12/11/2021
ပျော်ရွှင်လေ့လာအင်္ဂလိပ်စာကဏ္ဌက ကြိုဆိုလိုက်ပါတယ်။
အင်္ဂလိပ်စာကို စတင်လေ့လာမယ်သူတွေအတွက် အခြေခံအကျဆုံးနဲ့ အသုံးဝင်ဆုံးဖြစ်မယ် ပျော်ရွှင်လေ့လာအင်္ဂလိပ်စာကဏ္ဌကို သတင်းစာမှာ အပတ်စဉ်ဖော်ပြပေးခဲ့တဲ့ပုံစံအတိုင်းအခု page မှာလည်းဖော်ပြ ပေးသွားမှာဖြစ်ပါတယ်။ ဒီကဏ္ဌကို ပုံမှန်လေ့လာခြင်းအားဖြင် သဒ္ဒါရေးထုံးများ၊ စကားပြောများ၊ ဝေါဟာရများ ကျွမ်းကျင်လာမှာဖြစ်ပါတယ်။ ဒါ့အပြင် အင်္ဂလိပ်စာ ဗဟုသုတများလည်း ကြွယ်ဝလာမှာဖြစ်ပြီး ကိုယ်ပိုင်ဝါကျများ တည်ဆောင်လာနိုင်တဲ့အထိ အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။ ကိုယ်ကိုယ်ကိုယ် ယုံကြည်မှုရှိလာပြီး အင်္ဂလိပ်စကားလည်း ပြောရဲလာမှာဖြစ်ပါတယ်။
အခုပထမဆုံးဖော်ပြပေးသွားမှာကတော့ အင်္ဂလိပ်စာမှာ မသိမဖြစ်သိကိုသိထားရမယ် ဝါစင်္ဂ ရှစ်မျိုးအကြောင်းနဲ့ အဲဒါတွေက ဘာတွေလဲဆိုတာဖြစ်ပါတယ်။ ဝါစင်္ဂ ရှစ်မျိုးကို တချို့ သဒ္ဒါစာအုပ်တွေမှာတော့ စကားလုံးအမျိုးအစား Word Classes တွေအဖြစ် ဖော်ပြထားပါတယ်။
Eight Parts of Speech or Word Classes
(1) Noun (နာမ်)
(2) Pronoun (နာမ်စား)
(3) Adjective (နာမဝိသေသန)
(4) Verb (ကြိယာ)
(5) Adverb (ကြိယာဝိသေသန)
(6) Conjunction (သမ္ဗန္ဓ၊ စကားဆက်)
(7) Preposition (ရှေ့ဆောင်ပုဒ်၊ ဝိဘတ်)
(😎 Interjection (အာမေဍိတ်)
1. Noun (နာမ်)
လူများ၊ တိရစ္ဆာန်များ၊ နေရာများနှင် အရာဝတ္ဌု များအားလုံး၏ နာမည်ဟူသမျှကို Noun (နာမ်) ဟုခေါ်သည်။ ဥပမာ-
boys road baby beach girls pond cow table birds tree dog cupboard car sea fan စသည်ဖြင်-
တချို့ Noun (နာမ်)များသည် အမျိုးအမည်တစ်မျိုးတည်းကိုပြောသော်လည်း အစိတ်အပိုင်းနှစ်ခုပါနေတတ်သည်။ ၎င်းတို့ကို အရေအတွက်ဘယ်လောက်ပင်ပြောင်းလဲပြောင်းလဲ အမြဲတမ်း အများပုံစံဖြင် သုံးသည်။ ဥပမာ-
a pair of trousers - some pairs of trousers
clothes - clothes
scissors - scissors
binoculars - binoculars
Noun (နာမ်) များကို အမျိုးမျိုးခွဲခြားနိုင်သည်။ ၎င်းတို့မှာ -
1. Common Noun
2. Collective Noun
3. Material Noun
4. Concrete Noun
5. Proper Noun
6. Abstract Noun
7. Compound Noun
1. Common Noun (အများဆိုင်နာမ်-အများနှင်သက်ဆိုင်မှုကို ဖော်ပြ)
Noun (နာမ်) အများစုသည် Common Noun (အများဆိုင်နာမ်) များဖြစ်ကြသည်။ သီးသန်နာမည်မရှိဘဲ အများနှင်ဆိုင်သော ယေဘုယျသဘောခေါ်လို့ရသည် နာမ်များကို အများဆိုင်နာမ်ဟု ခေါ်သည်။ ဥပမာ-
chair dog teacher car music danger receipt
Have you seen my dog?
