22/09/2020
အတန်းထဲက လူငယ်ခြေတက်များရော လူကြီးစွမ်းဆောင်ရှင်များကိုရော အကြံပြုချင်တာက ဘယ်ချိန်ပြန်ဖွင့်နိုင်မယ်မှန်း မသိတဲ့ ပီပီအေ ကို စောင့်မနေကြပဲ အခြား ဆောင်ရွက်စရာ ရှိတာတွေ တက်စရာရှိတာတွေ လေ့လာစရာ ရှိတာတွေကို လုပ်ကြဖို့ အကြံပြုတိုက်တွန်းချင်ပါတယ်၊ coursera မှာ ဖရီးအွန်လိုင်းအတန်းတွေရော အခြား စိတ်ဝင်စားစရာ အတန်းတွေရှိပါတယ်၊အချိန်ကို တန်ဖိုးရှိစွာ အသုံးချစေချင်တဲ့ စေတနာကြောင့်ပါ၊အတန်းထဲက အမတစ်ယောက်က အကြံပြုလာလို့ပါ
18/08/2020
အတန်းဖော်များ ခင်ဗျား
ppa-4 ဆက်တက်/မတက် voting ကောက်ခံနေခြင်းဖြစ်ပါသည်။
ကြားရသလောက် သတင်းများအရ ကျောင်း အပြီးပိတ် နိုငိခြေ ရှိသဖြင့် ကျောင်းသားအများစု ၏ ဆန္ဒအရ ယခု အမှတ်စဉ် အား ဆက်လက် ဖွင့်ပေးနိုင်ရေး တင်ပြ တောင်းဆိုရန် ဖြစ်ပါသဖြင့် အခြား အရာများကို ဒုတိယ ဦးစားပေး စဉ်းစား ပြီး ကျောင်း တက်လို/ မတက်လို မဲ ပေးကြပါရန် မေတ္တာ ရပ်ပါသည်။
တက်မည် ဆိုလျှင် ❤️
မတက်မည် ဆိုပါက 👎
react ပေး ကြပါ
လိုက်ခ် 👍 မပေးကြပါရန် အထူး တောင်းပန်ပါတယ်
28/07/2020
ဩဂုတ်လလယ်လောက် ppa4 ပြန်ဖွင့်ပါမယ်၊၂ပတ်ခန့်တက်ပြီးရင် စာမေးပွဲ ဖြေရပါမယ်၊ဩဂုတ်လကုန်ခနိ့ဖြစ်နိုင်ပါတယ်၊ကျောင်းလကိုလည်း ၂ဆင်မက်စတာ စာ ပေါင်းကောက်ခံသွားမယ်လို့ သိရပါတယ်
ပြန်ဖွင့်မယ့်ရက်ကို ထပ်မံကြေငြာပေးမယ်လို့ ဆရာမစိမ့်ထံမှ သိရပါတယ်
ဘတ်ဂျတ် သဘောအရ ကောက်ခံရတာဖြစ်ကြောင်းနဲ့ နောက်ဆုံးပေးသွင်းရမယ့်ရက်ကိုလည်း တစ်ပတ်/၁၀ ရက် ခနိ့ ခွာ ထားပေးမယ်လို့
လည်း သိရပါတယ်
18/07/2020
IELTS လေ့လာသူတို့သိရမယ့် Paraphrasing
Paraphrasing ဆိုတာ IELTS exam tactics ရဲ့ rudimentary tactics အခြေခံအကျဆုံးနည်းစနစ်
လေးတခုပါပဲ
Paraphrasing ဆိုတာ IELTS လေ့လာသူတယောက်အတွက်ဆို Reading, Listening and Writing မှာအမြဲသုံးနေရတာဖြစ်ပြီး IELTS နဲ့မဆိုင်ပေမယ့် အစိုးရရုံးတွေနဲ့ University education တွေမှာ assignment paper တင်တာတို့ thesis paper တင်တာတို့မှာ အမြဲသုံးနေရတဲ့ နည်းစနစ်လေးတခုပါပဲ
မြန်မာလို လွယ်လွယ်ပြောရမယ်ဆိုရင်တော့ paraphrasing ဆိုတာ ဒီအဓ္ပိပါယ်ကိုပဲ နောက်တမျိုးပြောင်းရေးတာပါ ဒါလေးသိဖို့ အရင်ဆုံး synonym ဆိုတာကိုသိဖို့လိုပါတယ်
Synonym တွေဆိုတာအဓိပ္ပါယ် ဆင်တူတဲ့စာလုံးလေးတွေကိုပြောတာပါ ထပ်တူထပ်ကျတူတာမဟုတ်ပဲ ခပ်ဆင်ဆင်ဖြစ်နေတာလေးတွေပါ
ဥပမာ Happy ရဲ့ synonym တွေဆိုရင်
joyful
ecstatic
euphoric
cheerful
delighted စသည်အားဖြင့်ပေါ့ အဓိပ္ပါယ်လေးတွေကခပ်ဆင်ဆင်ဖြစ်နေတာလေးတွေပါ ဒီစာလုံးတွေအားလုံးရဲ့ အခြေခံအဓိပ္ပါယ်ကတော့ ပျော်ရွှင်သည်နဲ့အတူတူပါပဲ နည်းနည်းလေးတော့ကွဲပါတယ် ဥပမာ euphoric ဆိုပီတိဖြစ်တာပါ ဘယ်လိုပဲကွဲနေနေ အခြေခံအဓိပ္ပါယ်ကတော့ အတူတူပါပဲ ဝမ်းသာတာကဝမ်းသာတာပဲ တခြားအဓိပ္ပါယ်မဖြစ်သွားပါဘူး
Synonym လေးတွေသိပြီးဆိုရင် Paraphrasing ဆိုတာဘာလဲဆက်ရအောင်
Paraphrase လုပ်တယ်ဆိုတာ ဒီအဓိပ္ပါယ်တွေကိုပဲနောက်တမျိုးပြောင်းရေးထားတာပါ
