Mother Aim Private School

Mother Aim Private School Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mother Aim Private School, School, Corner of Thiri Yadanar Street & Zayar Htar Ni Street, Oattara Thiri Shopping Complex, Naypyidaw.

🥰 ကျောင်းသားကျောင်းသူများရဲ့ တီးခတ်သီဆိုတဲ့သံစဉ်တွေနဲ့ သက်ဝင်လှုပ်ရှားခဲ့တဲ့ နေ့လေးတစ်နေ့...💁🏻ဒီ Music Activity လှုပ်ရှာ...
26/08/2026

🥰 ကျောင်းသားကျောင်းသူများရဲ့ တီးခတ်သီဆိုတဲ့သံစဉ်တွေနဲ့ သက်ဝင်လှုပ်ရှားခဲ့တဲ့ နေ့လေးတစ်နေ့...

💁🏻ဒီ Music Activity လှုပ်ရှားမှုလေးကို ပြုလုပ်ပေးရခြင်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ လေ့ကျင့်ထားတဲ့ ဂီတစွမ်းရည်တွေကို ပရိသတ်ရှေ့ (Public Performance) မှာ ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြသနိုင်စွမ်း ရှိစေဖို့ပဲ ဖြစ်ပါတယ်...
လူအများရှေ့မှာ တီးခတ်ဖျော်ဖြေခြင်းဖြင့် ကလေးတွေရဲ့ စိတ်ဓာတ်ကြောက်ရွံ့မှုကို ကျော်လွှားစေပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို အပြည့်အဝ တည်ဆောက်ပေးပါတယ်...

“Mastering, Achieving, Perfect Student”

🏢Address : Corner of Thiri Yadanar Street & Zayar Htar Ni Street, Oattara Thiri Shopping Complex, Naypyidaw

📞Phone : 09456060208, 09456060209, 09 761391409




💁🏻ကျောင်းသား၊ ကျောင်းသူတိုင်းမှာ ကိုယ်ပိုင်အရည်အချင်း၊ ကိုယ်ပိုင်စိတ်ဝင်စားမှုနဲ့ ကိုယ်ပိုင်အိပ်မက်တွေ ရှိပါတယ်... ဒါပေမ...
25/08/2026

💁🏻ကျောင်းသား၊ ကျောင်းသူတိုင်းမှာ ကိုယ်ပိုင်အရည်အချင်း၊ ကိုယ်ပိုင်စိတ်ဝင်စားမှုနဲ့ ကိုယ်ပိုင်အိပ်မက်တွေ ရှိပါတယ်... ဒါပေမဲ့ အဲဒီအရည်အချင်းတွေက သူ့အလိုလို ပေါ်ထွက်လာတာမဟုတ်ဘဲ မှန်ကန်တဲ့ပတ်ဝန်းကျင်၊ သင့်တော်တဲ့အခွင့်အရေးနဲ့ တဖြည်းဖြည်း ပျိုးထောင်ပေးမှု တွေလိုအပ်ပါတယ်...

🏫 ကိုယ်ပိုင် အရည်အချင်းတွေ ပေါ်ထွက်လာဖို့အတွက် MAPS ကိုယ်ပိုင်အထက်တန်းကျောင်းမှာ အတန်းပညာကို ပုံမှန်သင်ယူခြင်းထက် ကလေးတွေကို ကိုယ်တိုင်ရှာဖွေချင်လာအောင်၊ မေးခွန်းမေးရဲလာအောင်၊ စမ်းသပ်ကြည့်ရဲလာအောင် သင်ယူမှုပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးထားပါတယ်...

📚 စာသင်ခန်းထဲမှာ သင်ယူရတဲ့ Academic Subjects တွေနဲ့အတူ
💻 နည်းပညာနဲ့ Computing
🎨 ဖန်တီးမှုနဲ့ အနုပညာ
🌐 ဘာသာစကားကျွမ်းကျင်မှု
⚽ အားကစားနဲ့ Team Activities
စတဲ့ လှုပ်ရှားမှုတွေကနေတစ်ဆင့် ကလေးတွေအနေနဲ့ ကိုယ့်ရဲ့ Strong Point ကို ကိုယ်တိုင်ရှာဖွေနိုင်ဖို့ အခွင့်အရေးရရှိစေမှာဖြစ်ပါတယ်....

👉🏻 တစ်ခါတလေ စာအုပ်ထဲက အဖြေမှန်တစ်ခုရတာထက်
“ဘာကြောင့်လဲ?” လို့ မေးတတ်လာတာက ပိုအရေးကြီးပါတယ်...

👉🏻 တစ်ခါတလေ အမှတ်ကောင်းတစ်ခုထက်
မအောင်မြင်သေးတဲ့အရာကို နည်းလမ်းအသစ်နဲ့ ထပ်ကြိုးစားတတ်လာတာက ပိုတန်ဖိုးရှိပါတယ်...

