17/01/2024
🔰 Programming Language ကို စိတ်ဝင်စားတဲ့ လူငယ်တွေအတွက်
Free Java Programming Workshop အစီအစဉ် 🔰
Programming Language တွေထဲမှာ အသုံးအများဆုံးနဲ့ security ပိုင်း အကောင်းဆုံးဖြစ်တဲ့ Java Programming အကြောင်းနဲ့ IT Job Carrier အကြောင်းကို လက်တွေ့သင်ကြားပြသပေးသွားမယ့် Workshop လေးရှိပါတယ်။
ဒီ Workshop မှာ ပါဝင်မယ့် အကြောင်းအရာတွေက
♻️ Java Programming အကြောင်း
♻️ Web Developer တစ်ယောက်အနေနဲ့ သိသင့်တဲ့ အခြေခံများ
♻️ ပြည်တွင်းမှာ IT Developer အဖြစ် ဘယ်လို ရပ်တည်မလဲ
♻️ International IT Developer တစ်ယောက်ဖြစ်ရန်အတွက် opportunities များ
💻 ဒီပွဲကို ဘယ်လိုလူမျိုးတွေတတ်ရောက်သင့်လဲ..?
🔸 (၈)တန်း ၊ (၉)တန်း ၊ (၁၀) တန်း အောင်မြင်ထားသူများ
🔸 အကြောင်းအမျိုးမျိုးကြောင့် (၁၀)တန်းမအောင်မြင်သေးသူများ
🔸 လက်ရှိ IT လမ်းကြောင်းပေါ်ရောက်နေသူများနှင့်
🔸 မိမိတို့ရဲ့ သား/သမီး ပညာရေးကို စိတ်ဝင်စားသော မိဘများ တတ်ရောက်နိုင်ပါတယ်..။
စိတ်ဝင်စားသူမည်သူမဆို တက်ရောက်နိုင်မှာဖြစ်ပါတယ်။
Free Workshop ဖြစ်ပြီး လူဦးရေကန့်သတ်ထားလို့ register လုပ်ထားမှ စိတ်ချရမယ်နော်
Java Workshop ကို တက်ရောက်လိုသူများ
အောက်ပါ Google form မှာ စာရင်းပေး
လျှောက်ထားနိုင်ပါတယ်။
https://forms.gle/CP2AaFvb8Y3k9uYL9
Page Chatbox က ဖြစ်စေ၊ ဖုန်းနဲ့ဖြစ်စေ စာရင်းပေးသွင်းနိုင်ပါတယ်။
♻️ Free Workshop အစီအစဉ် ♻️
☕️ တက်ရောက်သူတိုင်းအတွက် Coffee Free ပါဝင်ပါသည်။
📍 Workshop Topic - Java Programming
📅 Date - January 28, 2024 ( Sunday )
⏰Time - 8:00 AM To 12:00 PM
🌐 Place - Khit Shaesaung Campus, Naypyitaw
📬 ဆက်သွယ်ရန် လိပ်စာ
- အမှတ် PO (18) ခေတ်ရှေ့ဆောင်ကိုယ်ပိုင်အထက်တန်းကျောင်း ၊ ချင်းတွင်း အတွင်းလမ်း ၊ စံချိန်ဟိုတယ်အနီး ၊ ပုဗ္ဗသီရိမြို့နယ် ၊ နေပြည်တော်။
☎️ 09 502 318 2 , 09 25 640 4563 ,067 510 567
=================================
19/12/2023
ရုံးဝန်ထမ်းတိုင်း သိထားသင့်တဲ့E-mail ရေးသားရာမှာ အသုံးပြုလေ့ရှိတဲ့ အတိုကောက်စာလုံးများ (မဖတ်အားသေးရင် Share ထားပါ။)
မနက်ရုံးရောက်လို့ အလုပ်လုပ်ဖို့ ကွန်ပျူတာဖွင့်လိုက်တဲ့အခါ “FYI: Please confirm the date of meeting. Can you LMK it before EOD? ...” အစရှိတဲ့ အတိုကောက်စကားလုံးတွေနဲ့ရေးထားတဲ့ e-mail တွေကို ကိုယ့်ရဲ့အထက်လူကြီးဆီကနေ ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တွေကနေ ရဖူးပါလိမ့်မယ်။ အဲဒီအခါမှာ ကိုယ်နဲ့သိပ်မရင်းနှီးတဲ့အတိုကောက်စကားလုံးတွေကို နားလည်အောင်ပြန်လုပ်ရတာက တစ်ခါတလေမှာစိတ်ရှုပ်စရာကောင်းပါတယ်။