Paraphrase ကို ၃ မျိုးနဲ့ပြောင်းထားပါတယ်
Synonym ပြောင်းရင်ပြောင်း
Noun verb adj adv ပြောင်းရင်ပြောင်း
ဝါကျကိုအရေ့အနောက်နေရာလဲ
ဒီ ၃ မျိုးထဲကတနည်းနည်းနဲ့ paraphrase လုပ်ထားတယ်
IELTS Reading and Listening ကိုအများစုအခက်တွေ့ကျတာက မေးခွန်းထဲမှာရေးထားတာနဲ့ စာပိုဒ်ထဲမှာရေးထားတာနဲ့ ကိုယ်ကြားလိုက်တာနဲ့က အမြဲ paraphrase လုပ်ထားပါတယ်
Reading မှာဆို မေးခွန်းထဲမှာရေးထားတဲ့စာလုံးတွေ အတိုင်းစာပိုဒ်ထဲမှာ မရေးထားပဲ အဓိပ္ပါယ်တူတဲ့စာလုံးတွေနဲ့ပြောင်းရေးထားတာပါ ဥပမာ မြန်မာလိုလွယ်လွယ်ပြောရမယ်ဆိုရင် မေးခွန်းထဲမှာ ဆံပင်မရှိဘူး ရေးထားရင် စာပိုဒ်ထဲမှာ ထိပ်ပြောင်လို့ ရေးထားမယ် မေးခွန်းထဲမှာ အသားမဲတယ်ရေးထားရင် စာပိုဒ်ထဲမှာ ညိုညိုညစ်ညစ်လေးလို့ ရေးထားမယ် မေးခွန်းထဲမှာ ဖက်တီးလို့ရေးထားရင် စာပိုဒ်ထဲမှာ ဝတုတ်လို့ရေးထားတယ်
IELTS Reading ဖြေတယ်ဆိုတာ တလုံးထဲနဲ့ပြော ရ ရင် စာလုံးပြောင်းသွားတာကိုလိုက်စစ်နေရတာ ဥပမာဒါလေးကြည့်ပါ
Nowadays around the globe many young children turn to mobile gaming for their leisure activities.
In many countries during thus 21st century, teenagers are becoming addicted to mobile gaming.
ဒီဝါကျ ၂ ကြောင်းရဲ့ အဓိပ္ပယ်ဟာအတူတူပါပဲ
ဘယ်လိုတူတာလဲပြန်စစ်ကြည့်ရအောင်
in many countries = around the globe
nowadays = 21st century
young children = teenagers
leisure activities = addicted
အဓိပ္ပါယ်ချင်းနီးစပ်တယ်ဆိုတာပေါ့ အခြေခံအဓိပ္ပါယ်ကဒါပဲ စာလုံးဖွဲ့ရေးတဲ့ပုံစံသာပြောင်းသွားတာပါ Synonym လေးတွေတော့သိဖို့လိုပါတယ် မသိဘူးဆိုရင်တော့ ကျက်ရမှာပါ
General English လေ့လာသူများအနေနဲ့ ငြင်းစရာရှိတာကတော့ ကွာတယ် ဒါဆိုအသုံးအနှုန်းကွဲကောင်းကွဲနေမှာပေါ့လို့ပြောလို့ရပေမယ့် IELTS မှာတော့ သူ့သဘောတရားကယခုလိုပါပဲ
IELTS လေ့လာတယ်ဆိုတာ General English လေ့လာတာနဲ့သိသိသာသာကွဲပါတယ်ခင်ဗျ synonym တလုံးနဲ့တလုံးဘာကွာလဲလိုက်မှတ်နေဖို့အချိန်မရှိပါဘူးခင်ဗျ
ဒါဆိုရင် synonym တွေမှန်အောင်ကိုယ်ဘယ်လိုပြန်သုံးမလဲဆိုတာကတော့ ကိုယ်အမြဲ စာလုံးပြောင်းတာတွေနဲ့ ထိတွေ့နေမယ်ဆိုရင် အထိအတွေ့များလာတာနဲ့အမျှ မှန်အောင်သုံးတတ်သွားပါလိမ့်မယ် ဘာလို့ဆိုကိုယ့်လေ့လာနေတာဟာ language ဖြစ်နေလို့ပါ
Example လေးတခုထပ်လေ့လာကြည့်ရအောင်
Many employees tend to eat fast food on regular basis and later on they start to suffer from certain health conditions.
It is because people are prone to consume fast food daily, they may experience some health issue.
စာလုံးပြောင်းသွားတာလေးတွေလိုက်စစ်မယ်ဆိုရင်
many employee=people
tend to=prone to
regular basis=daily
start to suffer=experience
eat=consume
health condition=health issues
ဒီလိုလေးတွေဆင်တူတာလေးတွေပြောင်းရေးထားတာပေါ့ခင်ဗျ
ဒါဆို Paraphrase လုပ်တာကဘယ်နေရာတွေမှာအသုံးဝင်လဲ?
