GIS Knowledge Share

GIS Knowledge Share

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from GIS Knowledge Share, Education Website, Naypyidaw.

31/05/2024

Now available! 📘 Learn how to build a geodatabase, use 3D GIS, create maps for presentations, and more in the latest edition of 𝘎𝘦𝘵𝘵𝘪𝘯𝘨 𝘵𝘰 𝘒𝘯𝘰𝘸 𝘈𝘳𝘤𝘎𝘐𝘚 𝘗𝘳𝘰 3.2.

🔸Learn more: http://esri.social/FmPy50RCbys

Photos from GIS Knowledge Share's post 18/05/2024

✔✔✔ လိုချင်တဲ့ စကေးအတိုင်း မြေပုံရေးဆွဲခြင်း ✔✔✔

# # # For RS & GIS Beginners # # # (Episode – 41)

🌻🌻 မြေပုံစကေးဆိုတာဟာ မြေပုံပေါ်ရှိ တစ်ယူနစ်အကွာအဝေးသည် အမှန်တကယ် လက်တွေ့ မြေပြင်တွင် အဆိုပါယူနစ်မည်မျှ ကွာဝေးသည်ကို ဖော်ပြခြင်းပင် ဖြစ်ပါတယ်။

🌻🌻 ဥပမာအားဖြင့် မိုင်ယူနစ်(Mile)ဖြင့် ရေးဆွဲထားသော မြေပုံစကေး (1 : 253,440) ရှိ မြေပုံကို ကြည့်၍ မြေပုံပေါ်ရှိ တစ်လက်မ အကွာအဝေးသည် လက်တွေ့မြေပြင်တွင် ၂၅၃,၄၄၀ လက်မ (၄ မိုင်) ကွာဝေးကြောင်းကို အလွယ်တကူ သိနိုင်ပါတယ်။

🌻🌻 မြေပုံစကေးကို ဖော်ပြရာမှာ Scale text (သို့) Scale bar နဲ့ ဖော်ပြလေ့ရှိပါတယ်။ များသောအားဖြင့် မြေပုံစကေးကို Scale bar ဖြင့်သာ ဖော်ပြလေ့ရှိကြပါတယ်။

🌻🌻 ဒါကြောင့် အခု Post မှာတော့ မိမိရေးဆွဲချင်တဲ့မြေပုံစကေးအတိုင်း ArcMap Software မှာ ဘယ်လိုမျိုး အချိုးချပြီး ရေးဆွဲရမလဲဆိုတာကို မျှဝေပေးချင်ပါတယ်။

🔑🔑🔑 လုပ်ဆောင်ပုံနည်းလမ်းအဆင့်ဆင့် 🔑🔑🔑

🌼🌼 ArcMap Software ကို ဖွင့်ပါ။ Scale text ဖြင့် ဖော်ပြလိုပါက Insert >>> Insert Scale Text ကို နှိပ်ပါ။ Scale bar ဖြင့် ဖော်ပြလိုပါက Insert >>> Insert Scale Bar ကို နှိပ်ပါ။

🔑🔑 ကြိုတင်သတ်မှတ်ထားသည့် စကေးဖြင့် ရေးဆွဲလိုလျှင်………..

🌼🌼 ဥပမာအားဖြင့် ၁ လက်မ = ၄ မိုင် စကေးရှိ မြေပုံကို ရေးဆွဲလိုလျှင် Map Scale box တွင် ( 1 : 253,440) ကို ရိုက်ထည့်ပေးရမည်။ [ (1 Mile = 63360 Inches) ရှိသောကြောင့် “4” ကို “63360”ဖြင့် မြှောက်ပေးရခြင်းပင် ဖြစ်သည်။ (4 x 63360 = 253,440)]

🔑🔑 မြေပုံအကောင်းဆုံးအနေအထားကို ဖော်ပြသည့် စကေးဖြင့်ရေးဆွဲလိုလျှင်………..

