23/04/2023
Sunday 23/4/2023
ဒီ တနင်္ဂနွေ လေ့လာကြမယ့် ဝေါဟာရ သုံးခု နဲ့ ဝါကျ သုံးကြောင်း ကတော့ 站 (zhàn) ဆိုတဲ့ စာလုံးနဲ့ ပတ်သက်ပါတယ်။ 站 (zhàn) ရဲ့ အဓိပ္ပါယ်တွေကတော့ မတ်တပ်ရပ်သည်၊ ရပ်တန့်သည်၊ (ကား၊ ရထား) မှတ်တိုင်၊ (လက်ခံဌာန) ဌာန၊ (ထောက်ပို့ရုံး) ရုံး၊ (ဓါတ်အားခွဲရုံ) ရုံ စတာတွေပဲ ဖြစ်ပါတယ်။ အောက်မှာ သက်ဆိုင်ရာ ဝေါဟာရ တချို့ကို လေ့လာ ကြည့်ကြရအောင်ပါ။.
1. 站住 (zhànzhù) ရပ်လိုက်စမ်း။ မလှုပ်နဲ့။ ရပ်တန့်သည်။ ခြေထောက်ပေါ်မြဲမြဲရပ်သည်။ ဆေးသား ကောင်းမွန်စွာ စွဲသည်။
他听到有人叫他站住。
Tā tīng dào yǒurén jiào tā zhànzhù.
He heard someone tell him to stop.
သူ့ကို ရပ်ဖို့ တစ်စုံတစ်ယောက် ပြောတာကို သူ ကြားလိုက်တယ်။
2. 站稳 (zhànwěn) မြဲမြံစွာ ရပ်တန့်သည်။ တည်ငြိမ်စွာရပ်သည်။ ခိုင်မာစွာရပ်တည်သည်။
等车站稳了再下。
Děng chē zhànwěn le zài xià.
Wait until the car totally stops before getting off.
ကားလုံးဝ ရပ်သွားတော့မှ ဆင်းပါ။
* ဒီဝါကျကိုဖတ်ရင် ရှေ့က စာလုံးနှစ်လုံး အရင်ပြောပြီး နောက်စာလုံးနှစ်လုံးကို တွဲပြောရပါမယ်။ ဒုတိယစာလုံးနဲ့ တတိယစာလုံး အတူတူတွဲဖတ်မိရင် တခြားအဓိပ္ပါယ် ဖြစ်သွားပါတယ်။ 车站 (chē zhàn) ဆိုတာ ကားမှတ်တိုင်ကို ပြောတာပါ။
3. 站立 (zhànlì) မတ်တပ်ရပ်သည်။
她腿疼得没法站立。
Tā tuǐ téng de méi fǎ zhànlì.
Her legs hurt so badly that she couldn't stand up.
သူမ ခြေထောက်တွေ နာတာ မတ်တပ်တောင် မရပ်နိုင်ဘူး။
တရုတ်စာလေ့လာရင်း အတတ်ပညာ၊ အသိပညာ တိုးပွားကြပါစေ။
ဦးမောင် (陈老师)
#ဝေါဟာရပဒေသာ #周日三词三句
#站住 #站稳 #站立