🎄🎅𝐌𝐞𝐫𝐫𝐲 𝐂𝐡𝐫𝐢𝐬𝐭𝐦𝐚𝐬!🧑🎄🎄
ခရစ်စမတ်နေ့သည် ချစ်ခြင်းနှင့် မေတ္တာမျှဝေခြင်းကို အဓိကထားသည့်နေ့ဖြစ်သည်။
🎄 ဒီနှစ်ခရစ္စမတ်မှာ ချစ်ရတဲ့သူတွေနဲ့အတူ ပျော်ရွှင်စရာ အမှတ်တရကောင်းတွေ ဖန်တီးနိုင်ပါစေ။ အားလုံးပဲ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာနဲ့ နွေးထွေးတဲ့ အချိန်လေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ 𝐖𝐈𝐒𝐃𝐎𝐌 𝐕𝐈𝐋𝐋𝐀 မိသားစုများမှ ဆုတောင်း မေတ္တာပို့သအပ်ပါသည်။ ✨❤️"
Wisdom Villa
We will build the best future for our kids!
19/12/2025
✨ကရင်နှစ်သစ်ကူး နေ့ကို ဂုဏ်ပြုကြိုဆိုလိုက်ပါ၏...
ကရင် တိုင်းရင်းသားများနှင့်တကွ မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာပြီး ကောင်းခြင်းမင်္ဂလာနှင့် ပြည့်စုံသော နှစ်သစ် ဖြစ်ပါစေကြောင်း 𝐖𝐈𝐒𝐃𝐎𝐌 𝐕𝐈𝐋𝐋𝐀 မိသာစုများမှ ဆုတောင်းပေးအပ်ပါသည်။🙏
#ကရင်နှစ်သစ်ကူးနေ့
28/11/2025
🌍 World AIDS Day
December 1 ရက်နေ့မှာ ကျရောက်မယ့် ကမ္ဘာ့ ခုခံအားကျဆင်းမှုရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမတ် အဖြစ် ကျောင်းတွင်းဟောပြောပွဲများကျင်းပခြင်း ပြပွဲပြိုင်ပွဲများ ဖြစ်လုပ်ဖြစ်ခဲ့ပါသည်။
အလယ်တန်းဆင့် ပန်းချီပြိုင်ပွဲအားဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် သားသား မီးမီးတို့၏ ပုံရိပ်လေးအား မျှဝေလိုက်ရပါသည်။
15/11/2025
KG သားသား မီးမီးလေးများ၏ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်
ကဗျာရွတ်ဆိုပြိုင်ပွဲအား စိတ်အားတက်ကြွစွာ ပါဝင်ယှဉ်ပြိုင်နေသော
ပုံရိပ်လေးများအား မျှဝေလိုက်ရပါသည်ရှင်
day
15/11/2025
KG သားသား မီးမီးလေးများ၏ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်
ကဗျာရွတ်ဆိုပြိုင်ပွဲအား စိတ်အားတက်ကြွစွာ ပါဝင်ယှဉ်ပြိုင်နေသော
ပုံရိပ်လေးများအား မျှဝေလိုက်ရပါသည်ရှင်
day
Myanmar
15/11/2025
JKG သားသား မီးမီးလေးများ၏ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဆေးရောင်ခြယ်နေသော ပုံလေးများအား မျှဝေလိုက်ပါသည်ရှင်
day
Myanmar
13/11/2025
❤️𝐇𝐚𝐩𝐩𝐲 𝐍𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐃𝐚𝐲❤️
ယနေ့တွင် ကျရောက်သည့် (၁၀၅)နှစ်မြာက် အမျိုးသားနေ့သည် မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့ အမျိုးသားရေးသမိုင်းမှတ်တမ်းတင်သည့် နေ့တစ်နေ့ပဲဖြစ်ပါတယ်။
✅ပညာရေးအတွက် တန်ဖိုးထားမှုကို သတိပေးပေးတဲ့နေ့။
✅မြန်မာပြည်သူတွေတစ်ဦးချင်းစီအနေနဲ့ အင်အားစုဖြစ်ဖို့ သတိရစေတဲ့နေ့။
✅ကျောင်းသား၊ ဆရာ၊ ပြည်သူအချင်းချင်းပေါင်းသင်း ညှိနှိုင်းမှုကို ပြသတဲ့ သမိုင်းနဲ့ဆိုင်တဲ့နေ့ စသည့် နေ့ထူးနေ့မြတ် အမျိုးသားအောင်ပွဲနေ့အား WISDOM VILLA Private Middle School ရှိ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများအားလုံးမှ လေးစားစွာ ဂုဏ်ပြုကြိုဆိုပါသည်။
