Wisdom Hill Private High School

Wisdom Hill Private High School

Share

We provide true education for everyone.

Photos from Wisdom Hill Private High School's post 04/01/2026

🎉 𝐂𝐨𝐧𝐠𝐫𝐚𝐭𝐮𝐥𝐚𝐭𝐢𝐨𝐧𝐬 𝐭𝐨 𝐨𝐮𝐫 𝐂𝐡𝐚𝐦𝐩𝐢𝐨𝐧𝐬! 🎉

အခြေခံပညာဦးစီးဌာန နှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်တို့မှ ကြီးမှူးကျင်းပသည့် ​ 𝐍𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐈𝐂𝐓 𝐀𝐰𝐚𝐫𝐝𝐬 𝟐𝟎𝟐𝟓 (𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐏𝐫𝐨𝐣𝐞𝐜𝐭 𝐚𝐧𝐝 𝐒𝐤𝐢𝐥𝐥𝐬 𝐂𝐨𝐦𝐩𝐞𝐭𝐢𝐭𝐢𝐨𝐧) တွင် ကျွန်တော်တို့ 𝗪𝗜𝗦𝗗𝗢𝗠 𝗛𝗜𝗟𝗟 𝗣𝗿𝗶𝘃𝗮𝘁𝗲 𝗛𝗶𝗴𝗵 𝗦𝗰𝗵𝗼𝗼𝗹 မှ 𝗚𝗿𝗮𝗱𝗲 𝟭𝟬 ကျောင်းသား ကျောင်းသူများဖြစ်သည့်-

🎓မောင်ပိုင်ဇေဘုန်းမြတ်
🎓မသွန်းနဒီမင်း
🎓မသီရိရှင်းသန့် အဖွဲ့တို့မှ

ရူပဗေဒဘာသာရပ် Project ဖြင့် တိုင်းအဆင့် ဒုတိယဆုကို ဆွတ်ခူးရရှိခဲ့သဖြင့် နေပြည်တော်ပညာရေးမှူးရုံးမှ ကျင်းပသည့် နေပြည်တော်တိုင်းစုံညီပွဲအခမ်းအနားတွင် ဆုပေးအပ် ချီးမြှင့်ခဲ့ပါသည်။

🏆​ကျောင်းတော်ကြီးကို ဂုဏ်တက်စေခဲ့တဲ့ အတွက် ကျောင်းနှင့် ဆရာ/ဆရာမများအားလုံးက အမှတ်တရ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါတယ်။ 🏅🌟

ICT Awards 2025
#တိုင်းအဆင့် ဒုတိယ

Photos from Wisdom Hill Private High School's post 04/01/2026

WISDOM HILL Private High School ကျောင်းတော်ကြီးရဲ့ '၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နဲ့ ၂၀၂၄-၂၀၂၅ တွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြု ဆုပေးပွဲအခမ်းအနား' ကို (၃-၁-၂၀၂၆)ရက်နေ့မှာ ပျော်ပျော်ပါးပါး ကျင်းပခဲ့ပါတယ်။

တစ်နှစ်ပတ်လုံး ကြိုးစားခဲ့ကြတဲ့ သားသားမီးမီးတို့ရဲ့ ထူးချွန်ဆုတွေကိုယ်စီနဲ့ ပြုံးပျော်နေကြတာ မြင်ရတာ တကယ်ကို ဂုဏ်ယူမိပါတယ်။

​ကလေးတို့ရဲ့ ကြိုးစားမှုတိုင်းဟာ အလဟဿမဖြစ်ဘူးဆိုတာက သက်သေပြနေတာပါပဲ။ ရှေ့ဆက်ပြီးတော့လည်း ဒီထက်မက ထူးချွန်တဲ့ လူတော်လူကောင်းလေးများ ဖြစ်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ❤️
#ပညာရေးစုံညီပွဲတော်

04/01/2026

"🇲🇲 (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ယူစွာဖြင့် ကြိုဆိုအပ်ပါသည်။ 🇲🇲