The books are on my desk.
2. Collective Noun (အစုပြနာမ်- အစုအပေါင်းအသင်းအဖွဲ့ကိုဖော်ပြ)
တစ်ဦးတစ်ယောက်ချင်းစီဖြင်စုပေါင်းထားသော အုပ်စုတစ်စု၊ အစုအဝေးတစ်စု၊ လူတစ်စု၊ အသင်းအဖွဲ့တစ်ခုကို Collective Noun (အစုပြနာမ်) ဟုခေါ်သည်။ Collective Noun (အစုပြနာမ်) များကို အနည်းအဖြစ်လည်း မှတ်ယူနိုင်သလို အများအဖြစ်လည်း မှတ်ယူနိုင်သည်။ ဥပမာ-
class (group of students)
crew (group of sailors)
pride (group of lions)
Collective Noun for people:
a company of actors
a party of friends
a band of musicians
a team of players
a class of pupils
a crew of sailors
a choir of singers
an army of soldiers
a staff of teachers
a gang of thieves
Collective Noun for animal:
a swarm of bees
a flock of birds
a herd of cattle
a brood of chickens
a herd of elephants
a litter of kittens
a nest of mice
a troop of monkeys
a team of oxen
a nest of rabbits
a flock of sheep
a pack of wolves
Collective Noun for things:
a bunch of bananas
a library of books
a pack of cards
a suit of clothes
a packet of ci******es
a bouquet of flowers
a bunch of grapes
a group of islands
a fleet of motor-cars
a collection of stamps
a flight of steps
a bundle of sticks
a pile of stones
a set of tools
a clump of trees
His family live in different countries.
An average family consists of four people.
The new company is the result of a merger.
The board of directors will meet tomorrow.
3. Material Noun (သဘာဝဓာတ်သတ္တုနာမ်-ဒြပ်ရှိနာမ်-အရာဝတ္တု၊ သဘာဝပစ္စည်းများကိုဖော်ပြ)
Material Noun သည် သတ္တုသို့မဟုတ် အမျိုးမျိုးသော ပစ္စည်းများ သို့မဟုတ် သတ္တုနှင်ဆိုင်သော ပစ္စည်းများဖြင်ပြုလုပ်ထားသော သတ္တုသို့မဟုတ် တခြားအရာဝတ္တုများကို ခေါ်သည်။
သဘာဝအတိုင်းတည်ရှိနေသော အမျိုးမျိုးသော ကုန်ကြမ်းပစ္စည်းများနှင် ဒြပ်စင်များ၏ အမည်များကို ဆိုလိုသည်။ ထို့အပြင် ဆွေးမြည်ပျက်စီးပြီးနောက် အပင်နှင်သတ္တဝါတို့မှ ပြောင်းလဲဖြစ်ပေါ်လာသော အရာများကိုလည်း Material Noun ဟုခေါ်သည်။ ဥပမာ- food honey egg gold air cheese alcohol
Material Noun ကိုပင် လေးမျိုးထပ်ခွဲနိုင်သည်။
1. Material Noun from plants: food, oil, coffee, tea, cotton, rubber, etc
2. Material noun from animals: wool, honey, egg, milk, silk, etc.
3. Material noun from nature: sand, rock, rain, salt, gold, coal, air, etc.
4. Human-made material noun: alcohol, cement, cheese, etc.
ဥပမာ- He purchased a diamond ring for me.
The silver-plated ornament is looking very nice.
The Eiffel tower is made up of iron plates and beams.
The swimming pool water is re-cleaned with chlorine.
