19/08/2026
🌟"ဉာဏ်ရည်တင်မက စာရိတ္တပါ ပြည့်ဝတဲ့ ရင်သွေးလေးဖြစ်ဖို့ 'ဗလငါးတန်' ဘက်စုံဖွံ့ဖြိုးမှု"🌟
မိဘတိုင်းဟာ မိမိတို့ရဲ့ သားသမီးများကို ထူးချွန်ထက်မြက်ပြီး ဘက်စုံပြည့်စုံတဲ့ လူတော်၊ လူကောင်းလေးများ ဖြစ်စေချင်ကြတာ သဘာဝပါပဲ။
မူကြိုအရွယ်ဆိုတာ ကလေးတစ်ယောက်ရဲ့ စိတ်ဓာတ်၊ ရုပ်ပိုင်းဆိုင်ရာနဲ့ အကျင့်စာရိတ္တ အုတ်မြစ်တွေကို အခိုင်မာဆုံး တည်ဆောက်ပေးရမယ့် အရေးကြီးဆုံး ရွှေရောင်အချိန်ကာလ ဖြစ်ပါတယ်။
ဒါကြောင့်မို့လို့ Guardian Preschool မှာ ရင်သွေးငယ်များအတွက် ဗလငါးတန် ကို အောက်ပါအတိုင်း စနစ်တကျ လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိပါတယ်🌟
✨ကာယဗလ (ကျန်းမာကြံ့ခိုင်မှု)✨
လွတ်လပ်စွာ ဆော့ကစားခွင့်၊ ကိုယ်လက်လှုပ်ရှား ကစားနည်းများနှင့် အာဟာရပြည့်ဝသော အစားအစာများဖြင့် သန်မာကျန်းမာသော ခန္ဓာကိုယ်ဖြစ်အောင် လေ့ကျင့်ပေးပါတယ်။
✨ဉာဏဗလ (အသိဉာဏ်ပညာ)✨
သင်ရိုးညွှန်းတမ်းများတင်မကဘဲ ပုံပြင်များ၊ စိစစ်တွေးခေါ်မှုဆိုင်ရာ ကစားနည်းများနှင့် တန်းတူအပြန်အလှန် လေ့လာမှုများမှတစ်ဆင့် ပညာဉာဏ် ပွင့်လင်းစေပါတယ်။
✨စာရိတ္တဗလ (အကျင့်စာရိတ္တ မွန်မြတ်မှု) ✨
ကိုယ်ကျင့်တရား ကောင်းမွန်ခြင်း၊ ကြီးသူကိုရိုသေ ငယ်သူကိုသနားခြင်း၊ ပူးပေါင်းဆောင်ရွက်တတ်ခြင်းနှင့် စည်းကမ်းလိုက်နာတတ်သော အလေ့အထများကို ငယ်စဉ်ကတည်းက ပျိုးထောင်ပေးပါတယ်။
✨မိတ္တဗလ (ပေါင်းသင်းဆက်ဆံရေး) ✨
အပေါင်းအသင်းများနှင့် ချစ်ခင်စွာ ပေါင်းသင်းတတ်စေရန်၊ ဝေမျှတတ်သော စိတ်ဓာတ်ရှိစေရန်နှင့် စာနာနားလည်ပေးနိုင်သော လူမှုဆက်ဆံရေး စွမ်းရည်များကို မွေးမြူပေးပါတယ်။
✨ဘောဂဗလ ✨(ပစ္စည်းဥစ္စာ စီမံခန့်ခွဲမှုဆိုင်ရာ အခြေခံ)
မိမိပစ္စည်းများကို စနစ်တကျ ထိန်းသိမ်းတတ်ခြင်း၊ မလိုအပ်ဘဲ လေလွင့်ပြုန်းတီးမှု မရှိစေရန် စည်းကမ်းတကျ သုံးစွဲတတ်သည့် အလေ့အထ အခြေခံများကို ပျိုးထောင်ပေးပါတယ်။
ရင်သွေးငယ်များ၏ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုအတွက် မိဘများနှင့်အတူ လက်တွဲပြီး အကောင်းဆုံး အနာဂတ်ကို ပုံဖော်ပေးသွားမည့်
✨ Guardian ✨ Bright to A Better future ✨