မြန်မာနိုင်ငံမှာ စီးပွားရေးတံခါးတွေဖွင့်လိုက်တဲ့အချိန်ကစပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတွေ အများအပြားဝင်ရောက်လာသလို ပြည်တွင်းနဲ့ပြည်ပအခြေစိုက်ကုမ္ပဏီအများစုမှာ နိုင်ငံတကာကကျွမ်းကျင်သူတွေကို ငှားရမ်းခန့်အပ်လာတာကိုတွေ့ရပါတယ်။ နိုင်ငံတကာကုမ္ပဏီအများစုဟာ အင်္ဂလိပ်စာကို နိုင်ငံတကာဘုံဘာသာစကားအဖြစ် အသုံးပြုတဲ့အတွက်ကြောင့် ကိုယ့်ရဲ့အလုပ်လိုအပ်ချက်အရ နိုင်ငံခြားသားတွေနဲ့ဆက်သွယ်ရတဲ့အခါမှာ အင်္ဂလိပ်စကားကိုကောင်းကောင်းအသုံးပြုတတ်ဖို့ လိုပါတယ်။ တကယ်လို့ ကိုယ့်ရဲ့အထက်လူကြီးက နိုင်ငံခြားသားဖြစ်တယ်ဆိုလျှင် သူနဲ့ပြောဆိုဆက်သွယ်နိုင်ဖို့အတွက် ပိုပြီးတော့တောင်အင်္ဂလိပ်စာကို အသုံးပြုရပါလိမ့်မယ်။ အဲဒီလိုဆက်သွယ်ရတဲ့အခါမှာ သူ့နဲ့ပြောဆိုနိုင်ဖို့လည်းအရေးကြီးသလို သူပြောသမျှနဲ့ရေးသမျှအကြောင်းအရာတွေကိုလည်း နားလည်နိုင်ဖို့လိုပါတယ်။
နောက်ပြီး လုပ်ငန်းပိုင်းဆိုင်ရာသတင်းအချက်အလက်တွေကို အချိန်နဲ့တပြေးညီသိရှိစေဖို့ ကုမ္ပဏီအတွင်းမှာ တစ်ယောက်နဲ့တစ်ယောက်ဆက်သွယ်တဲ့အခါမှာလည်း အချိန်တိုတိုအတွင်းမှာလျင်လျင်မြန်မြန်ပေးပို့နိုင်တဲ့ အီးမေးလ်နဲ့ စာတိုပေးပို့စနစ်တွေကို ပိုပြီးအသုံးပြုလာကြပါတယ်။ တကယ်လို့မြန်း ကိုယ့်ရဲ့နိုင်ငံခြားသားအထက်လူကြီးက သူ့ရဲ့မက်ဆေ့ခ်ျတွေနဲ့ အီးမေးတွေထဲမှာ အတိုကောက်စာလုံးတွေကိုထည့်ပြီး သုံးလာခဲ့လျှင် သူပြောချင်တဲ့အကြောင်းအရာတွေကို အပြည့်အဝနားလည်ဖို့ အဲဒီစကားလုံးတွေကိုနားလည်ဖို့လိုပါတယ်။ မဟုတ်လျှင် တချို့အရေးကြီးတဲ့အချက်တွေကို ကျန်ခဲ့နိုင်ပါတယ်။ နောက်ပြီး အတိုကောက်စကားလုံးတွေကို အသုံးပြုတဲ့အခါမှာ လျင်မြန်တဲ့ဆက်သွယ်ရေးသားမှုတွေကို ဖြစ်စေပါတယ်။ အဲဒါကြောင့် လုပ်ငန်းခွင်မှာ e-mail နဲ့ပဲဖြစ်ဖြစ် Instant messaging နဲ့ပဲဖြစ်ဖြစ် ဆက်သွယ်ပေးပို့တဲ့အခါ အသုံးများလေ့ရှိတဲ့အင်္ဂလိပ်အတိုကောက်စကားလုံးတွေကို ဗဟုသုတရအောင်ဖော်ပြပေးလိုက်ပါတယ်။
1. ASAP – as soon as possible (ကိုယ့်ရဲ့အထက်လူကြီးဆီကနေ “Send me the report ASAP” ဆိုတဲ့ e-mail ကို ရတယ်ဆိုရင်တော့ သူကကိုယ့်ကို ကျန်တဲ့အလုပ်တွေအကုန်ပစ်ချထားပြီးတော့ အဲဒီအစီရင်ခံစာကို ပြီးအောင်လုပ်တော့လို့ ပြောနေတာပဲဖြစ်ပါတယ်။)
2. BTW – by the way (ဥပမာ - “I read that article BTW. Not so great.” တစ်ခါတလေမှာ back to work လို့လည်း ဆိုလိုပါတယ်။ အဲဒါကြောင့် btw ဆိုတဲ့စကားလုံးကို ဘယ်လိုအသုံးပြုထားသလဲဆိုတာကို ဂရုစိုက်ဖို့လိုပါတယ်။)
3. COB – close of business (လုပ်ငန်းတစ်ခုပြီးစီးဖို့အတွက် သတ်မှတ်ထားတဲ့နောက်ဆုံးအချိန်ကို ဆိုလိုတာဖြစ်ပါတယ်။ ဥပမာ - “This is just a reminder that the survey is still open and will remain open until COB today”)
4. COD – cash on delivery (ပစ္စည်းရောက်မှငွေချေရတဲ့ ငွေပေးချေမှုအမျိုးအစားတစ်ခုဖြစ်ပါတယ်။ ဥပမာ - We don’t have to pay the printer now. It’s COD.”)
5. EOD – end of day (ယေဘုယျအားဖြင့်တော့ အလုပ်အချိန်ရဲ့နောက်ဆုံးအချိန်ကိုပြောချင်တာပါ။ တစ်ခါတလေမှာလည်း နေ့တစ်နေ့ရဲ့နောက်ဆုံး သန်းခေါင်းယံအချိန်ကိုပြောချင်တာပါ။ ကိုယ့်အလုပ်ရှင်က ဘယ်လိုမျိုးသုံးနှုန်းထားသလဲဆိုတာကိုတော့ သိအောင်လုပ်ရပါ့မယ်။ ဥပမာ - “I’d like to submit it before EOD.”)