ဇန်နဝါရီလ (၄) ရက်နေ့သည် ကျွန်ုပ်တို့ မြန်မာနိုင်ငံတော်ကြီး လွတ်လပ်ပြီးအချုပ်အခြာအာဏာပိုင်သော နိုင်ငံအဖြစ်သို့ ရောက်ရှိခဲ့သည့် နေ့ထူးနေ့မြတ်ဖြစ်ပါသည်။

ယနေ့ကျရောက်သော လွတ်လပ်ရေးနေ့တွင် တိုင်းပြည်အတွက် အသက်ပေးဆပ်ခဲ့ကြသော အာဇာနည်ခေါင်းဆောင်ကြီးများနှင့် ရဲဘော်အပေါင်းကို WISDOM HILL မိသားစုများမှ လေးမြတ်စွာ ဂုဏ်ပြုဦးညွှတ်အပ်ပါသည်။

နိုင်ငံတော်၏ အနာဂတ်မျိုးဆက်သစ် ရင်သွေးငယ်များအားလုံးလည်း အသိပညာ၊အတတ်ပညာများဖြင့် မိမိတို့နိုင်ငံ၏ လွတ်လပ်ရေးကို ထာဝစဉ် ထိန်းသိမ်းစောင့်ရှောက်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါသည်။


#၇၈ကြိမ်မြောက်လွတ်လပ်ရေးနေ့"

01/01/2026

🎉𝐇𝐀𝐏𝐏𝐘 𝐍𝐄𝐖 𝐘𝐄𝐀𝐑🎉

နှစ်သစ်ကူး အခါသမယ မှစပြီး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းတို့နှင့်အတူ ဘေးဘယာများ ကင်းဝေးပါစေကြာင်းနှင့် စီးပွားဥစ္စာများ တိုးပွားကြပါစေ‌ကြောင်း

🙏𝐖𝐈𝐒𝐃𝐎𝐌 𝐇𝐈𝐋𝐋 မိသားစုများမှ မေတ္တာများဖြင့် ဆုမွန်ကောင်း တောင်းအပ်ပါသည်။

Photos from Wisdom Hill Private High School's post 30/12/2025

မင်္ဂလာပါ ဖေဖေမေမေတို့ရှင့် 💕🎨
သားသား၊ မီးမီးလေးများရဲ့
စိတ်ကြိုက်ရေးဆွဲထားတဲ့ ချစ်စရာပန်းချီလက်ရာလေးတွေ ကို
လာမည့် ကျောင်းစုံညီပွဲတော် မှာ
🎉 ပန်းချီပြခန်းအဖြစ် အထူးချိတ်ဆွဲပြသသွားမည်ဖြစ်ပါသည်ရှင့် 🎉
🖍️ ကလေးများရဲ့
• အာရုံစူးစိုက်မှု
• ဖန်တီးနိုင်စွမ်း
• စိတ်ခံစားမှုတွေကို
အရောင်အသွေးနဲ့ ပြသထားတဲ့ လက်ရာလေးတွေကို
ဖေဖေမေမေတို့ ကိုယ်တိုင်လာရောက်ကြည့်ရှုအားပေးနိုင်ပါပြီနော် 😍
ကလေးတိုင်းရဲ့ လက်ရာတစ်ခုစီဟာ
သူတို့ရဲ့ အိမ်မက်၊ ပျော်ရွှင်မှုနဲ့ ယုံကြည်မှုတွေပါပဲ 💖
အမှတ်တရအချိန်လေးတွေကို မလွတ်ပါနဲ့နော် ✨
📍 ကျောင်းစုံညီပွဲတော်နေ့မှာ
ဖေဖေမေမေတို့အားလုံးကို
နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါတယ်ရှင့် 🤗🎈




