01/11/2025
Tomorrow 🤩🤩
A step towards the future
01/11/2025
Tomorrow 🤩🤩
CIY Club
Naypyidaw Campus
2.11.2025
1:00pm to 4:00pm
At Mingalar Thiri Hotel Naypyidaw
31/10/2025
"အနာဂတ်ရဲ့ ပညာရေး Passport" Seminar At Creator World
ပညာရေးဆိုတာ အမှား၊အမှန် ဝေဖန်ပိုင်းခြားတတ်ဖို့အပြင် လောကကို အမြင်ကျယ်ကျယ်နဲ့ ကြည့်ပြီး ဖန်တီးတွေးခေါ် တတ်ဖို့ ဖြစ်ပါတယ်။
စိန်ခေါ်မှု များတဲ့ ဒီဘက်ခေတ်မှာ မိဘတွေအနေနဲ့ ကိုယ့်ကလေးကို အကောင်းဆုံး ပညာရေး ပေးချင်တယ်၊
ကိုယ်မွေးလာတဲ့ တစ်နိုင်ငံထဲမှာ မဟုတ်ဘဲ နိုင်ငံတကာ ပညာရေးစင်မြင့်ကိုလည်း တက်လှမ်းစေချင်ကြတယ်...
ဒါပေမဲ့
နိုင်ငံတကာ ပညာရေး အခွင့်အလမ်းတွေကို ရယူနိုင်ဖို့ဆိုရင် ကြိုတင် ပြင်ဆင်ထားရမှာက ဘာတွေလဲ? ဒီဘက်ခေတ်မှာ ဘာတွေက လိုအပ်လာတာလဲ?
ကိုယ် မတွေးမိလိုက်တဲ့ မမြင်ကွယ်ရာက သတိကြီးကြီးထားပြီး ထည့်တွေးရမဲ့ အချက်တွေဆိုရင် ဘာတွေရှိမလဲ?
ဒီလိုမျိုး မေးခွန်းတွေ စဉ်းစားနေကြတဲ့ မိဘတိုင်းအတွက် နေပြည်တော်မြို့မှာ ကျင်းပသွားမဲ့ ကလေးနည်းပညာ ပြပွဲကြီး Creator World မှာ
အနာဂတ်ရဲ့ ပညာရေး Passport ဆိုတဲ့ Seminar တစ်ခုကို စီစဉ်ပေးထားပါတယ်...။
ဒီ Seminar မှာဆိုရင်
၂၁ ရာစုရဲ့ စည်းမျဉ်းသစ်အောက်မှာ ကိုယ့်ကလေးအတွက် ဘယ်လို ပညာရေးမျိုး ပေးရမလဲ
နိုင်ငံတကာ ပညာရေး ကို တက်လှမ်းဖို့အတွက်ဆို ဘာတွေလိုအပ်မလဲ၊ ဘာတွေ ပြင်ဆင်ပေးရမလဲ စတဲ့ နိုင်ငံတကာ အခွင့်အလမ်းတွေအတွက်
ပညာရေး Passport တစ်ခုရလိုက်သလိုမျိုး သိသင့်သိထိုက်တဲ့ အဖြေတွေကို ရရှိသွားမှာ ဖြစ်ပါတယ်...။
ဒီ Seminar ကို နိုဝင်ဘာလ ၂ရက်နေ့၊ မင်္ဂလာသီရိ Hotel မှာ ကျင်းပပြုလုပ်သွားမဲ့ Creator World နည်းပညာ ပြပွဲကြီးနဲ့ အတူ စီစဉ်ပေးထားတာ ဖြစ်လို့
Creator World မှာ နေပြည်တော် မြို့တော်ဂုဏ်ဆောင် ကလေးတွေရဲ့ ဆန်းသစ်တဲ့ တီထွင်ဖန်တီးမှုတွေကို လေ့လာကြည့်ရှုရင်း ကိုယ့်ကလေးရဲ့ ပညာရေး လမ်းကြောင်းတွေနဲ့ ပတ်သက်ပြီးလည်း ဆွေးနွေးတိုင်ပင်နိုင်ဦးမှာ ဖြစ်လို့
ကိုယ့်ကလေးကို နိုင်ငံတကာ ပညာရေး အရောက်လှမ်းစေချင်တဲ့ မိဘတို့ရေ...