6. EOM – end of message (အချိန်တိုတိုအတွင်းမှာ မလိုအပ်ဘဲနဲ့ e-mail ဖွင့်ဖတ်ရတဲ့အခက်အခဲတွေကို မဖြစ်စေဖို့ ဒီစကားလုံးကို e-mail ရဲ့အကြောင်းအရာမှာသုံးလေ့ရှိပါတယ်။ ဥပမာ - e-mail မှာဘာမှမရေးဘဲနဲ့ Subject မှာပဲ “Budget meeting 10/11/2019 at 11am (EOM)” ဆိုပြီးသုံးလို့ရပါတယ်။)
7. F2F – face to face (မျက်နှာချင်းဆိုင်တွေ့ဆုံပြီး ပြောချင်တဲ့အခါမှာ သုံးပါတယ်။ ဥပမာ - "Let's meet and work it out F2F.")
8. FAQ – frequently asked question(s) (အကြောင်းအရာတစ်ခုနဲ့ပတ်သက်ပြီး အမေးများတဲ့မေးခွန်းတွေကို ဆိုလိုပါတယ်။ ဥပမာ - “What are the FAQs for our new product?”)
9. FYI – for your information (ဒီစကားလုံးကိုတော့ ရင်းနှီးပြီးသားဖြစ်ပါလိမ့်မယ်။ ကိုယ်မျှဝေပေးပို့လိုက်တဲ့ သတင်းအကြောင်းအရာကို သတိထားမိစေချင်ရင် အဲဒီစကားလုံးကို သုံးနှုန်းပါတယ်။ ဥပမာ - “FYI, this is the update I got from the team.”)
10. F/U – follow up (ကိုယ့်ရဲ့ Client ဆီကို e-mail ပို့ပြီးပြောဆိုဆွေးနွေးထားတဲ့အကြောင်းအရာကို ဖုန်းနဲ့ပဲဖြစ်ဖြစ် လူကိုယ်တိုင်ပဲဖြစ်ဖြစ် ဆက်လက်ဆောင်ရွက်တာကိုပြောတာ ဖြစ်ပါတယ်။ နမူနာစာကြောင်းဆိုရင် “You should f/u your e-mail over phone-call or in person.”)
11. FWD – forward (ကိုယ့်ရဲ့ အထက်လူကြီး ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်က သူ့ရဲ့e-mail ကို နောက်တစ်ယောက်ဆီ ပေးပို့ပေးစေချင်တဲ့အခါမှာ “Can you FWD my e-mail to # # # as I forgot to loop him/her in the convo?” အဲဒီမှာ Convo ဆိုတာ Conversation ကိုပြောတာပါ။)
12. IOW – in other words (အကြောင်းအရာတစ်ခုကို အရှေ့မှာပြောထားတာထက် ပိုပြီးရှင်းလင်းအောင်ပြောချင်ရင် ဒီစာလုံးနဲ့စပြီးပြောပါတယ်။ ဥပမာ - “The mobile library services have been reorganized – IOW, they visit fewer places.”)
13. LMK – let me know (ကိုယ်ပေးပို့လိုက်တဲ့ e-mail နဲ့ပတ်သက်ပြီး နောက်ဆက်တွဲမေးခွန်းတွေမေးလို့ရအောင် ဖွင့်ပေးတဲ့သဘောနဲ့ အသုံးပါတယ်။ ဥပမာ - “LMK, if you have any questions about this event.”)
14. N/A – not applicable (မေးထားတဲ့မေးခွန်းနဲ့ပတ်သက်ပြီး ကိုက်ညီသင့်တော်တဲ့အဖြေမရှိတဲ့အခါမှာ ဒီစကားလုံးကိုသုံးပါတယ်။ ဥပမာ - “If a question does not apply to you, please put N/A in the box.”)
15. N/B, NB, n/b – nota bene (လက်တင်ဘာသာစကားကနေ ဆင်းသက်လာတာဖြစ်ပြီး အင်္ဂလိပ်လို “Note Well” ကို ဆိုလိုတာဖြစ်ပါတယ်။ ကိုယ်ပေးပို့လိုက်တဲ့အရေးကြီးအချက်အလက်တွေကို စာဖတ်သူသတိထားမိစေဖို့ အဲဒီအချက်အလက်ရဲ့အရှေ့မှာရေးလေ့ရှိပါတယ်။ E.g. “NB Applications received after the closing date will not be accepted.”)
16. NLT – no later than (အကြောင်းအရာတစ်ခုနဲ့ပတ်သက်ပြီး ကိုယ်လိုချင်တဲ့အဖြေ ဒါမှမဟုတ် အစီရင်ခံစာ ဒါမှမဟုတ် အတည်ပြုချက်တွေကို သတ်မှတ်ထားတဲ့အချိန်ထက် နောက်မကျစေဘဲလိုချင်တယ်ဆိုရင် “Please provide feedback NLT EOD Wednesday.”)
