Committee Representing Nursing Training School - Nay Pyi Taw

Committee Representing Nursing Training School - Nay Pyi Taw

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Committee Representing Nursing Training School - Nay Pyi Taw, Education, Naypyidaw.

Photos from Committee Representing Nursing Training School - Nay Pyi Taw's post 27/12/2021

"စစ်ကောင်စီမှ ကရင်နီပြည်သူများအား အကြမ်းဖက်ရမ်းကားသတ်ဖြတ်မှုအပေါ် ကျောင်းသားသမဂ္ဂများမှ ပူးပေါင်းထုတ်ပြန်ကြေညာချက်"


01/12/2021

ကျွန်ုပ်တို့အနေဖြင့် သမဂ္ဂဖြစ်မြောက်ရေး ဦးဆောင်ကော်မတီအဖြစ် သူနာပြုသင်တန်းကျောင်း(နေပြည်တော်) ကိုယ်စားပြုကော်မတီအား ၂၀၂၁ ခုနှစ်၊ ဇွန်လ (၁)ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး သမဂ္ဂတာဝန်များအား ယာယီထမ်းဆောင်ခဲ့ပါသည်။ ကော်မတီဖွဲ့စည်းခဲ့ပြီး ၆ လအကြာ ယနေ့ ဒီဇင်ဘာ (၁)ရက်နေ့တွင် 'နေပြည်တော်သူနာပြုသင်တန်းကျောင်း ကျောင်းသားများသမဂ္ဂ'အား အောင်မြင်စွာဖွဲ့စည်းနိုင်ခဲ့ပြီဖြစ်ပါသည်။

ကျွန်ုပ်တို့သည် နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် အဖွဲ့အစည်းဖြစ်သည်နှင့်အညီ မိမိတို့နိုင်ငံ ဖက်ဒရယ်ဒီမိုကရေစီရသည်အထိ ကျောင်းသားပြည်သူလူထုအပေါ်တွင် သစ္စာစောင့်သိရိုသေကာ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုပါသည်။

https://www.facebook.com/103722765488943/posts/103803515480868/

Photos from Committee Representing Nursing Training School - Nay Pyi Taw's post 25/10/2021

ကြေညာချက်အမှတ် - ၅/၂၀၂၁
'သူနာပြု-သားဖွားဒီပလိုမာ(၃)နှစ်သင်တန်း နောက်ဆုံးနှစ် လောက်ကောင်စာရင်းအား ထုတ်ပြန်ခြင်း'

05/10/2021

CDMဆရာများအားဝန်ထမ်းအဖြစ်မှထုတ်ပယ်ပြီး စစ်ကောင်စီလက်အောက်တွင်ဖွင့်လှစ်မည့် သူနာပြုနှင့်သားဖွားဒီပလိုမာ (၃)နှစ်သင်တန်းနှင့် ပတ်သက်၍ သဘောထားထုတ်ပြန်ကြေညာခြင်း

05/10/2021

စစ်ကောင်စီ လက်အောက်ခံတို့မှ ဖွင့်လှစ်မည့် သူနာပြုနှင့်သားဖွားဒီပလိုမာ (၃) နှစ် သင်တန်း၏ နောက်ဆုံးနှစ်သင်တန်းနှင့် ပတ်သက်၍ ထုတ်ပြန်ကြေငြာချက်