🌼🌼 မြေပုံ Layout View တွင် ဖော်ပြမည့် မြေပုံအား လိုအပ်သလို Zoom အချုံ့ အချဲ့ ပြုလုပ်၍ အကောင်းဆုံး အနေအထားအထိ ထားပါ။

🌼🌼 ဥပမာအားဖြင့် မိုင်ယူနစ်(Mile)ဖြင့် မြေပုံစကေးအား ဖော်ပြလိုလျှင် Map Scale box တွင် တစ်အချိုးနောက်ရှိ ကိန်းဂဏန်း ( 1 : ) အား “63360” ဖြင့် စား(÷)ပါ။ ရလာသည့် ကိန်းဂဏန်းအား တစ်အချိုးနောက်ရှိ ကွက်လပ်တွင် ( 1 : ) ရိုက်ထည့်ပါ။ (မြေပုံ ဖော်ပြလိုသည့် အကောင်းဆုံးအနေအထားနှင့် စကေးအား အလွယ်အကူ ရရှိလာပါလိမ့်မည်။)

🔑🔑 အကြံပြုချက်…………………

🌼🌼 လက်တွေ့မြေပြင်အကွာအဝေးအား ဖော်ပြရာတွင် ဒဿမဂဏန်းဖြင့် မဖော်ပြဘဲ ကိန်းပြည့်ဖြင့် ဖော်ပြခြင်းသည် လက်တွေ့မြေပြင်အခြေအနေတွင် မြေပုံအသုံးပြုသူအား ပိုမို လွယ်ကူစေပါတယ်။ (ဥပမာ (၃.၅) မိုင်စကေးဖြင့် မြေပုံရေးဆွဲမည့်အစား (၃) မိုင် (သို့) (၄) မိုင် ဖြင့်သာ ရေးဆွဲသင့်ပါတယ်။)

🌼🌼 အခြားယူနစ်များဖြင့် ရေးဆွဲလိုလျှင် အထက်ဖော်ပြပါ နည်းလမ်းများအတိုင်း မြေပုံရေးဆွဲလိုသည့် ယူနစ်အပေါ် မူတည်၍ Unit Conversion ပြုလုပ်ကာ ရေးဆွဲရမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် (1 cm = 2 km) စကေးရှိ မြေပုံရေးဆွဲချင်ရင် Map Scale box တွင် (1 : 200,000) ကို ရိုက်ထည့်ပေးရမည်။ (1 km = 100, 000 cm)

😊😊 အားလုံး အဆင်ပြေကြမယ်လို့ မျှော်လင့်ပါတယ်။
😊😊 ကျေးဇူးတင်ပါတယ်။


11/05/2024

🌳🌳 အခုနောက်ပိုင်းမှာ မြေပုံတွေကို animation တွေနဲ့ ဗီဒီယိုဖိုင်အနေနဲ့ ဖန်တီးလာကြပါတယ်။

🌳🌳 ဖော်ပြပါမြေပုံဟာ ၁၇၇၀ ခုနှစ်က သင်္ဘောတွေ ကူးလူးသွားလာမှုကို လအလိုက် ဖော်ပြထားခြင်းပဲ ဖြစ်ပါတယ်။

🛳⛴ 2D animation Map through time 🚢🛳
✏️✏️✏️✏️✏️ by GIS Knowledge Share

10/05/2024

🌲 Creating a fly-through animation Map 🌳

✏️✏️ Depicted by GIS Knowledge Share ✏️✏️

Photos from GIS Knowledge Share's post 09/05/2024

🌏🌏Creating small multiple maps🌏🌏

Photos from GIS Knowledge Share's post 03/05/2024

✔✔✔ Ground Truthing Using Google Earth Pro ✔✔✔

# # # For RS & GIS Beginners # # # (Episode – 40)

🌻🌻 ဂြိုလ်တုဓါတ်ပုံများကို အသုံးပြုပြီး မြေအသုံးချမှုအား လေ့လာဆန်းစစ် (Land Use and Land Cover Classification)ရာမှာ မိမိရဲ့ဆန်းစစ်ချက်ရလဒ် (Classification Output) ဟာ ဘယ်လောက်အထိ တိကျမှန်ကန်တယ်ဆိုတာကို မဖြစ်မနေ ဖော်ပြပေးရပါတယ်။