17. NRN – no reply necessary (တစ်ခါတလေမှာ မလိုအပ်ဘဲ reply လုပ်တဲ့ e-mail လုပ်တွေကြောင့် ကိုယ့်ရဲ့ Inbox ထဲမှာ e-mail တွေအများကြီးနဲ့မျက်စီရှုပ်နေတတ်ပါတယ်။ တကယ်လို့မြန်း ကိုယ်ပို့လိုက်တဲ့ e-mail ကို reply မလုပ်လည်းရတယ်ဆိုရင် ဒီစကားလုံးကိုသုံးနိုင်ပါတယ်။)
18. RSVP - Répondez s’il vous plait (ပြင်သစ်စကားလုံးတစ်ခု ဖြစ်ပြီး ယေဘုယျပြောရမယ်ဆိုရင် please respond နဲ့အတူတူပဲဖြစ်ပါတယ်။ ဥပမာ - “RSVP to me by April 20th.”)
19. TBD – to be determined (အကြောင်းအရာတစ်ခုဟာ ဆုံးဖြတ်ဖို့လိုသေးရင် ဒီစကားလုံးကိုသုံးကြပါတယ်။ ဥပမာ - “No. of participant: TBD”)
20. OOO – out of office (အကြောင်းကိစ္စတစ်ခုခုကြောင့် အချိန်ပိုင်းပဲဖြစ်စေ ရက်တော်တော်ကြာဖြစ်စေ ရုံးမှာမရှိတဲ့အကြောင်းကို ကိုယ့်ရဲ့မက်ဆေ့ခ်ျတွေမှာဖော်ပြချင်ရင် “I will be OOO until Tuesday.”)
21. WFH – work from home (တချို့တချို့သောလူတွေဟာ သူတို့ရဲ့အလုပ်တွေကို ရုံးမှာမဟုတ်ဘဲ အိမ်မှာနေပြီးပြီးအောင်လုပ်နေတယ်ဆိုတာကို သူတို့ရဲ့အထက်လူကြီးနဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုပြောပြတဲ့အခါမှာ သုံးလေ့ရှိပြီး အဲဒါဟာ ရုံးမှာဘယ်သူကတော့ရှိတယ် ဘယ်သူကတော့မရှိဘူးဆိုတာကို သိစေဖို့အတွက် အထောက်အကူဖြစ်ပါတယ်။)
22. YTD – year to date (ပြက္ခဒိန်နှစ်ပဲဖြစ်ဖြစ် ဘဏ္ဍာရေးနှစ်ပဲဖြစ်ဖြစ် နှစ်တစ်နှစ်ရဲ့ ကိုယ်ရောက်နေတဲ့လက်ရှိအချိန်ကို ရည်ညွှန်းဖော်ချင်လျှင် သုံးပါတယ်။ ဥပမာ - ကိုယ့်ရဲ့အစီရင်ခံစာမှာ အသားတင်အမြတ်ငွေပမာဏကို ဖော်ပြချင်တဲ့အခါမှာ “We’ve made $800,000 in sales YTD.”)
အခုဖော်ပြထားတဲ့အတိုကောက်စာလုံးတွေက စီးပွားရေးလုပ်ငန်းသုံးအင်္ဂလိပ်စာရေးသားနည်းမှာ အသုံးများလေ့ရှိတာတွေပဲဖြစ်ပါတယ်။ အခြားအသုံးများတဲ့စကားလုံးတွေလည်း ကျန်ပါသေးတယ်။ လုပ်ငန်းအတွေ့အကြုံနဲ့ ကိုယ်တိုင်လေ့လာဆည်းပူးမှုတွေကနေ ဆက်လက်သိရှိအောင်လုပ်ရမှာပဲဖြစ်ပါတယ်။ ဒီလိုစကားလုံးတွေဟာ ကိုယ့်ရဲ့ e-mail ကို ကျစ်လစ်သွားအောင် ကူညီပေးနိုင်သလို အချိန်တိုတိုအတွင်းမှာ အလုပ်တွင်ကျယ်အောင်လည်း အထောက်အကူဖြစ်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့လည်း သူတို့ကိုအသုံးပြုတဲ့အခါမှာ အက္ခရာနဲ့ ပုဒ်ဖြတ်ပုဒ်ရပ်သင်္ကေတတွေကို သတိထားရပြီးတော့ သုံးသင့်တဲ့နေရာလား မသုံးသင့်တဲ့နေရာလားဆိုတာကိုလည်း ချိန်ဆရပါလိမ့်မယ်။
05/08/2023
Graphic Designer တွေအတွက်
Free PNG Website လေးတွေ
ကိုယ် ကြိုက် တဲ့ ပုံ လေး တွေ
ရှာ ကြည့် ကြ ရ အောင် ဗျာ
#ကွန်ပျူတာအခြေခံသင်တန်းကျောင်း
23/05/2023
ဒီ Website ၁၀ခုသာ ကြိုသိခဲ့ရင် တော်တော်ကောင်းမယ်
- - - - - -
1. Snapdrop.net
ဒီ Websiteကတော့ ဘယ် Phone ဖြစ်ဖြစ် ဘယ် Deviceဘဲ ဖြစ်နေ File ကို ကြားခံမလိုဘဲ Share နိုင်ပါတယ်
ကြိုးလည်းမလိုဘူး Zapyaလည်းမလိုဘူး Same Wifiဖြစ်နေရင် ကြိုက်ရာ File - Data - Picture - Videoကို လှမ်းပို့ပေးနိုင်ပါတယ်
သုံးပုံ သုံးနည်းလည်း အရမ်းရိုးရှင်းပြီး အလွယ်ကူဆုံး File Shareလုပ်နိုင်တဲ့ Websiteလည်းဖြစ်ပါတယ်
