20/03/2024
တက္ကသိုလ်ဝင်တန်းဖြေဆိုထားသော သားသားမီးမီးလေးတွေ သင်္ကြန်ထိ အနားယူပြီးကြပြီဆိုရင်တော့ ကလေးတွေ ရှေ့ဆက်လျှောက်လမ်းရမည့်ဘဝအတွက် အထောက်အကူပြု မဖြစ်မနေ တတ်မြောက်ထားသင့်သော ကွန်ပျူတာအခြေခံသင်တန်းတွေ တတ်ထားဖို့တော့လိုနေပါပြီနော်။
ကလေးတွေအတွက်တင်မဟုတ်ပဲ လူကြီးလူငယ်လူရွယ်မလတ်မရွေး သင်ကြားတတ်မြောက်ထားသင့်သော ကွန်ပျူတာ သင်တန်းတွေ ဖြစ်ပါတယ်နော်
👉👉👉 LP-EC သင်တန်းမှ
Level (I) Primary (Basic) 👈👈👈
သင်ကြားပို့ချမည့်သင်ခန်းစာများ
Computer System ( ကွန်ပျူတာစနစ် )
Typing English and Myanmar
Drawing Special Painting
Drawing 3D Painting
Microsoft office (Basic)
Using Internet and Downloading
မြန်မာစာ၊ အင်္ဂလိပ်စာရိုက်နည်းများ
ပုံဆွဲနည်းသင်ခန်းစာများ
Presentation Slide Show များ
အင်တာနက်အသုံးပြုနည်း၊ ဖိုင်ကူးနည်းများ (ပါဝင်ပါသည်)သင်ကြားပေးပါမည်။
Level (II) 👈👈👈
Computer System
Microsoft Office
(Power Point Animation)
Microsoft Publisher
Using Internet and Email
မြန်မာစာ၊ အင်္ဂလိပ်စာ ရိုက်နည်းများ
ပို့စကဒ်များ၊ ပြက္ခဒိန်၊ လိပ်စာကဒ်ဒီဇိုင်း
ပြုလုပ်နည်းများ သင်ခန်းစာမျိုးစုံ လေ့ကျင့်ခန်းများ သင်ကြားပေးပါမည်
19/03/2024
ကွန်ပျူတာအသုံးပြုတဲ့သူတိုင်း A+ ကို နားလည်အောင်ကြိုးစား
ရမည့်ခေတ်သို့ ရောက်ရှိလာပါပြီ။ သာမန် အသေးစား Error လေးတွေကို
ကိုယ်တိုင်ဖြေရှင်းတတ်အောင်ကြိုးစားကြပါ။
👉👉👉A+ ကိုဘာကြောင့်လေ့လာသင့်လဲ ?
ကွန်ပျူတာအသုံးပြုနေကြတဲ့သူတိုင်းဟာ ကိုယ်အသုံးပြုသည့် ကွန်ပျူတာအစိတ်အပိုင်းကို
နားလည်သင့်ပါသည်ဟု မြင်မိပါတယ်။
A+ ပိုင်းကို လေ့လာခြင်းအားဖြင့် ကွန်ပျူတာ Hardware ပိုင်းလို့
ခေါ်တဲ့ ကွန်ပျူတာဖွဲ့စည်းပုံ အကြောင်းကို ကောင်းကောင်း
နားလည်လာပါမယ်။ သူ့ကို နားလည်လိုက်သောအားဖြင့်
ဘာအကျိုးကျေးဇူး ရမလဲ။ တစ်ချက်ကြည့်ကြရအောင် ?
