Goodwins Myanmar

Goodwins Myanmar

Share

Trusted Education Partner to make your academic journey successful

Certified UK Agent & Education Counsellor, proudly representing the Swiss Education Group and top universities across the UK, Switzerland,Canada,New Zealand,Singapore, Thailand,&Malaysia.

12/04/2026

🇲🇾 မလေးရှားနိုင်ငံမှာ နိုင်ငံတကာအဆင့်မီ ပညာရေးကို INTI University နဲ့အတူ စတင်လိုက်ပါ! 🎓

Malaysia နိုင်ငံမှာ နိုင်ငံတကာအဆင့်မှီပညာရေးကို ဆက်လက်တက်ရောက်ချင်တဲ့ ကျောင်းသား/သူတွေအတွက် Malaysia နိုင်ငံရဲ့ နှစ်ပေါင်း 40 သက်တမ်းရှိ နာမည်ကြီး ထိပ်တန်း International University တစ်ခုဖြစ်တဲ့ INTI University အကြောင်းနဲ့မိတ်ဆက်ပေးပါရစေရှင်။

​🏆 World-Class Rankings (2026 QS Rankings)

• QS World University Rankings: ကမ္ဘာ့အဆင့် 509
​• QS Asia University Rankings: အာရှအဆင့် 122 မှာ ရပ်တည်နေပါတယ်
​• Employability: ကျောင်းဆင်းပြီး (၆) လအတွင်း အလုပ်ရရှိမှုနှုန်း 99% အထိ ရှိတာကြောင့် အနာဂတ်အတွက် စိတ်အေးရဆုံးကျောင်းတစ်ခု ဖြစ်ပါတယ်။

​🏢 Campus & Environment

INTI မှာ ဧက (၈၀) ကျော် ကျယ်ဝန်းတဲ့ Nilai Main Campus အပြင် Subang နဲ့ Penang မြို့ကြီးတွေမှာလည်း Campus ခွဲတွေရှိပါတယ်။ ကျောင်းသားပေါင်း (၁၆,၀၀၀) ကျော်နဲ့ နိုင်ငံတကာမှ ကျောင်းသားပေါင်းစုံရှိတာကြောင့် Culture မျိုးစုံကို လေ့လာနိုင်မယ့်အပြင် Olympic-sized ရေကူးကန်၊ အားကစားကွင်းနဲ့ ခေတ်မီ Lab ခန်းတွေပါ ပြည့်စုံစွာ ရှိပါတယ်။

​📚 Foundation Programs

IGCSE O Level ပြီးမြှောက်ထားတဲ့ကျောင်းသား/သူများအတွက်

• ​Foundation in Business
• Foundation in IT
• ​Foundation in Arts
• Foundation in Design
• ​Foundation in Science
အစရှိတဲ့ Major အလိုက် Foundation အတန်းတွေကို စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။ Foundation ပြီးတာနဲ့ ကိုယ်နှစ်သက်ရာ Degree ကို စိတ်ကြိုက်ဆက်တက်ရုံပဲဖြစ်ပါတယ်။

​📅 Upcoming Intake

အနီးဆုံး Intake ကတော့ August 2026 မှာ ရှိပါတယ်။ ကျောင်းလျှောက်ဖို့ အချိန်မီအောင် အခုကတည်းက ကြိုတင်ပြင်ဆင်လိုက်တော့နော်!

​✨ INTI မှာ တက်ရောက်ခြင်းဖြင့် နိုင်ငံတကာမှ ကျောင်းသားပေါင်းစုံနဲ့ ထိတွေ့ခွင့်ရမယ့်အပြင် အရည်အသွေးမြင့် ပညာရေးကို ရရှိမှာ အသေအချာပါပဲ။

​ ​

10/04/2026

💦 ပျော်ရွှင်စရာ အတာသင်္ကြန်နှင့် နှစ်သစ်ကူးလေးဖြစ်ပါစေ 💦

​မြန်မာ့ရိုးရာ အတာသင်္ကြန်ကာလမှာ မိသားစု၊ သူငယ်ချင်းတွေနဲ့အတူ ပျော်ရွှင်အေးချမ်းစွာ ဖြတ်သန်းနိုင်ကြပါစေ။💛

ကျရောက်လာတော့မယ့် နှစ်သစ်ကူးအခါသမယမှာ Goodwins Education မိသားစုနဲ့အတူ ကျောင်းသား၊ ကျောင်းသူများ၊ မိဘအုပ်ထိန်းသူများနှင့်တကွ မိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။🙏🏻🍀

​နှစ်ဟောင်းက အညစ်အကြေးတွေအားလုံး သင်္ကြန်ရေနဲ့အတူ မျှောပါသွားပြီး နှစ်သစ်မှာ စိတ်သစ်၊ လူသစ်နဲ့ မိမိတို့ ရည်မှန်းထားတဲ့ ပညာရေးအိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ကြပြီး ပညာရေးခရီးလမ်းမှာ အောင်မြင်မှုအသစ်တွေ ပိုင်ဆိုင်နိုင်ပါစေလို့ Goodwins Education မှ ဆုတောင်းပေးလိုက်ပါတယ်။ အားလုံးပဲ ဘေးကင်းပျော်ရွှင်တဲ့ သင်္ကြန်ကာလလေး ဖြစ်ပါစေနော်။ 🎉 💦✨