Seminar ကို တက်ရောက်ဆွေးနွေးနိုင်ဖို့ အခုဘဲ ကောမန့်မှာ "ciy" လို့ မန့်ခဲ့လိုက်ပါ...။
23/10/2025
🚨Nay Pyi Taw Creator World is Calling you 🚨
နည်းပညာတီထွင်ဖန်တီးမှုဆိုတာ ကလေးတွေရဲ့ အနာဂတ်ပညာရေးအတွက်သာမက — နိုင်ငံတစ်နိုင်ငံရဲ့ တိုးတက်အောင်မြင်မှုအတွက်ပါ အဓိကကျတဲ့ အခန်းကဏ္ဍတစ်ခုပါ။
ဒါကြောင့်... နေပြည်တော်က နည်းပညာကို ချစ်မြတ်နိးတဲ့ ကလေးတွေက သူတို့ရဲ့ စိတ်ကူးအိုင်ဒီယာတွေကို လက်တွေ့ကျကျ ထုတ်ပြဖို့၊ ခေတ်နည်းပညာကို အနှစ်နှစ်အလလ ကြိုးစားသင်ယူခဲ့ပြီးနောက်မှာတော့…
နေပြည်တော်တစ်မြို့လုံးက လူကြီးမိဘတွေ ဩချလောက်ရမယ့် Creation တွေ…
နည်းပညာတီထွင်ဖန်တီးမှုတွေကို "Innovators of Royal Capital of Myanmar" ဆိုတဲ့ Title နဲ့အတူ ချပြဖို့အတွက် လုံးဝ အဆင်သင့် ဖြစ်နေကြပါပြီ။
ဒါဆိုရင်... နေပြည်တော်ရဲ့ နည်းပညာအနာဂတ်ကို ဦးဆောင်မယ့် ကလေးတွေရဲ့ အံ့ဩဖွယ်ကောင်းလောက်တဲ့ Project တွေကို မျက်ဝါးထင်ထင် ကြည့်ရှုပြီး အားပေးဂုဏ်ပြုနိုင်ဖို့…
လာမယ့် November လ ၂ရက်နေ့၊မင်္ဂလာသီရိ Hotel မှာ ကျင်းပပြုလုပ်သွားမယ့်…
ကလေးတွေပြမယ့်နည်းပညာပြပွဲကြီးသို့ လူကြီးမိဘများနဲ့ နည်းပညာကိုစိတ်ဝင်စားသူ အားလုံးကို တက်ရောက်ကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်…။
📆 Date: 2 .11.2025
⏰ Time : 1 PM to 4 PM
📍 Location : မင်္ဂလာသီရိ Hotel
21/10/2025
AI နဲ့ ကလေးတွေရဲ့ ICTချိန်က အခက်အခဲလေးတွေကို ကူညီဖြေရှင်းပေးကြမယ် 🤗
မိဘတို့ကလေးတွေကို IGCSE, GED နဲ့ နိုင်ငံတကာ ပညာရေးလမ်းကြောင်း ကို သွားဖို့ ရည်ရွယ်ထားတယ်ဆိုရင်—
ဒီနေ့ခေတ်ပညာရေးနဲ့ အတူတူလိုက်နိုင်ဖို့ အရည်အချင်းတွေ ပြည့်မှီနေဖို့ လိုအပ်ပါတယ်။
ဒါကြောင့် နိုင်ငံတကာမှာ ဘာတွေ ခေတ်စားနေလဲ၊ ဘာလိုပညာရေးလမ်းကြောင်းသွားနေလဲဆိုတာ ကို သိထားဖို့လိုပါတယ်။
ICT (Information and Communications Technology) ဆိုတာ သာမန် ကွန်ပျူတာသုံးပြီးသင်ယူရတဲ့ ဘာသာရပ်တစ်ခုတည်းတင်မဟုတ်ပါဘူး —