တစ်ခါတလေ ဆရာပြောတာကို မှတ်ထားနိုင်တာထက်
ကိုယ်တိုင်ရှာဖွေပြီး ကိုယ်ပိုင်အမြင်တစ်ခု တည်ဆောက်နိုင်တာက ပိုအရေးကြီးပါတယ်....

👩🏻‍🏫ဒါကြောင့် MAPS မှာ ပညာရေးကို “သင်ပေးခြင်း” တစ်ခုတည်းအနေနဲ့ မမြင်ဘဲ “ဖွံ့ဖြိုးလာခြင်း” တစ်ခုအနေနဲ့ အာရုံစိုက်ထားပါတယ်...

👩🏻‍🏫 မူကြိုအရွယ်က စပြီး အထက်တန်းအဆင့်အထိ ကလေးတစ်ယောက်ချင်းစီရဲ့ အသက်အရွယ်၊ သင်ယူနိုင်စွမ်းနဲ့ လိုအပ်ချက်တွေကို အခြေခံပြီး ပညာရေးအတွေ့အကြုံတွေ တည်ဆောက်ပေးတာကြောင့်
MAPS ကျောင်းသားကျောင်းသူတိုင်းဟာ အပတ်တိုင်း အသစ်တစ်ခုခုကို သင်ယူရင်း
တိုးတက်လာတဲ့ ကျောင်းသားတစ်ယောက် ဖြစ်လာမှာ အသေအချာပါပဲ...

“Mastering, Achieving, Perfect Student”

🏢Address : Corner of Thiri Yadanar Street & Zayar Htar Ni Street, Oattara Thiri Shopping Complex, Naypyidaw

📞Phone : 09456060208, 09456060209, 09 761391409




✍️MAPS Grade 5, 6, 7, 8 နဲ့ 9 က ကျောင်းသား၊ ကျောင်းသူများရဲ့ အင်္ဂလိပ်စာ နှင့် သင်္ချာဘာသာရပ်ဆိုင်ရာ စွမ်းရည်များကို ဆန်...
24/08/2026

✍️MAPS Grade 5, 6, 7, 8 နဲ့ 9 က ကျောင်းသား၊ ကျောင်းသူများရဲ့ အင်္ဂလိပ်စာ နှင့် သင်္ချာဘာသာရပ်ဆိုင်ရာ စွမ်းရည်များကို ဆန်းစစ်ဖော်ထုတ်ပေးမယ့် ထူးချွန်စာမေးပွဲ ကို စနစ်တကျ ဖြေဆိုခဲ့ကြပါတယ်....

စာမေးပွဲခန်းမအတွင်းမှာ ဘာသာရပ်နှစ်ခုလုံးကို အာရုံစူးစိုက်ပြီး ဖြေဆိုခဲ့ကြတဲ့ ကျောင်းသားကျောင်းသူများအားလုံးမိမိတို့ရဲ့ ကိုယ်ပိုင်စွမ်းရည်များကို အပြည့်အဝ ထုတ်ဖော်ပြသပြီး ထူးချွန်စွာ အောင်မြင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်...🙏

“Mastering, Achieving, Perfect Student”

🏢Address : Corner of Thiri Yadanar Street & Zayar Htar Ni Street, Oattara Thiri Shopping Complex, Naypyidaw

📞Phone : 09456060208, 09456060209, 09 761391409




22/08/2026

စာအုပ်ထဲမှာ ဖတ်ရတဲ့ Science သင်ခန်းစာတစ်ခုကို ကိုယ်တိုင်ရှာဖွေလေ့လာပြီး သူငယ်ချင်းတွေကို ပြန်လည်ရှင်းပြရတဲ့အခါ သင်ယူမှုက ပိုပြီးအသက်ဝင်လာပါတယ်... 🔬

G8 Science ရဲ့ “လူ့အစာချေအင်္ဂါအဖွဲ့အစည်း” သင်ခန်းစာမှာလည်း ကျောင်းသား၊ ကျောင်းသူများကို အဖွဲ့ခွဲပြီး အစာချေစနစ်မှာ ပါဝင်တဲ့ အင်္ဂါအစိတ်အပိုင်းတွေကို တစ်ဖွဲ့ချင်းစီ တာဝန်ယူလေ့လာကာ Presentation ပြုလုပ်စေခဲ့ပါတယ်...

🟡 ဒီတစ်ကြိမ်မှာတော့ အနီအသင်း က မောင်ဇေမင်းထွန်း၊မောင်ရှင်းသန့်မောင်၊မောင်ဘုန်းမြတ်ကျော်တို့ က “အူမကြီး” အကြောင်းကို လေ့လာတင်ဆက်ခဲ့ပါတယ်...