၁။ OS လို့ခေါ်တဲ့ Windows ပိုင်းကို ကောင်းကောင်းနားလည်
သဘောပေါက်ပြီး Windows ကောင်းကောင်း တင်တတ်သွားပါမယ်။
Windows ကို ဘာကြောင့် တင်လာရတာလဲဆိုရင်တော့
အကြောင်းအမျိုးမျိုးကြောင့် တစ်နေ့ မဟုတ်တစ်နေ့
မိမိတို့အသုံးပြုနေသော ကွန်ပျူတာဟာ ပြဿနာဖြစ်လာနိုင်မှာပါ။ Virus
ကြောင့် စက်တွေ လေးလံလာမယ်။ ဖိုင်တွေဖွင့်လိုက်ရင် ဖွင့်လိုက်
တဲ့ဖိုင်တွေ ပွင့်မလာဘဲ တစ်ခြားဖိုင်တွေ ဖွင့်လာမယ်။
အဲလို ပြဿနာမျိုးစုံ ကြုံတွေ့ လာရမှာတော့ သေချာပါတယ်။
နောက် အသုံးပြုသူတွေရဲ့ မှားယွင်းမှုကြောင့် Windows ပိုင်းတွေ
ပျက်စီးလာ မယ်။ အဲလို လုံးဝဖြေရှင်းမရတဲ့ ပြဿနာတွေဖြစ်လာပြီ
ဆိုရင်Windows အသစ်တင်လိုက်ပြီး ဖြေရှင်းရတာများပါ တယ်။
ကိုယ်က Windows တင်တတ်သွားပြီဆိုရင် ဆိုင်ကိုသွားစရာမလို
တော့ဘူးပေါ့။ ကိုယ့်ဟာကိုယ် ဖြေရှင်းနိုင်ပါပြီ။
၂။ ကွန်ပျူတာတစ်လုံးဝယ်တဲ့အခါ မိမိနဲ့လိုက်ဖက်တဲ့ ကွန်ပျူတာ
အမျိုးအစားကို ဝယ်တတ်သွား မှာပါ။
ဟုတ်ပြီ ကွန်ပျူတာတစ်လုံးဝယ်လာပြီဆိုရင်မိမိအသုံးပြုမယ့်လုပ်ငန်းနဲ့
လိုက်ဖက်တဲ့ ကွန်ပျူတာမျိုးကို ရွေးချယ်တတ်ရပါမယ်။
အဲဒီလိုနားလည်စေရန် ကွန်ပျူတာ Hardware ပိုင်းဖြစ်တဲ့ CPU,
RAM, HDD စရှိတဲ့ Hardware ပစ္စည်းတွေကို ကောင်းကောင်း
နားလည်ဖို့ လိုအပ်လာပါပြီ။ အဲဒီလိုနားလည်မှ မိမိကွန်ပျူတာရဲ့
စွမ်းရည် ကို အကဲဖြတ်လို့ ရတာပေါ့။
၃။ နောက်ကွန်ပျူတာမှာ Error များစွာဖြစ်လာပြီဆိုရင် အဲလိုပြဿနာ
မျိုးကိုဖြေရှင်းတတ်ဖို့ ကွန်ပျူတာ Hardware & Software ပိုင်းကို
ကောင်းကောင်းနားလည်ဖို့ လိုအပ်လာပါပြီ။ Error တစ်ခုကို
အဖြေရှာမယ်ဆိုရင် ဒီ Error ဟာ hardware ကြောင့် ဖြစ်တာလား
သို့မဟုတ် Software ကြောင့် ဖြစ်တာလားဆိုတာ စဉ်စားတွေးခေါ်တတ်ဖို့
လိုအပ်လာပါပြီ။ ဖြေရှင်းနိုင်ရန်အတွက် ကွန်ပျူတာ A+ ပိုင်းကို
နားလည်ထားဖို့အတွက်လိုအပ်လာပါပြီ။ ထို့ကြောင့် A+ ပိုင်းကို လေ့လာကြပါစို့။
A+ ပိုင်းကို နားလည်လာပြီဆိုရင် မိမိအသုံးပြုနေသော ကွန်ပျူတာ အသုံးပြုမရတော့ဘူးဆိုရင်တောင် ပစ္စည်း လဲလှယ်ရသည့်အပိုင်းမှ လွဲ၍ မိမိကိုယ်တိုင် ပြင်ဆင်သွားနိုင်ပါမည်။ ဆိုင်သွားစရာ မလိုဘဲ မိမိကိုယ်တိုင် ဖြေရှင်းတတ်သွားမှာပါ။
🫶🫶🫶LP-EC သင်တန်းမှ ဖွင့်လှစ်သော A+ သင်တန်းမှာဆိုရင်
OS installation အပိုင်း ၊ Driver installation အပိုင်း ၊ Antivirus
& Utilities အပိုင်းများကိုလည်း လေ့လာနိုင်အောင်
သင်ကြားပေးပါမည်။ Hardware အစိတ်အပိုင်း တစ်ခုချင်းစီ၏
အလုပ်လုပ်ပုံ ၊ အားနည်းချက်အားသာချက်များအကြောင်း
ထိန်းသိမ်းနည်းများ ၊ ပျက်စီးသွားသော Hardware များကို
ပြစ်ချက်ရှာဖွေပြုပြင်နည်းများDesktop Computer တစ်ခုလုံး
စနစ်တကျ တပ်ဆင်နည်းများ ကိုပါ အစအဆုံးတပ်ဆင်နိုင်အောင် စာတွေ့၊ လက်တွေ့ ကိုယ်တိုင်သင်ကြားပေးပါမည်။