အနာဂတ်အတွက် လိုအပ်မယ့် နည်းပညာ အခြေခံပညာရပ် တစ်ခုပါ။
ဒါပေမယ့်…ဒီလိုအနာဂတ်အတွက်အရေးပါတဲ့ ICT ချိန်တွေမှာ အခက်အခဲတွေ ရင်ဆိုင်နေတဲ့ ကလေးတွေ အများကြီးရှိနေဆဲပါ။
အဲဒီအခက်အခဲတွေကို ဒီနေ့ခေတ်ရဲ့AI Tools တွေက ကူညီဖြေရှင်းပေးနိုင်နေပါပြီ။
ဥပမာ—
👉 ကလေးတွေ ကိုယ်ပိုင် project လုပ်ဖို့ အကြံဉာဏ်တွေ ပေးနိုင်တယ်။
👉 ပြဿနာတွေကို ကိုယ်တိုင် စဉ်းစားပြီး ဖြေရှင်းနိုင်အောင် လမ်းညွှန်ပေးတယ်။
👉 နိုင်ငံတကာလမ်းကြောင်းမှာလိုအပ်တဲ့ စဉ်းစားနိုင်စွမ်း (critical thinking) နဲ့ ဖန်တီးနိုင်စွမ်း (creativity) ကို တိုးတက်အောင် ကူညီပေးတယ်။
တကယ်တော့ AI က သင့်ကလေးရဲ့ homework ကို တိုက်ရိုက်လုပ်ပေးမယ့် အရာမဟုတ်ဘဲ—
ကိုယ်တိုင်သင်ယူနိုင်စွမ်း၊အနာဂတ်အတွက် အတွေးအခေါ်ပြင်ဆင်နိုင်စွမ်းတွေကို တိုးတက်အောင် လမ်းညွှန်ပေးတဲ့ အဖော်ကောင်းတစ်ယောက်ပါပဲ။
AI ကို မှန်မှန်ကန်ကန် အကွက်ကျကျသာ အသုံးချနိုင်ရင် သင့်ကလေးဟာ ICT သင်ခန်းစာထဲမှာ အခက်အခဲတွေ ဖြေရှင်းနိုင်ရုံသာမက…
နိုင်ငံတကာပညာရေးလမ်းကြောင်းမှာလည်း ဒီလို ICTပညာရပ်တွေကို အထူးတတ်မြောက်ထားတဲ့အတွက် အောင်မြင်မှုလမ်းကိုယ်စီမှာ ရပ်တည်နိုင်နေမှာပဲဖြစ်ပါတယ်။
19/10/2025
ဘာလို့ ဒီကျောင်းတွေက CIY.Club Myanmar နဲ့ လက်တွဲထားတာလဲ?
ကလေးတွေအတွက်ဆို အရေးကြီးဆုံး ဖြစ်တဲ့ လက်ဦးဆရာ မိဘနှစ်ပါးနဲ့ ဒုတိယအိမ်ဖြစ်တဲ့ စာသင်ကျောင်းတွေ ဆိုတာ
ကလေးပညာရေးနဲ့ ပတ်သက်ရင် အကောင်းဆုံးမျိုးစေ့ကိုပဲ ချပေးချင်ကြတာပါ…။
အကောင်းဆုံး ပညာရေး မျိုးစေ့ ချပေးနိုင်ဖို့ဆိုရင် ၂၁ရာစုရဲ့ အရေးပါဆုံး Skill တစ်ခုဖြစ်တဲ့ Coding ကို
သင်ကြားပျိုးထောင်ပေးနိုင်ဖို့အတွက်ဆိုရင် 3P လို့ခေါ်တဲ့
➡️ Power to Create (တီထွင်ဖန်တီးမှုတွေ လုပ်နိုင်တဲ့ အရည်အချင်း)
➡️ Place to Connect (ဝါသနာတူတွေနဲ့ ချိတ်ဆက်နိုင်မဲ့ အသိုက်အဝန်း)
➡️ Platform to Shine ဆိုတဲ့ (ဖန်တီးမှုတွေ ပေါ်လွင်တောက်ပနိုင်မဲ့ နေရာ)
စတဲ့ အင်္ဂါရပ် (၃)ခုနဲ့ ကိုက်ညီဖို့က အရေးကြီးပါတယ်…။