“Mastering, Achieving, Perfect Student”

🏢Address : Corner of Thiri Yadanar Street & Zayar Htar Ni Street, Oattara Thiri Shopping Complex, Naypyidaw

📞Phone : 09456060208, 09456060209, 09 761391409




👉🏻စာမေးပွဲအတွက် ကျက်မှတ်ထားတဲ့ အသိပညာတွေ  အချို့ဟာ ကာလတစ်ခု ရောက်တဲ့အခါ မေ့ပျောက်သွားနိုင်ပေမဲ့ ကိုယ်တိုင် လက်တွေ့ပါဝင် ...
21/08/2026

👉🏻စာမေးပွဲအတွက် ကျက်မှတ်ထားတဲ့ အသိပညာတွေ အချို့ဟာ ကာလတစ်ခု ရောက်တဲ့အခါ မေ့ပျောက်သွားနိုင်ပေမဲ့ ကိုယ်တိုင် လက်တွေ့ပါဝင် လှုပ်ရှားခဲ့ရတဲ့ အတွေ့အကြုံတွေကတော့ ကလေးတစ်ယောက်ရဲ့ ဘဝတစ်လျှောက်လုံးအတွက် ခိုင်မာတဲ့ အုတ်မြစ်အဖြစ်ကျန်ခဲ့မှာပါ...

MAPS မှာတော့ စာအုပ်ထဲက သီအိုရီအချက်အလက်တွေကို တီထွင်ဖန်တီးနိုင်စွမ်း၊ စူးစမ်းနိုင်စွမ်းတို့နဲ့ ပေါင်းစပ်ပြီး ကလေးတွေကိုယ်တိုင် လက်တွေ့စမ်းသပ်ပါဝင်စေတဲ့ Active & Practical Learning နည်းစနစ်များနဲ့ အနှစ်သာရရှိရှိ သင်ကြားပေးလျက် ရှိပါတယ်... 💡

MAPS ရဲ့ လက်တွေ့အခြေပြု သင်ကြားရေးစနစ်မှာ ဘာတွေ ပါဝင်မလဲ -

🧪 Hands-on Experiments

Myanmar Government Curriculum အပြင် Enrichment Subject များဖြစ်တဲ့ Cambridge သိပ္ပံနှင့် နည်းပညာ ဘာသာရပ်များကို စာတွေ့တင်မကဘဲ ကိုယ်တိုင် လက်တွေ့စမ်းသပ်ခြင်း၊ Project များ ဖန်တီးခြင်းတို့ဖြင့် စိတ်ဝင်စားဖွယ် လေ့လာရပါတယ်...

🤝 Real-World Problem Solving

နေ့စဉ်ဘဝတွင် ကြုံတွေ့ရမည့် အခြေအနေများကို စာသင်ခန်းအတွင်း ဘာသာရပ်လေ့လာတဲ့ ပုံစံဖြင့် ဆွေးနွေးစေပြီး ကျောင်းသားများ အချင်းချင်း တိုင်ပင်ကာ အဖြေရှာတတ်တဲ့ ဝေဖန်ပိုင်းခြားတွေးခေါ်မှု စွမ်းရည်ကို တည်ဆောက်ပေးပါတယ်...

💬 Language & Communication

English ကို ပြင်ပလူမှုပတ်ဝန်းကျင်တွင် ရဲဝံ့စွာ အသုံးချနိုင်စေဖို့ Role-play များ၊ Presentation များနှင့် စနစ်တကျ လေ့ကျင့်ပေးပါတယ်...

🏆 Life Skills Integration

အသင်းအဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်ခြင်း (Teamwork)၊ အပြန်အလှန် လေးစားခြင်းနှင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိအောင် ပျိုးထောင်ပေးခြင်း စတဲ့ ဘဝတစ်သက်တာ စွမ်းရည်များကို စာသင်ခန်း လှုပ်ရှားမှုများမှတစ်ဆင့် စနစ်တကျ ပျိုးထောင်ပေးပါတယ်...

ဒီလို အနာဂတ်အတွက် အသုံးဝင်မယ့် Life Skills များကို စာတွေ့လက်တွေ့ ပေါင်းစပ်လေ့ကျင့်ပေးခြင်းက ကလေးတစ်ဦးစီရဲ့ ကိုယ်ပိုင်ယုံကြည်မှုကို ပိုမိုခိုင်မာလာစေပါတယ်... ကျောင်းသား၊ ကျောင်းသူများရဲ့ စာသင်ခန်းထဲက သင်ယူမှုတိုင်းကို လက်တွေ့ဘဝမှာ အသုံးဝင်နိုင်တဲ့ အောင်မြင်မှုခြေလှမ်းများအဖြစ် ပြောင်းလဲပေးနိုင်ဖို့ MAPS မှ အမြဲတမ်း ပံ့ပိုးသင်ကြားပေးလျက်ရှိပါတယ်....❤️❤️

