STAR KIDS NPT

STAR KIDS NPT Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from STAR KIDS NPT, Nursery, Sittaung 2, Naypyidaw.

ကလေးတွေဟာ သူတို့ရဲ့အတိတ်ကို အလွယ်တကူမေ့နိုင်ပြီး ပစ္စုပ္ပန်မှာ အမြဲနေထိုင်သူတွေပါ ဒါကြောင့် ကလေးတွေဟာအမြဲပျော်ရွှင်နေကြသူတေ...
03/05/2024

ကလေးတွေဟာ
သူတို့ရဲ့အတိတ်ကို
အလွယ်တကူမေ့နိုင်ပြီး
ပစ္စုပ္ပန်မှာ အမြဲနေထိုင်သူတွေပါ
ဒါကြောင့် ကလေးတွေဟာ
အမြဲပျော်ရွှင်နေကြသူတွေဖြစ်ပါတယ်

မင်း ဘာမှမသိဘူး'၊ 'မင်းအသုံးမဝင်ဘူး' လိုမျိုး
အပျက်သဘောဆောင်တဲ့ ပြောဆိုချက်တွေဟာ
ကလေးတွေကို အကြီးအကျယ် ထိခိုက်စေပါတယ်
ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေ
သက်သာသွားပေမယ့်
စိတ်ထဲက ဖြစ်ပေါ်လာတဲ့
ဒဏ်ရာက လွယ်လွယ်နဲ့
ပျောက်မသွားပါဘူး
ဒါကြောင့် ကလေးတွေနဲ့ စကားပြောဆိုရာမှာ
မိဘတွေရဲ့ ချဉ်းကပ်ပုံနဲ့ အပြောအဆိုတွေမှာ
အမြဲတမ်း အကောင်းမြင်နေသင့်ပါတယ်

ကလေးတွေရှေ့မှာလူကြီးတွေမှ
ငါတို့အမှားတွေကို လက်မခံဘူး
မလုပ်သင့်ပါဘူး
အမှားတွေကို ရိုးသားစွာ
လက်ခံတတ်လာကြအောင်
သင်ကြားပေးရမှာပါ

ကလေးတွေအပေါ်
အမှားအယွင်းများကို အမြဲတစေ
ကြိုးစားရှာဖွေနေတာထက်
သူတို့ရဲ့အရည်အသွေးကောင်းတွေကို
သတိပြုမိပြီး သူတို့ကို
အသိအမှတ်ပြုဖို့
ကြိုးစားသင့်ပါတယ်
အာဏာသုံးပြီး
စကားပြောမယ့်အစား
ချစ်ခြင်းမေတ္တာဖြင့်
ပြောဆိုခြင်းသည်
စိတ်ချမ်းသာမှုကို
ဖြစ်စေပါတယ်

အရာရာတိုင်း ကလေးတွေကို
သေသေချာချာ ရှင်းပြပေးပါ
ကလေးတွေဟာမိဘတွေကို လေးစားပြီး
မိဘတို့၏စကားကို
နားထောင်လာမှာဖြစ်ပါတယ်
ကလေးတွေ ကြုံတွေ့နေရတဲ့
ပြဿနာတွေကို ဘယ်သူကမှ
နားမထောင်နိုင်ကြပါက
မိဘအပေါ် လေးစားယုံကြည်မှု
ဆုံးရှုံးသွားကြပါတယ်

သားသမီးများနှင့် ပေါ့ပေါ့ပါးပါး
စကားပြောဆိုရန် အချိန်ကို
အနည်းဆုံး ၁၅ မိနစ်ခန့်
နေ့စဉ် အချိန်ယူထားရန် လိုအပ်ပါတယ်
ဒါမှသာ စိတ်ဖိစီးမှုကို လျော့ပါးစေပြီး
ပျော်ရွှင်မှုကို
ဖြစ်ပေါ်စေပါလိမ့်မယ်

တီချယ်ဖြူစင်လှိုင်

Admin တင်ခွင့်ပြုပါရှင့်STAR KIDS Preschool (NAYPYITAW)မူကြိုကျောင်းမှ မူကြိုဆရာမ (၁)ဦးမူကြိုဆရာမအကူ (၂)ဦး လိုအပ်နေပါသည...
01/05/2024

Admin တင်ခွင့်ပြုပါရှင့်

STAR KIDS Preschool (NAYPYITAW)
မူကြိုကျောင်းမှ
မူကြိုဆရာမ (၁)ဦး
မူကြိုဆရာမအကူ (၂)ဦး လိုအပ်နေပါသည်