Australia နိုင်ငံ အခြေစိုက် CIY.Club Myanmar မှာဆိုရင် နိုင်ငံတကာ အဆင့်မီ Australia Curriculum နဲ့အတူ
ကလေးတစ်ယောက်ချင်းစီမှာ မွေးကတည်းက ပါလာတဲ့ တီထွင်ဖန်တီးနိုင်စွမ်းတွေကို ထုတ်ဖော်ပြီး
ဝါသနာတူ၊ စိတ်တူ ကိုယ်တူ သူငယ်ချင်းတွေနဲ့ ပရောဂျက်တွေ အတူတူ လုပ်ရင်း ကိုယ့်ရဲ့ Creation အနုပညာတွေကို ချပြနိုင်မဲ့ နိုင်ငံအဆင့်၊ ကမ္ဘာ့အဆင့် ပြိုင်ပွဲတွေနဲ့ အတူ
တောက်ပပေါ်လွင်နိုင်မဲ့ အခွင့်အရေးတွေလည်း ရှိတာကြောင့် ခေတ်မိဘတွေရဲ့ အားထားရာလည်း ဖြစ်နေတဲ့ အပြင်
အခုလိုမျိုး နိုင်ငံတကာ အဆင့်မီ ပညာရေးပေးနေတဲ့ နိုင်ငံထိပ်တန်း စာသင်ကျောင်းတွေနဲ့ပါ နည်းပညာ ပညာရေး အရွေ့ကို လက်တွဲပုံဖော်ပေးနေတာ ဖြစ်ပါတယ်…။
မိဘတို့ရဲ့ ကလေးကို နိုင်ငံတကာ အဆင့်မီ Curriclum နဲ့အတူ တီထွင်ဖန်တီးရှင် ကလေးပေါင်း 1500 ကျော်ကိုမွေးထုတ်ပြီး ဖြစ်တဲ့
နိုင်ငံထိပ်တန်း ပညာရေးကျောင်းတွေရဲ့ ထောက်ခံမှုကို ရရှိပြီးသားဖြစ်တဲ့
CIY.Club Myanmar မှာ နည်းပညာ ပညာရေးမျိုးစေ့ကို ပျိုးထောင်ပေးချင်တယ် ဆိုရင်တော့
အခုဘဲ ကောမန့်မှာ ‘ciy’ လို့ မန့်ခဲ့လိုက်ပါ…။
16/10/2025
မိဘတွေမပါဘဲ အနာဂတ်မှာရပ်တည်နိုင်မယ့်ပညာရပ်ဆိုတာ..
ကလေးတိုင်းအတွက် မိဘတွေဆိုတာ အမြဲတမ်းအနီးဆုံးနဲ့ အားကိုးရာဖြစ်ပေမယ့် တစ်နေ့နေ့တစ်ချိန်ချိန်မှာတော့ ကိုယ်တိုင်ရပ်တည်ဖို့အချိန်က မလွဲမသွေ ရောက်လာကြမှာပါ။
အဲဒီအချိန်ရောက်မှ မိဘတို့အကူအညီ လိုအပ်နေဦးမယ်ဆိုရင် သေချာပေါက် သင့်ကလေး အခက်တွေ့ရမှာပါ။
ဒါကြောင့် အနာဂတ်မှာ မိဘအကူအညီတွေမလိုဘဲ ကိုယ်တိုင်အောင်မြင်မှုတွေ ပိုင်ဆိုင်စေချင်ရင်တော့ ခေတ်ရဲ့လိုအပ်ချက်၊ ခေတ်ကိုဦးဆောင်နေတဲ့ စွမ်းဆောင်ရည်တွေကို တတ်မြောက်ထားဖို့ လိုအပ်ပါတယ်။
ဆရာ့ဆရာ ဖြစ်ချင်ရင် ဆရာ ဖြစ်ရမယ်ဆိုတဲ့အတိုင်း ဒစ်ဂျစ်တယ်ခေတ်မှာ မိဘတို့အနေနဲ့ ကလေးကို ရှေ့ပြေးနေစေချင်တယ်ဆိုရင်တော့…
ကလေးတွေကို လိုအပ်တဲ့ အခြေခံခေတ်ပညာရပ်ကိုသင်ကြားပေးဖို့လိုပါတယ်။
အခြေခံခေတ်ပညာရပ်တွေဆိုတာ..