“Mastering, Achieving, Perfect Student”

🏢Address : Corner of Thiri Yadanar Street & Zayar Htar Ni Street, Oattara Thiri Shopping Complex, Naypyidaw

📞Phone : 09456060208, 09456060209, 09 761391409




20/08/2026

စာအုပ်ထဲမှာ ဖတ်ရတဲ့ Science သင်ခန်းစာတစ်ခုကို ကိုယ်တိုင်ရှာဖွေလေ့လာပြီး သူငယ်ချင်းတွေကို ပြန်လည်ရှင်းပြရတဲ့အခါ သင်ယူမှုက ပိုပြီးအသက်ဝင်လာပါတယ်... 🔬

G8 Science ရဲ့ “လူ့အစာချေအင်္ဂါအဖွဲ့အစည်း” သင်ခန်းစာမှာလည်း ကျောင်းသား၊ ကျောင်းသူများကို အဖွဲ့ခွဲပြီး အစာချေစနစ်မှာ ပါဝင်တဲ့ အင်္ဂါအစိတ်အပိုင်းတွေကို တစ်ဖွဲ့ချင်းစီ တာဝန်ယူလေ့လာကာ Presentation ပြုလုပ်စေခဲ့ပါတယ်...

🟡 ဒီတစ်ကြိမ်မှာတော့ အဝါအသင်း က “လည်ချောင်း (Pharynx)” အကြောင်းကို လေ့လာတင်ဆက်ခဲ့ပါတယ်...

အစာကို ဝါးပြီးနောက် မျိုချတဲ့အခါ လည်ချောင်းက အစာကို အစာပြွန်ဘက်သို့ ဖြတ်သန်းသွားစေတဲ့ လမ်းကြောင်းတစ်ခုအဖြစ် ဘယ်လိုပါဝင်ပေးသလဲ ဆိုတာကို အတူတကွလေ့လာပြီး အဝါအသင်း အဖွဲ့ဝင်များဖြစ်တဲ့ မောင်သန့်မင်းမဟော်၊ မသုတျာဇင်ထွဏ်း တို့က အတန်းဖော်များ နားလည်လွယ်အောင် ရှင်းပြတင်ဆက်ခဲ့ကြပါတယ်...

ဒီလို ကိုယ်တိုင်လေ့လာပြီး ကိုယ်တိုင်ပြန်ရှင်းပြရတဲ့ Activity တွေက “သိထားတာ” ထက် ပိုတဲ့ နားလည်မှုကို ရရှိစေပါတယ်... တစ်ဖွဲ့နဲ့တစ်ဖွဲ့ ပူးပေါင်းလုပ်ဆောင်ရင်း အတွေးအခေါ်တွေကို ဖလှယ်နိုင်သလို၊ အများရှေ့မှာ မိမိလေ့လာထားတာကို ယုံကြည်မှုရှိရှိ တင်ပြနိုင်တဲ့ အတွေ့အကြုံကိုလည်း ရရှိစေပါတယ်... ❤️

“Mastering, Achieving, Perfect Student”

🏢Address : Corner of Thiri Yadanar Street & Zayar Htar Ni Street, Oattara Thiri Shopping Complex, Naypyidaw

📞Phone : 09456060208, 09456060209, 09 761391409




18/08/2026

🔬 G8 Science လူ့အစာချေအင်္ဂါအဖွဲ့အစည်း မှ ခံတွင်းအကြောင်း တင်ဆက်ခဲ့တဲ့ အစိမ်းအသင်း...

💁🏻G8 Science ဘာသာရပ်အတွက် “လူ့အစာချေအင်္ဂါအဖွဲ့အစည်း” သင်ခန်းစာကို အဖွဲ့လိုက်လေ့လာပြီး အင်္ဂါအစိတ်အပိုင်းတစ်ခုချင်းစီအကြောင်း Presentation ပြုလုပ်ခဲ့ကြပါတယ်...

👉🏻အစိမ်းအသင်းအဖွဲ့ က မောင်ဖြိုးဇေယျာကျော်၊ မောင်မင်းသူရဟိန်း၊ မရင်ရနံ့အောင်တို့ကတော့ အစာချေစနစ်ရဲ့ အစပြုရာနေရာဖြစ်တဲ့ “ခံတွင်း” အကြောင်းကို တာဝန်ယူပြီး Presentation ပြုလုပ်ခဲ့ပါတယ်...