Hardware Device များအားလုံး အလုပ်လုပ်ပုံ
အသေးစိတ် ၊ Registry အကြောင်း အသေးစိတ်ရှင်းလင်းချက် ၊
User Account Control, Permission
& Data Encryption အကြောင်း ၊ System တစ်ခုကို စနစ်တကျ လက်တွေ့
တပ်ဆင် ၊ စမ်းသပ် ၊ ပြုပြင်နည်း ၊ Operating System ( Window 7, Windows 10, Windows 11) installation ပြုလုပ်ခြင်း၊
Device Drivers, Software များကို Install ထည့်သွင်းနည်း
Antivirus Installation ပြုလုပ်ခြင်း နှင့် Online/Offline Update ပြုလုပ်ခြင်း ၊
Activation, Patch, Crack, Online Register ပြုလုပ်နည်း
အသေးစိတ်ပါဝင်မှာ ဖြစ်ပါတယ်။ အဲဒါတွေအပြင် ကွန်ပျူတာတစ်လုံး
ဖွဲ့စည်းတည်ဆောက်ပုံအကြောင်း၊ Computer Hardware များ စနစ်တကျ
တပ်ဆင်နည်း၊ ကွန်ပျူတာတစ်လုံးမှာ ပါဝင်တဲ့ Monitor, System Unit
Casing, Keyboard, Mouse, UPS, Hardisk, Memory, CPU,
Motherboard, Graphic Card အကြောင်းများကို အသေးစိတ်
ရှင်းလင်း ဖော်ပြပေးခြင်း၊ System Unit (Casing) ၏ Front Panel,
Back Panel အကြောင်း Back Panel ၏ Port များ အသုံးဝင်ပုံအကြောင်း
ကို အသေးစိတ်နားလည်အောင် ဖော်ပြပေးထားပါတယ်။
Desktop Computer တစ်လုံး အစအဆုံး တပ်ဆင်ပုံ အကြောင်းကိုလည်း
နားလည်လွယ်အောင် ရှင်းပြပါမည်။ကွန်ပျူတာတစ်လုံးကို Windows Installation ပြုလုပ်ခြင်းမှစပြီး Driver Installation
ပြုလုပ်ခြင်း၊ Antivirus Software Installation ပြုလုပ်ခြင်းနှင့် Virus &
Threat များကို ကာကွယ် နည်း၊ Application Software အမျိုးမျိုးကို Patch,
Crack, Activate နှင့် Register ပြုလုပ်ခြင်း၊
Computer တွင် Windows တင်ပြီးပါက Activate ပြုလုပ်ခြင်း၊
Windows 10 Update ပြုလုပ်ခြင်း၊ Computer System & Firewall
ပိတ်ခြင်း၊ Windows 10 Recover ပြုလုပ်ခြင်း၊ Antivirus Software
Installation ပြုလုပ်ခြင်း၊ Computer တစ်လုံးတွင် လိုအပ်သော
Applications နှင့် Software Installation ပြုလုပ်ခြင်းတို့ကိုအသေးစိတ် သင်ကြားပြသပေးမည်ဖြစ်ပြီး
ပြီးပြည့်စုံသော Computer တစ်လုံးကို အသုံးပြုနိုင်သည်အထိ ဆောင်ရွက် သင်ကြားပေးမည်ဖြစ်ပါသည်။
သည်းခံ နားလည် ပေးပါရန် လေးစားစွာ တောင်းပန်အပ်ပါသည်။
သင်တန်းကို မေ လ လဆန်းပိုင်းတွင် ဖွင့်လှစ်သင်ကြားပါမည်။
👍👍👍LP-EC သင်တန်းတက်ပြီးသွာတာနှင့် ကွန်ပျူတာဒေါက်တာ လေးတွေ ဖြစ်လာပါပြီရှင် 🧑⚕️👩⚕️👨⚕️
19/03/2024
LP-EC သင်တန်းမှ ကလေးများအတွက်လည်း တက်ရောက်နိုင်သော သင်တန်းများလည်းရှိပါတယ်။
ကွန်ပျူတာသင်တန်း
လက်ရေးပန်းချီသင်တန်း
ကွန်ပျူတာပန်းချီသင်တန်း
English စကားပြောသင်တန်းများလည်း ဖွင့်လှစ်နိုင်ရန်အတွက် စီစဉ်နေပါပြီ။
⏰ အချိန်ကို ညှိနှိုင်းပေးလို့ရပါတယ်။
👉 သင်တန်းကို Page Messenger ၊
☎️ 09793832504
☎️ 09420727736