_____________
2. Kamua.com
ခုလို Tiktokတွေ Instagram Reelsတွေ Youtube Shortsတွေ ခေတ်စားနေချိန်မှာ အများဆုံး 16:9 Aspect Ratioနဲ့ ရိုက်ကြပြီး Reelsတို့ဘာတို့မှာ တင်မယ်ဆို 9:16 Aspect Ratio နဲ့ ရိုက်ရကြပါတယ်
ဒါကြောင့် ဒါလေးကတော့ ပြန်ပြီး ရိုက်နေစရာ မလိုဘဲ ရှိတဲ့ 16:9 Ratio Video ကို 9:16 ပြန်ပြောင်းပေးမယ့် Websiteလည်းဖြစ်ပါတယ်
Server Speedလည်းတော်တော်ကောင်းတော့ အချိန်တိုမှာဘဲ Video Upload & Download လုပ်နိုင်ပါတယ်
ကိုယ်ရဲ့ Internet Speed တော့ မြန်ဖို့ လိုမယ်နော်
_____________
3. remove.bg
ဒါလေးကတော့ Passportဓာတ်ပုံဖြစ်ဖြစ် Driver License - National Identity Card မျိုးစုံကို ဆိုင်တွေ သွားရောက် ရိုက်နေစရာ မလိုဘဲ
ကိုယ်ရိုက်ထားတဲ့ ပုံကို Background Remove လုပ်ပေးတဲ့ Website လေးဖြစ်ပါတယ်
_____________
4. earth.google.com
နိုင်ငံတကာ ပတ်နေစရာမလိုဘဲ Realityကို Virtual World လို ကြည့်ချင်နေရင် အကောင်းဆုံး ကြည့်ရှူလေ့လာနိုင်တဲ့ Google Earth Website ဖြစ်ပါတယ်
ကိုယ်ရောက်သွားသလို 2D 3Dနဲ့ ကြည့်ရှူနိုင်ပြီး ကိုယ်ရဲ့ Dream Country လေးကို ခဏသာ ကြည့်ပြီး သွားရောက်ဖို့ အတူကြိုးစားလိုက်ရအောင်...
_____________
5. pdfescape.com
တစ်ခါတစ်လေ pdfမှာ editဖို့ လိုနေပေမယ့်လည်း Adobe Acrobatကြီး မရှိတဲ့ အချိန် အမြန်ဆုံးနဲ့ အလွယ်ဆုံးနည်းလေးကို pdfescape ဖြစ်ပါတယ်
pdfescape က တစ်ဆင့် ကိုယ်လိုချင်တာတွေ ထည့်မယ် Signatureတွေထိုးမယ့် အများကြီး ထပ်မံ လုပ်လို့ရပါတယ်
_____________
6. unsplash.com
High Resolution ဓာတ်ပုံများ Short Videoများအစားထိုးသုံးဖို့အတွက် သိန်းချီထဲက ကြိုက်နှစ်သက်ရာ ရွေးယူပြီး အသုံးပြုနိုင်ပါတယ်
အားလုံးနီးပါး Freeဆိုတော့ ဒို့မြန်မာတွေအတွက် အကြိုက်ပေါ့...!
_____________
7. app.grammarly.com
Email ပို့တာဖြစ်ဖြစ် နိုင်ငံခြား Supplier သို့မဟုတ် ဧည့်သည်တွေနဲ့ ပြောတာဖြစ်ဖြစ် ကိုယ်သုံးနေတဲ့ English စကားလုံးနဲ့ Grammar မှန်မမှန် စစ်ဆေးပေးတဲ့ Websiteဖြစ်ပါတယ်
တော်တော်များများလည်း အသုံးပြုကြပြီး ခုဆို"အများပြား Extension"တွေ တွဲသုံးနေကြပါတယ်
_____________
8. invideo.io
ကိုယ်ရဲ့ စီးပွားရေး ကိုယ်ရဲ့ Productတွေကို Professionalကျကျ ဆွဲဆောင်စရာ Videoပြုလုပ်လို့ရတဲ့ Website ဖြစ်ပါတယ်
သိန်းဂဏန်းပေးစရာမလိုဘဲ ကိုယ်ပိုင် Brand Stories Video ကို အခမဲ့ ဖန်တီးနို်ငပါတယ်
_____________
9. semrush.com
ဒီခေတ်မှာ အရမ်းလေ့လာရတဲ့ Competitorတွေရဲ့ Strategyကို လေ့လာနိုင်တဲ့ Websiteလေးဖြစ်ပါတယ်
မြန်မာနိုင်ငံမှာတော့ SEO Runတာ အရမ်းနည်းပြီး
Web Pageတွေဘဲ လေ့လာနိုင်မှာဆိုတော့ နိုင်ငံတကာနဲ့ ချိတ်ဆက်လုပ်ရသူတွေအတွက် ဒီWebisteကတော့ ရွှေလို တန်ဖိုးရှိပါတယ်
_____________
10. urbandictionary.com
နေ့တိုင်းလိုလို Slang & Informal Wordsတွေ ထွက်နေတဲ့ "English Language"မှာ အသေးစိတ် အဓိပ္ပာယ်ကို ရှင်းပြပေးတဲ့ Educational Websiteကောင်းလေးဖြစ်ပါတယ်