Reading and Listening မှာမေးခွန်းထဲမှာရေးထားတာနဲ့စာပိုဒ်ထဲမှာရေးထားတာနဲ့ကယခုလို ပြောင်းရေးထားပါတယ်
Writing မှာဆိုရင်တော့ Task 1 and Task 2 introduction ရဲ့ ပထမဆုံးဝါကျက မေးခွန်းကို paraphrase လုပ်ရတာပါ
office အလုပ်ထဲမှာ Report တင်မယ်ဆိုရင် University မှာ paper တွေတင်တဲ့အခါ introduction သည်အမြဲ paraphrase လုပ်ရတာပါ
Paraphrasing ဆိုတာ ကိုယ် IELTS လေ့လာနေတုန်းပဲသုံးနေရတာမဟုတ်ပဲ အလုပ်နဲ့ကျောင်းတက်နေသမျှ တလျှောက်လုံးအမြဲတွေ့နေရမယ့် နည်းစနစ်လေးတခုပါပဲ
စေတနာဖြင့်
သွင်ဦးညီ
Purple Words
17/06/2020
25-6-2020ကြာသပတေးနေ့ ညနေ 6:00မှာ
ဂျပန်မှ Professor က ပို့ချမှာဖြစ်ပါတယ်
Japan ကျောင်းသားများပါ တက်ရောက် မှာဖြစ်ပါတယ်
International အတွေ့အကြုံရစေချင်ပါသောကြောင့် မပျက်မကွက်တက်ပေးပါရန် မေတာရပ်ခံအပ်ပါသည်
ခေါင်းစဉ်ကတော့
Public investment management and economic growth based on my work in IMF
ဖြစ်ပါတယ်
Daw Seint Seint Swe
15/06/2020
ဆရာစောနိုင်ရဲ့ စာအုပ်လေး ထွက်ပါပြီ၊ဆရာက ပီပီအေ၄ အတွက် ၅ အုပ် မေတ္တာ လက်ဆောင် ပေးပါမယ်တဲ့ အီးစီပဲ မဲနှိုက်ပေးပါတဲ့၊ ဒါကြောင့် ခန နေရင် မဲနှိုက်ပြီးသား ကသ နံပါတ်လေးတွေ တင်ပေးပါမယ်၊ဝယ်ယူ အားပေးချင်သူများ ရှိရင်လည်း အီးစီပဲ စာရင်း လုပ်ပေးပါ ဆိုလို့ မိမိကတစ်ဆင့် မှာယူနိုင်ကြောင်းပါ။
စာအုပ်မှာယူလိုပါက ဂရုထဲကမမှာပဲ သီးခြား မှာယူပေးပါ ဈေးကတော့ ဆရာစော မပြောသေးလို့ မသိရသေးပါ၊ရှေ့တစ်ပတ်လောက် စာအုပ်ထွက်နိုင်မည်ဟု အကြမ်းမျဉ်း သိထားပါတယ်
07/06/2020
အမေရိကန်ကောလိပ်တွင် သုတေသနလုပ်ပြီး စာတမ်းရေးရသည့် ကောင်းကျိုးများ
စဉ်းစားစေခြင်း
ကျောင်းသားကို ကိုယ်ထင်တာကို ရေးခိုင်းတော့ စဉ်းစားပြီးသားဖြစ်သွားပါသည်။
ကျောင်းသားထင်တာ လေးနက်လား ၊ မလေးနက်ဘူးလား ၊ မှန်လား ၊ မှားနေလား ဆိုတာ အဓိကမဟုတ်ပါ။
စဉ်းစားမိဖို့ဖြစ်ပါသည်။ မလေးနက်ရင် ဆရာကနေ စာတမ်းကိုဖတ်တဲ့အခါ ကျောင်းသား ၊ ကျောင်းသူကို ဘေးနားမှာထိုင်ခိုင်ပြီး ဝေဖန်လို့ရပါသည်။ ရှင်းပြလို့ရပါသည်။ မှားနေရင်လည်း
ဆရာမကနေ ရှင်းပြလို့ရပါသည်။
မရေးခိုင်းရင် စဉ်းစားမိမှာမဟုတ်ပါဘူး။ စဉ်းစားမိတော့ ကိုယ့်ညဏ်ကို ကိုယ်သုံးတတ်လာသည်။
ဆရာတွေကလည်း စာတမ်းကိုဖတ်လိုက်ရင် ကိုယ့်ပာာ ဟုတ်လား ၊ မဟု`တ်လား တန်းသိပါသည်။
ကိုယ့်ပာာကိုယ်ရေးတာပဲကြိုက်သည်။ အရမ်းကြီးကောင်းနေရင် မယုံတော့ပါ။
ဒီအဆင့်နဲ့ဒီလောက်တောင်ရေးနိုင်လာဆိုပြီး မေးခွန်းထုတ်လာသည်။ သူများပာာ ယူရေးလို့မရအောင် turnitin.com ဆိုသည့် ဆိုဒ်ရှိသည်။ ပါမောက္ခတစ်ချို့သည် ကျောင်းသား ၊ ကျောင်းသူတွေရေးတဲ့ Journal ကနေ စာတမ်းတွေအထိ ဒီဆိုဒ်ကို တင်ခိုင်းသည်။ ဒီဆိုဒ်သည် တစ်ခြားစာတမ်းတွေနှင့်ဘယ်လောက်တူလဲဆိုတာကို စစ်တာဖြစ်သည်။ ဘယ်လိုစစ်တာလဲဆိုတာကတော့ ကျွန်တော်လဲသိပ်နားမလည်ပါ။
http://turnitin.com/ . plagiarism ဆိုသည့်သူများပာာ ခိုးချလား မချဘူးလားဆိုတာကို စစ်တာဖြစ်ပါသည်။
ဒီအတွက် အမြဲတမ်းလိုလို တစ်ခြားစာအုပ်က တစ်ခြားစာရေးဆရာက ရတဲ့အရာတွေဆိုရင် citation ( ရည်ညွှန်းကိုးကားချက် ) ပေးဖို့ကိုလိုအပ်ပါသည်။
Footnote လို့ခေါ်သည့် စာတမ်းထဲတွင် အတိုကောက် ကိုးကားချက်ပေးချင်းကိုလုပ်သင့်ပါသည်။
Chicago Manual Style တွင် last name, first name, the title ( book or journal article ), page number.
ဥပမာ
Tun, Kyaw, A Little Bit About America, 70.
ဒီလိုမျိုးပေးသင့်ပါသည်။
တစ်ခြားစာရေးဆရာတွေဆီကနေ ယူရင်
ဥပမာ Malcolm Gladwell said that “.................................”