🎨💝

Photos from Wisdom Hill Private High School's post 26/12/2025

✨ "သားသားမီးမီးတို့၏ Grade 12 ခရီးလမ်းအတွက် အကောင်းဆုံး ပြင်ဆင်မှုနှင့် အထူးအစီအစဉ်များ" ✨
Grade 11 ဆိုသည်မှာ တက္ကသိုလ်ဝင်တန်းအတွက် အခြေခံအုတ်မြစ်ချရမည့် အချိန်ဖြစ်သည့်အတွက် မိဘအုပ်ထိန်းသူများ၏ အခန်းကဏ္ဍမှာ အလွန်အရေးကြီးပါသည်။ ထို့ကြောင့်ပင် Wisdom Hill မှ ဦးစီးကျင်းပခဲ့သည့် မိဘဆုံရပ်ပွဲတွင် အနာဂတ်ပညာရေး မဟာဗျူဟာများကို မိဘများနှင့်အတူ လက်တွဲဖော်ဆောင်နိုင်ခဲ့ပါသည်။
အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သော (၂၀-၁၂-၂၀၂၅) ရက်နေ့မှ မှတ်တမ်းဓာတ်ပုံများကို မျှဝေရင်း... 📸
🚀 Grade 12 အတွက် Wisdom Hill ၏
သားသားမီးမီးတို့ ဂုဏ်ထူးများဖြင့် အောင်မြင်နိုင်စေရန် ကျောင်းမှ စနစ်တကျ ပြုလုပ်ပေးသွားမည့်အစီအစဉ်များအကြောင်း ဆွေးနွေးတင်ပြခဲ့ပါသည်။
📍ယခုပွဲကို ပိတ်ရက်ခရီးစဉ်များနှင့် အလုပ်မအားလပ်မှုများကြောင့် မတက်ရောက်ဖြစ်လိုက်သော မိဘအုပ်ထိန်းသူများအတွက်လည်း အထက်ပါ Grade 12 အထူးအစီအစဉ်များ ကို လက်လွတ်မခံရစေရန် ဒုတိယအကြိမ် ထပ်မံတွေ့ဆုံပွဲ ကို စီစဉ်ပေးသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ✨

သားသားမီးမီးတို့၏ ထူးချွန်ထက်မြက်သည့် အနာဂတ်ကို ဆရာမိဘ ပူးပေါင်းမှုဖြင့် အတူတကွ တည်ဆောက်ကြပါစို့။ 🤝🌟



24/12/2025

‎🎄🎅𝐌𝐞𝐫𝐫𝐲 𝐂𝐡𝐫𝐢𝐬𝐭𝐦𝐚𝐬!🧑‍🎄🎄
‎ခရစ်စမတ်နေ့သည် ချစ်ခြင်းနှင့် မေတ္တာမျှဝေခြင်းကို အဓိကထားသည့်နေ့ဖြစ်သည်။
‎
‎🎄 ဒီနှစ်ခရစ္စမတ်မှာ ချစ်ရတဲ့သူတွေနဲ့အတူ ပျော်ရွှင်စရာ အမှတ်တရကောင်းတွေ ဖန်တီးနိုင်ပါစေ။ အားလုံးပဲ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာနဲ့ နွေးထွေးတဲ့ အချိန်လေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ 𝐖𝐈𝐒𝐃𝐎𝐌 𝐇𝐈𝐋𝐋 မိသားစုများမှဆုတောင်း မေတ္တာပို့သအပ်ပါသည်။ ✨❤️"
‎
‎
‎