​ ​ ​ #သင်္ကြန် #နှစ်သစ်ကူး

10/04/2026

💮Goodwins Education Office ၏ရုံးပိတ်ရက် ကြေညာခြင်း💮

​မြန်မာ့ရိုးရာ အတာသင်္ကြန်နှင့် နှစ်သစ်ကူးအခါသမယအတွင်း Goodwins Education ရုံးခန်းကို အောက်ပါအတိုင်း ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
​🗓 ရုံးပိတ်ရက်ကာလ: ဧပြီလ (၁၁) ရက်နေ့ မှ ဧပြီလ (၁၉) ရက်နေ့အထိ
🗓 ရုံးပြန်ဖွင့်မည့်ရက်: ဧပြီလ (၂၀) ရက်နေ့ (တနင်္လာနေ့)

​ဝန်ဆောင်မှုများအတွက် အသိပေးချက် 📢

ရုံးပိတ်ရက်ကာလအတွင်း ကျောင်းလျှောက်ထားခြင်း (School Application) နှင့် ဗီဇာလျှောက်ထားခြင်း (Visa Processing) ဆိုင်ရာ လုပ်ငန်းစဉ်များကို ခေတ္တနားဆိုင်းထားမည်ဖြစ်ပြီး၊ ဧပြီလ (၂၀) ရက်နေ့ ရုံးပြန်ဖွင့်ချိန်မှစတင်ကာ ပုံမှန်အတိုင်း အကောင်းဆုံး ပြန်လည်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။

​အရေးကြီးကိစ္စများအတွက် ဆက်သွယ်ရန် 📞
ရုံးပိတ်ရက်အတွင်း အရေးကြီးကိစ္စရပ်များရှိပါက သက်ဆိုင်ရာ Viber Group များမှတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

​ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများအားလုံး ဘေးကင်းစိတ်ချမ်းမြေ့စရာ အတာသင်္ကြန်ကာလလေး ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

​

07/04/2026

🎉 Singapore မှာ ပညာသင်ယူဖို့ 40% Scholarship အခွင့်အရေးကြီး လာပါပြီ! ✨

စင်ကာပူနိုင်ငံရဲ့ ထိပ်တန်းကျောင်းတစ်ခုဖြစ်တဲ့ PSB Academy ကနေ မြန်မာကျောင်းသား/သူတွေအတွက် 40% Tuition Fee Waiver (သင်တန်းကြေး လျှော့ပေါ့ခွင့်) ရရှိမယ့် "International Student Diploma Merit Scholarship" ကို ကြေညာလိုက်ပါပြီ။ 🎓

💡 လျှောက်ထားနိုင်မည့် ဘာသာရပ်များ:

🔹Business
🔹IT & Cyber Security
🔹Engineering Media
🔹Communications
🔹Sports Science နှင့် အခြားဘာသာရပ်များစွာ...

✅ ဘယ်သူတွေ လျှောက်ထားနိုင်လဲ❓

• ဆယ်တန်း (Matriculation) ပျမ်းမျှရမှတ် ၆၅% နှင့်အထက် ရှိသူများ (သို့မဟုတ်)
• GED စုစုပေါင်းရမှတ် ၆၄၀ နှင့်အထက် ရှိသူများ

📅 Intake

July 2026 Intake မှစတင်၍ လျှောက်ထားနိုင်ပါပြီ။

📢 Special Online Webinar

ဒီ Scholarship နဲ့ ပတ်သက်ပြီး အသေးစိတ် သိရှိလိုသမျှအား PSB Academy မှ တာဝန်ရှိသူ Country Manager တစ်ဦးဖြစ်တဲ့ Ma Win Yadanar Soe နဲ့တိုက်ရိုက်မေးမြန်းနိုင်မယ့် Online Webinar တစ်ခုကို ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

🗓️ Date: 8 May 2026 (Friday)
🕑 Time: 2:00 to 4:00 PM
📍 Event: Zoom Platform

အိမ်မက်တွေကို အကောင်အထည်ဖော်ဖို့ ဒီအခွင့်အရေးကို အမိအရ ဆုပ်ကိုင်လိုက်ပါ! ကန့်သတ်ချက်လေးတွေ ရှိတာမို့ အမြန်ဆုံး လျှောက်ထားဖို့ တိုက်တွန်းပါရစေ။ အသေးစိတ်သိရှိလိုပါက Chat Box မှတဆင့် Appointment ရယူနိုင်သလို ဖုန်းဖြင့်လည်း ဆက်သွယ်၍ Appointment များရယူနိုင်ပါတယ်။ 💗