အမြဲတမ်း စာရေးဆရာနာမည် said that “...........................” ပုံစံနဲ့ရေးရပါမည်။
ကျောင်းသား ၊ ကျောင်းသူကနေ စာတွေအများကြီးဖတ်မိသွားသည်
လောကမှာ တစ်ခုခုသိချင်ရင် ကိုယ့်ပာာကိုယ်စာဖတ်မှရတာဖြစ်ပါသည်။ ကျွန်တော့်ဆို စိတ်ဝင်စားတာမှန်သမျှကို စာကြည့်တိုက် ၊ စာအုပ်ဆိုင်တွင် သွားပြီးအမြဲတမ်းဖတ်ပါသည်။
ဘာလို့အမေရိကန်ပြည်ထောင်စုက အင်တာနက် ၊ ဖုန်းတွေ မြန်မာနိုင်ငံထက်တောင်ပိုတိုးတက်ပြီ ပိုသုံးကြပြီး ဘာလို့စာအုပ်ဆိုင်တွေက ရောင်းကောင်းနေဆဲ ၊ စာအုပ်ဆိုင်တွေမှာ လူတွေလာဖတ်နေကြဆဲဆိုတော့ ကျောင်းသား ၊ ကျောင်းသူ ဘဝမှာ ကိုယ့်ပာာကိုယ် ဆောင်းပါးတွေရှာပြီး စာဖတ်ခိုင်းပြီး ၊ ဖတ်ပြီးတော့မှ ဦးနှောက်ထဲကိုရောက်ပြီးတော့မှ ကိုယ့်ပာာကိုယ်နားလည်သလောက် ၊ ကိုယ်ပာာ့ကိုယ်ထင်တာ ၊ ကိုယ့်ပာာကိုယ်စဉ်းစားပြီးမှ laptop ပေါ်တွင်ရေးခိုင်းလို့ဖြစ်ပါသည်။
တစ်ခုခုသိချင်ရင် ကိုယ့်ပာာကိုယ်ဖတ်ပြီးလေ့လာလို့ရသည်ဆိုတာ အကျင့်ကို လေ့ကျင့်ပေးလိုက်ပါသည်။
ကိုယ်လိုချင်တာတွေကိုလည်း ဘယ်လိုရှာနိုင်တယ်ဆိုတာကို သင်ပေးလိုက်ပါသည်။ အနည်းဆုံးတော့ တစ်ခုခုကိုသိချင်ရင် စာကြည့်တိုက် မှုးကို သွားမေးလို့ရသည်ဆိုတာကို သင်ပေးလိုက်ပါသည်။
ဒီလိုကိုယ့်ပာာကိုယ်စာဖတ်ပြီး စာတမ်းရေးရတဲ့အကျင့်ကြောင့် စာဖတ်တတ်တဲ့အကျင့်ကို ရိုက်သွင်းပေးလိုက်ပါသည်။
အကြောင်းအရာသည် အင်မတန်ကျယ်ပြန့်သည်ဆိုတာ အသိတရားရခြင်း
ကျွန်တော် ပာစ်တလာအကြောင်းကို စာအုပ်တွေအများကြီးဖတ်တော့ ပာစ်တာလုပ်ခဲ့တာတွေက အကြောင်းအရာက အင်မတန်ကျယ်ပြန့် ကြောင်းသိခဲ့သည်။
ပာစ်တလာကနေ သြစတီးယားကို Third Reichဆိုသည့် တတိယဂျာမန်နိုင်ငံတော်အတွင်းသို့ဂျာမန်တွေအချင်းချင်းမို့သွင်းခဲ့တာတော့ ကျွန်တော်သိသည်။ စာအုပ်တွေဖတ်ဖြစ်တော့
Austria မှာ Iron ore ဆိုတဲ့ သံတွေတူးလို့ရတဲ့ နေရာတွေရှိလို့အမြန် သွင်းတာလို့ကျွန်တော်ဖတ်ခဲ့ရသည်။ ဘာလို့ဦးစားပေးပြီးတော့တောင် သွင်းတာလဲဆိုတော့ 4 years Plan ဆိုသည့် ဂျာမန်စစ်တပ်ကို ပြန်ပြီးလက်နက်တပ်ဆင်သည့် အစီအစဉ်ကြောင့်ဖြစ်သည်။ လက်နက်ထုတ်မယ်ဆိုရင် သံလိုသည်။ တိုက်လေယာဉ်ပျံကို လုပ်မယ်ဆိုရင် သံလိုသည်။ သံမရှိဘဲ လက်နက်ထုတ်လို့မရ။ ဘာလို့ စစ်ရှုံး ရလဲ့ဆိုတော့
ဂျာမနီမှာ Raw Material ( ကုန်ကြမ်း ) မရှိဘူး။ လေယာဉ်ပျံတွေမောင်းဖို့ဆီမရှိဘူး။ ရာဘာမရှိဘူး။ စပါးတွေလည်းမရှိဘူး။ လူဦးရေနည်းလွန်းအားကြီးသည်။
တစ်ခြားအကြောင်းအရာတွေလည်းရှိနိုင်သည်။ သို့သော် ကုန်ကြမ်းမရှိခြင်းသည် စစ်ရှုံးရခြင်းရဲ့ ကြီးမားသောအကြောင်းအရာတစ်ခုဖြစ်သည်။
အသေးစိတ်အကြောင်းကို ကျွန်တော်စာဖတ်မှသိပါသည်။ စာပိုဖတ်လေ ပိုသိလေဖြစ်ပါသည်။ ပိုသိလေအမြင်ကျယ်လေဖြစ်သည်။ ကိုယ်မသိတာကို ကိုယ်ကမသိနိုင်။ ( You don’t know what you don’t know ) ဆိုသည့်စကားရှိသည်။ ဒါကြောင့် ပိုသိမှအမြင်ကျယ်မည်။