👉 ဆော့လ်ဝဲလ်တွေ၊ ကွန်ပျူတာစနစ်တွေရဲ့ အခြေခံရင်းမြစ်ဖြစ်တဲ့ Coding ပညာ၊
👉 လုပ်ငန်းတိုင်းမှာ အသုံး၀င်လာ တဲ့ 3D design and printing ပညာ၊
👉 ကွန်ပျူတာ ဆော့လ်ဝဲလ်ဖြစ်တဲ့ animation စတာတွေပါ၀င် ပါတယ်။
ဒါကြောင့် နိုင်ငံတကာ အဆင့်မီ Curriculum တွေနဲ့အတူ ခေတ်ပြောင်းလဲသွားပေမယ့် “တန်ဖိုးမလျော့တဲ့ ပညာ” ဖြစ်တဲ့ Digital Literacy ကို မိဘတို့ကလေးတွေ အနာဂတ်ပညာရေးခရီးလမ်းအတွက် ရင်နှီးမြှပ်နှံပေးဖို့ ဆန္ဒရှိတယ််ဆိုရင်တော့..
ကောမန့်မှာ “CIY”လို့ မန့်သွားပေးပါ။
17/07/2025
ကလေးများရဲ့ တွေးခေါ်မှုကို မြန်နှုန်းမြင့်စေမည့် Sakamoto Maths Method
Sakamoto Maths Myanmar တွင် ဂျပန်းနည်းစနစ်အတိုင်း သင်ကြားပေး
လျက်ရှိသော Sakamoto Maths Method က ကလေးများရဲ့ တွက်ချက်မှုနှင့်
တွေးခေါ် နိုင်စွမ်း မြင့်တတ်စေပါတယ်…
Sakamoto Maths Methods လေးတွေကတော့ ...
📊 Grasp the Relation (ဆက်စပ်ပြခြင်းဖြင့် အဖြေရှာခြင်း): ပုစ္ဆာထဲက
အချက်အလက်တွေကို ဆက်စပ်ပြီး ပုံဖော်ကြည့်ခြင်းအားဖြင့် ပြဿနာရဲ့
အဖြေကို ပိုမိုလွယ်ကူစွာ ရှာဖွေနိုင်မှာပါ။
📈 Diagram (အဖြေကို ရှင်းလင်းစွာ ပုံဖြင့်ဖော်ထုတ်ပြခြင်း): ပြဿနာကို ပုံဖော်
ပြီး ဖြေရှင်းတဲ့အခါ ပိုမိုရှင်းလင်းပြီး နားလည်လွယ်ကူစေပါတယ်။ ကလေး
တွေရဲ့ စိတ်ကူးစိတ်သန်းကိုလည်း တိုးတက်စေနိုင်ပါတယ်။
✍️ Writing (ပြည့်စုံစွာ ရှင်းလင်းတင်ပြခြင်း): သင်္ချာပုစ္ဆာတွေကို ဖြေရှင်းတဲ့အခါ
အဆင့်ဆင့် ရှင်းလင်းပြီး ဖြေဆိုတတ်အောင် လေ့ကျင့်ပေးခြင်းက ကလေးတွေ
ရဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်းကို မြှင့်တင်ပေးပါတယ်။
ဒီနည်းလမ်းတွေက ကလေးတွေကိုယ်တိုင် သင်္ချာပြဿနာတွေ ဖြေရှင်း
နိုင်စွမ်း၊ ယုတ္တိကျ စဉ်းစားတွေးခေါ်နိုင်စွမ်းနဲ့ ဖန်တီးမှုစွမ်းရည်တွေကို
တိုးတက်စေမှာပါ။ 🤩
“ Life is better with math skills” ဆိုသည့် ဆောင်ပုဒ်လေးအတိုင်း သားသား
မီးမီးတို့အတွက် လှပတဲ့အနာဂတ်ပညာရေးကို ရရှိစေချင်တယ်ဆိုရင်တော့
အခုပဲ Sakamoto Maths Myanmar မှာ စာရင်းပေးသွင်းလိုက်ပါ….