#ကွန်ပျူတာအခြေခံသင်တန်းကျောင်း
26/03/2023
📡📡📡HDD နဲ့ SSD ကွာခြားချက်📡📡📡
HDD ဆိုတာ Hard Disk ဖြစ်ပြီးတော့ SSD ဆိုတာ Solid State Device ဖြစ်ပါတယ်။
နှစ်ခုစလုံးက Storage Device တွေပဲ ဖြစ်ပါတယ်။
HDD ဟာ 3.5 inch (Desktop) နဲ့ 2.5 inch (laptop) ဆိုပြီး အရွယ်အစား နှစ်မျိုးရှိပါတယ်။
HDD အားသာချက်က ဈေးသက်သာပါတယ်။ သိုလှောင်သိမ်းဆည်းနိုင်တဲ့ ပမာဏများပါတယ် ( ယခုဆိုရင် Hard Disk 12 TBထိတောင် သိမ်းဆည် လာနိုင်ပါပြီ)။
HDD ရဲ့ အားနည်းချက်တွေက အကြမ်းမခံပါဘူး ။ရွေ့လျားနေတဲ့ အစိတ်အပိုင်းတေ ပါဝင်တာကြောင့် လွတ်ကျတာနဲ့ ပျက်စီးနိုင်ပါတယ်။
ပါဝါစားမှုက SSD ထက်များပါတယ် ။ 6 Watt ကနေ 15 Watt လောက်ထိ ပါဝါစားပါတယ်။
HDD ရဲ့ Data ကူးပြောင်းနှုန်းက 200 Mbps အောက်မှာသာ Read/Write လုပ်နိုင်ပါတယ်။
HDD တွေရဲ့ Data လက်ခံနိုင်တဲ့ နှုန်းက 5.5s ကနေ 8.0 Ms အချိန်ထိကြာပါတယ်။
SSD မှာတော့ 2.5 inch အရွယ်အစားတစ်မျိုးပဲ လာပါတယ်။
2.5 inch Drive အတွက် နေရာမပါတဲ့ Desktop တွေမှာ တပ်ချင်တယ်ဆိုရင် အရွယ်ပြောင်းတဲ့ ကာဗာ (3.5 inch adapter) ခံပြီး တပ်ဆင်ရမှာပါ။ Moterboard ပေါ်မှာရှိတဲ့ SATA-3 အပေါက်နဲ့တွဲဆက်ရမှာဖြစ်ပါတယ်။
SSD ရဲ့ အာသာချက်က Data ကူးပြောင်းနှုန်းမှာ 200 Mbps ကနေ 25000 Mbps ကြား မှာ Read/Wite လုပ်နိုင်တဲ့ အတွက် HDD ထက် ၁၀ ဆမက ပိုမြန်ပါတယ်။
SSD တွေက အကြမ်းခံပါတယ်။ ရွေ့လျားနိုင်တဲ့ အစိတ်အပိုင်းတေ မပါဝင်တဲ့ အတွက် တော်ရုံ ပြုတ်ကျတာ၊ ထိခိုက်မိတာ လောက်နဲ့ Data တေ မပျက်စီးနိုင်ပါဘူး။
SSD တွေရဲ့ Data လက်ခံနိုင်တဲ့ နှုန်းက 0.5s အချိန်ထိ သာကြာပါတယ်။ ပါဝါစားမှု က 2 Watt ကနေ 5 Watt လောက်ထိပဲစားပါတယ်။
စက်ဖွင့်တာဖြစ်ဖြစ် ၊ File တွေကူးတာဖြစ်ဖြစ် SSD သုံးထားရင် သိသိသာသာမြန်ဆန်နေမှာပါ။
SSD မှာ မော်ဒယ် နဲ့ သိမ်းဆည်းနိုင်မှု ပမာဏအလိုက် အမြန်နှုန်း ကွာခြားပါတယ်။
အပူထုတ်လုပ်မှုနည်းတယ်။ အလေးချိန်ပေါ့တယ်။
အရွယ်အစားသေးငယ်လို့ ပေါ့ပေါ့ပါးပါး Laptop ဒီဇိုင်းတွေမှာ ထည့်သွင်းအသုံးပြုပါတယ်။
SSD ရဲ့ အားနည်းချက်က ဈေးကြီးပါတယ်။ HDD နဲ့ SSD Storage ပမာဏတူရင်တောင် SSD က ဈေးနှစ်ဆလောက် ပိုပါတယ်။
SSD တေရဲ့ သိုလှောင်သိမ်းဆည်းနိုင်တဲ့ ပမာဏက 1 TB ကနေ 4 TB သာရှိပါတယ်။ Hight-End ကွန်ပျူတာတေမှာ သာ 8TB တွေ့ရတာပါ။
SSD မှာ SSD, M.2 SSD (SATA) နဲ့ M.2 SSD (PCIE) ဆိုပြီး လာပါတယ်။
SSD (SATA) = မြင်နေကျ Hard Disk တွေလို လေးထောင့်ပုံပါပဲ။ 2.5 inch တစ်မျိုးထဲ လာတဲ့ အတွက် 2.5 inch Drive နေရာမပါတဲ့ Desktop ပုံး တွေမှာတပ်ချင်တယ်ဆိုရင် အရွယ်ပြောင်းတဲ့ ကာဗာ (3.5 inch adapter) ခံပြီးတပ်ဆင်ရမှာပါ။ မာသားဘုတ်ပေါ်မှာရှိတဲ့ SATA-3 အပေါက်နဲ့တွဲဆက်ရမှာဖြစ်ပါတယ်။ (SATA-2 နဲ့တွဲဆက်လိုက်ရင် မြန်နှုန်းတစ်ဝက်ပဲရမှာ ဖြစ်ပါတယ်။)