🦷ခံတွင်းမှာ သွားများက အစာကို ဝါးပြီး သေးငယ်အောင် ပြုလုပ်ပေးခြင်း၊ လျှာက အစာကို ရွေ့လျားစေခြင်း နဲ့ အစာချေမှုကို စတင်ကူညီပေးခြင်း စတဲ့ လုပ်ငန်းစဉ်တွေကို အတန်းဖော်များ နားလည်အောင် ရှင်းလင်းတင်ပြခဲ့ကြပါတယ်...

မိမိတို့တာဝန်ယူထားတဲ့ အပိုင်းကို ကိုယ်တိုင်လေ့လာပြီး အတန်းဖော်များရှေ့မှာ ပြန်လည်ရှင်းပြတင်ပြခြင်းက ဘာသာရပ်ဆိုင်ရာ နားလည်မှု၊ အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်မှုနဲ့ Presentation Skill တွေကို လက်တွေ့ဖွံ့ဖြိုးစေတဲ့ သင်ယူမှုအတွေ့အကြုံကောင်းတစ်ခု ဖြစ်စေတာကြောင့် ဒီလို Presentation လေးတွေကို များများပြုလုပ်နိုင်အောင် MAPS မှာ အမြဲတမ်း လေ့ကျင့်ပေးဖြစ်ပါတယ်...❤️

“Mastering, Achieving, Perfect Student”

🏢Address : Corner of Thiri Yadanar Street & Zayar Htar Ni Street, Oattara Thiri Shopping Complex, Naypyidaw

📞Phone : 09456060208, 09456060209, 09 761391409




👩🏻‍🏫ကလေးတစ်ယောက်ရဲ့ သင်ယူမှုအခြေခံက စာအုပ်ထဲက စာတွေထက် ပိုမို ကျယ်ပြန့်ပါတယ်…“ကလေးက စာဖတ်တတ်ပြီလား?”“ABC တွေ ရပြီလား?”“1...
17/08/2026

👩🏻‍🏫ကလေးတစ်ယောက်ရဲ့ သင်ယူမှုအခြေခံက စာအုပ်ထဲက စာတွေထက် ပိုမို ကျယ်ပြန့်ပါတယ်…

“ကလေးက စာဖတ်တတ်ပြီလား?”
“ABC တွေ ရပြီလား?”
“1 ကနေ 20 အထိ ရေတွက်တတ်ပြီလား?”
Pre-KG နဲ့ Nursery အရွယ်ရောက်လာတဲ့အခါ မိဘအများစုက ဒီလို Academic Skills တွေကို အရင်ဆုံး စိတ်ဝင်စားတတ်ကြပါတယ်…

👉🏻Pre-KG, Nursery အရွယ်မှာ “စာသင်တာ” ထက် ပိုအရေးကြီးတာတွေလည်း ရှိပါတယ်...

👉🏻Pre-KG / Nursery အရွယ်မှာ ကလေးတွေဟာ “ဘာကိုသင်ရမလဲ” ဆိုတာထက် “ဘယ်လိုသင်ယူရမလဲ” ဆိုတာကိုလည်း အခြေခံကောင်းအောင် တည်ဆောက်ဖို့လိုပါတယ်….

🏫ဒါကြောင့် ဒီအရွယ်ကလေးတွေအတွက် သင်ကြားပေးသင့်တာတွေက—

🎨 Learning Through Play

ကစားခြင်းကနေ အရောင်၊ ပုံသဏ္ဍာန်၊ အရွယ်အစား၊ ရေတွက်ခြင်းနဲ့ ပြဿနာဖြေရှင်းခြင်းတွေကို သဘာဝကျကျ သင်ယူစေခြင်း…

🗣️ Language & Communication

မိမိလိုချင်တာကို ပြောတတ်ခြင်း၊ မေးခွန်းမေးတတ်ခြင်း၊ ဆရာများနဲ့သူငယ်ချင်းပြောတာကို နားထောင်တတ်ခြင်းနဲ့ စကားလုံးအသစ်တွေ တိုးပွားလာစေခြင်းတွေကို ဦးစားပေးရပါမယ်...

🧩 Fine Motor Skills

ခဲတံကိုင်ခြင်း၊ ဆွဲခြင်း၊ ရုပ်ပုံများကပ်ခြင်း၊ ပဟေဠိဆက်ခြင်းလို လှုပ်ရှားမှုတွေက လက်ချောင်းနဲ့ လက်ကောက်ဝတ်ကြွက်သားတွေကို ဖွံ့ဖြိုးစေပြီး နောက်ပိုင်း Writing Skills အတွက် အခြေခံကောင်းတစ်ခု ဖြစ်စေပါတယ်…

🏃🏻 Gross Motor Skills

ပြေးခြင်း၊ ခုန်ခြင်း၊ ဘောလုံးကစားခြင်း၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခြင်းတွေက ခန္ဓာကိုယ်ထိန်းချုပ်နိုင်မှုနဲ့ Coordination ကို တိုးတက်စေပါတယ်…