မူကြိုဆရာမ (၁) ဦးအတွက်
*အသက် (၁၈)နှစ် မှ (၂၅)နှစ် အတွင်းလျှောက်ထားနိုင်ပါသည်။
*ဆယ်တန်းအောင်(သို့) တက္ကသိုလ်တစ်ခုခုမှဘွဲ့ရရှိထားသူ။
*ကျန်းမာရေးကောင်းမွန်သူ ဖြစ်ရမည်။
*သင်ကြားရေးကိုဝါသနာပါပြီး သင်ယူလိုစိတ်ရှိရမည်။
*ကလေးငယ်များအားချစ်ခင်ကြင်နာတတ်ပြီး စိတ်ရှည်သူ ဖြစ်ရမည်။
*ကလေးကိစ္စအဝဝအား တာဝန်ယူဆောင်ရွက်နိုင်သူဖြစ်ရမည်။
*ကလေးငယ်များအပေါ် နားလည် စိတ်ရှည်သည်းခံနိုင်သူ ဖြစ်ရမည်။
*ချိုသာယဉ်ကျေးစွာ ပြောဆို၊ ဆက်ဆံနိုင်သူဖြစ်ရမည်။
*သွက်လက်ချက်ချာစွာ လုပ်ကိုင်ဆောင်ရွက်တတ်သူ၊ လုပ်နိုင်သူ ဖြစ်ရမည်။
*သင်ယူလိုစိတ်ရှိပြီး အသင်းအဖွဲ့စိတ်ဓါတ်ဖြင့် ဆောင်ရွက်နိုင်သူ ဖြစ်ရမည်။
*အတွေ့အကြုံမရှိသူများလည်းလျှောက်ထားနိုင်ပါသည်။

မူကြိုဆရာမအကူ (၂)ဦးအတွက်
အထက်ဖော်ပြပါအတိုင်းဖြစ်ပါသည်
*( ၉ )တန်းအောင်မြင်သူများလျှောက်ထားနိုင်ပါသည်

အလုပ်လုပ်ရက် - တနင်္လာ မှ သောကြာ
အလုပ်ချိန် - မနက် ၈:၀၀ မှ ညနေ ၅:၀၀ နာရီအထိ

လိုအပ်သည်များ
• CV
• လိုင်စင်ပုံ
• မှတ်ပုံတင်မိတ္တူ
• ရပ်ကွက်ထောက်ခံစာ
လျှောက်ထားလိုသူများသည် CV ဖောင်နှင့်တကွ 3.5.2024 ရက်နေ့မှစပြီးနံနက် (၉:၀၀) မှ ညနေ (၅:၀၀) အချိန်အတွင်း လူကိုယ်တိုင်လာ‌ရောက်လျှောက်ထားနိုင်ပါသည်
7.5.2024 ရက်နေ့ နံနက် ( ၉:၀၀ )တွင် အင်တာဗျူးပါမည်
မှတ်ချက် . . . ရေရှည်လုပ်နိုင်မှလာလျှောက်ပါရန်

လျှောက်ထားရမည့်လိပ်စာ
ကျောင်းလိပ်စာ - STAR KIDS PRESCHOOL အမှတ်(၃၀၄၃၆)၊ စစ်တောင်း(၂)လမ်း၊
ဇဝနဒီပရပ်ကွက်၊ ပုဗ္ဗသီရိမြို့
09 428000595 Viber

26/04/2024

ကိုယ်က နေ့စားလား လခစားလား ဆိုတာ သိထားသင့်တာပေါ့ တာဝန်ယူမှု တာဝန်ခံမှုမရှိပဲ အကျိုးအမြတ်လိုချင်တာ မရှက်ဘူးလား

ကျွန်မတို့ပါဝါရိန်းဂျာအုပ်စု
26/08/2023

ကျွန်မတို့ပါဝါရိန်းဂျာအုပ်စု

Fruits and Number
23/08/2023

Fruits and Number

Rainbow For Science Time
22/08/2023

Rainbow For Science Time

အသဲလေးတွေနဲ့ကျွန်မ
22/08/2023

အသဲလေးတွေနဲ့ကျွန်မ

Address

Sittaung 2
Naypyidaw

Website

Alerts

Be the first to know and let us send you an email when STAR KIDS NPT posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to STAR KIDS NPT:

Shortcuts

Share

Category