🌻🌻 အဲ့ဒီလို ရလဒ်တိကျမှန်ကန်မှု (Accuracy) ကို စစ်ဆေးဖို့အတွက် အကိုးအကားဒေတာ (Reference Data) အနေဖြင့် Google Earth (သို့) အခြား ပိုမိုကြည်လင်တဲ့ ဂြိုလ်တုဓါတ်ပုံများ (high-resolution Satellite images) ကို အသုံးပြုလေ့ရှိကြပါတယ်။ အကောင်းဆုံး Reference Data ကတော့ လက်တွေ့မြေပြင်ကွင်းဆင်းပြီး တိုက်ဆိုင်စစ်ဆေးခြင်း(Ground truthing)ပဲ ဖြစ်ပါတယ်။

🌻🌻 သို့သော် အကြောင်းအမျိုးမျိုးကြောင့် လက်တွေ့မြေပြင်ကွင်းမဆင်းနိုင်သော်လည်း မြေပြင်အခြေအနေကို သိလိုတဲ့အခါ (သို့) Google Earth Image နှင့် high-resolution image တွေကို ကြည့်ပြီး မြေပြင်အခြေအနေအမှန်ကို မဆုံးဖြတ်နိုင်တဲ့အခါမှာ ယခုဖော်ပြမယ့် နည်းလမ်းကို အသုံးပြုပြီး လက်တွေ့မြေပြင်အခြေအနေအမှန်ကို အလွယ်တကူ ခန့်မှန်း သိရှိနိုင် ပါတယ်။

🌻🌻 ဒါကြောင့် အခု Post မှာတော့ Google Earth Pro ကို သုံးပြီး Ground Truthing ဘယ်လိုလုပ်မလဲဆိုတာကို မျှဝေပေးချင်ပါတယ်။

🔑🔑🔑 လုပ်ဆောင်ပုံနည်းလမ်းအဆင့်ဆင့် 🔑🔑🔑

🌼🌼 Google Earth Pro ကို ဖွင့်ပြီး မိမိကြည့်လိုတဲ့ နေရာကို Screen အချုံ့ အချဲ့ (Zoom In / Out) လုပ်ပြီး ကြည့်လိုတဲ့ အနေအထားအတိုင်း ထားပါ။

🌼🌼 Google Earth Pro Software ၏ အပေါ်ဘက် Toolbars ရှိ “View in Google Maps” ကို နှိပ်ပါ။ Microsoft Edge browser တွင် အလိုအလျောက် Google Maps ပွင့်သွားပါလိမ့်မယ်။

🌼🌼 Microsoft Edge browser တွင် Google Maps ၏ ညာဘက်အောက်ထောင့်တွင် “ပုံများကို ပြရန်” ဆိုသည့် နေရာကို နှိပ်ပါ။ မြေပြင်အခြေအနေပြ ဓါတ်ပုံများ ပေါ်လာပါလိမ့်မယ်။

🌼🌼 ဓါတ်ပုံတစ်ပုံချင်းစီပေါ်သို့ Mouse Pointer လိုက်ရွှေ့ကြည့်ပါက အဆိုပါ ဓါတ်ပုံများ၏ တည်နေရာကို Google Maps မှာ ဖော်ပြနေပါလိမ့်မယ်။

🌼🌼 မိမိကြည့်လိုတဲ့ တည်နေရာရဲ့ ဓါတ်ပုံကို left-click နှိပ်ကြည့်ပါက အမှန်တကယ် မြေပြင်အခြေနေကို ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ ထို့ပြင် upload ပြုလုပ်သူ၏ အမည်နဲ့ upload လုပ်သည့် နေ့ရက်တို့ကိုပါ တွေ့နိုင်ပါတယ်။

🌼🌼 မိမိကြည့်လိုတဲ့ တည်နေရာတိုင်းအတွက် Google Maps မှာ ဓါတ်ပုံများ မရှိသော်လည်း တည်နေရာ တော်တော်များများအတွက် ဓါတ်ပုံတွေကို upload ပြုလုပ်ထားတာကြောင့် Ground Truthing အတွက် အလွန် အသုံးဝင်လှပါတယ်။