ရက်စွဲ ၃၊၁၀၊၂၀၂၁။

မြန်မာနိုင်ငံတစ်ဝှမ်းရှိ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းများတွင် သူနာပြုနှင့် သားဖွား ဒီပလိုမာ (၃) နှစ် သင်တန်း၏ နောက်ဆုံးနှစ်သင်တန်းကို ဖွင့်လှစ်ရန် စီစဉ် ဆောင်ရွက်လျက် ရှိပါသည်။ ယခုအချိန် ထိုသို့ကြိုးပမ်းခြင်းသည် ကျောင်းသားကျောင်းသူ များ၏ လုံခြုံရေးနှင့်ကျန်းမာရေးတို့ကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားနှင့် စစ်ကျွန်ပညာရေးစနစ် သက်ဆိုးရှည်စေရန်အတွက်သာ ဦးတည် သောလုပ်ရပ်ဖြစ်သည့်အတွက် မိမိတို့ မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားသင်တန်းကျောင်းများ ယာယီကောင်စီမှ ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချပါသည်။
စစ်ကောင်စီသည် နိုင်ငံတော်အာဏာကို မတရားသိမ်းပိုက်လုယူထားသော အကြမ်းဖက်အဖွဲ့အစည်း၊ မြန်မာပြည်သူလူထုနှင့် မည်သည့်နိုင်ငံတကာအဖွဲ့အစည်းမှ အသိအမှတ်မပြုသော တရားမဝင်အဖွဲ့အစည်းတစ်ခုသာဖြစ်ပါသည်။ ထိုကဲ့သို့သော စစ်ကောင်စီသည် သူနာပြုနှင့်သာဖွားသင်တန်းကျောင်းများကို ပြန်လည်ဖွင့်လှစ်ရန် တရားဝင်အခွင့်အာဏာ လုံးဝပိုင်ဆိုင်ထားခြင်းမရှိပါ။ ၄င်းလုပ်ရပ်တွင် ပူးပေါင်းပါဝင် ဆောင်ရွက်နေသော သူနာပြုနှင့်သားဖွားသင်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ကျောင်းအုပ်များ၊ ဆရာ၊ဆရာမများနှင့် ဝန်ထမ်းများ၏ လုပ်ဆောင်နေမှုများသည်လည်း လုံးဝတရားဝင်မှုမရှိပါ။ သို့ဖြစ်ပါ၍ စစ်ကောင်စီ၏ အမိန့်နာခံပြီး သူနာပြုနှင့်သားဖွား သင်တန်းကျောင်းများဖွင့်လှစ်ခြင်း၊ တက်ရောက်သင်ကြားခြင်း၊ ၄င်းသင်တန်းမှပေးအပ်သော အောင်လက်မှတ်နှင့် တတ်မြောက်မှု မှတ်တမ်းအစရှိသည်တို့ကို မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားသင်တန်းကျောင်းများယာယီကောင်စီမှ အသိအမှတ်မပြုသည့်အပြင် တက်ရောက် သည့်ကျောင်းသားကျောင်းသူများ၏ ပညာရေးနှင့်ပတ်သက်၍ဆက်လက်အသိအမှတ်ပြုခြင်း၊ တာဝန်ယူခြင်းရှိမည်မဟုတ်ကြောင်း အတိအလင်း ကြေငြာအပ်ပါသည်။

မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားသင်တန်းကျောင်းများယာယီကောင်စီ

19/09/2021

“သူရဲကောင်း အာဇာနည်ရဲဘော် မဝင်းမော်ဦးနေ့”