𝐆𝐨𝐨𝐝𝐰𝐢𝐧𝐬 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 နဲ့
🤳🏻အခမဲ့ ဆွေးနွေးတိုင်ပင်ရန်: 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 𝐨𝐫 𝐕𝐢𝐛𝐞𝐫 𝐧𝐮𝐦𝐛𝐞𝐫 သို့ လာရောက်ဆက်သွယ်လိုက်ပါ

📱ဖုန်းဖြင့် ဆက်သွယ်ရန်: 𝟎𝟗 𝟖𝟖 𝟐𝟐𝟖𝟖 𝟎𝟐𝟔, 𝟖𝟖 𝟐𝟐𝟐𝟐 𝟎𝟐𝟔, 964507479

🏢လူကိုယ်တိုင်လာရောက်စုံစမ်းရန်: 𝐓𝐚𝐰 𝐖𝐢𝐧 𝐂𝐞𝐧𝐭𝐞𝐫, 𝐋𝐞𝐯𝐞𝐥 𝟐, 𝐏𝐲𝐚𝐲 𝐑𝐨𝐚𝐝, 𝐃𝐚𝐠𝐨𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.

06/04/2026

ဆွစ်ဇာလန်ရဲ့ နာမည်ကြီး နန်းတော်တည်နေရာဖြစ်ခဲ့တဲ့ Caux Palace ကြီးထဲမှာ ကျောင်းတက်ရတာ ဘယ်လိုနေမလဲဆိုတာ သိချင်နေကြပြီမလား? 🏰

ဒီနေ့မှာတော့ ကမ္ဘာ့အဆင့် (၃) ရှိတဲ့ S.H.M.S ကျောင်းအကြောင်းကို ပြောပြပေးသွားပါမယ်။

Hospitality ကျောင်းဂုဏ်ဆောင် ထဲမှာ အပါအ၀င် ဖြစ်တဲ့အတွက် မနက်ပိုင်းကျောင်းသွားဖို့ပြင်ထဲက formal Suit အပြည့်အစုံ ဝတ်ရတာကနေ စတာပါ။ ကျောင်းသားတိုင်းက Professional ပီပီသသနဲ့ တကယ့် Hotel Industrial ရဲ့ Facilities မြည့်ပြည့်စုံစုံနဲ့ကို စာသင်ကြားရမှာဖြစ်တဲ့ အတွက် လုပ်ငန်းခွင် နေရာကို နဲ့ စာသင်ကြားခြင်း ၂ မျိုးစလုံးကို နေရသလိုမျိုး နေထိုင်ကြရမှာဖြစ်ပါတယ်။ 💼

ဒီကျောင်းမှာ ဘာတွေသင်လဲ?
SHMS ကျောင်းမှာက စာတွေ့သင်ကြားရမှာလဲ တကယ့် လုပ်ငန်းခွင်ထဲက အကြောင်းအရာတွေကို သေသေချာချာ သင်ကြားပေးခြင်းအပြင်ကို လုပ်ငန်းခွင်နဲ့သက်ဆိုင်တဲ့ ဖော်ပြပါ လုပ်ငန်းခွင်အတွင်း၀င်ရောက်လုပ်ကိုင်ဖို့အတွက်Basic Level ကနေ Leaderships Skills အထိကို သင်ကြားပေးနေတဲ့ ကျောင်းတစ်ကျောင်းဖြစ်ပါတယ်။
📍 Events Management: ပွဲကြီးလမ်းကြီးတွေကို ကိုယ်တိုင် Concept ဆွဲ၊ ကိုယ်တိုင် အကုန်အစအဆုံး စီစဉ်ရတာမျိုး
📍 Design Management: ဟိုတယ်တစ်ခုရဲ့ အပြင်အဆင်နဲ့ Interior Design တွေကို ခေတ်မီအောင် ဘယ်လိုဖန်တီးမလဲဆိုတာမျိုး
📍 Apple Distinguished School: စာသင်တဲ့အခါမှာလည်း iPad တွေ၊ နည်းပညာတွေနဲ့ပဲ အကုန်လုပ်တာဆိုတော့ အရမ်း Modern ဖြစ်ပါတယ်။

Campus ကတော့ နှစ်ခုရှိတယ်။ Caux Campus ကတော့ အရင်နန်းတော်တည်ရှိခဲ့တဲ့ နေရာကြီးပေါ့။ Leysin Campus ကတော့ တောင်ပေါ်မြို့လေးမှာဆိုတော့ ဆောင်းတွင်းဆိုရင် ကျောင်းဆင်းတာနဲ့ Ski ထွက်စီးလို့ရတဲ့အထိ အမိုက်စားပါပဲ! ⛷️❄️

​💰 Special Scholarship Opportunities
အခုဆိုရင် ၂၀၂၆ ခုနှစ်ရဲ့ Intake အသစ်တွေအတွက် ပညာတော်သင်ဆု (Scholarships) တွေ ပေးအပ်ဖို့ ရှိနေပါတယ်။ မိမိရဲ့ ပညာအရည်အချင်းပေါ် မူတည်ပြီး Scholarship % အလိုက် လျှော့ပေါ့ခွင့်များ ရရှိနိုင်မှာဖြစ်လို့ အခုပဲ စုံစမ်းကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ 🎓✨