🤝 Social Skills

သူငယ်ချင်းနဲ့ အတူကစားတတ်ခြင်း၊ အလှည့်စောင့်တတ်ခြင်း၊ ပစ္စည်းမျှဝေတတ်ခြင်းနဲ့ အခြားသူတွေကို လေးစားတတ်ခြင်းတွေဟာ ကျောင်းတက်တဲ့အခါ အလွန်အရေးကြီးတဲ့ Skills တွေပါ…

💛 Emotional Development

“မလုပ်ချင်ဘူး” “မကြိုက်ဘူး” “ဝမ်းနည်းတယ်” ဆိုတဲ့ ခံစားချက်တွေကို သိရှိပြီး သင့်တော်တဲ့နည်းလမ်းနဲ့ ဖော်ပြတတ်လာအောင် လမ်းညွှန်ပေးဖို့လည်း လိုအပ်ပါတယ်…

📚 Early Literacy & Numeracy

ABC ကို အလွတ်ကျက်စေခြင်းတစ်ခုတည်းမဟုတ်ဘဲ အသံနဲ့စာလုံးဆက်စပ်မှု၊ ပုံပြင်နားထောင်ခြင်း၊ စာအုပ်ကိုင်တွယ်ခြင်း၊ အရေအတွက်နဲ့ ရေတွက်ခြင်းတွေကို လက်တွေ့ Activity တွေနဲ့ သင်ယူစေသင့်ပါတယ်…

အရေးကြီးဆုံးကတော့—

💁🏻ကလေးတစ်ယောက်ကို အရွယ်မတိုင်ခင် “အများကြီးသိအောင်” သင်ပေးတာထက်၊ သင်ယူချင်စိတ်ရှိလာအောင် ပျော်ပျော်ရွှင်ရွှင်နဲ့ သင်ယူတတ်တဲ့အလေ့အကျင့်ကို တည်ဆောက်ပေးတာ ပိုအရေးကြီးပါတယ်…

ဒါကြောင့် Nursery / Pre-KG အတန်းများ ရွေးချယ်တဲ့အခါ

👉 ကလေးတွေက ကစားရင်းသင်ယူခွင့် ရှိသလား
👉 ပူးပေါင်းဆောင်ရွက်ခွင့် ရှိသလား
👉 Creative Activities တွေ လုပ်ခွင့်ရသလား
👉 ကိုယ်တိုင်စမ်းသပ်ပြီး ရှာဖွေသင်ယူခွင့် ရှိသလား
👉 ဆရာ/ဆရာမတွေက ကလေးတစ်ဦးချင်းစီရဲ့ ဖွံ့ဖြိုးမှုကို ဂရုစိုက်ပေးသလား ဆိုတာတွေကိုလည်း မိဘတွေအနေနဲ့ ထည့်သွင်းစဉ်းစားသင့်ပါတယ်...

🌈 MAPS ရဲ့ Nursery & Pre-KG Class တွေမှာတော့ ကလေးတွေရဲ့ အသက်အရွယ်နဲ့ ဖွံ့ဖြိုးမှုအဆင့်အလိုက် Learning Activities တွေကို စနစ်တကျစီစဉ်ပေးပြီး Academic Foundation တင်မကဘဲ Language, Social, Emotional, Physical နဲ့ Creative Skills တွေကိုပါ တစ်ပြိုင်နက်တည်း ဖွံ့ဖြိုးလာအောင် သင်ကြားပေးနေပါတယ်…

မိဘတို့ရဲ့ အဖိုးတန် သားသားမီးမီးလေးတွေရဲ့ပထမဆုံးကျောင်းအတွေ့အကြုံကို စာသင်ရုံမဟုတ်ဘဲ ပျော်ရွှင်စွာ သင်ယူတတ်တဲ့အတွေ့အကြုံတစ်ခု ဖြစ်စေချင်တယ်ဆိုရင် MAPS ရဲ့ Nursery & Pre-KG Class တွေကို လာရောက်လေ့လာနိုင်ပါတယ်…❤️❤️

“Mastering, Achieving, Perfect Student”

🏢Address : Corner of Thiri Yadanar Street & Zayar Htar Ni Street, Oattara Thiri Shopping Complex, Naypyidaw

📞Phone : 09456060208, 09456060209, 09 761391409




International Youth Day….👩🏻‍🏫လူငယ်တွေဆိုတာ အနာဂတ်ကို ပုံဖော်ပေးမယ့် မျိုးဆက်သစ်တွေပါ… အိပ်မက်တွေ၊ စိတ်ကူးတွေ၊ စွမ်းအင်တွ...
12/08/2026

International Youth Day….