တစ်ခါတစ်လေ ကိုယ်ရေးနေတဲ့ စာတမ်းက ကိုယ့်ရပ်တည်ချက် ( Thesis ) နဲ့တောင် မဆိုင်တာတွေကိုတောင် ဖတ်မိသွားပါသည်။
ကိုယ်ဖတ်မိတဲ့အရာတိုင်းကို အသုံးချဖြစ်မှာမဟုတ်ပါ။ သို့သော် ဗဟုသုတတိုးသွားပါသည်။
တစ်ချိန်ထဲမှာ အသစ်အဆန်းတွေကို သိသွားသည့်အတွက် နောက်ထပ် ပိုမိုစိတ်ဝင်စားမှုကို မြင့်တတ်စေပါသည်။ ဒီအသစ်အဆန်းတွေကိုလည်း ကိုယ့်ပာာကိုယ် သုတေသနလုပ်ရင် ပိုပြီးတော့ နယ်ပယ်ဆိုင်ရာ ဗဟုသုတကို ပိုပြီး သိစေပါသည်။ ဒီအခါ ပိုပြီးနက်နဲတဲ့နားလည်မှုတွေကို ရစေပါသည်။
ဗဟုသုတအသစ်တွေအများကြီးရသွားပါသည်။
“ကိုယ့်ရေးတာနဲ့ဆိုင်တာနဲ့မဆိုင်တာကိုတော့ စာဖတ်နေချိန်အတွင်းသိဖို့ကတော့ ကိုယ့်တာဝန်သာဖြစ်သည်။”
တစ်ခုတော့ရှိသည်။ စိတ်ပင်ပန်းစေသည်။ အလုပ်လုပ်စေသည်။
သုတေသနလုပ်နည်းကိုပါ သင်ပေးတော့ စာတမ်းမရေးလည်း ကိုယ်သိချင်တာတစ်ခုကို နောက်ရှာချင်ရင် ရှာတတ်သွားသည်။ ကျွန်တော်ဆို ကျွန်တော်သုတေသနလုပ်တုန်းက သင်ခဲ့တဲ့နည်းအတိုင်း ကျွန်တော်သိချင်တာတွေ အကုန် Library Database ထဲက One Search ထဲတွင်နှိပ်ပြီးရှာသည်။ နှိပ်တတ်သွားသည်။
Research skills တွေကို သိလိုက်တော့ နောင်တစ်ချိန်အလုပ်လုပ်မယ်ဆိုရင် ရှာတတ်သွားသည်။
စာကြည့်တိုက်တွင်လည်း စာအုပ်တွေကိုကိုယ့်ပာာကိုယ်ရှာရတော့ ရှာတတ်သွားသည်။
ကိုယ့် ပာာကိုယ်နောင်တစ်ချိန် သိချင်တာတွေကို ကိုယ့်ပာာကိုယ်ရှာတတ်သွားသည်။
သုတေသနစာတမ်းရေးတော့မယ်ဆိုရင်
ကိုယ်ရေးမဲ့အကြောင်းအရာပာာ တိကျမှုရှိရမယ် ၊ အသေးစိတ်မှုရှိရမယ်
တောင်ကိုရီးယားစီးပွားရေးတိုးတက်မှု ( Korean economic miracle ) ကိုရေးမယ်ဆိုရင် စာအုပ်တစ်အုပ်တောင် ရေးလို့ရပါသည်။
Chaebol လို့ခေါ်သည့် မိသားစုပိုင် ကုမ္ပဏီလုပ်ငန်းစုများကို ရေးကိုရေးရပါမည်။
သို့သော် ဒီ chaebol conglomerate လို့ခေါ်တဲ့ မိသားစု လုပ်ငန်းစုတွေကအများကြီးရှိပါသည်။
ဒီထဲမှ လုပ်ငန်းစုတစ်ခု ဥပမာ- Samsung ကိုရွေးပြီး
Samsung’s contribution to Korean economic development လို့ရွေးမယ်ဆိုရင် ပိုပြီးတော့ အသေးစိတ်ပါသည်
ဘာကိုအသေးစိတ်ရှာဖွေတာလဲ
Samsung’s contribution
Samsung လုပ်ငန်းစုရဲ့ တီထွင်မှု ၊ စီးပွားရေးထုတ်လုပ်မှု
ဒီထုတ်လုပ်မှု နိုင်ငံခြားကိုတင်ပို့မှုတွေက ဘယ်လို့ တောင်ကိုရီးယား စီးပွားရေးကိုတိုးတက်စေတာလဲ?
Samsung က ဘာတွေရောင်းလဲ
တောင်ကိုရီးယား GDP ရဲ့ ဘယ်လောက်ရာခိုင်နှုန်းထိပါဝင်သလဲ
လူဘယ်နှစ်ယောက်ကို အလုပ်ပေးသလဲ
ဒီလိုဆိုရင် တိကျမှုလည်းရှိပါသည်။
တောင်ကိုရီးယားမှာ ကုမ္ပဏီလုပ်ငန်းစုတွေအများကြီးရှိပါသည်။ ဥပမာ - LG, Hyundai, SK Group, Lotte.