တကယ်လို့ ကျောင်းသားကိုယ်တိုင်က ဟိုတယ်လောကမှာ ထိပ်တန်းက ခေါင်းဆောင်တစ်ယောက် ဖြစ်ချင်တယ်၊ အတွေ့အကြုံသစ်တွေကိုလည်း ကြိုက်တယ်ဆိုရင်တော့ SHMS ကျောင်းကတော့ ရွေးချယ်တက်ရောက်ဖို့ အသင့်တော်ဆုံး ကျောင်းတစ်ခုဖြစ်တဲ့အတွက် ကျောင်းပြီးဘွဲ့ရထားတဲ့ ကျောင်းသားကျောင်းသူတွေရဲ့ feedback အရလဲ ထောက်ခံမှုအပြည့်အ၀ ရရှိထားတဲ့ကျောင်းတစ်ခုလဲဖြစ်ပါတယ်။

မိမိ ရဲ့ Professional Life ကို Goodwins နဲ့အတူ S.H.M.S မှာ အတူတူ စတင်လိုက်ရအောင်! ✨👑

𝐆𝐨𝐨𝐝𝐰𝐢𝐧𝐬 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 နဲ့
🤳🏻အခမဲ့ ဆွေးနွေးတိုင်ပင်ရန်: 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 𝐨𝐫 𝐕𝐢𝐛𝐞𝐫 𝐧𝐮𝐦𝐛𝐞𝐫 သို့ လာရောက်ဆက်သွယ်လိုက်ပါ

📱ဖုန်းဖြင့် ဆက်သွယ်ရန်: 𝟎𝟗 𝟖𝟖 𝟐𝟐𝟖𝟖 𝟎𝟐𝟔, 𝟖𝟖 𝟐𝟐𝟐𝟐 𝟎𝟐𝟔, 964507479

🏢လူကိုယ်တိုင်လာရောက်စုံစမ်းရန်: 𝐓𝐚𝐰 𝐖𝐢𝐧 𝐂𝐞𝐧𝐭𝐞𝐫, 𝐋𝐞𝐯𝐞𝐥 𝟐, 𝐏𝐲𝐚𝐲 𝐑𝐨𝐚𝐝, 𝐃𝐚𝐠𝐨𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.

"

01/04/2026

Engineering Student Life in APU: From Arrival to Academic Journey! 🎓🔧

Technological University တစ်ခုဖြစ်တဲ့ Asia Pacific University (APU) မှာ Engineering တက်ရောက်နေတဲ့ ကျောင်းသားတစ်ယောက်ရဲ့ Student Life က ဘယ်လိုရှိမလဲ?

နိုင်ငံရပ်ခြားမှာ ကျောင်းစတက်ရတဲ့ Arrival Experience တွေ၊ Engineering ကျောင်းသားတစ်ယောက်ရဲ့ ဖြတ်သန်းမှုတွေနဲ့ ကျောင်းဝန်းကျင်က အမှတ်တရတွေကို ဒီ Interview လေးမှာ စုံစုံလင်လင် မေးမြန်းတင်ဆက်ပေးထားပါတယ်။

အနာဂတ်မှာ APU မှာ Engineering တက်ဖို့ စိတ်ကူးရှိတဲ့သူတွေအတွက်ရော၊ မလေးရှားမှာ ကျောင်းတက်ဖို့ ပြင်ဆင်နေသူတွေအတွက်ပါ အသုံးဝင်မယ့် အချက်အလက်လေးတွေ ပါဝင်တာမို့ အဆုံးထိ ကြည့်ရှုပေးကြပါဦးနော်။ ✨

အခု Video ကိုကြည့်ရင်း ဒီကျောင်းသားလေးလိုမျိုး APU မှာကျောင်းတက်ချင်လို့ပဲဖြစ်ဖြစ် Malaysia မှာ ကျောင်းတက်ချင်လို့ပဲဖြစ်ဖြစ် စိတ်ကူးမိတယ်ဆိုရင် အခုပဲ Goodwins Education ကိုဆက်သွယ်လိုက်တော့နော်

𝐆𝐨𝐨𝐝𝐰𝐢𝐧𝐬 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 နဲ့
🤳🏻အခမဲ့ ဆွေးနွေးတိုင်ပင်ရန်: 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 𝐨𝐫 𝐕𝐢𝐛𝐞𝐫 𝐧𝐮𝐦𝐛𝐞𝐫 သို့ လာရောက်ဆက်သွယ်လိုက်ပါ

📱ဖုန်းဖြင့် ဆက်သွယ်ရန်: 𝟎𝟗 𝟖𝟖 𝟐𝟐𝟖𝟖 𝟎𝟐𝟔, 𝟖𝟖 𝟐𝟐𝟐𝟐 𝟎𝟐𝟔, 964407479.

🏢လူကိုယ်တိုင်လာရောက်စုံစမ်းရန်: 𝐓𝐚𝐰 𝐖𝐢𝐧 𝐂𝐞𝐧𝐭𝐞𝐫, 𝐋𝐞𝐯𝐞𝐥 𝟐, 𝐏𝐲𝐚𝐲 𝐑𝐨𝐚𝐝, 𝐃𝐚𝐠𝐨𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.