Hotline no: 09- 775888875
Sakamoto ရဲ့ Tik Tok, Viber and Telegram Channel တို့ကို Join ထားဖို့
ဖိတ်ခေါ်လိုက်ပါတယ်👇👇👇
☑️Viber- https://invite.viber.com/?g2=AQAOjDKlD5ixQ1Mm1avRLa8BQA7lQbLdyZzRtZsWDygdlMsKCCXEDDg%2FxgTUA6sH
☑️Telegram- https://t.me/sakamotomathsmyanmar
☑️Tik Tok- https://www.tiktok.com/
Sakamoto Maths Myanmar on TikTok 1034 Followers, 8 Following, 1993 Likes - Watch awesome short videos created by Sakamoto Maths Myanmar
15/07/2025
✨ ကလေးများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရန် နှင့် ထူးချွန်ထက်မြက်ရန်
အတွက် မိဘများပြုလုပ်ပေးသင့်သည့် နည်းလမ်းတွေက ဘာဖြစ်မလဲ? ⁉️
👨👩👧👦 မိဘတိုင်း သားသမီးတွေကို ထူးချွန်ထက်မြက်လာအောင် ပြုလုပ်နိုင်
သည့် နည်းလမ်းလေးတွေကတော့ …
1️⃣ မေးခွန်းများမေးခြင်း - ကလေးတွေကို မေးခွန်းများမေးပြီး သူတို့
ကိုယ်တိုင် စဉ်းစားတွေးခေါ် ဖြေရှင်းတတ်အောင် လေ့ကျင့်ပေးပါ။ ဥပမာ - "ဒီ
ပုံပြင်ထဲက ဘယ်ဇာတ်ကောင်ကို အကြိုက်ဆုံးလဲ၊ ဘာကြောင့်လဲ?"
2️⃣ စာဖတ်ခြင်း - စာအုပ်တွေ ဖတ်ပြပေးခြင်း၊ စာအတူတူဖတ်ခြင်းဖြင့် စာ
ဖတ်ဝါသနာ ပျိုးထောင်ပေးပါ။ စာဖတ်ခြင်းက စိတ်ကူးစိတ်သန်း ကြွယ်ဝစေ
ပြီး ဘာသာစကား ဖွံ့ဖြိုးမှုကို အားပေးပါတယ်။
3️⃣ ပတ်ဝန်းကျင် စူးစမ်းခြင်း - ကလေးများရဲ့ သိမြင်မှု တိုးတက်ဖွံ့ဖြိုးစေရန်
နှင့် သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတတ်လာစေရန် သူတို့လေးတွေကို
တစ်ပတ်တစ်ခါလောက် ပန်းခြံ၊ တိရစ္ဆာန်ရုံ စတဲ့ နေရာတွေကို ခေါ်သွားပြီး
ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာခွင့်ပေးပါ။
4️⃣ ကစားခြင်း - ကလေးတွေကို ကစားခွင့်ပေးခြင်းက သူတို့ရဲ့ ဖန်တီးနိုင်
စွမ်း၊ ပြဿနာဖြေရှင်းနိုင်စွမ်းနဲ့ လူမှုဆက်ဆံရေး ကျွမ်းကျင်မှုတွေကို ဖွံ့ဖြိုးစေ
ပါတယ်။
5️⃣ အားကစားလုပ်ပေးခြင်း - ကိုယ်လက်လှုပ်ရှားအားကစားများသည်
ကလေးများကို ရုပ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်စေရုံသာမက စိတ်ပိုင်းဆိုင်ရာ
ဖွံ့ဖြိုးမှု၊ လူမှုဆက်ဆံရေး ကောင်းမွန်မှုနဲ့ ပညာရေး တိုးတက်မှုတွေမှာပါ
အထောက်အကူပြုသည့်အတွက်ကြောင့် အားကစား လှုပ်ရှားမှုတွေမှာ ပါဝင်
နိုင်အောင် တိုက်တွန်းပေးပါ။
6️⃣ အိပ်ရေးဝဝ အိပ်ခြင်း - ကလေးတွေရဲ့ ဦးနှောက် ဖွံ့ဖြိုးမှုအတွက်
အိပ်ရေးဝဝ အိပ်စက်ဖို့ အရေးကြီးပါတယ်။
👩🏫 Sakamoto Maths က ကလေးတွေ သင်္ချာကို ချစ်မြတ်နိုးအောင်၊ ထူးချွန်
အောင်မြင်အောင် ကူညီပေးရုံသာမကဘဲ၊ သူတို့ရဲ့ ဘဝတစ်လျှောက်လုံး
အောင်မြင်မှုရရှိစေဖို့ လိုအပ်တဲ့ အခြားသော အရည်အချင်းတွေကိုပါ ဖွံ့ဖြိုး
လာစေဖို့ သင်ကြားပေးပါတယ်…
Hotline no: 09- 775888875
Sakamoto ရဲ့ Tik Tok, Viber and Telegram Channel တို့ကို Join ထားဖို့
ဖိတ်ခေါ်လိုက်ပါတယ် 👇👇👇
☑️Viber- https://vist.ly/3mrvy3r...