😊😊 အားလုံး အဆင်ပြေကြမယ်လို့ မျှော်လင့်ပါတယ်။
😊😊 ကျေးဇူးတင်ပါတယ်။


Photos from GIS Knowledge Share's post 02/05/2024

⛰⛰ 3D Mudslide Maps ⛰⛰
Depicted by GIS Knowledge Share

01/05/2024

# # No need to pay $$$ # # 🌍🌎 FREE 🌏🌏

What can you do to turn climate change around? 🌱 Use GIS! Register for our free course and learn how. We'll provide all the ArcGIS software you need: http://esri.social/kxpY50Rowvr

27/04/2024

🌳🌲🌳 Advanced labelling is an art of CARTOGRAPHY 🌳🌲🌳

Photos from GIS Knowledge Share's post 26/04/2024

✔✔✔ Map Package ပြုလုပ်ခြင်း ✔✔✔

# # # For RS & GIS Beginners # # # (Episode – 39)

🌻🌻 ရေးဆွဲပြီးသား မြေပုံများအား Memory Stick ၊ Gmail ၊ Social Media တစ်ခုခု (သို့) အခြားနည်းလမ်းများကို အသုံးပြု၍ မျှဝေလေ့ရှိကြပါတယ်။

🌻🌻 ရေးဆွဲပြီးသားမြေပုံများအား လက်ခံရရှိသူမှ ပြန်လည်ပြင်ဆင်လိုလျှင် အဆိုပါမြေပုံ ရေးဆွဲခဲ့စဉ်က အသုံးပြုခဲ့သည့် Vector file (Points, Lines & Polygons) များနှင့် Raster file များအား ArcMap Software တွင် ထည့်သွင်း၍ ပြန်လည်ရေးဆွဲနိုင်သော်လည်း မြေပုံတစ်ပုံအား အစအဆုံး ပြန်လည်ရေးဆွဲရသကဲ့သို့ ဖြစ်နေတာကြောင့် အချိန်ကုန် လူပင်ပန်း စေပါတယ်။

🌻🌻 Map Package ပြုလုပ်ပြီး မျှဝေခြင်းအားဖြင့် မြေပုံလက်ခံရရှိသူမှ မြေပုံအား ပြန်လည် ပြင်လိုသည့်အခါ အစအဆုံးပြန်လည်ရေးဆွဲစရာ မလိုဘဲ ပြင်ဆင်လိုသည့် အရာကိုသာ ပြန်ပြင်ပြီး အဆိုပါမြေပုံအား အလွယ်အကူ ပြန်ရေးဆွဲ(Layout)နိုင်ပါတယ်။

🌻🌻 Map Package ပြုလုပ်ပြီး မျှဝေခြင်းသည် ပြင်လိုသည့် အရာကို အလွယ်တကူ ပြန်ပြင်နိုင်ရုံသာမက အဆိုပါ Map Package တွင် ပါဝင်သည့် ဒေတာများကို အခြားမြေပုံများ ရေးဆွဲရာမှာ အသုံးပြုချင်ရင်လည်း Map Package မှ ပြန်လည် ထုတ်ယူ အသုံးပြုနိုင်ပါတယ်။

🌻🌻 ဒါကြောင့် အခု Post မှာတော့ မြေပုံရေးဆွဲခဲ့စဉ်က အသုံးပြုခဲ့သည့် ဖိုင်များ (Vector & Raster Files) နှင့် မြေပုံမှာပါတဲ့ ခေါင်းစဉ် ၊ ရည်ညွှန်းချက်၊ North Arrow ၊ Scale bar ၊ Label ၊ Grid lines တို့၏ သတ်မှတ် အနေအထား၊ Fonts ၊ Symbols တို့၏ ကာလာအရောင်နှင့် အရွယ်အစားများအတိုင်း မပြောင်းလဲစေဘဲ ပြင်လိုသည့် အရာကိုသာ ပြန်ပြင်ပြီး မြေပုံ ရေးဆွဲနိုင်မယ့် Map Package ပြုလုပ်နည်းကို မျှဝေပေးချင်ပါတယ်။

🔑🔑🔑 လုပ်ဆောင်ပုံနည်းလမ်းအဆင့်ဆင့် 🔑🔑🔑

🌼🌼 ပထမဦးစွာ မြေပုံရေးဆွဲရာများ အသုံးပြုတဲ့ Table of Content Tab ရှိ Layer များ အားလုံးကို ဖွင့် (turn on) ထားပါ။ ထို့နောက် File >>> Share As >>> Map Package ကို နှိပ်ပါ။