30/03/2026

နိုင်ငံခြားမှာ ပညာသင်ဖို့ ပြင်ဆင်နေပေမယ့် ဗီဇာကိစ္စတွေအတွက် စိတ်ပူနေပါသလား? 🧐

​Goodwins Education ရဲ့ One to One Consulting ပွဲမှာ ဗီဇာနဲ့ ပတ်သက်တဲ့ သိလိုသမျှကို အသေးစိတ် ဆွေးနွေးနိုင်ပါပြီ။

​✅ ဘာတွေ ဆွေးနွေးနိုင်မလဲ?
၁။ Visa Process (ဗီဇာလျှောက်ထားမှု အဆင့်ဆင့်)
၂။ Visa Chances (ဗီဇာရရှိနိုင်မည့် အခွင့်အလမ်း)
၃။ Visa Requirements (လိုအပ်သော စာရွက်စာတမ်းများ)

​📅 နေ့ရက်: 3 April 2026
🕘 အချိန်: 9 AM to 5 PM
📍 နေရာ: Taw Win Center, Level 2, Pyay Road, Dagon Township, Yangon.

Register link 🔗 - https://forms.gle/Tg9jGFc1h7WehZ6K9

​📞 အသေးစိတ်သိရှိလိုပါက 09 964507479 ကို အခုပဲ ဖုန်းဆက်ပြီး Register လုပ်လိုက်ပါ!

#ရန်ကုန် #မန္တလေး

28/03/2026

.🎓 EAIM (Singapore) မှာ ပညာသင်ဆုနဲ့ ကျောင်းတက်နိုင်မယ့် အခွင့်အရေးကောင်း 🎓

​ကျောင်းလခ (Tuition Fees) 50% နဲ့ 100% အထိ ပညာသင်ဆု (Scholarships) တွေကို မြန်မာကျောင်းသား/သူ (၃) ဦးအတွက် ကမ်းလှမ်းပေးမယ့် သတင်းကောင်းလေးပါ! 🌟

​✅ ဘယ်သူတွေ လျှောက်ထားနိုင်သလဲ?
• ​IGCSE (O Level) မှာ 4 Subjects နဲ့အထက် Ranking ကောင်းထားသူများ
• ​GED မှာ ရမှတ်ပေါင်း 640 ဝန်းကျင် ရှိသူများ
• ​Grade 12 အောင်မြင်ထားသူများ
•
​✅ ဘာလို့ EAIM ကို ရွေးချယ်သင့်တာလဲ?
• ​East Asia Institute of Management (EAIM) ဟာ စင်ကာပူနိုင်ငံမှာ သက်တမ်း (၄၀) ကျော် အတွေ့အကြုံရှိတဲ့ ကျောင်းကြီးဖြစ်ခြင်း။
• ​UK အခြေစိုက် Aston University နဲ့ University of Wolverhampton တို့ကနေ တိုက်ရိုက်ပေးအပ်မယ့် Offer Letter တွေ ရရှိမှာဖြစ်ခြင်း။
• ​လုံခြုံစိတ်ချရပြီး နိုင်ငံတကာ ကျောင်းသား/သူတွေနဲ့အတူ အတွေ့အကြုံကောင်းတွေ ရရှိနိုင်မယ့် ပတ်ဝန်းကျင်ဖြစ်ခြင်း။

EAIM မှာ တက်ရောက်နိုင်တဲ့ ဘာသာရပ်တွေက တကယ့်ကို စုံလင်လှပါတယ်။
• ​Business Management & Marketing: စီးပွားရေးလောကထဲ ဝင်ရောက်မယ့်သူတွေအတွက် အခြေခံကစလို့ အဆင့်မြင့်အထိ သင်ကြားနိုင်ပါတယ်။
• ​Hospitality & Tourism Management: ဒါကတော့ EAIM ရဲ့ အားအကောင်းဆုံးအပိုင်းပါ။ ကျောင်းတွင်းမှာတင် Mock-up Hotel Front Office, Bar & Restaurant တွေရှိလို့ လက်တွေ့လေ့ကျင့်ခွင့် ရပါတယ်။
• ​Accounting, Logistics & Supply Chain: ခေတ်သစ်စီးပွားရေးမှာ မရှိမဖြစ်လိုအပ်တဲ့ နည်းပညာနဲ့ စီမံခန့်ခွဲမှုကို ပေါင်းစပ်သင်ကြားပေးပါတယ်။

🏢ခေတ်မီတဲ့ ကျောင်းဝန်းနဲ့ ဝန်ဆောင်မှုများ

​EAIM ရဲ့ ကျောင်းဝန်းဟာ စင်ကာပူရဲ့ အချက်အခြာကျတဲ့ Balestier နားမှာ တည်ရှိပြီး သွားလာရ လွယ်ကူပါတယ်။ စာသင်ခန်းတွေမှာ ခေတ်မီနည်းပညာတွေ တပ်ဆင်ထားသလို၊ ကျောင်းသားတွေ နားနားနေနေ စာဖတ်နိုင်တဲ့ Library နဲ့ ဆွေးနွေးနိုင်တဲ့ နေရာတွေလည်း အပြည့်အစုံရှိပါတယ်။ အဓိကအချက်ကတော့ မြန်မာကျောင်းသားတွေအတွက် အဖိုးတန်တဲ့ Counseling Services တွေနဲ့ အလုပ်အကိုင်လမ်းညွှန်မှုတွေ (Career Guidance) ကိုလည်း စနစ်တကျ လုပ်ဆောင်ပေးထားတာပါ။

ဒီလို ကောင်းမွန်ပြည့်စုံပြီး အတွေ့အကြုံ့တွေ များစွာရှိနေတဲ့ EAIM ကျောင်းမှာ Scholarship နဲ့အတူ တက်ရောက်နိုင်ဖို့ အခုပဲ
​⏳ May 2026 Intake အတွက် အမြန်ဆုံး လျှောက်ထားနိုင်ပါပြီ!

​ကျောင်းလျှောက်ထားမှု၊ ပညာသင်ဆု လျှောက်ထားမှုနဲ့ ဗီဇာလုပ်ငန်းစဉ်တွေအတွက် စိတ်မပူပါနဲ့။ ကျောင်းရဲ့ Country Representative ဖြစ်တဲ့ Ma Poe Ei နဲ့ One-to-One Consulting ပြုလုပ်ပြီး အသေးစိတ် ဆွေးနွေးနိုင်ပါတယ်။

​🗓️ ရုံးချိန်: တနင်္လာ မှ သောကြာ (9:00 AM - 5:00

​ကျောင်းသား/သူတို့ရဲ့ အနာဂတ်အတွက် အကောင်းဆုံး ပြင်ဆင်နိုင်ဖို့ Goodwins Education က အမြဲရှိနေမှာပါ! 💼✨

#ရန်ကုန် #မန္တလေး #မန္တလေးတိုင်း

28/03/2026

🤖 AI ခေတ်မှာ ဘယ်လို Major မျိုးကို ရွေးချယ်သင့်လဲ?

​"အခုလို AI နည်းပညာတွေ ထွန်းကားလာတဲ့အချိန်မှာ ငါတို့ရွေးချယ်တဲ့ ဘာသာရပ်က အနာဂတ်မှာ အလုပ်အကိုင် အခွင့်အလမ်း ရှိပါ့မလား?" ဆိုပြီး နေ့စဉ်နဲ့အမျှ စိုးရိမ်တကြီး မေးမြန်းနေကြတဲ့ ကျောင်းသား၊ ကျောင်းသူများအတွက် မိမိဝါသနာနဲ့ အလုပ်အကိုင် အခွင့်အလမ်းကို ဘယ်လို ဟန်ချက်ညီအောင် ညှိယူရမလဲဆိုတာ ဒီ Video လေးမှာ အဖြေရှာကြည့်လိုက်ပါ။ ✨

AI အစားထိုးလို့ မရနိုင်တဲ့ ကျွမ်းကျင်မှုတွေ၊ ခေတ်ရေစီးကြောင်းအရ လိုအပ်ချက် မြင့်မားလာမယ့် Major တွေအကြောင်းကို အသေးစိတ် ဆွေးနွေးပေးသွားမှာ ဖြစ်လို့ အဆုံးထိ နားထောင်ကြည့်ဖို့ တိုက်တွန်းပါရစေရှင်။

​🌟 Goodwins Myanmar နဲ့ လက်တွဲရခြင်းရဲ့ အားသာချက်

Official Representative ဖြစ်တဲ့အတွက် ကျောင်းသား/သူတို့ရဲ့ VISA လျှောက်ထားမှု အဆင့်ဆင့်ကို အတွေ့အကြုံရှိ ကျွမ်းကျင်သူများက အချိန်ပေးပြီး အသေးစိတ် ကူညီဆောင်ရွက်ပေးနေပါတယ်ရှင်။



23/03/2026

🎓 Double Excellence Day: University of Southampton & INTI University Malaysia at Goodwins!✨

​မတ်လ (27) ရက်နေ့မှာ University of Southampton Malaysia သာမက မလေးရှားရဲ့ နာမည်ကြီး INTI International University & Colleges မှ တာဝန်ရှိသူများပါ Goodwins Education Office သို့ လာရောက်မှာဖြစ်ပါတယ်။ ထိပ်တန်းတက္ကသိုလ်ကြီး (၂) ခုကို တစ်ပြိုင်နက်တည်း လေ့လာဆွေးနွေးနိုင်မယ့် အခွင့်အရေးပါ။

​⭐ INTI International University & Colleges အကြောင်းနှင့် အားသာချက်များ

​INTI ဟာ မလေးရှားနိုင်ငံရဲ့ ပုဂ္ဂလိကပညာရေးကဏ္ဍမှာ နှစ်ပေါင်း (၃၀) ကျော် အတွေ့အကြုံရှိပြီး QS Star Rating (၅) ထပ်ကွမ်းရရှိထားတဲ့ ဝါရင့်တက္ကသိုလ်ကြီးဖြစ်ပါတယ်။

​🔸Global Pathways (UK, US, Australia)

INTI ရဲ့ အကြီးမားဆုံးအားသာချက်မှာ American Degree Transfer Program (ADTP) ဖြစ်ပါတယ်။ အမေရိကန်၊ ကနေဒါနိုင်ငံရှိ ထိပ်တန်းတက္ကသိုလ်ကြီးတွေဆီကို လွယ်ကူစွာ ချိတ်ဆက်ကူးပြောင်းနိုင်ပါတယ်

​🔸World-Class Partner Universities

ယူကေမှ University of Hertfordshire၊ Coventry University နှင့် သြစတြေးလျမှ Swinburne University တို့နဲ့ ပူးပေါင်းထားတာကြောင့် မလေးရှားမှာတက်ပြီး နိုင်ငံတကာဘွဲ့များ တိုက်ရိုက်ရရှိနိုင်ပါတယ်

​🔸လုပ်ငန်းခွင်အတွေ့အကြုံရရှိစေဖို့အတွက် Microsoft, Google, Intel, IBM စတဲ့ ကုမ္ပဏီကြီး (၄၅၀) ကျော်နဲ့ ချိတ်ဆက်ပြီး Real-world projects တွေကို သင်ကြားရေးမှာ ထည့်သွင်းထားပါတယ်

​🔸Business, IT, Engineering, Health Sciences, Hospitality နဲ့ Design ဘာသာရပ်ပေါင်းစုံကို Foundation မှသည် PhD အထိ စုံလင်စွာ တက်ရောက်နိုင်ပါတယ်

​🔸အရည်အသွေးမြင့် ပညာရေးကို သင့်တင့်မျှတသော ကျောင်းလခများဖြင့် တက်ရောက်နိုင်သလို၊ မြန်မာကျောင်းသားများအတွက် သီးသန့် Partial Scholarships များလည်း ပေးအပ်လျက်ရှိပါတယ်

​🏛️ University of Southampton Malaysia

University of Southampton Malaysia ကျောင်းဟာဆို UK နိုင်ငံရဲ့ နာမည်ကြီး World Top 100 ဝင်တဲ့ University of Southampton က Malaysia မှာ လာရောက်ဖွင့်လှစ်ထားတဲ့ Campus ခွဲတစ်ခုဖြစ်ပါတယ်။ ဒါကြောင့်

​🔸World-Class Ranking
QS World University Rankings အရ Top 100 အတွင်းမှာ အမြဲရှိနေပြီး ယူကေရဲ့ ထိပ်သီး Russell Group အဖွဲ့ဝင် တက္ကသိုလ်တစ်ခုဖြစ်ပါတယ်

​🔸UK ပင်မကျောင်းကြီးအတိုင်း အရည်အသွေးတူညီတဲ့ ဘွဲ့ဒီဂရီကို ရရှိမှာဖြစ်ပြီး ကုန်ကျစရိတ်အားဖြင့်လည်း ပိုမိုသက်သာစေပါတယ်

​🔸အထူးသဖြင့် Engineering (Mechanical, Electrical, Aeronautics) ဘာသာရပ်တွေမှာ ယူကေရဲ့ နံပါတ် (၁) အဆင့်အထိ သတ်မှတ်ခံထားရတဲ့ ကျောင်းဖြစ်ပါတယ်

​🔸Transfer Opportunities: မလေးရှားမှာ စတင်တက်ရောက်ပြီး နောက်ဆုံးနှစ်တွေကို ယူကေပင်မကျောင်းကြီးမှာ ပြောင်းရွှေ့တက်ရောက်နိုင်မယ့် အခွင့်အရေးများရှိပါတယ်

​🔸Future Career: ကျောင်းဆင်းပြီးပါက ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီးတွေမှာ အလုပ်အကိုင်ရရှိနိုင်မှုနှုန်း (Employability) အလွန်မြင့်မားပါတယ်

​🤔ဘာကြောင့် လာရောက်သင့်သလဲ?

၁။ ကျောင်းတာဝန်ရှိသူများနှင့် တိုက်ရိုက် (One-on-One) အခမဲ့ ဆွေးနွေးနိုင်ခြင်း။
၂။ မိမိရမှတ်နှင့် ကိုက်ညီမယ့် Scholarship Amount ကို ချက်ချင်း သိရှိနိုင်ခြင်း။
၃။ နိုင်ငံတကာသို့ ကျောင်းပြောင်းရွှေ့တက်ရောက်နိုင်မယ့် (Transfer) လမ်းကြောင်းများကို အသေးစိတ် မေးမြန်းနိုင်ခြင်း စတဲ့ အခွင့်အရေးကောင်းတွေကိုရရှိမှာဖြစ်ပါတယ်။
​
📅 Seminar Details

​နေ့ရက်: မတ်လ (၂၇) ရက်၊ ၂၀၂၆
​အချိန်: နေ့လည် (၂:၀၀) နာရီ
​နေရာ: Taw Win Center, Level 2, Pyay Road, Dagon Township, Yangon.

​📍 စိတ်ဝင်စားလို့ တက်ရောက်ချင်သူများအနေနဲ့ အောက်က link ကနေတစ်ဆင့် Register ပြုလုပ်ထားနိုင်ပါတယ် (သို့မဟုတ်) Messenger မှာ အမည်နဲ့ ဖုန်းနံပါတ် ချန်ထားပေးခဲ့ပြီး Register ပြုလုပ်နိုင်ပါတယ်ရှင့်။

Register Link 🖇️ - https://forms.gle/YUoUc64RJgXRWJNv5

𝐆𝐨𝐨𝐝𝐰𝐢𝐧𝐬 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 နဲ့
🤳🏻အခမဲ့ ဆွေးနွေးတိုင်ပင်ရန်: 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 𝐨𝐫 𝐕𝐢𝐛𝐞𝐫 𝐧𝐮𝐦𝐛𝐞𝐫 သို့ လာရောက်ဆက်သွယ်လိုက်ပါ

📱ဖုန်းဖြင့် ဆက်သွယ်ရန်: 𝟎𝟗 𝟖𝟖 𝟐𝟐𝟖𝟖 𝟎𝟐𝟔, 𝟖𝟖 𝟐𝟐𝟐𝟐 𝟎𝟐𝟔, 964507479

🏢လူကိုယ်တိုင်လာရောက်စုံစမ်းရန်: 𝐓𝐚𝐰 𝐖𝐢𝐧 𝐂𝐞𝐧𝐭𝐞𝐫, 𝐋𝐞𝐯𝐞𝐥 𝟐, 𝐏𝐲𝐚𝐲 𝐑𝐨𝐚𝐝, 𝐃𝐚𝐠𝐨𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.

​

23/03/2026

🎓 ပညာရေးလမ်းကြောင်းသစ်တွေနဲ့ မိတ်ဆက်ပေးမယ့် Info Day & Webinar

​နိုင်ငံတကာမှာ ပညာသင်ကြားဖို့ စိတ်ကူးရှိနေတဲ့ ကျောင်းသား/သူတွေအတွက် Goodwins Education မှ ကြီးမှူးကျင်းပမယ့် အခွင့်အလမ်းကောင်း (၂) ခု လာပါပြီ။

​🎨 Raffles Info Day (Facial Event)
​Fashion Design, Interior Design, Communication Design နဲ့ Fashion Marketing စတဲ့ အနုပညာနဲ့ ဒီဇိုင်းဘာသာရပ်တွေကို စိတ်ဝင်စားသူတွေအတွက် အထူးသင့်လျော်ပါတယ်။
​ကျင်းပမည့်ရက်: ၂၅ မတ်လ ၂၀၂၆
​အချိန်: မွန်းလွဲ ၁ နာရီ မှ ညနေ ၃ နာရီအထိ
​နေရာ: Goodwins Office, Taw Win Center, Level 2, Pyay Road, Yangon.
​Spotlight: အနာဂတ်ပညာရေးလမ်းကြောင်းများ၊ ပညာသင်ဆု (Scholarship) အခွင့်အလမ်းများနှင့် သိလိုသည်များကို တိုက်ရိုက်မေးမြန်းနိုင်ခြင်း။

​💻 NIM Online Webinar
​စင်ကာပူနိုင်ငံရဲ့ နာမည်ကြီးကျောင်းတစ်ခုဖြစ်တဲ့ Nanyang Institute of Management (NIM) နဲ့ ပတ်သက်ပြီး အိမ်မှာနေရင်း လေ့လာနိုင်မယ့် Webinar လေးပါ။
​ကျင်းပမည့်ရက်: ၂၆ မတ်လ ၂၀၂၆
​အချိန်: မွန်းလွဲ ၂ နာရီ မှ ၃ နာရီခွဲအထိ
​ဆွေးနွေးမည့်အကြောင်းအရာ: Internship ပါဝင်သော Program များ၊ Bachelor & Master Degree များ၊ Scholarship အခွင့်အလမ်းများနှင့် အလုပ်အကိုင် အခွင့်အလမ်းများ။

🖇️Register Link (Raffles): https://forms.gle/2cMYXL6qoerWafiM6

🖇️Register Link (NIM): https://forms.gle/UFbon8WtST5FtDCj8

​💡 အသေးစိတ်သိရှိလိုပါက Goodwins Myanmar Education Office ဖုန်း 09 882 222 026, 09 882 288 026, 09 969507479 သို့ ဆက်သွယ်စုံစမ်းနိုင်ပါပြီ။

​

Want your school to be the top-listed School/college in Naypyidaw?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Taw Win Centre, 2nd Floor , Room-3016, Dagon Township
Naypyidaw

Opening Hours

Monday 09:30 - 17:30
Tuesday 09:30 - 17:30
Wednesday 09:30 - 17:30
Thursday 09:30 - 17:30
Friday 09:30 - 17:30