23/12/2025

‎🎄🎅𝐌𝐞𝐫𝐫𝐲 𝐂𝐡𝐫𝐢𝐬𝐭𝐦𝐚𝐬!🧑‍🎄🎄
‎"ပျော်ရွှင်စရာ ခရစ္စမတ်အခါသမယလေးမှာ Grade 4 မှ သားသားမီးမီးတို့ရဲ့ ချိုသာတဲ့ တေးသံလေးတွေနဲ့ အားလုံးကို နှုတ်ခွန်းဆက်သလိုက်ပါတယ်....🎄✨
‎
☃️‎​ကလေးတို့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ ဖြူစင်တဲ့ အပြုံးလေးတွေက ဒီဇင်ဘာရဲ့ အအေးဒဏ်ကိုတောင် ကြေပျော်သွားစေတယ်မဟုတ်လား?😍
‎
🎄‎ခရစ္စမတ်ရဲ့ ငြိမ်းချမ်းခြင်းနဲ့ ပျော်ရွှင်ခြင်းတွေ အားလုံးရဲ့ နှလုံးသားထဲမှာ ကိန်းအောင်းနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ဒီဗီဒီယိုလေးကို ဝေမျှပေးလိုက်ပါတယ်။ ❤️🎁
‎​
‎ Students
‎
‎

19/12/2025

✨ကရင်နှစ်သစ်ကူး နေ့ကို ဂုဏ်ပြုကြိုဆိုလိုက်ပါ၏...

ကရင်တိုင်းရင်းသားများနှင့်တကွ မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာပြီး ကောင်းခြင်းမင်္ဂလာနှင့် ပြည့်စုံသော နှစ်သစ် ဖြစ်ပါစေကြောင်း 𝐖𝐈𝐒𝐃𝐎𝐌 𝐇𝐈𝐋𝐋 မိသားစုများမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။🙏


#ကရင်နှစ်သစ်ကူးနေ့

Photos from Wisdom Hill Private High School's post 17/12/2025

[Admin Leaders Workshop]
ကျောင်းတော်ကြီးရဲ့ စီမံခန့်ခွဲမှုကဏ္ဍ (Administration Department) ပိုမိုခိုင်မာအားကောင်းစေဖို့အတွက် In-charge များနှင့် Second In-charges များ စုပေါင်းပါဝင်တဲ့ "Stronger Together: Admin Leadership Workshop" ကို HR Department ရဲ့ ဦးဆောင်မှုနဲ့ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါတယ်။ 🌟
အဖွဲ့အစည်းတစ်ခုရဲ့ အောင်မြင်မှုဟာ တစ်ဦးတစ်ယောက်တည်းရဲ့ စွမ်းဆောင်ရည်ထက် အချင်းချင်း နားလည်မှု၊ ယုံကြည်မှုနဲ့ ဟန်ချက်ညီတဲ့ ပူးပေါင်းဆောင်ရွက်မှုအပေါ်မှာ အဓိကမူတည်ပါတယ်။
ကျွန်ုပ်တို့၏ ရည်မှန်းချက်များ (Vision & Mission)
• Vision: တစ်ဦးကိုတစ်ဦး ယုံကြည်နားလည်ပြီး စည်းလုံးညီညွတ်သော ခေါင်းဆောင်မှုယဉ်ကျေးမှုတစ်ရပ် တည်ဆောက်ရန်။
•(Coordination Skills) မြှင့်တင်ခြင်းဖြင့် ကျောင်းတော်ကြီး၏ လုပ်ငန်းဆောင်တာများကို ပိုမိုမြန်ဆန်သွက်လက်စေရန်နှင့် အချင်းချင်း အပြုသဘောဆောင်သော အမြင်များဖြင့် လက်တွဲဆောင်ရွက်ရန်။
ခေါင်းဆောင်မှုအပိုင်းရှိ တာဝန်ရှိသူများအကြား အပြန်အလှန် ယုံကြည်မှု တည်ဆောက်ခြင်း၊ တိကျသော ဆက်သွယ်ညှိနှိုင်းမှု ရရှိစေခြင်းနှင့် ပိုမိုကောင်းမွန်သော ပညာရေးပတ်ဝန်းကျင်ကို ဖန်တီးပေးရန်။