M.2 SSD (SATA) ဟာ M.2 (SATA) ပါတဲ့ မားသားဘုတ် (Motherboard) တွေမှာပဲတပ်ဆင်နိုင်ပါတယ်။ Laptop တွေနဲ့ Desktop ဘုတ်အမြင့်တွေမှာပါပါတယ်။ အမြန်နှုန်းစွမ်းဆောင်ရည်ပိုင်းက SSD (SATA) နဲ့တူတူပါပဲ။ တပ်ဆင်ရတဲ့နေရာကွာခြားသွားတာပါ။ အရွယ်သေးသွားတဲ့အတွက် ပါးလွှာတဲ့ Laptop တွေမှာတော့ နေရာအဆင်ပြေစေပါတယ်။
M.2 SSD (PCIE) ဟာ M.2 (PCIE) ပါတဲ့ မားသားဘုတ် (Motherboard) တွေမှာပဲတပ်ဆင်နိုင်ပါတယ်။ Laptop တွေနဲ့ Desktop ဘုတ်အမြင့်တွေမှာပါပါတယ်။ NVMe ( Non- Volatile Memory Express) SSD လို့လည်းခေါ်ကြပါတယ်။ အားလုံးထဲမှာ speed အမြန်ဆုံးက NVMe SSD ဖြစ်ပါတယ်။
(M.2 SSD တွေမှာလည်းအရွယ်အစားရှိပါတယ်။ 2280 ဆိုတာ ၂၂ မီလီမီတာ x ၈၀မီလီမီတာ အရွယ်ကိုဆိုလိုပါတယ်။ 2242 ဆိုရင် ၂၂ မီလီမီတာ x ၄၂ မီလီမီတာကိုဆိုလိုတာပါ။)
M.2 အပေါက်က တူပေမယ့် PCIE လား၊ SATA လား၊ နှစ်ခုစလုံးရသလားဆိုတာကို Laptop (သို့) Motherboard မော်ဒယ်ကိုကြည့်ပြီး သက်ဆိုင်ရာ Website မှာသွားရှာရမှာပါ။ ဒါမှမဟုတ် စက်ကိုဖွင့်ကြည့်ပြီး ဘာရေးထားလဲကိုရှာနိုင်ပါတယ်။ ဘာမှ မရေးထားရင် မျက်လုံးအမြင်နဲ့ဆုံးဖြတ်ဖို့ခက်ပါတယ်။
ဒေတာ ထိန်းသိမ်းနိုင်မှု
HDDတွေက စက်လှုပ်ရှားမှုအပိုင်းတွေပါပေမဲ့ သံလိုက်ဓာတ်နဲ့ သိမ်းတာမို့ DATA တွေကို သိုလှောင်ထားနိုင်တဲ့ ကာလပိုကြာကြာ သိမ်းထားနိုင်ပါတယ်။
SSD တွေမှာတော့ စက်လှုပ်ရှားမှု အစိတ်အပိုင်းတွေမပါဘဲ NAND Gate Semiconductor တွေထဲမှာ လျှပ်စစ် သိုလှောင်တဲ့ စနစ်နဲ့ သိမ်းထားတာဖြစ်လို့ အချိန်ကာလ တစ်ခုမှာတော့ သိမ်းဆည်းထားတဲ့ လျှပ်စစ်ဓာတ် ယိုစိမ့်ပျောက်ဆုံးပြီး DATAတွေ ပျက်စီးနိုင်တဲ့ အခွင့်အလမ်းရှိပါတယ်။
အချက်အလက်တွေကို နှစ်ပေါင်းများစွာ သိမ်းဆည်းထားချင်တာမျိုးဆိုရင်တော့ SSDတွေကို မသုံးဘဲ HDD တွေကိုသာ သုံးသင့်ပါတယ်။
သင် ဘယ် Storage Device ကို ရွေးဝယ်မလဲ?
ဒါဆို အဖြေက ရှင်းပါတယ်။
ဈေးများများမသုံးနိုင်ဘူး။ Storage များတာလဲ လိုချင်တယ်ဆိုရင် HDD ကို ရွေးချယ် သုံးစေချင်ပါတယ်။
ဈေးလည်းတက်နိုင်တယ်။ မြန်ဆန်တာလေးလည်း သုံးချင်တယ် ဆိုရင်တော့ SSD ကို ရွေးချယ်သုံးစေချင်ပါတယ်ခင်ဗျာ။
Gaming Laptop နဲ့ Gaming Desktop မှာတော့ HDD သုံးနေသေးတယ်ဆိုရင်တော့ အသုံးစရိတ်ချွေတာပြီး SSD ပြောင်းသုံးသင့်ပါတယ်ခင်ဗျာ။
Graphic Design ပိုင်းကို လုပ်ကိုင်နေတဲ့ သူတွေ နဲ့ Video Editing သမားတွေအတွက်ကတော့ မဖြစ်မနေ SSD ကိုပြောင်းသုံးပါလို့ အကြံပေးပါတယ်ခင်ဗျာ။
Crd to Orginal
19/03/2023
social media platforms ပေါ်မှာ
ကိုယ့်ရဲ့ design တွေကိုတင်တဲ့အခါ
မဖြစ်မနေသိထားရမဲ့ size အချိုးတွေ
ဖြစ်ပါတယ်။
Facebook, Instagram, YouTube, Twitter, LinkedIn
#ကွန်ပျူတာအခြေခံသင်တန်းကျောင်း
Moe Linn (နတ်မောက်)
12/03/2023
လိုင်စင်ပုံလုပ်ရန်အတွက်
အမျိုးသမီး PSD ဖိုင်များ
အသုံးပြုဖို့လိုအပ်ပါက
အောက်က Link မှာ Download သွားပါ
WinRAR File Sizes 17.7 MB
အားလုံးအဆင်ပြေကြပါစေ
#ကွန်ပျူတာအခြေခံသင်တန်းကျောင်း
https://mega.nz/file/2EpRDJoS -7vFbiX3ce0ZPV2q1d5h6Lo108kP6E
06/03/2023
ပုံထွက်လန်းလန်းတွေ ရှာချင်တဲ့
မိတ်ဆွေတွေအတွက်
Website တစ်ခု
Resolution အပြည့်နဲ့ရပါတယ်...
