Page of Mylife

Page of Mylife ကျွန်ုပ်၏သာသနာပြုခရီးမှတ်တမ်းများ

ကိုယ်ကျင့်တရား ဖြင့် တည်ပါစေသား။
13/12/2023

ကိုယ်ကျင့်တရား ဖြင့် တည်ပါစေသား။

04/08/2022

"တပည့် ( ၄ ) မျိုး"

၁။ ဆရာဖြစ်သူရဲ့အတင်းအဖျင်းကို အရသာခံပြောတတ်တဲ့ အရှက်မဲ့ကျေးဇူးမသိတတ်သော
#တပည့်။

၂။ အတတ်ပညာလေး မတောက်တစ်ခေါက်စုံလာတော့
ဆရာကိုယှဉ်ပြိုင်အံတု နေရာယူဖို့ကြိုးစားတတ်သော
#တပည့်။

၃။ အရာရာမှာ အလိုက်သိတာဝန်ကျေပြီး စာပေ၊ ပညာကိုသာ အလေးထားဆည်းပူးသင်ယူသဖြင့် ဆရာဖြစ်သူ၏ ချီးမြှောက်ပသမှုခံယူရသော
#တပည့်။

၎။ အနေအထိုင်ပိရိ၊ ပညာလည်းကြိုးစား၊ ဆရာသမား၏ကွယ်ရာမှာကော ရှေ့မှာပါ စိတ်ချရသဖြင့် အမြဲတသတမ်းတနေရမည့်
#တပည့်။

ဤတပည့် လေး မျိုးထဲမှာ (၁) နဲ့ (၂) တပည့်တွေက မက္ခပလာပ ကျေးဇူးတရားဖျက်စီးစော်ကားသူတွေ ဖြစ်တာကြောင့် "သက်ရှည်လို့ဘုန်းမကြီး ဘုန်းကြီးလို့သက်မရှည်" ဖြစ်တတ်တယ် ရှောင်ကြဉ်ကြ။

နံပါတ် (၃) (၄) တပည့်မျိုးတွေဖြစ်အောင် အကောင်းဆုံးပြုပြင်နေထိုင်ကြ။

ကိုယ်ကတပည့်ကောင်းဖြစ်ခဲ့ဖူးမှ နောင်တစ်ချိန်မှာ ဆရာကောင်းပြန်ဖြစ်နိုင်တယ်။

ဥုးမဟောသဓာပဏ္ဍိတာလင်္ကာရ
(အမေရိကန်၊သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ပိဋကတ်တိုက်မှူးဟောင်း) စာချရင်းပြောခဲ့ဖူး တဆင့်ကြားဖူးသည်ကား
စစ်ကိုင်းသက်တော်ရှည်ရွှေဟင်္သာ
ဆရာတော်ကြီးသြဝါဒပါ ...

Credit : အရှင်ဣန္ဒာသိရီ(မန္တလေး)

10/11/2021

ကလျာဏမိတ္တလက္ခဏာ ၈ ပါး

၁။ ဘုရားရှင်နှင့် ကံ, ကံ၏အကျိုးကို ယုံကြည်သော သဒ္ဓါတရားနှင့် ပြည့်စုံခြင်း၊

၂။ သီလနှင့် ပြည့်စုံခြင်း၊

၃။ သုတနှင့် ပြည့်စုံခြင်း၊

၎။ စာဂနှင့် ပြည့်စုံခြင်း၊

၅။ ဝီရိယနှင့် ပြည့်စုံခြင်း၊

၆။ သတိနှင့် ပြည့်စုံခြင်း၊

၇။ သမာဓိနှင့် ပြည့်စုံခြင်း၊

၈။ ပညာနှင့် ပြည့်စုံခြင်း။

(ဥဒါန၊ဋ္ဌ။၂၀၀။)

29/08/2021

ရောဂါကပ်ဘေးကြီးကြောင့်
ကုသိုလ်လုပ်ငန်းများအား
ရပ်ဆိုင်းထားရပါကြောင်း။

Address

Naypyidaw

Telephone

09768689817

Website

Alerts

Be the first to know and let us send you an email when Page of Mylife posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category