စက်တင်ဘာမှာ မိုးတွေရွာတတ်သလား
ဥတု ကြမ္မာကတော့ မိုးတွေရွာစေခဲ့လေရဲ့
နှလုံးသား မျက်ဝန်းတွေမှာ ဝမ်းနည်းခြင်း မျက်ရည်မိုးတွေ တွဲလဲခိုလို့
အဖြူ အစိမ်းသူရဲကောင်းမလေးဟာ ပြင်းပြတဲ့ခံယူချက် ယုံကြည်ခြင်းနဲ့ တော်လှန် တိုက်ပွဲဝင်ရင်း မရဏခရီးကိုထွက်ခွါသွားခဲ့ရတာ ဒီနေ့ဆို”၃၃နှစ်”ပြည့်ခဲ့ပါရောလား
“သမီးကအမာခံမဟုတ်ဘူး၊အသေခံ” တဲ့
ရဲဝံ့စွာဆိုခဲ့တဲ့ အခြေခံကျောင်းသူလေးရဲ့ နှလုံးသားအခြေမှာ မတရားမှုကို တော်လှန်လိုစိတ်တွေ လေးနက် ထက်သန်ခဲ့တယ်
၁၉၇၂ခုနှစ်မှာ လောကကြီးနဲ့စတင်ထိတွေ့ခဲ့ရသူလေးရဲ့ သွေးဟာ ချင်းချင်းနီတယ်
အမှတ်၄ အခြေခံပညာ အလယ်တန်းကျောင်း ကြည့်မြင်တိုင်က ၈တန်းကျောင်းသူလေးဟာ ခန္ဓာပဲသေခဲ့ရတာပါ
နာမည်ကြားတာနဲ့ နှလုံးသားအစုံကိုကိုင်လှုပ်နိုင်သူ
သူရဲကောင်းမလေးရေ ယုံကြည်ခြင်း ဓာတ်ပုံကို ရင်ဝယ်ပိုက် နောက်ဆုံးအချိန်ထိ တိုက်ပွဲဝင်ခဲ့တယ်
အို အသင် အာဇာနည်ရဲဘော်
၂၁ရာစုရဲ့ ဓမ္မဘက်တော်သားများဟာလဲ ယုံကြည်ခြင်းကို နှလုံးတည် အဆုံးထိတော်လှန်တိုက်ထုတ်
ဝေဝါးနေတဲ့ အနာဂတ်ကို ပီသစွာခြယ်မှုန်း
တိုင်းပြည်လွတ်မြောက်ရေးအတွက် ရုန်းထွက်
အဓမ္မမိစ္ဆာကို အမြစ်ဖြတ် သုတ်သင် ထက်သန်စွာတော်လှန်ရင်း
စစ်မှန်သော ဒီမိုကရေစီနှင့်အတူ ဧကန်မုချ အမျှဝေမည် သာဓုခေါ်ရန်စောင့်နေလော့

#သတင်းနှင့်ပြန်ကြားရေး

18/09/2021

"ဖက်ဆစ်ထုတ်ကုန် အားမပေး ငါတို့ အနာဂတ်အရေး"

အာဏာသိမ်းခါစက ဖက်ဆစ်ထုတ်ကုန်တွေကို သပိတ်မှောက်ခဲ့ကြပါတယ်။သို့ရာတွင် ယခုအခါ အချို့ပြည်သူများက မေ့မေ့လျော့လျော့ဖြင့်ပြန်လည် သုံးစွဲနေကြတာကို တွေ့ရပါတယ်။အကြမ်းဖက် စစ်ကောင်စီရဲ့ စစ်ယန္တရားကြီးကို အပြီးတိုင် ရပ်ဆိုင်းပစ်ဖို့အတွက် ပြည်သူလူထုတစ်ရပ်လုံးက အတူတကွ ကြိုးပမ်းကြဖို့ လိုအပ်ပါတယ်။ တောခိုနေတဲ့ ရဲဘော်ရဲဘက်တွေက သူတို့တတ်စွမ်းသမျှ လုပ်ပေးနေတုန်းမှာ တောမခိုနိုင်တဲ့ မြို့ပေါ်နေ ပြည်သူတို့အနေနဲ့လဲ ကိုယ်တတ်နိုင်တာကို ကြိုးစားလုပ်ပေးဖို့ လိုအပ်ပါတယ်။ တောခိုနေသူတို့အတွက် လိုအပ်တာ လှူဒါန်းပေးတဲ့ နည်းတူစွာပဲ တစ်ဖက်က စစ်ကောင်စီဆီကို ငွေဝင်မယ့် လမ်းကြောင်းတွေကိုလဲ ဖျက်ဆီးပစ်ရပါမယ်။ အဲ့အတွက် စစ်တပ်ပိုင်ထုတ်ကုန်တွေကို သပိတ်မှောက်ဖို့ လိုအပ်ပါတယ်။