✨ စိတ်လှုပ်ရှားဖွယ် Workshop အစီအစဉ်များ
၁။ "Instruction & Visualization"
ဒီ Activity မှာ In-charge များက ပုံတစ်ပုံကို အသေးစိတ် ရှင်းပြပြီး Second In-charge များက လိုက်လံပုံဖော်ခဲ့ကြပါတယ်။ ဒီနေရာမှာ တိကျတဲ့ Communication Skillက ဘယ်လောက်အရေးကြီးကြောင်းနဲ့ စိတ်ကူးချင်း ထပ်တူကျဖို့ လိုအပ်ပုံကို လက်တွေ့သင်ယူနိုင်ခဲ့ပါတယ်။ ဒီနေရာမှာ ကျွန်ုပ်တို့ သင်ယူလိုက်ရတာကတော့ "တိကျတဲ့ လမ်းညွှန်မှု" နဲ့ "ဂရုတစိုက် နားထောင်မှု" တို့ ပေါင်းစပ်လိုက်တဲ့အခါ မဖြစ်နိုင်တာမရှိဘူး ဆိုတဲ့ Communication Mastery အတတ်ပညာပဲ ဖြစ်ပါတယ်။
၂။ "Blindfolded Goal" :
မျက်စိအဝတ်စည်းထားသူကို အဖော်ဖြစ်သူက အသံဖြင့် လမ်းညွှန်ပြီး ဂိုးသွင်းစေတဲ့ ဒီလှုပ်ရှားမှုကတော့ အပြန်အလှန် ယုံကြည်မှုနဲ့ ဂရုတစိုက် နားထောင်ခြင်း ရဲ့ စွမ်းအားကို သက်သေပြခဲ့ပါတယ်။ လမ်းညွှန်သူကို ယုံကြည်မှသာ ပန်းတိုင်ကို တည့်တည့်မတ်မတ် ရောက်နိုင်မှာဖြစ်ပါတယ်။
ဒါဟာ In-charge နဲ့ Second In-charge ကြားက Mutual Trust ရဲ့ အရေးကြီးပုံကို အထင်အရှား ပြသခဲ့ပါတယ်။

❤️ ၃။ "Mirroring Excellence" :
Workshop ရဲ့ အလှပဆုံး အချိန်ကတော့ မိမိတို့ အဖွဲ့အစည်းထဲက လူတစ်ဦးချင်းစီရဲ့ အားသာချက်နဲ့ ကောင်းကွက်လေးတွေကို ရှာဖွေပြီး အပြန်အလှန် ချီးမွမ်းဂုဏ်ပြုခဲ့ကြတာပါပဲ။ ဒီ activity က ကျွန်ုပ်တို့ရဲ့ Workplace Culture ကို ပိုမိုနွေးထွေးစေပြီး၊ စည်းလုံးတဲ့ Community တစ်ခုအဖြစ် WISDOM HILL ကို ပိုမိုခိုင်မာစေပြီး အလုပ်ခွင်မှာ တစ်ဦးကိုတစ်ဦး ချစ်ခင်လေးစားမှုကို တိုးပွားစေခဲ့ပါတယ်။
ဒီ Workshop ကနေရရှိလာတဲ့ စည်းလုံးမှုနဲ့ အားအင်တွေဟာ ကျွန်ုပ်တို့ ကျောင်းတော်ကြီးရဲ့ ရှေ့ဆက်မယ့် လုပ်ငန်းစဉ်တွေမှာ အကောင်းဆုံး အရှိန်အဟုန်တွေ ဖြစ်လာတော့မှာပါ။ အချင်းချင်း နားလည်မှုတွေနဲ့အတူ ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေကို ပေးစွမ်းသွားဖို့ အသင့်ရှိနေပါတယ်! 🤝✨
WISDOM HILL ရဲ့ ခေါင်းဆောင်တွေဟာ အချင်းချင်း နားလည်မှုတွေ၊ ချစ်ခင်မှုတွေနဲ့ လက်တွဲခိုင်မြဲနေကြပြီဖြစ်လို့ ကျွန်ုပ်တို့ရဲ့ ကျောင်းသား/သူတွေအတွက် ပိုမိုထူးချွန်တဲ့ ဝန်ဆောင်မှုတွေ၊ ပိုမိုတက်ကြွတဲ့ ပညာရေးခရီးလမ်းကို ဖန်တီးပေးဖို့ အသင့်ရှိနေပါပြီ။ 🤝🎓
"Together, We Build the Hill of Wisdom."