Day
မင်္ဂလာပါရှင်
🥰🥰🥰သားသားမီးမီးတို့ English အချိန်တွင် "Who can say first?" Game ပျော်ရွှင်စွာ ကစားကာVocabulary များကိုသင်ယူမှတ်သား ခဲ့ကြပါသည်ရှင့်🏃♀️🏃♂️
🌈ထိုဂိမ်းကစားခြင်းဖြင့် 🌈
🎯 🧠 ဘာသာစကားတိုးတက်မှု – ကလေးများသည် အသံထွက်၊ စကားလုံးအသုံးပြုမှုကို မြန်ဆန်စွာသိလာပြီး ပြောဆိုနိုင်စွမ်း တိုးတက်လာခြင်း။
🎯 👂 အာရုံစိုက်နိုင်စွမ်းတိုးတက်မှု – “ဘယ်သူ အရင်ပြောမလဲ?” ဆိုတဲ့ ဂိမ်းပုံစံကြောင့် အာရုံစိုက်ခြင်း၊ စကားလုံး ပြောခြင်း စွမ်းရည်ကောင်းခြင်း။
🎯 👀 အာရုံစိုက်မှုနှင့် မှတ်သားနိုင်စွမ်းတိုးတက်မှု – Flashcard ပေါ်ရှိပုံနှင့် စကားလုံးကို သတိထားကြည့်၍ အကြောင်းအရာများကို မှတ်မိနိုင်စွမ်း ပိုကောင်းလာခြင်း။
🎯 🤝 ယှဉ်ပြိုင်မှုနှင့် မျှဝေခြင်း သိရှိခြင်း– သူငယ်ချင်းများနှင့်အတူ ပျော်ရွှင်စွာ ကစားနိုင်ခြင်းကြောင့် လူမှုဆက်ဆံရေး တိုးတက်လာခြင်း
🎯 😊 ပျော်ရွှင်မှုတိုးတက်မှု – ပူးပေါင်းပါဝင်ကစားပေးခြင်းဖြင့် သားးသား၊မီးမီးတို့အတွက် ပျော်ရွှင်ဖွယ်ကောင်းသော သင်ကြားမှုအတွေ့အကြုံ ဖြစ်ခြင်း စသည့်အကျိုးကျေးဇူးများကိုရရှိစေနိုင်ပါသည်ရှင့်🥰🥰🥰
03/11/2025
🙏တန်ဆောင်မုန်းလပြည့် (သာမညဖလ အခါတော်နေ့) ခွန်းဆုခြွေကာ ဆုတောင်းလွှာ🙏
************************************************
တန်ဆောင်မုန်းလပြည့် (သာမညဖလ အခါတော်နေ့) 𝐖𝐈𝐒𝐃𝐎𝐌 𝐕𝐈𝐋𝐋𝐀 မိသားစုနှင့်အတူ ကျောင်းသား/သူများ၊ ဖေဖေမေမေများ၊ ဆရာ/မများနှင့် ဝန်ထမ်းများအားလုံး ဘေးဘယာအပေါင်းကင်းဝေး၍ စိတ္တသုခ ၊ ကာယသုခ နှစ်ဖြာသောသုခနှင့်ပြီးပြည့်စုံပြီး ကောင်းကျိုးလိုရာဆန္ဒများ ပြည့်စုံပါစေ. . . . .🙏
👍အလုပ်အကိုင်အကြံအစည်များ အောင်မြင်ခြင်း 👍
🌈ချစ်သူခင်သူများပေါကြွယ်ဝခြင်းတို့နှင့် ပြည့်စုံ၍
🌈အလှူရေစက်လက်နှင့်မကွာ လှူဒါန်းနိုင်ပါစေကြောင်း 🙏🙏
𝐖𝐈𝐒𝐃𝐎𝐌 𝐕𝐈𝐋𝐋𝐀 မိသားစုများမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။
Full Moon Day
20/10/2025
𝗛𝗮𝗽𝗽𝘆 𝗗𝗶𝘄𝗮𝗹𝗶 𝗗𝗮𝘆....
🪔 ဒီပဆိုတာကတော့ မီးအလင်းရောင်ဖြစ်ပြီး ဒီပါဝလီဆိုတာကတော့ ဆီမီးထွန်းညှိပူဇော်ခြင်းလို့ အဓိပ္ပါယ်ရသလို ဒီပါဝလီညမရောက်ခင်ကတည်းက အိမ်သန့်ရှင်းရေးပြုလုပ်တာ၊ ကိုယ်လက်သန့်စင်တာတွေပြုလုပ်ပြီး ပွဲတော်ကို ကြိုဆိုလေ့ရှိကြတာပါ။
ဒီပါဝလီ ပွဲတော်ကာလမှာတော့ 🕯 အိမ်တွင်း၊ အိမ်ပြင် ဆီမီးထွန်းညှိပူဇော်ခြင်း၊ မီးရှူးမီးပန်းနဲ့ မီးပုံပွဲတွေကိုလည်း ပြုလုပ်လေ့ရှိကြပါသေးတယ်။
✨ ယနေ့ကျရောက်သော “ဒီပါဝလီ”နေ့ မှစ၍ ဘေးဘယာအပေါင်းကင်းဝေးပြီး ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝပါစေကြောင်း WISDOM VILLA မိသားစုများမှ
ဆုမွန်ကောင်းတောင်းအပ်ပါသည်.....
Click here to claim your Sponsored Listing.
Location
Category
Website
Address
Naypyidaw
15011