သပိတ်မမှောက်ရင်ရော ဘာဖြစ်လို့လဲ?
သပိတ်မမှောက်ဘူးဆိုရင် စစ်တပ်ဘက်ကို ငွေဝင်စီးကြောင်း ရှိနေတဲ့အတွက် ပြည်သူတွေကို သတ်ဖြတ်မယ့် ကျည်ဆန်ဖိုး၊ လက်နက်ကြီးတွေ စသဖြင့် ဝယ်လို့ရအောင် ကူညီပေးသလို ဖြစ်သွားပါလိမ့်မယ်။ ပြည်သူတွေအနေနဲ့ ကိုယ့်ကို ပြန်ပစ်ဖို့ ကျည်ဖိုး ရှာပေးတာမျိုး မဖြစ်သင့်ပါဘူး။ ဒါကြောင့် ကိုယ့်ဆီကငွေ တစ်ပြားတစ်ချပ်မှ စစ်တပ်ဘက်ကို ရောက်မသွားဖို့အတွက် သေချာသပိတ်မှောက်ကြရပါမယ်။

ဘာတွေကို သပိတ်မှောက်ကြမလဲ?
အခုအချိန်မှာ မြန်မာဘီယာတို့ Rubyတို့ စတဲ့ စစ်တပ်ပိုင် ပစ္စည်းတွေကို ပြန်ပြီးသုံးနေတာတွေ ရှိလာပါတယ်။ ဒါကြောင့် စီးကရက်၊ ဘီယာစတဲ့ လူသုံးများတဲ့ ထုတ်ကုန်နဲ့ပတ်သတ်ပြီး သပိတ်မှောက်ရမယ့် ထုတ်ကုန်များကို ဖော်ပြပေးလိုပါတယ်။ ဘီယာမှာဆိုရင် Myanmar Beer, Myanmar Premium Beer, Adaman Gold, Dagon Beer, Mandalay Beer နဲ့ Black Shield တို့ဖြစ်ပြီး စီးကရက်ထုတ်ကုန်တွေက Red Ruby နဲ့ Premium Gold တို့ ဖြစ်ပါတယ်။

သပိတ်မှောက်တာကို ပိုထိရောက်အောင် ဘယ်လိုလုပ်မလဲ?
ဈေးကွက်ကွန်ရက်ဟာ အဓိကက ထုတ်လုပ်သူ၊ ဖြန့်ဖြူးသူ၊ ဝယ်ယူသူဆိုပြီး ကွင်းဆက်ကြီးရှိပါတယ်။ ဝယ်သူရှိလို့ ရောင်းသူရှိတယ်၊ ရောင်းသူရှိလို့ ထုတ်သူရှိတယ်၊ ထုတ်သူရှိလို့ ဝယ်သူရှိတယ်။ အဲ့အတွက် ကွင်းဆက်ဖြတ်ဖို့အတွက် အဓိကအခြေခံအနေနဲ့ ဝယ်သူတွေကစပြီး ဖြတ်ပစ်ကြပါမယ်။ တပ်ပိုင်းထုတ်ကုန်မှန်သမျှ မဝယ်ယူ၊ အားမပေးဘဲ နေပါမယ်။ ထိုနည်းလည်းကောင်း ရောင်းသူတို့ကလဲ တပ်ပိုင်းပစ္စည်းဆို ဆိုင်ပေါ်မတင်၊ မရောင်းချဘဲ နေရပါမယ်။

အခု Mytel Tower တွေ ကျိုးတဲ့အခါ စစ်တပ်ဘက်က အထိနာနေပါတယ်။ ဘီယာနဲ့ စီးကရက်က တိုင်ချိုးသလို သွားချိုးလို့မရတဲ့အတွက် ကိုယ်တတ်နိုင်တဲ့ဘက်ကနေဘဲ မဝယ်ယူ၊ မသုံးစွဲ၊ မရောင်းချ၊ အားမပေး ဆိုပြီးတော့ပဲ တတ်နိုင်သမျှ သပိတ်မှောက်ဖို့လိုအပ်ပါတယ်။