ဒီပာာတွေထဲမှ လုပ်ငန်းစုတစ်စုကိုပဲအာရုံစိုက်လို့ဖြစ်ပါသည်။ စာတမ်းမှာ focus ရှိပါသည်။
Samsung နှင့်ပတ်သတ်တာမှန်သမျှကို ရှာဖွေလို့ဖြစ်ပါသည်။
၁၀ မျက်နှာကနေ ၅၀ မျက်နှာ စာတမ်းအတွက်
သုတေသနစာတမ်းပာာ အာရုံစိုက်မဲ့ ခေါင်းစဉ်က တိကျမှုရှိရပါမည်။
အသေးစိတ်ရှာဖွေမှုလည်းရှိရပါမည်။ ဒီ ခေါင်းစဉ်တစ်ခုမှာပဲ ရှာဖွေမှုတွေကနေရလာတဲ့ နက်နဲတဲ့နားလည်မှု နှင့် သက်ဆိုင်တဲ့အချက်အလက်မှန်သမျှကို တစ်နေရာထဲတွင်တင်ပြနိုင်မှုတို့ကိုလိုအပ်ပါသည်။
ကိုယ့်ထင်မြင်ချက်ကို အချက်အလက်ခိုင်ခိုင်မာမာနှင့် ငါဘာလို့ ဒီလိုထင်လဲဆိုတာကို ပိုင်ပိုင်နိုင်နိုင် ရှင်းပြနိုင်ရပါမည်။
ကိုယ့်ပာာကိုယ် စာတမ်းတွေရေးရင် မေးသင့်သည့်မေးခွန်းများ
https://uwc.cah.ucf.edu/wp-content/uploads/sites/9/2015/04/Research_Paper_Checklist.pdf
စာရေးတဲ့အခါ Format တွေအကူအညီလိုရင်
https://owl.english.purdue.edu/owl/
https://www.scribendi.com/
စာတမ်းကို editing လုပ်တဲ့အခါ အကူအညီလိုရင်
မှတ်ချက် Editing service တွေက ပိုက်ဆံပေးရပါသည်။
စာရေးရင် ကိုယ့်ပာာကိုယ်ရေးပါ။ အကူအညီတောင်းတာ စာရေးခိုင်းတဲ့အထိ မလုပ်သင့်ပါ။
စာရေးနေချိန်အတွင်း ပါမောက္ခကို ပြပါ။ စာတမ်းကို ပေးရမည့်အချိန်နီးမှ ပြရင် ကိုယ်ရေးတာက မှားနေရင်
ရေးဖို့အချိန်ကသိပ်မကျန်တော့ပါ။ အစကတည်းက ကိုယ်ရေးနေတာမှန်ကြောင်းသေချာအောင် ရေးနေရင်လည်း ပါမောက္ခကို ကိုယ်ရေးနေတာတွေကို သွားပြပါ။ ကြိုတင် ပြမှဖြစ်မည်။ မပြရင် မှားနေရင် မှားနေတာလဲမသိတတ်ပါ။
ကျွန်တော်တစ်ခါကရေးနေတာ ပါမောက္ခကမှားနေတယ်ပြောတာနှင့် တစ်ခါထဲသူပြောတဲ့အတိုင်းရေးလိုက်တော့မှန်သွားပါသည်။
ထိုစာတမ်းတွင် A ရပါသည်။
ကျွန်တော်သူပြောတဲ့အတိုင်းရေးတာပါ။ အသစ်ရေးပြီးတိုင်း သူ့ကိုသွားပြသည်။
အမြဲတမ်းလိုလို ဆရာနှင့်ဆွေးနွေးပြီးတော့မှ လမ်းညွှန်သည့်အတိုင်း စာမျက်နှာအသစ်တွေကို ဆက်ရေးပါသည်။
စာတမ်းရေးသောအချိန်အတိုအတွင်း Grammar ကိုပြီးမှ အကုန်မစစ်ပါနှင့်။
တစ်မျက်နှာပြီးရင် တစ်မျက်နှာကိုပဲ Grammar စစ်ပါ။ Writing Tutor ဆိုသည့် အင်္ဂလိပ်စာရေးတာပြင်ပေးသည့်ဆရာကိုသွားပြပါ။
ကောလိပ်တွေတွင် Writing Center ဆိုတာရှိသည်။ အလကားဖတ်ပြီး ပြင်ပေးတာဖြစ်ပါသည်။ Student I.D တော့ ပြဖို့လိုအပ်ပါသည်။
ပြီးမှ အကုန်စစ်မယ်ဆိုရင် တော်တော်ကြီးကိုများပါသည်။ လူကို ပြီးဖို့ မဖြစ်နိုင်ဘူးလို့တောင် ဖိအားတွေပေးတတ်ပါသည်။
Grammarly software ကိုသုံးပါ။ ကိုယ့် grammar mistakes အပေါ်ယံတွေကို ပြင်ပေးနိုင်ပါသည်။
https://www.grammarly.com/native/windows
စာတမ်းရေးနေတုန်း ခေါင်းရှုပ်နေရင် ခဏလောက်နားလိုက်ပါ။
စာတွေဖတ်ပြီး များလွန်းလို့ရှုပ်သွားနိင်ပါသည်။ စဉ်းစားနေရင်းနဲ့လည်း ခေါင်းတွေထိုးကိုက်နိုင်ပါသည်။ အနားယူလိုက်ပါ။
ကိုယ်ရှာတိုင်းမတွေ့တတ်ပါ
ဒါကြောင့် အချိန်ကို အများကြီးယူစေချင်ပါသည်။ အွန်လိုင်းပေါ်တွင် နှိပ်တိုင်းလည်း မရှိတတ်ပါ။
စာတမ်းရေးရင် ပေးရမည့်နေ့ဆိုတာရှိသည်။ အမေရိကားတွင် Deadline လို့ခေါ်သည်။
တစ်ချို့ပါမောက္ခတွေက စည်းကမ်းကြီးသည်။ သတ်မှတ်ထားသည့်နေ့တွင်ပေးရမည်။ နောက်နေ့မှ ပေးရင်မကြိုက်။ ပါမောက္ခက လက်ခံလား ၊ လက်မခံဘူးလားဆိုတာတောင် မသေချာပါ။
ဒီအတွက် အမြဲတမ်းကြိုတင် plan ချ ပြီး ရေးစေလိုပါသည်။
အချိန်စီမံခန့်ခွဲမှု ( Time management ) သည် ဒီနေရာတွင် အင်မတန်အရေးကြီးပါသည်။
သုတေသနတွေရှာချင်ရင် Library of Congress ဆိုဒ်
ဘာသာရပ်အကုန်ရှိချင်ရှိနိုင်ပါသည်။ သမိုင်းနှင့်ပတ်သတ်တာတွေ ရှာလို့ကောင်းသည်။ အထူးသဖြင့် အမေရိကန်သမိုင်းဖြစ်သည်။ ၁၈ရာစုက သတင်းစာတွေက ကာတွန်းတွေတောင်ရှိသည်။
https://www.loc.gov/resource/ppmsca.51194/
Google Scholar ဆိုတာရှိသည်
