ပညာမဉ္ဇူလင်း တွင် ကျောင်းသား/သူ များကို လက်ခံခြင်း သင်ကြားခြင်း မရှိကြောင်း သတင်းစကား ပါးလိုပါသည်
Pyinnyar Mazeu Lin- Private School
2020- 2021 ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခ? ၂၀၁၇ - ၂၀၁၈ ၊ ၂၀၁၈ - ၂၀၁၉ အောင်ချက်အကောင်းဆုံးကျောင်း
ပညာမဉ္ဇူလင်း ကျောင်းသား/သူများသို့ . . . . . .
ပညာမဉ္ဇူလင်း (ကပက) တွင် ၂၀၁၈ - ၂၀၁၉ ပညာသင်နှစ် (နဝမတန်း) နှင့် ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် (ဒသမတန်း) တွင် တက်ရောက်ခဲ့သော ကျောင်းသား/သူ များအနေဖြင့် အခြေခံ ကွန်ပျူတာ ဘာသာရပ်ကို (၈၀) ရာခိုင်နှုန်းခန့် သင်ကြားတတ်မြောက်ပြီးဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ကျန်ရှိနေသော သင်ခန်းစာ Microsoft Powerpoint အား Venus Computer Centre (Online Class) Batch-1 တွင် အွန်လိုင်းစနစ်ဖြင့် ဆက်လက်သင်ကြားပေးသွားမည် ဖြစ်ပါသည်။ ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် (၁) နှစ်သာ တက်ရောက်ခဲ့သော ကျောင်းသား/ ကျောင်းသူများအား အတွက် Venus Computer Centre (Online Class) Batch-2 တွင် တက်ရောက်နိုင်ရန် ဖိတ်ခေါ်ပါသည်။ ပညာမဉ္ဇူလင်း တွင် တက်ရောက်ခဲ့ဖူးသော ကျောင်းသား/ကျောင်းသူ ဟောင်းများအနေဖြင့် အခြေခံ ကွန်ပျူတာ သင်တန်း Office Course (Online Class) ကို တက်ရောက်လိုပါက Venus Computer Centre (Online Class) Batch-3 အတွင် တက်ရောက် သင်ကြားနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါသည်။ သင်တန်းပြီးဆုံးပါက Pyinnyar Mazeu lin: Private School & Venus Computer Centre မှ ချီးမြှင့်သော Digital Certificate ရရှိမည်ဖြစ်ပါသည်။
သင်တန်းသား တစ်ဦးလျှင် သင်တန်းတက်ရောက် ရန် လိုအပ်ချက်များ
၁။ အင်တာနက် အသုံးပြုနိုင်သော ဖုန်း (သို့) ကွန်ပျူတာ တစ်လုံး ရှိရမည်။
၂။ Facebook, Viber Acc ရှိရမည်။
၃။ တစ်ရက်လျှင် သင်တန်းချိန် (၁) နာရီ ပေးနိုင်သူဖြစ်ရမည်။
"သင်တန်းအတွင်း လေ့လာရမည့် အကြောင်းအရာများ"
1. Windows 10 Operating System
2. Microsoft Word 2019
3. Microsoft Excel 2019
4. Microsoft Powerpoint 2019
5. Using E-mail & Internet အစရှိသည့် သင်ခန်းစာများကို Online Zoom Meeting ဖြင့် Live သင်ကြားပေးသွားမည်ဖြစ်ပါသည်။
“သင်တန်းတက်ရောက်ရန် စိတ်ဝင်စားပါက”
ဆက်သွယ်ရန် - ဦးဇာနည်ဦး 09 783 999 031 သို့ ဆက်သွယ်စာရင်းပေး နိုင်ပြီဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါသည်။
"သင်တန်းအချိန်ဇယား"
ကျင်းပမည့်နေ့ရက်- ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၅)ရက်နေ့တွင် အောက်ပါအတိုင်းတန်းခွဲ (၂ ) ခုခွဲ ၍ ဖွင့်လှစ် သွားမည် ဖြစ်ပါသည်
ကျင်းပမည့်အချိန်-
Batch – 1 မနက် ၁၀း၀၀ နာရီမှ ၁၁:၀၀ အထိ။
Batch – 2 ညနေ ၃;၀၀ နာရီမှ ၄း၀၀ အထိ။
ကျင်းပမည့် Platform- Online Zoom Meeting
Click here to claim your Sponsored Listing.
Location
Category
Contact the school
Telephone
Website
Address
ထန်းတောလမ်း၊ သုဝဏ္ဏရပ်
Naypyidaw
02181