☎️ 09962380241
☎️ 09676262499 သို့မဟုတ်
အခန်း(၀၄) တိုက် (၂၄၃ ) ကံကော်အိမ်ယာ၊ မင်္ဂလာသိဒ္ဓိရပ်ကွက်၊ ဇမ္ဗူသီရိမြို့နယ်။
19/03/2024
IT နယ်ပယ်သို့ ဝင်ရောက်လိုသော လူငယ်များနှင့် IT ပညာနှင့် အသက် မွေးဝမ်းကျောင်းပြုလိုသော လူငယ်များ အတွက် Computer A+ Course သင်တန်း စတင်လက်ခံနေပါပြီ။ ဘယ် လုပ်ငန်းခွင်မှာမဆို ကွန်ပျူတာနဲ့ မကင်းနိုင်တဲ့ ခေတ်ကြီးမှာ ကွန်ပျူတာ သုံးတက်ရုံတင်မဟုတ်ပဲ ကွန်ပျူတာ ပြဿနာဖြေရှင်းတက်တဲ့သူ၊ ကွန်ပျူတာအကြောင်းကို အသေး စိတ်ကအစ သိရှိထားသူတွေဟာ အလုပ်အကိုင်အခွင့်အလမ်းတွေ အများကြီးပိုရနိုင်ပါတယ်။ လုပ်ငန်းခွင်ကို တန်းပြီး ဝင်ရောက် လို့ရသည်အထိ သင်ကြား ပေးမှာ ဖြစ်ပါတယ်။ Certificate လေးပေးဦး မှာပါ။
#ဘာတွေသင်ကြားပေးသွားမှာလဲ❓
- About the Computer System
- Hardware Error ရှာဖွေ၊ ဖြေရှင်းခြင်း
- Software Error အမျိုးမျိုး ရှာဖွေ၊ ဖြေရှင်းခြင်း
- Hardware တပ်ဆင်၊ စစ်ဆေးခြင်း
- BIOS Priority
- Window Installation
- Window Activate/ Microsoft Activate
- Driver & Software Installation
- Antivirus & Utilities
စတဲ့အခြေခံ သိရှိထားသင့်တဲ့ Computer Knowledge တွေကနေ စတင်လို့ ကွန်ပျူတာပြုပြင်ထိန်းသိမ်းခြင်း၊ ကွန်ပျူတာတစ်လုံးကို နည်းစနစ်မှန်ကန်စွာ တပ်ဆင်ခြင်း မှစတင်လို Basic Networking Level, Motherboard ပြုပြင်ခြင်း Level သို့ ဆက်လက်လျောက်လှမ်းနိုင်စေရန်အတွက် စနစ်တကျ လေ့ကျင့် သင်ကြားပေးမှာ ဖြစ်ပါတယ်။
စာတွေ့တင်မဟုတ်ပဲ လက်တွေ့ တပ်ဆင်ပြသပြီး သင်ကြားပေးမှာဖြစ်တာမို ပစ္စည်းတွေနဲ့ ကိုယ်နဲ့လည်း လုပ်ငန်းခွင်မဝင်ခင်တည်းက ရင်းနှီးနေစေမှာပါ။
သင်တန်းကို ၂၀၂၄ ခုနှစ် မေလ တွင် စတင်ဖွင့်လှစ်သွားပါမည်။
⏰ အချိန်ကို ညှိနှိုင်းပေးလို့ရပါတယ်။
👉 သင်တန်းကို Page Messenger ၊
☎️ 09793832504
☎️ 09420727736
☎️ 09962380241
☎️ 09676262499 သို့မဟုတ်
အခန်း(၀၄) တိုက် (၂၄၃ ) ကံကော်အိမ်ယာ၊ မင်္ဂလာသိဒ္ဓိရပ်ကွက်၊ ဇမ္ဗူသီရိမြို့နယ်။
13/03/2024
တက္ကသိုလ်ဝင်တန်း တွေလည်းဖြေပြီးတော့မယ် ကလေးတွေလည်း ကွန်ပျူတာသင်တန်းတွေ တက်သင့်ရမဲ့အချိန်ရောက်ပြီ အားလပ်ချိန်တွေမှာ LP-EC သင်တန်းကျောင်းမှ ဖွင့်လှစ်တဲ့ ကွန်ပျုတာ အသုံးချ သင်တန်းတွေကို တက်ခွင့်ရပါပြီနော်
ဒီသင်တန်းတက်ပြီးရင် ဘာရမလည်း
ဒီသင်တန်းတက်ပြီးတာနဲ့ နိုင်ငံတကာ အသိအမှတ်ပြု Certificate လက်မှတ်ရပါမယ်
ဒီလက်မှတ်ရတာနဲ့ မြန်မာနိုင်ငံမှာပဲ အသုံးချလို့ရမှာမဟုတ်ပါဘူးနော် ဒီလက်မှတ်မြင်တာနဲ့ နိုင်ငံခြားတက္ကသိုလ်နဲ့ချိတ်ဆက်ထားတဲ့အသိအမှတ်ပြုလက်မှတ်လေးဖြစ်စေနေရမယ်
သင်တန်းကြေးက များနေမှာလား
နိုးပါ သင်တန်းဆင်း Certificate လက်မှတ်ရတာနဲ့တင် တန်ပါတယ်
ဘာတွေသင်မှာလည်း?
သင်တန်းCourse လေးတွေကို ထပ်တင်ပေးပါမယ်ရှင့်