https://scholar.google.com/
Google Books
https://books.google.com/
ကောင်းသည့်သတင်းဆိုဒ်
https://www.nytimes.com/
https://www.wsj.com/
https://www.theguardian.com/us
Guardian က သတင်းတွေကိုအသေးစိတ်ရေးပါသည်။
ကောင်းသည့် နိုင်ငံရေးအမြင်များဆိုဒ်
https://thediplomat.com/
ပါမောက္ခတွေသည် academic sources, scholarly article တွေပဲသုံးပါလို့ ပြောပါသည်။
သုတေသန စာတမ်းရေးရမယ်ဆိုရင် ဒါပဲသုံးပါလို့ပြောလေ့ပြောထရှိပါသည်။
Scholarly article
ပညာရှင်တွေရေးသားထားသော ၊ တက္ကသိုလ်ပါမောက္ခတွေရေးသားထားသော ပညာရေးဆောင်းပါးများဖြစ်ပါသည်။
Academic Journal လို့ခေါ်သော ပညာရေး ဂျာနယ်တွေကနေ ထုတ်တာဖြစ်ပါသည်။
ဂျာနယ်အယ်ဒီတာတွေကနေ ခွင့်ပြုမှ ပါဝင်ခွင့်ရှိတာဖြစ်ပါသည်။
တရုတ်နိုင်ငံအကြောင်းလေ့လာတာနှင့်ဆိုင်ရင်
China Quarterly သည် နာမည်ကြီးသော academic journal ဖြစ်ပါသည်။
Management တွင် Harvard Business Review သည် နယ်ပယ်တွင်အလုပ်လုပ်နေသော ပညာရှင်များနှင့် သုတေသနလုပ်နေသော ပါမောက္ခများ ရေးသားသော ပညာရေးဂျာနယ်ဖြစ်ပါသည်။
Academic publication ဆိုတာဘယ်လိုသိလဲ
University Press တွေက ထုတ်သည်။
Cambridge University Press, Oxford University Press
[https://www.cambridge.org/]
ပညာရေး ကုမ္ပဏီတွေကနေ ထုတ်သည်။
ဥပမာ - Tyler and Francis
[https://taylorandfrancis.com/journals/]
Sage
https://us.sagepub.com/en-us/nam/home
Academic Book
တစ်ခါတစ်လေ ပညာရှင်လို့လူအများကအသိအမှတ်ပြုသည့် ပါမောက္ခများကနေ စာအုပ်များရေးသားသည်။
ဒီစာအုပ်ကို academic source လို့ယူဆလို့ရပါသည်။
စာအုပ်ကတော့ စာကြည့်တိုက်မှာရှာလို့ရတယ်။ ဒါပေမဲ့ scholarly article တွေကို ဘယ်လိုရှာသလဲ။
အခုခေတ်မှာတော့ library database မှာရှာပါတယ်။
အမေရိကန်ကောလိပ်တွေမှာ library database တွေရှိကြပါတယ်။
ကျောင်းသားဆိုရင်တော့ ကျောင်းထဲမှာ အလကားသုံးခွင့်ရပြီးအိမ်မှာဆိုရင်တော့ username/ password နဲ့ ဒီ database တွေကို ဝင်ရှာလို့ရပါတယ်။
ပညာရေးကုမ္ပဏီတွေကနေပြီးတော့ သူတို့ထုတ်လုပ်ထားတဲ့ ပညာရှင်တွေရေးထားတဲ့စာတမ်းတွေကို
တက္ကသိုလ်တွေကိုရောင်းပြီး ကျောင်းကနေတစ်ဆင့် ကျောင်းသား ၊ ကျောင်းသူတွေကို username/ password နဲ့တစ်ဆင့် ပြန်လည် အသုံးပြုခွင့်ပေးပါတယ်။
Data base?
Data base ဆိုတာ ဘာသာရပ်ပိုင်းဆိုင်ရာနှင့်ပတ်သတ်သောအရာမှန်သမျှကို တစ်နေရာထဲတွင် စုထားသော နေရာဖြစ်ပါသည်။
ဥပမာ business နဲ့ ပတ်သတ်တာတွေကို တစ်နေရာထဲတွင် စုထားတာဆိုရင် business database လို့ခေါ်ပါသည်။
Business Insights: Global သည် ကုမ္ပဏီဒေတာနှင့် industry ဒေတာများကို ကြည့်နိုင်သော database ဖြစ်ပါသည်။
တစ်ချို့ database တွေသည်အရမ်းကို ကျယ်ပြန့်ပါသည်။ တစ်ချို့ database သည်အရမ်းကိုတိကျပါသည်။ ဥပမာ - Cambridge University Press database ဆိုရင် CUP က နေထုတ်ထားတဲ့စာတမ်းတွေပဲဖတ်လို့ရပါသည်။
သို့သော် Academic Search Complete, ProQuest Ebook Central , Jstor တို့သည် အရမ်းကိုကျယ်ပြန့်ပါသည်။
Jstore ဆိုရင် ပညာရေးဆောင်းပါးများ ၊ စာအုပ် chapter များ ၊ သုတေသနစာတမ်းများ အကုန်လုံးကိုစုဆောင်းထားပါသည်။
ဘာသာရပ် အလိုက် ဒီကုမ္ပဏီကပဲထုတ်တာတွေအလိုက် စုထားတာဆိုတာထက်ရှိသမျှအကုန်လုံးကို
တစ်နေရာထဲတွင် စုထားတာဖြစ်ပါသည်။
မှတ်ချက် - database တော်တော်များသည် ပိုက်ဆံပေးပြီးတော့မှ ကြည့်လို့ရပါသည်။
အမေရိကားတွင် များသောအားဖြင့် တက္ကသိုလ်တွေကနေတစ်ဆင့် ကျောင်းထဲမှာဖြစ်ဖြစ် ၊ username/ password နဲ့ပဲ ဖြစ်ဖြစ် ရှာဖွေလို့ရပါသည်။ တစ်ယောက်ထဲ အသုံးပြုခြင်ရင် ပိုက်ဆံပေးရတာများပါသည်။ ဘာသာရပ်တစ်ခုကိုပဲ အာရုံစိုက်သော database တွေလည်းရှိပါသည်။