🌼🌼 Map Package box တစ်ခု ပေါ်လာပါမယ်။ “Save package to file” တွင် Package ဖိုင် သိမ်းမယ့်နေရာကို ရွေးပါ။ File Name တွင် ဖိုင်နာမည် ပေးပြီး Save ကို နှိပ်ပါ။ (မိမိမှာ ArcGIS Online Account ရှိတယ်ဆိုရင်တော့ “Upload package to my ArcGIS Online account” ကို ရွေးပြီး Package file ကို သိမ်းနိုင်ပါတယ်။)

🌼🌼 Item Description tab မှာ Summary (required): နဲ့ Tags (required): ကို မဖြစ်မနေ ဖြည့်ပေးရပါမယ်။
Summary (required): မှာတော့ ရေးဆွဲတဲ့မြေပုံရဲ့ အဓိကအကြောင်းအရာကို အနှစ်ချုပ် ဖော်ပြပေးရပါမယ် (ဥပမာ - Myanmar Land Use and Land Cover Map)။
Tags (required): မှာတော့ ArcGIS Online မှ ဆွဲယူအသုံးပြုခဲ့တဲ့ ဒေတာတွေရှိရင် Tags တွဲပြီး ဖော်ပြပေးရပါမယ်။ မရှိရင်လည်း မြေပုံမှာ ထည့်သုံးခဲ့တဲ့ ဒေတာတွေကို ဖော်ပြပေးရပါမယ်။ (ဥပမာ - Land Use and Land Cover Classes, World Terrain Basemap, etc…..)
Description: မှာတော့ မိမိရေးဆွဲတဲ့ မြေပုံနဲ့ပတ်သက်ပြီး ဖော်ပြချင်တဲ့ အကြောင်းအရာကို ရေးသားရပါမယ်။
[*** Summary (required): ၊ Tags (required): ၊ Description: (၃) ခုလုံးမှာ အထက်ဖော်ပြပါအတိုင်း မရေးဘဲ မိမိရေးချင်တဲ့ စကားလုံးရေးပြီးလည်း Map Package ပြုလုပ်နိုင်ပါတယ်။ (ဥပမာ - asdfjkl, jfskjfhkjsd, fhjshfjd, စသဖြင့်*** ]

🌼🌼 ထို့နောက် Map Package လုပ်ရာမှာ Error နဲ့ Warning Messages ရှိမရှိ သိရှိနိုင်အောင် “Analyze” ကို နှိပ်ပါ။ Error နဲ့ Warning Messages ရှိ မရှိကို box ဖြင့် ဖော်ပြလာပါလိမ့်မယ်။

🌼🌼 Error နဲ့ Warning Messages မရှိပါက Map Package box ရှိ “Share” ကို နှိပ်ပါ။

🎯🎯🎯 လုပ်ဆောင်ပုံအနှစ်ချုပ်ဖော်ပြချက် 🎯🎯🎯

🌸🌸 Table of Content ရှိ layer file အားလုံးကို ဖွင့်ထားပါ။

🌸🌸 File >>> Share As >>> Map Package ကို နှိပ်ပါ။

🌸🌸 Save package to file မှာ package file သိမ်းမယ့်နေရာ ရွေးပါ။

🌸🌸 Item Description tab ရှိ Summary (required): ၊ Tags (required): နှင့် Description: မှာ လိုအပ်သည်များကို ဖြည့်ပါ။

🌸🌸 “Analyze” ကို နှိပ်ပြီး Error ရှိ မရှိကို စစ်ပါ။ မရှိပါက “Save” ကို နှိပ်ပါ။

😊😊 အားလုံး အဆင်ပြေကြမယ်လို့ မျှော်လင့်ပါတယ်။
😊😊 ကျေးဇူးတင်ပါတယ်။


22/04/2024

🌍🌍 An Artistic Thematic Map 🌏🌏

Want your school to be the top-listed School/college in Naypyidaw?

Click here to claim your Sponsored Listing.

Location

Website

Address


Naypyidaw
15013