"ကိုယ်တစ်ယောက်မလုပ်လည်း ဘာမှမဖြစ်ပါဘူး"ဆိုပြီးနေမယ်ဆိုရင် ကိုယ်လိုလူတွေတစ်စတစ်စများလာမယ်ဆိုရင် ဖြစ်လာမယ့်ငွေတွေက စစ်တပ်ကို အကျိုးအမြတ် အကြီးကြီးပေးသလို ဖြစ်သွားစေတဲ့အတွက် ပြည်သူတစ်ရပ်လုံးအနာဂတ်အတွက် ဖက်ဆစ်ထုတ်ကုန်မှန်သမျှသပိတ်မှောက်ကြဖို့ နှိုးဆော်တိုက်တွန်းအပ်ပါတယ်။


#ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်

17/09/2021

သူနာပြုသင်တန်းကျောင်း(နေပြည်တော်)ကိုယ်စားပြုကော်မတီ
ဘဏ္ဍာရေးကြေညာချက်အမှတ် - ၁/၂၀၂၁
'ပထမအကြိမ် ဘဏ္ဍာရေးရှင်းတမ်း ထုတ်ပြန်ခြင်း'
ရက်စွဲ - ၁၇.၉.၂၀၂၁ (သောကြာနေ့)

ယခုကဲ့သို့ ​အောင်မြင်စွာလှူဒါန်းနိုင်ရန် အဘက်ဘက်မှ လှူဒါန်းပေးကြသူ တစ်ယောက်ချင်းစီတိုင်းအား ကျွန်ုပ်တို့ကော်မတီမှ အထူးကျေးဇူးတင်ရှိပါသည်။

Photos from Committee Representing Nursing Training School - Nay Pyi Taw's post 11/09/2021

သူနာပြုသင်တန်းကျောင်း(နေပြည်တော်)ကိုယ်စားပြုကော်မတီ
ကြေညာချက်အမှတ် - ၄/၂၀၂၁
'သူနာပြုသင်တန်းကျောင်း(နေပြည်တော်)မှ ဆရာများနှင့်ဝန်ထမ်းများ၏ Non-CDM စာရင်းအား ထုတ်ပြန်ခြင်း'

Photos from Student Union Representatives Committee - SURC's post 10/09/2021
10/09/2021

မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားသင်တန်းကျောင်းများယာယီကောင်စီ ဖွဲ့စည်းပြီးကြောင်း ကြေညာချက်။
နေ့စွဲ။ ၁၀.၉.၂၀၂၁

တိုင်းနှင့်ပြည်နယ် (၁၅) ခုမှာ ရှိကြသော သူနာပြုနှင့်သားဖွားသင်တန်းကျောင်းတွေမှာ CDM အဖြစ်ပါဝင်‌ေနကြသော ဆရာ၊ဆရာမများ၊ ‌ဝန်ထမ်းများ၊ ကျောင်းသား၊သူများ ပါဝင်ပြီး ယာယီကောင်စီဖွဲ့စည်းနိုင်ခဲ့ပါပြီ။ သမိုင်းသစ်စာမျက်နှာသစ်ဖွင့်လှစ်ပြီး ပိုမိုကောင်းမွန်သောပညာရပ်ဝန်း တစ်ခုပေါ်ထွန်းနိုင်အောင် ရည်ရွယ်ချက်ကောင်းများနဲ့ ဆက်လက်အတူတူကြိုးစားကြပါမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

ပုံ/ မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားသင်တန်းကျောင်းများယာယီကောင်စီ

Photos from Committee Representing Nursing Training School - Nay Pyi Taw's post 09/09/2021

နေပြည်တော်အခြေစိုက် ကျောင်းသားသမဂ္ဂများမှ မိဘပြည်သူများသိစေရန် အသိပေး တိုက်တွန်းနှိုးဆော်ခြင်း

Want your school to be the top-listed School/college in Naypyidaw?

Click here to claim your Sponsored Listing.

Location

Category

Culinary Team

Attire

Website

Address


Naypyidaw