4. Concrete Noun (အာရုံငါးပါးနှင် ထိတွေ့ခံစားနိုင်သည် ဒြပ်ရှိနာမ်)
Concrete Noun သည် အာရုံငါးပါးထဲမှ တစ်ပါးပါးဖြင် ထိတွေ့ခံစားနိုင်သည် နာမ်များဖြစ်ကြသည်။ ရုပ်ပိုင်းဆိုင်ရာ အထည်ကိုယ်ဒြပ်ရှိပြီး တွေ့ထိ၊ မြင်သိ၊ ကြားသိ၊ ခံစား၊ အရသာခံ၊ အနံ့ခံနိုင်သည်။ Concrete Noun များသည်ရေတွက်ရနာမ်များဖြစ်ကြပြီး အနည်းကိန်း၊ အများကိန်းရှိသည်။ Proper Noun နှင် Material Noun များကို Concrete Noun ဟုခေါ်သည်။ ဥပမာ-
book table mobile wall stone cow
An apple is placed on the dining table.
I can see a lot of bookcases in the library.
A baby boy is playing on the couch.
He is one of the best designers in our city.
His uncle is working on the agriculture farmland.
5. Proper Noun (တစ်ဦးဆိုင်နာမ်)
တစ်ဦးတစ်ယောက်၊ တစ်နေရာ၊ တစ်ခု၊ အဖွဲ့အစည်းတစ်ခု၊ စိတ်ကူးတစ်ခုထဲနှင်သာ သက်ဆိုင်သော နာမ်များကို Proper Noun (တစ်ဦးဆိုင်နာမ်) ဟုခေါ်သည်။ အထူးသဖြင် လူများ၊ တိရစ္ဆာန်များ၊ အရာဝတ္တုများနှင်နေရာများ၏ သီးသန်နာမည်များပင်ဖြစ်သည်။ ဥပမာ-
Cristiano Ronaldo Thuzar England Paris United States Apple BMW World Bank
Mount Everest is the highest mountain in the world.
Mya Mya loves to swim early in the morning.
Miami is one of the lovely visiting cities to enjoy.
Mg Mg was born in January this year.
The British English Language is similar to that of the American English Language.
Abstract Noun (စိတ္တဇနာမ်)
တချို့ Noun (နာမ်) များသည် အရည်အသွေး၊ စိတ်ကူးစိတ်သန်း၊ ခံစားချက်၊ အယူအဆ အတွေအကြုံတို့ကို ဖော်ပြသည်။ ထို Noun (နာမ်) များသည် စိတ်ဖြင်သာ ခံစားသိနိုင်သော Noun (နာမ်)များဖြစ်သဖြင် ၎င်းတို့ကို စိတ္တဇနာမ်ဟု ခေါ်သည်။ ဥပမာ- love fear honest patience cruelty courage
He has great strength.
Who killed President Kennedy is a real mystery.
Sometimes it takes courage to tell the truth.
Their lives were full of sadness.
Try to control your emotions.
7. Compound Noun
တချို့ Noun (နာမ်) များသည် စကားလုံးနှစ်လုံး သို့မဟုတ် နှစ်လုံးထက်ပိုသော စကားလုံးများဖြင် ဖွဲ့စည်းထားသည်။ ၎င်းတို့ကို Compound Noun ဟုခေါ်သည်။ Compound Noun အများစုသည် (Noun + Noun) သို့မဟုတ် (Adjective + Noun) ပုံစံများဖြစ်ကြသည်။ Compound Noun များကို ခွဲရေးနည်း၊ ဟိုင်ဖန်ခံရေးနည်းနှင် တစ်လုံးတည်းရေးနည်းစသည် နည်းသုံးနည်းဖြင် ရေးသားနိုင်သည်။ Compound Noun များသည် စကားလုံးများကို ပေါင်းစပ်ရေးသားသော်လည်း အနက်တစ်ခုတည်းရှိသည်။ ဥပမာ-
bus stop
mother-in-law
football
cat food
blackboard
breakfast
full moon
washing machine
Can we use the swimming pool?
They stop work at sunset.
Don't forget that check-out is at 12 noon.
Pass me the chopstick.
Can you meet me today in the marketplace?