👩🏻‍🏫လူငယ်တွေဆိုတာ အနာဂတ်ကို ပုံဖော်ပေးမယ့် မျိုးဆက်သစ်တွေပါ… အိပ်မက်တွေ၊ စိတ်ကူးတွေ၊ စွမ်းအင်တွေနဲ့ ပြည့်နှက်နေတဲ့ လူငယ်တွေရဲ့ အတွေးအမြင်နဲ့ လုပ်ဆောင်ချက်တိုင်းဟာ လူမှုအသိုင်းအဝိုင်းနဲ့ ကမ္ဘာကြီးရဲ့ အနာဂတ်ကိုပါ ပြောင်းလဲပေးနိုင်ပါတယ်…

🌏International Youth Day ဟာ လူငယ်တွေရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုဖို့၊ လူငယ်တွေ ရင်ဆိုင်နေရတဲ့ အခွင့်အလမ်းနဲ့ စိန်ခေါ်မှုတွေကို အာရုံစိုက်ဖို့နဲ့ လူငယ်တွေရဲ့ အသံတွေကို ပိုမိုကြားနိုင်စေဖို့ ရည်ရွယ်တဲ့နေ့တစ်နေ့ ဖြစ်ပါတယ်…

✍️လူငယ်တွေအတွက် ပညာရေး၊ ကျွမ်းကျင်မှု၊ နည်းပညာနဲ့ ကိုယ်ပိုင်တိုးတက်မှုအတွက် အခွင့်အလမ်းတွေ ရရှိဖို့ အရေးကြီးပါတယ်…ဒါပေမဲ့ အောင်မြင်မှုဆိုတာ စာသင်ခန်းထဲက ရမှတ်တွေနဲ့ပဲ တိုင်းတာလို့မရပါဘူး…မိမိကိုယ်ကိုယ် ယုံကြည်မှုရှိခြင်း၊ အခက်အခဲတွေကို ရင်ဆိုင်နိုင်ခြင်း၊ အခြားသူတွေနဲ့ ပူးပေါင်းဆောင်ရွက်တတ်ခြင်းနဲ့ မိမိပတ်ဝန်းကျင်အတွက် အပြုသဘောဆောင်တဲ့ အပြောင်းအလဲတွေ ဖန်တီးနိုင်ခြင်းတို့ကလည်း လူငယ်တစ်ယောက်ရဲ့ အရေးကြီးတဲ့ အရည်အချင်းတွေ ဖြစ်ပါတယ်….

👉ဒီ အရည်အချင်းတွေ အပြည့်အဝ ထွက်ပေါ်ဖို့ လူကြီးတွေ အနေနဲ့ စိတ်ရှည်ရှည်နဲ့ လမ်းပြပေးဖို့လိုပါတယ်...သူတို့ရဲ့ ခံစားချက်နဲ့ စကားသံတွေ နားထောင်ပေးဖို့လိုပါတယ်...မိဘ၊ ဆရာ ပူးပေါင်းပြီး ပညာရေး အစီအစဥ်ကောင်းတွေ ထောက်ပံ့ရင်း ဒီနေ့ကျရောက်တဲ့ International Youth Day မှာစပြီး MAPS ကျောင်းသားကျောင်းသူများလည်း အိပ်မက်တွေ အကောင်အထည်ဖော်နိုင်တဲ့ နယ်ပယ်အသီးသီးက အောင်မြင်တဲ့သူများဖြစ်အောင် ကြိုးစားကြပါလို့ တိုက်တွန်းလိုက်ပါတယ်....❤️❤️

Happy International Youth Day! 🌏

“Mastering, Achieving, Perfect Student”

🏢Address : Corner of Thiri Yadanar Street & Zayar Htar Ni Street, Oattara Thiri Shopping Complex, Naypyidaw

📞Phone : 09456060208, 09456060209, 09 761391409





👩🏻‍🏫MAPS ရဲ့ အဓိက ဆောင်ပုဒ်ဖြစ်တဲ့ “Mastering, Achieving, Perfect Student” ဆိုတဲ့ စကားစုလေးထဲမှာ ကျောင်းသားတွေရဲ့ အနာဂတ်...
11/08/2026

👩🏻‍🏫MAPS ရဲ့ အဓိက ဆောင်ပုဒ်ဖြစ်တဲ့ “Mastering, Achieving, Perfect Student” ဆိုတဲ့ စကားစုလေးထဲမှာ ကျောင်းသားတွေရဲ့ အနာဂတ်ဘဝ အောင်မြင်မှုအတွက် အရေးကြီးတဲ့ အဓိပ္ပာယ် (၃) ရပ် ကိန်းအောင်းနေပါတယ်...