Photos from Wisdom Hill Private High School's post 15/12/2025

မင်္ဂလာပါဖေဖေ၊မေမေတို့ရှင့်🥰🥰🥰
သားသား၊မီးမီးလေးများdirect methodနည်းဖြင့် ပုစ္ဆာများတွက်ခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများမှာ....
✨ ကိုယ်တိုင်စဉ်းစားပြီး အဖြေရှာနိုင်သော စဉ်းစားနိုင်စွမ်း တိုးတက်လာသည်
✨ တွက်ချက်ရာတွင် မြန်ဆန်တိကျမှု ပိုမိုကောင်းမွန်လာသည်
✨ မိမိကိုယ်ကို ယုံကြည်မှု (Self-confidence) တက်လာသည်
✨ မိုက်ဖြင့်ပြောခြင်းကြောင့် ပြောဆိုတင်ပြနိုင်စွမ်း ဖွံ့ဖြိုးလာသည်
✨ အာရုံစူးစိုက်နိုင်စွမ်း (Concentration) ကောင်းလာသည်
✨ အပြိုင်အဆိုင်ပါဝင်ရခြင်းကြောင့် စိတ်ဝင်စားမှု တိုးလာသည်
✨ အချိန်အကန့်အသတ်အတွင်း ဆုံးဖြတ်နိုင်စွမ်း ရရှိလာသည်
✨ သင်ခန်းစာကို လက်တွေ့ကျကျ နားလည်နိုင်လာသည်
✨ သင်ယူမှုကို ပျော်ရွှင်စွာ ခံစားလာနိုင်သည်
#*Wisdomhill education centre*
#*Junior program*
#*KG*

12/12/2025

🌟 ကလေးတွေရဲ့ ပျော်ရွှင်စရာ မနက်ခင်းလေးကို ဘယ်လိုမြင်လဲ? ✨

ဒီVideo လေးထဲမှာ ကျွန်မတို့ရဲ့ ကလေးငယ်လေးတွေဟာ သူတို့စိတ်ကြိုက် အမူအရာလေးတွေကို ဖန်တီးပြရင်း အင်္ဂလိပ်စာ စကားပြောလေ့ကျင့်နေကြတာကို တွေ့ရမှာဖြစ်ပါတယ်ရှင်

🧑‍🤝‍🧑ဆရာမကလည်း ကလေးတွေနဲ့အတူ လိုက်ပါဖျော်ဖြေရင်း
👯‍♀️"What do you like?"
"What do you drink?"
"What do you eat?"ဆိုတဲ့
မေးခွန်းလေးတွေကို တစ်ယောက်ချင်းစီ
မေးမြန်းပေးပြီး သူတို့ရဲ့ အဖြေတွေကို နားထောင်ပေးနေပါတယ်နော်။ 🍎🥛⚽

ဒီလို ပျော်စရာကောင်းတဲ့ Warm-up activity လေးတွေဟာ ကလေးငယ်တွေကို သင်ခန်းစာမစမီ စိတ်ရောကိုယ်ပါ လန်းဆန်းတက်ကြွစေပြီး အင်္ဂလိပ်စာစကားပြောဖို့အတွက် ယုံကြည်မှုတွေ တည်ဆောက်ပေးနိုင်ပါတယ်။

🗣️💪သင့်ရဲ့ ကလေးလေးတွေရော ဒီလိုသင်ခန်းစာမျိုးကြိုက်မှာလား?
သူတို့ ဘာတွေကြိုက်တတ်လဲဆိုတာ Comment မှာ ပြောပြပေးခဲ့ပါဦးနော်။ 💬






Want your school to be the top-listed School/college in Naypyidaw?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


Ayarwaddy
Naypyidaw
15011

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00
Sunday 09:00 - 17:00