☑️Telegram- https://vist.ly/3mrvy3v
☑️Tik Tok- https://vist.ly/3mrvy3w
13/07/2025
ကိုယ့်ကလေးတွေကို Maths Genius များဖြစ်လာစေဖို့ မိဘတိုင်းပြုလုပ်ပေး
သင့်သည့် အချက်များ…
Genius ဆိုတာ မွေးရာပါ ဖြစ်တာမျိုး မဟုတ်ပါဘူး။ ကလေးများရဲ့ ဦးနှောက်
ကို မှန်ကန်တဲ့ နည်းလမ်းနဲ့ ပြုစုပျိုးထောင်ပေးရင် Maths Genius တစ်
ယောက် ဖြစ်လာစေနိုင်ပါတယ်။ 😉
ကလေးတိုင်းမှာ ထူးချွန်တဲ့ အရည်အချင်းတွေ ရှိပါတယ်။ မိဘတွေအနေနဲ့
သားသားမီးမီးတို့ရဲ့ သင်္ချာစွမ်းရည်ကို မြှင့်တင်ပေးဖို့ ဘာတွေ လုပ်ပေးနိုင်မလဲ? 🤔
၁။ 👶 ငယ်စဥ်ကတည်းက ကလေးတွေကို ဂဏန်းတွေ၊ shape လေးတွေနဲ့
ရင်းနှီးနေအောင် မိတ်ဆက်ပေးပါ။ ရေတွက်ခြင်း၊ ပေါင်းခြင်း၊ နှုတ်ခြင်းလေး
တွေကို ကစားနည်းတွေနဲ့ သင်ပေးပါ။
၂။ ကစားနည်းတွေ၊ ပဟေဠိတွေ၊ ဇာတ်လမ်းတွေနဲ့ သင်္ချာကို စိတ်ဝင်စားလာမှု
ရှိစေပြီး ပျော်စရာကောင်းအောင် သင်ပေးလို့ရပါတယ်။ Sakamoto Maths
မှာ သင်္ချာကို ပျော်ရွှင်စွာ သင်ယူနိုင်သည့်အပြင် bright ဖြစ်စေမည့် နည်း
လမ်းများဖြင့် သင်ကြားပေးပါတယ်…
၃။ 👍 ကလေးတွေကို အမြဲ အားပေးပြီး ယုံကြည်မှု ရှိစေရန် အမှားလုပ်မိရင်
စိတ်ဓာတ်မကျအောင် ဖေးမပေးပါ။ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြု
ပေးပါ။
၎။ 🛒 ဈေးဝယ်ထွက်တဲ့အခါ၊ ချက်ပြုတ်တဲ့အခါ၊ ခရီးသွားတဲ့အခါ စတဲ့
လက်တွေ့ဘဝ အခြေအနေတွေမှာ သင်္ချာကို ဘယ်လို အသုံးချလို့ရလဲဆိုတာ
ပြသပေးပါ။
၅။ 🧮 “ Mathematics is the language of logic.” ဆိုတဲ့ အတိုင်း သား
သားမီးမီးတို့ရဲ့ logic skills တွေတိုးတက်လာစေရန်အတွက် နိုင်ငံတကာ
အသိအမှတ်ပြု Sakamoto Maths Method ဖြင့် သင်ကြားပေးလိုက်ပါ…
Hotline no: 09- 775888875
Sakamoto ရဲ့ Tik Tok, Viber and Telegram Channel တို့ကို Join ထားဖို့
ဖိတ်ခေါ်လိုက်ပါတယ် 👇👇👇
☑️Viber- https://invite.viber.com/?g2=AQAOjDKlD5ixQ1Mm1avRLa8BQA7lQbLdyZzRtZsWDygdlMsKCCXEDDg%2FxgTUA6sH
☑️Telegram- https://t.me/sakamotomathsmyanmar
☑️Tik Tok- https://www.tiktok.com/
Sakamoto Maths Myanmar on TikTok 1034 Followers, 8 Following, 1993 Likes - Watch awesome short videos created by Sakamoto Maths Myanmar
| Monday | 09:00 - 15:00 |
| Tuesday | 09:00 - 15:00 |
| Wednesday | 09:00 - 15:00 |
| Thursday | 09:00 - 15:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |