှ ဝင်ရောက်ယှဉ်ပြိုင်သူ (၁၀၀) ရာခိုင်နှုန်းလုံး Final Round သို့ တက်ရောက်ခွင့်ရရှိသွားပါပြီ 🎉
🟦 ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၇) ရက်နေ့က ကျင်းပပြီးစီးခဲ့သော Australia - Hong Kong - Kazakhstan အခြေစိုက် NOVA World Championship (NWC) Series ၏ NOVA Scientific Innovation Championship (NSIC) 2026 Country Round (Myanmar Region) 🇲🇲 တွင် ဆုအသီးသီးရရှိခဲ့ကြသော မြန်မာတစ်နိုင်ငံလုံးမှ ကျောင်းသား၊ ကျောင်းသူများအားလုံးကို Sandbox Education မှ လှိုက်လှဲစွာ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။
🟥 အထူးသဖြင့် ယခုနှစ်ပြိုင်ပွဲကြီးတွင် ကျွန်ုပ်တို့၏ Sandbox Education ကိုယ်စားပြု ဝင်ရောက်ဖြေဆိုခဲ့ကြသော ကျောင်းသား၊ ကျောင်းသူ (၃) ဦးစလုံး (၁၀၀ ရာခိုင်နှုန်း) ဆုများအသီးသီးဆွတ်ခူးပြီး Final Round သို့ ဂုဏ်ယူဖွယ်ရာ တက်လှမ်းနိုင်ခဲ့ကြပြီဖြစ်ကြောင်း ဝမ်းမြောက်စွာ အသိပေးကြေညာအပ်ပါသည်။
🏆 ဂုဏ်ထူးဆောင်ဆုရှင်များစာရင်း 🏆
* 🥈 Grade 3 - Pyae Khaing Myal (Silver Award)
* 🥉 Grade 6 - Ngwe Yoon Eain (Bronze Award)
* 🥈 Grade 8 - Bhone Khaing Myal (Silver Award)
👏 ထူးချွန်စွာ ကြိုးစားခဲ့ကြတဲ့ သားတို့သမီးတို့အားလုံးနဲ့အတူ အဘက်ဘက်မှ ပံ့ပိုးကူညီပေးခဲ့ကြသော မိဘအုပ်ထိန်းသူများကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။ ရှေ့ဆက်သွားရမယ့် Final Round ပြိုင်ပွဲကြီးအတွက်လည်း အကောင်းဆုံးကြိုးစားယှဉ်ပြိုင်နိုင်ဖို့ Sandbox Education မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။ 🌟

🎉 နေပြည်တော်က ကျောင်းသား/သူများနှင့် မိဘအုပ်ထိန်းသူများအတွက် သတင်းကောင်း! 🌟Sandbox Education မှ နိုင်ငံတကာအဆင့်မီ ASMO (...
13/08/2026

🎉 နေပြည်တော်က ကျောင်းသား/သူများနှင့် မိဘအုပ်ထိန်းသူများအတွက် သတင်းကောင်း! 🌟
Sandbox Education မှ နိုင်ငံတကာအဆင့်မီ ASMO (Asian Science & Mathematics Olympiad) Myanmar ၏ Official Exam Center Partner School အဖြစ် တရားဝင် လက်တွဲလိုက်ပြီဖြစ်ကြောင်း ဝမ်းမြောက်စွာ အသိပေးအပ်ပါသည်။ 🇲🇲✨
💡 ဒီပူးပေါင်းမှုမှတစ်ဆင့် ကလေးများအတွက် ရရှိလာမယ့် အခွင့်အလမ်းများ
ASMO ဟာဆိုရင် နိုင်ငံတကာမှ ကျောင်းသား/သူများစွာ ပါဝင်ယှဉ်ပြိုင်ကြသည့် သင်္ချာနှင့် သိပ္ပံ စွမ်းရည်ပြိုင်ပွဲကြီးဖြစ်ပြီး၊ ခုလို Sandbox Education က Official Exam Center ဖြစ်လာသည့်အတွက် နေပြည်တော်မှ ကလေးငယ်များအနေဖြင့် —
🏆 International Exam Experience: နိုင်ငံတကာ Olympiad စာမေးပွဲ အတွေ့အကြုံကောင်းများကို နေပြည်တော်မှာတင် အလွယ်တကူ ရရှိလာခြင်း
🌍 Global Exposure: နိုင်ငံတကာက ကျောင်းသား/သူများနှင့် ရင်ဘောင်တန်း ယှဉ်ပြိုင်နိုင်မည့် အခွင့်အရေးများ ပိုင်ဆိုင်နိုင်ခြင်း
🧠 Skill Development: Logic Thinking, Critical Thinking နှင့် Problem Solving Skills (ပြဿနာဖြေရှင်းနိုင်စွမ်း) များကို ပိုမိုထက်မြက်လာစေခြင်း
📊 Benchmarking: မိမိတို့၏ သင်္ချာစွမ်းရည်ကို နိုင်ငံတကာစံနှုန်းများနှင့်အညီ စမ်းသပ်စစ်ဆေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေမှာဖြစ်ပါတယ်။
ကျောင်းသား/သူများ၏ သင်္ချာစွမ်းရည်၊ အတွေးအခေါ်နှင့် ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းများကို နိုင်ငံတကာစံနှုန်းများနှင့်အညီ စနစ်တကျ မြှင့်တင်ပေးနိုင်ရန် Sandbox Education က အမြဲမပြတ် ကြိုးပမ်းလျက်ရှိပါသည်။ 🚀
📝 ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းရန်
📞 အသေးစိတ် စုံစမ်းမေးမြန်းလိုပါက -
Sandbox Education Page Messenger (သို့မဟုတ်) Phone: 09961059023
ASMO Myanmar Hotline: 09 782774984

Math puzzles
12/08/2026

Math puzzles

Cambridge Primary Checkpoints and Lower Secondary Checkpoint တန်းခွဲများ August 1မှာစပါမယ်ရှင့် Free Trial တက်ချင်သူများ...
30/07/2026

Cambridge Primary Checkpoints and Lower Secondary Checkpoint တန်းခွဲများ August 1မှာစပါမယ်ရှင့် Free Trial တက်ချင်သူများpage messenger မှာ registration လုပ်နိုင်ပါတယ်

28/07/2026

New Things are coming

28/07/2026

Hello testing 123

Address

Yay Tamar
Naypyidaw

Website

Alerts

Be the first to know and let us send you an email when Sandbox Education posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share