Cartoon, Landscape Scenery, City Building
Flowers, Business People စတာတွေ
ကိုယ်လိုအပ်တဲ့ ပုံတွေ စိတ်ကြိုက်မွှေနောက်
လိုက်ကျတော့
ပြောနေရင် ရှည်နေအုံးမှာဆိုတော့.
https://www.freegreatpicture.com/
Aung Moe LInn (နတ်မောက်)
06/02/2023
စာပေ ရတနာသိုက်ကြီး နောက်တစ်ခု
Lit2Go လို့ခေါ်တဲ့ literature website ကြီးတစ်ခုပါ။
ဝတ္ထု၊ ကဗျာ၊ essay၊ ဂန္တဝင်စာပေ classics တွေ၊ Shakespeare ရဲ့ ပြဇာတ်တွေ၊ sonnet ကဗျာတွေ၊ Aristotle မှအစ ကလေးတွေဖတ်ဖို့ ပုံပြင် fairy tales တွေအဆုံး... အားလုံး ဖတ်နိုင်ပါတယ်။ စာဖတ်ချင်တယ်၊ ဖတ်စရာမရှိလို့၊ မဝယ်နိုင်လို့ဆိုသူတွေ၊ ဒီမှာ လာဖတ်ပါ။
ဒီ website ကို အကြိုက်ဆုံးအချက်ကတော့ တင်ပေးထားတဲ့ စာအုပ်တိုင်းကို အသံဖိုင်ပါတယ်။ အသံထွက်ဖတ်ပြထားတဲ့ audio file ကို စာအုပ်အပေါ်မှာ တင်ပေးထားတယ်။ ဖတ်ရင်းနဲ့လည်း နားထောင်နိုင်တယ်။ listening skill ပါ ရမယ်။ ကျွန်တော်ဆို Shakespeare ရဲ့ sonnet လေးတွေ နားထောင်ကြည့်ပြီး သဘောကျနေတဲ့ ပညာဒါန website ပါ။
နောက်ထပ် အသုံးဝင်တာတစ်ခုက ဒီ website မှာ တင်ပေးထားတဲ့ စာအုပ်တွေကို အလွယ် အခက် အဆင့်ခွဲပေးထားတယ်။ Flesch–Kincaid Grade Level ကိုသုံးပြီး grade K မှ 1 to 12 ဆိုပြီး ၁၃ ဆင့် ခွဲပေးထားတယ်။ ကလေးစာအုပ်တွေဆို K ကို နှိပ်ကြည့်ပြီး ရှာနိုင်တယ်။ အဆင့်မြင့်မြင့် ခက်တဲ့ ဝတ္ထုမျိုးဆို grade 11, 12 စသည်ဖြင့် ရှာလို့ရတဲ့ Readability ခွဲပေးထားတာ အဆင်ပြေတယ်။
အောက်က link ကိုနှိပ်ကြည့်ပြီး ဖတ်လို့ရပါတယ်။
သာဓု သာဓု သာဓု....
https://etc.usf.edu/lit2go/books/
30/01/2023
Listening skill ကောင်းချင်သူများအတွက် Radio Garden
World Englishes ဆိုတဲ့ ဝေါဟာရရှိတယ်။ ကမ္ဘာမှာ အင်္ဂလိပ်စကားကို လေသံအမျိုးမျိုးနဲ့ ပြောကြလို့ varieties of English လို့လည်း သုံးကြတယ်။
ဒီအောက်က link လေးကို နှိပ်ပြီး ကမ္ဘာ့မြေပုံကို လှည့်ပြီး ကိုယ်ကြိုက်တဲ့ နိုင်ငံကို သွား၊ အဲဒီဒေသက radio station တွေကို နားထောင်ပြီး World Englishes ကို listening လုပ်လို့ရတယ်။ Internet connection တော့ကောင်းဖို့လိုတယ်။
ကမ္ဘာပေါ်က radio station ပေါင်းများစွာ စုပေးထားတာ။
မြေပုံပေါ်မှာတွေ့ရတဲ့ green dot အစိမ်းရောင် အစက်လေးတိုင်းဟာ FM radio channel တစ်ခုဖြစ်ပါတယ်။
.Soethan
http://radio.garden/