30/12/2023
🌟 မေး ။ ။ International Schoolတွေမှာ ကျောင်းထားရင် သင်ရိုးဘယ်နှစ်မျိုးရှိသလဲ။
❄ ဖြေ ။ ။ နိုင်ငံတကာသင်ရိုးတွေမျိုးစုံရှိပါတယ်။ မြန်မာနိုင်ငံမှာ အဓိကသုံးတဲ့ သင်ရိုးကတော့ နှစ်ခုရှိပါတယ်။ တစ်ခုက CIE လို့ အတိုကောက်ခေါ်တဲ့ Cambridge International Examinationဖြစ်ပြီး နောက်တစ်ခုက Pearson Edexcelဖြစ်ပါတယ်။
နှစ်မျိုးလုံးက နိုင်ငံတကာအသိအမှတ်ပြု စာမေးပွဲတွေကိုကျင်းပပေးပြီး နိုင်ငံတကာတက္ကသိုလ်အများအပြားက အသိအမှတ်ပြုလက်ခံပါတယ်။ စာမေးပွဲကြေးကွာခြားတာနဲ့ ဖြေဆိုရတဲ့ Exam Centreမတူတာကလွဲရင် ကျန်တဲ့နေရာတွေမှာတော့ ဝင်ဆံ့မှုက အတူတူပါပဲ။
🔶 ထပ်သိလိုတဲ့ မေးခွန်းတွေရှိရင် Commentမှာ မေးခဲ့နိုင်ပါတယ်။ ကျောင်းသား၊ကျောင်းသူများနဲ့ မိဘများစိတ်ဝင်စားကြမယ့် အကြောင်းအရာတွေကို အလျဥ်းသင့်သလို မျှဝေပေးသွားမှာဖြစ်လို့ "Champions Learning Centre" ကို Like & Follow လုပ်ပေးထားကြဖို့ တိုက်တွန်းလိုပါတယ်။