14/08/2026
#အသုံးများပြီးရေးရလွယ်ကူတဲ့Hookအမျိုးအစား (၅) မျိုး ။
💚Hook ဆိုတာ attention grabler (စာဖတ်သူရဲ့ အာရုံကို ဖမ်းယူသည့် စာကြောင်း ) ဖြစ်တယ် လို့
ကျွန်တော် ရှေ့က တင်ထားတဲ့ post တွေမှာ လည်း ရှင်းပြ ပြီးထားဖြစ်တဲ့ အတွက် ......
ဒီနေ့က တော့ အသုံးများပြီး ရေးရလွယ်ကူတဲ့ Hook အမျိုးအစား (၅) မျိုးကို ပြောပေးသွားပါမယ်။
(Note -စာမလေးလို၍ လိုတိုရှင်းသာ ရေးသားပါမည် လိုအပ်ချက်များ ရှိလျင် တောင်းပန်ပါသည်)
1️⃣. Question Hook
စာဖတ်သူ ရဲ့ attention ကို မေးခွန်းတစ်ခုကောက်မေးပြီးဆွဲ ယူ လိုက်တဲ့ Hook အမျိုးအစား။ ဆိုလိုတာက ခေါင်းစဉ် နဲ့ ပါတ်သတ်ပြီး မေးခွန်းတစ်ခု ကို စာဖတ်သူကို မေးလိုက်ခြင်းဖြစ်ပါတယ်။
ဥပမာ -
Health & Exercise ဆိုတဲ့ theme နဲ့ ပါတ်သတ် တဲ့ ခေါင်းစဉ်တခု ပေးလာတယ် ဆိုကြပါစို့
"What if the most effective medicine for your body and mind didn't cost a single cent?"
ဒါမျိုးမေးလိုက်တာမျိုး ၊
Social Media နှင့် လူငယ် ဆိုတဲ့ Theme နဲ့ ပါတ်သတ်တာမျိုး ပေးတယ်ဆိုပါစို့
"Are our phone screens slowly replacing real face-to-face friendships?"
ဆိုပြီး မေးတာမျိူးကို "Question Hook" လို့ ခေါ်ပါတယ်။
2️⃣Quote Hook
စာဖတ်သူရဲ့ Attention ကို quote တစ်ခုခု အသုံးပြုပြီး ဆွဲ ယူတဲ့ Hook အမျိုးအစား
ဥပမာ
Creativity နဲ့ ပါတ်သတ် တဲ့ ခေါင်းစဉ် လာတယ် ဆိုရင်
"As Albert Einstein famously remarked, 'Creativity is intelligence having fun.'
ဒါမျိုး quote နဲ့ essay ကို စတင်လိုက်တာမျိုး ။
သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပါတ်သတ်တဲ့ theme အမျိုးအစား လာတယ် ဆိုပါစို့
"Anthropologist Margaret Mead famously advised, 'Never doubt that a small group of thoughtful, committed
citizens can change the world.'"
ဒါမျိူး Quote သုံးပြီး Hook ကို ရေးလိုက်တာမျိူးကို The Quote Hook အမျိုးအစားလို့ ခေါ်ပါတယ်။
3️⃣ Surprising Fact Hook
အံ့အားသင့်စရာကောင်းတဲ့ fact တစ်ခုခု နဲ့ ရေးတဲ့ Hook ကို ပြောတာမျိူးဖြစ်ပါတယ်။
ဥပမာ
Ocean plastic waste နဲ့ ပါတ်သတ်တဲ့ Topic လာပြီဆိုပါစို့
"By the year 2050, the world's oceans are projected to contain more plastic by weight than fish."
ဒါမျိူး surprise ဖြစ်စေမယ့် realistic fact တစ်ခုခု သုံးပြီး attention ယူတာမျိုး ။
Sleep Deprivation နဲ့ ပါတ်သတ်တဲ့ topic ဆိုရင်
"Over 70% of high school students get significantly less than the recommended eight hours of sleep each
night."။
ဒါမျိုးရေးပြီး attention ယူတဲ့ Hook မျိူးကို Surprising Fact Hook အမျိုးအစားလို့ခေါ်ပါမယ်။
(ဒီ Hook ရေးနိုင်ဖို့ က General Knowledge ကောင်းဖို့လိုပါမယ်)
4️⃣Bold Statement Hook
မိမိ ရဲ့ ကိုယ်ပိုင်အမြင်ကို ရဲရဲ ဝံ့ဝံ့ ထုတ်ဖော်ပြောဆိုပြီး ရေးတဲ့ Hook အမျိုးအစားပါ ။
ဥပမာ
College နဲ့ပါတ်သတ်တဲ့ topic တစ်ခုခု လာတဲ့အခါ
"A college degree is no longer a guaranteed ticket to financial stability."
ဒါမျိုး မိမိ အမြင် အတွက် ခိုင်ခိုင်မာမာ ပြောဆို ပြီး ရေးတဲ့ Hook အမျိုးအစားတွေ ကို Bold Statement Hook လို့ခေါ်ပါမယ်။
နောက်ဆုံးကတော့
5️⃣Anecdote Hook
တစ်ချို့ကလည်း Scenario Hook လို့ခေါ်ကြပါတယ်။ ထင်သာ မြင်သာ ရှိတဲ့ မြန်မြန်ဆန်ဆန် reader နဲ့ connection ရစေမယ့် အဖြစ်အပျက် မျိူကို ပြောပြီး ရေးတဲ့ Hook ပါ ။ များသော အားဖြင့်တော့ Narrative essay တို့ Descriptive Essay တို့တွေမှာ အတွေ့များပါတယ်။
ဥပမာ
လွယ်လွယ် စဉ်းစားရရင်
ကိုယ်ရဲ့ မေ့မရတဲ့ ခရီးတစ်ခု အကြောင်းဆိုကြပါစို့
The moment I stepped off the plane, a wave of heat and the smell of sweet street food hit my face. I looked around at the bustling crowd and realized I was thousands of miles away from everything I knew.
ဒါမျိုးလေးရေးပြီး essay ကို စလိုက်တာမျိူဆိုရင် အဲ့ဒီ Hook ကို
Anecdote Hook လို့ခေါ်ပါမယ် ။
ပွင့်ပွင့်လင်းလင်းပြောရ ရင် ကျွန်တော် အကြိုက်အနည်းဆုံးက ဒီ hook ပါ ။ ကျွန်တော်က essay တစ်ပုဒ်ကို ဒီ Hook ပုံစံ နဲ့ စထားရင် သိပ်မကြိုက်ပါဘူး။
Okay ,so ဒီလောက်ဆိုရင် အသုံးများ အရေးလွယ်တဲ့ hook တွေကို စဉ်းစားတတ်လောက်မယ် လို့ ထင်ပါတယ်။။