library science ကိုသင်ခဲ့သော ဆရာမတစ်ယောက်က targeted research ( တစ်နေရာကိုဦးတည်သော သုတေသနရှာနည်း ) ကိုလုပ်ပါလို့သင်ပေးခဲ့ပါသည်။
ဒီအတွက် ကိုယ်ရှာမယ့်ပာာနှင့် ဆိုင်သည့် ဘာသာရပ်ဆိုဒ်များကိုရှာဖို့လိုအပ်ပါသည်။
သမိုင်းအတွက်ရှာချင်ရင် archive ကိုရှာရပါသည်။
သတင်းစာပောာင်းများ ၊ မှတ်တမ်းအပောာင်းများကို ထားသော ဆိုဒ်တွင်ရှာရင် ရတာပိုလွယ်ပါသည်။
သမိုင်းကို ရှာချင်ရင် science database မှာသွားရှာတာ အဓိပ္ပာယ်မရှိပါဘူး။
Business ကိုရှာချင်ရင်လည်း science journals database မှာသွားရှာတာ အဓိပ္ပာယ်မရှိပါဘူး။
ကျွန်တော် သိသလောက် ဘာသာရပ်တော်တော်များအတွက် သီးသန့်ဖန်တီးထားသည့် data base များကို မျှဝေလိုက်ပါသည်။
သိပ္ပံကိုရှာချင်ရင် သိပ္ပံ database တွင်ရှာပါ။
သမိုင်းရှာချင်ရင် archive တွင်ရှာပါ။
အကုန်ရှာလို့ရသည့် academic search engine တွေလည်း ထည့်ပေးထားပါသည်။
Search engine
အကုန်ရှာလို့ရသည်
https://www.refseek.com/
https://www.base-search.net/
https://academic.microsoft.com/home
https://scholar.google.com/
https://books.google.com/
https://www.worldcat.org/
https://doaj.org/about
Free scholarly databases
ပညာရှင်များရေးသားထားသည့် academic articles များကို ရှာလို့ရသည်
https://biblioboard.com/opendissertations/
https://about.jstor.org/oa-and-free/
Education
https://eric.ed.gov/
https://www.doaj.org/
https://www.base-search.net/
http://www.jurn.org/ .tab=0
https://community.libguides.com/
https://academic.microsoft.com/home
https://www.refseek.com/
Economic
စီးပွားရေးအတွက် သီးသန့်
https://www.economy.com/indicators/
Science
သိပ္ပံအတွက်
https://learninglab.si.edu/
https://www.science.gov/
https://www.researchgate.net/search
https://worldwidescience.org/
https://pubs.geoscienceworld.org/
medicine
ဆေးပညာအတွက်
https://www.ncbi.nlm.nih.gov/pubmed/
https://www.science.gov/
Arts and culture
https://artsandculture.google.com/
High school students
https://www.ck12.org/student/
Historical research
သမိုင်းရှာဖွေရေး
https://www.archives.gov/
https://loc.gov/
https://www.docsteach.org/
https://dp.la/
https://archive.org/web/
အင်တာနက်ပေါ်တွင် တင်ထားသောအရာမှန်သမျှကို သိုလှောင်ထားတယ်လို့တော့ ပြောတာပဲ
History archives
https://www.youtube.com/user/britishpathe
https://www.youtube.com/channel/UCHTK-2W11Vh1V4uwofOfR4w
https://www.gutenberg.org/wiki/Main_Page
Search engine
https://yippy.com/
Global development studies
https://www.eldis.org/
အကုန်လုံးအတွက် အသုံးဝင်ပြီး အကျိုးတစ်ခုခုရှိလာမယ်လို့မျှော်လင့်ပါတယ်
Credit # Kyaw Tun
01/06/2020
အတန်းဖော်များ ခင်ဗျား
ဒီညနေ ဒေါက်တာ ထိန်လင်း အတန်းကို ၁၇:၃၀ နာရီမှာ စ ပါ မယ်၊
မှတ်ချက် ဒီနေ့တစ်ရက်တည်းသာ
19/05/2020
ကိုဗစ် ကာလ မှာ ဒီလို သင်ကြားပါမယ် ခင်ဗျား
19/05/2020
ဆရာမ စိမ့် အတန်းကို ဒီနေ့အစား ၂၁/၅/၂၀ ကြာသာပတေးနေ့ သို့ ပြောင်းလဲ ပို့ချ မည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်
18/05/2020
အတန်းဖော်များခင်ဗျာ
၁၈/၅/၂၀ ရက်နေ့ ၁၈:၀၀~၂၀:၀၀ ဒေါက်တာထိန်လင်း
၁၉/၅/၂၀ ရက်နေ့ ၁၈:၀၀~၂၀:၀၀ ဒေါ်စိမ့်စိမ့်ဆွေ
၂၂/၅/၂၀ ရက်နေ့ ၁၈:၀၀~၂၀:၀၀ ဒေါက်တာ သက်နိုင်
အတန်းချိန် များ ရှိပါသည်
ဒေါက်တာ ထိန်လင်း၏ ယနေ့ အတန်းအတွက် ppt အား မက္ကဆင်ဂျာတွင် ပို့ထားပြီးပါပြီ၊ ကိုအောင်ဇင် Freedom က လည်း မေးလ် ပို့ ပါမည်