👩🏻‍🏫Mastering (အတန်းပညာသင်ခန်းစာများ ကျွမ်းကျင်ပိုင်နိုင်ခြင်း)

✍️စာတွေ့လက်တွေ့ သင်ခန်းစာများကို အပေါ်ယံမျှသာ မဟုတ်ဘဲ အခြေခံသဘောတရားမှစလို့ အကြိမ်ကြိမ် လေ့လာကာ မိမိပိုင်ဆိုင်ရာ အသိပညာရပ်တစ်ခုအဖြစ် အပြည့်အဝ ကျွမ်းကျင်ပိုင်နိုင်လာအောင် ဆရာများက အသေးစိတ် သင်ကြားပေးပါတယ်...

✍️Achieving (အောင်မြင်မှုပန်းတိုင် ဆွတ်ခူးရောက်ရှိခြင်း)

သတ်မှတ်ထားသော ရည်မှန်းချက်များကို အသေးဆုံး အဆင့်မှစ၍ တစ်ဆင့်ချင်း လက်တွေ့ဖော်ဆောင်ကာ နေ့စဉ် လေ့လာမှုများတွင် ကိုယ်ပိုင်စွမ်းရည်ဖြင့် အောင်မြင်မှုအသစ်များကို အရောက်လှမ်းနိုင်အောင် လမ်းပြပေးပါတယ်...

✍️Perfect Student (ဘက်စုံထူးချွန်တဲ့ စံပြကျောင်းသား ကျောင်းသူ)

စာမေးပွဲ အမှတ်များ ကောင်းရုံသာမက စည်းကမ်းကောင်းမွန်ခြင်း၊ ကိုယ်ကျင့်တရား မြင့်မားခြင်း၊ အသင်းအဖွဲ့စိတ်ဓာတ်ရှိခြင်းနှင့် သဘာဝပတ်ဝန်းကျင်ကို တန်ဖိုးထားတတ်ခြင်း စတဲ့ အရည်အချင်းကောင်းပေါင်းများစွာကို ပိုင်ဆိုင်ထားတဲ့ စံပြလူငယ်တစ်ဦးဖြစ်လာအောင်လည်း သားသမီးရင်းများသဖွယ် ပြုစုပျိုးထောင်ပေးနေပါတယ်...

👉 ဒီအဓိပ္ပာယ် (၃)ရပ်အပြင် MAPS ရဲ့ သင်ကြားရေးစနစ်နှင့် ဘက်စုံဖွံ့ဖြိုးရေး လုပ်ဆောင်ချက်များက ကျောင်းသားများ ထူးချွန်ပြည့်စုံဖို့ ဘယ်လို အထောက်အကူပြုပါသလဲ?

👩🏻‍🏫ထိရောက်သော သင်ရိုးညွှန်းတမ်း နဲ့ ပုံမှန်သင်ခန်းစာများအပြင် Cambridge ဖြည့်စွက်ဘာသာရပ်များ နဲ့ Computing, Coding စတဲ့ subject များက ဝေဖန်ပိုင်းခြားတွေးခေါ်နိုင်စွမ်းနှင့် တီထွင်ဖန်တီးနိုင်စွမ်းများကို မြှင့်တင်ပေးပါတယ်...

👩🏻‍🏫ကျောင်းချိန်ပြင်ပလှုပ်ရှားမှုများနဲ့ activity များဖြစ်တဲ့
တိုက်ကွမ်ဒို၊ ပန်းချီနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ လှုပ်ရှားမှုတွေကတစ်ဆင့် ကိုယ်ခန္ဓာကြံ့ခိုင်မှု၊ စည်းကမ်းရှိမှု၊ အချင်းချင်း လေးစားတန်ဖိုးထားတတ်တဲ့ စိတ်ဓာတ်နဲ့ အသင်းအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်တတ်တဲ့ အလေ့အကျင့်ကောင်းများကို အပြည့်အဝ ရရှိစေပါတယ်...

🏫🏫MAPS ကျောင်းတော်ကြီးဟာ သားသားမီးမီးတို့ရဲ့ အသိပညာ၊ အတတ်ပညာနဲ့ ကိုယ်ကျင့်တရား အရာရာမှာ ပြည့်စုံပြီး အနာဂတ်ကို ယုံကြည်မှုအပြည့်နဲ့ လျှောက်လှမ်းနိုင်မယ့် စံပြလူသားကောင်းလေးတွေ ဖြစ်လာစေဖို့ အကောင်းဆုံး ပျိုးထောင်ပေးလျက် ရှိပါတယ်...

“Mastering, Achieving, Perfect Student”

🏢Address : Corner of Thiri Yadanar Street & Zayar Htar Ni Street, Oattara Thiri Shopping Complex, Naypyidaw

📞Phone : 09456060208, 09456060209, 09 761391409




Address

Corner Of Thiri Yadanar Street & Zayar Htar Ni Street, Oattara Thiri Shopping Complex
Naypyidaw

Website

Alerts

Be the first to know and let us send you an email when Mother Aim Private School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category