(Noun) နာမ်များအားလုံးသည် ပုံစံတစ်ခုထက်မက ရှိနိုင်သည်။ Common Noun များသည် Concrete Noun များဖြစ်နိုင်သလို Abstract Noun များလည်းဖြစ်နိုင်သည်။ ဥပမာ- (Common Noun) danger သည် Abstract Noun ပင်ဖြစ်သည်။
Exercise (1) Pick out the nouns in the following sentences.
e.g. The witch changed the prince into a frog. (witch, prince, frog)
1. Look at the smoke coming out of the chimney.
2. The squirrel climbed up the tree.
3. Do you know that a baby elephant is called a calf?
4. The lorry skidded round the corner.
5. You can buy bananas and mangoes from that stall.
6. She forgot to past a stamp on the envelope.
7. He showed the stranger the way to the station.
8. Their leader pointed at the map on the wall.
9. The farmer uses a buffalo to plough his fields.
10. He tucked his umbrella and newspaper under his arm.
Exercise (2) Rewrite the following sentences using capital letters for Proper Nouns. e.g. He lives at 45, frankle estate.
He lives at 45, Frankle Estate.
1. gary went to woodlands with peter.
2. Have you read ‘oliver twist’?
3. christmas falls on 25th december.
4. We do not go to school on saturday and sunday.
5. sally calls her cat ‘patch’.
6. They haven’t been to ‘underwater world’ at sensota yet.
7. bangkok is capital city of thailand.
8. The ‘queen elizabeth’ is passing through the straits of malacca.
9. mount kinabalu is the highest mountain in south-east asia.
10. The suez canal joins the red sea and the mediterranean sea.
Exercise (3) Rewrite the following sentences filling in the blanks with suitable collective nouns.
e.g. The hunter shot at the ……………… of birds.
The hunter shot at the flock of birds.
1. There is a ………….. of actors at the theatre.
2. My aunt received a …………..of flowers from my uncle.
3. Mr Zhang smoked a ……………of ci******es a day.
4. She has made a ……………… of clothes for Christmas.
5. We saw a …………..of buffaloes grazing in the field.
Exercise (4) Choose the correct compound noun in the box and fill in the gaps.
e.g. Suddenly, an aircraft fell on the highway in front of my car.
aircraft bathroom chopstick yourself greenhouse heartbeats
1. Pass me that ……………..
2. Earth is also called the …………………….
3. He slipped into a ……………………….
4. Have you done your homework by ……………………?
5. The doctor is checking the ………………….. of the patient.
Exercise (5) Choose the correct abstract noun in the brackets and fill in the blanks.
e.g. His mood is upset by thinking about the ………… of the loss.
(fear, calm, anger) fear
1. Zera is ………….. to go out at midnight after a party.
(laughed, bold, afraid)
2. His girlfriend blindly ………………… him.
(defeats/truth/believes)
3. The students lost ……………… in college management.
(afraid, calm, faith)
4. Don’t ……………………. the power of a common man.
(fear, gossiping, underestimate)
5. Every person has two sides, ……………………
(friendship, justice, good and bad)
Exercise (6) Underline the material and concrete nouns.
e.g. He purchased a diamond ring for me.
1. A baby boy is playing on the couch.
2. His uncle is working on the agricultural farmland.
3. The silver-plated ornament is looking very nice.
4. The swimming pool water is re-cleaned with chlorine.
5. The fragrance of this perfume is so strong and sweet.
ကဲဒီနေ့တော့ ဒီလောက်ပါပဲ
ရှင်းလင်းချက်တွေ သေချာနားလည်အောင်လေ့လာပြီးတော့ အဖြေတွေကို ဖြေကြည်ပါအုံး အဖြေတွေနဲ့ ကျန်ရှိနေတဲ့ နောက်ဆက်တွဲတွေကို ဆက်လက်ပြီးဖော်ပြပေးသွားအုံးမှာဖြစ်တဲ့အတွက် ဒီဖော်ပြချက်ဟာ ကိုယ်အတွက် တစ်ခုခုရသွားတယ်ဆိုရင် like နဲ့ share လေးလုပ်ပေးကြဖို့ တောင်းဆိုပါတယ်။
Page ထဲမှာ ရှိတဲ့သူအပေါင်း ကာယသုခ စိတ္တသုခများနဲ့ပြည်စုံကြပါစေ။