Unique English Training

Unique English Training

Share

Trainings for Future Opportunities

19/04/2026

အသုံးအများဆုံး English ဆန့်ကျင်ဘက်စကားလုံး (၅၀)
၁။ Big / Small (ဘစ်ဂ် / စမောလ်) - ကြီးသော / ငယ်သော
၂။ Hot / Cold (ဟော့တ် / ကိုးလ်ဒ်) - ပူသော / အေးသော
၃။ Good / Bad (ဂွတ်ဒ် / ဘတ်ဒ်) - ကောင်းသော / ဆိုးသော
၄။ Happy / Sad (ဟက်ပီး / ဆဒ်) - ပျော်သော / ဝမ်းနည်းသော
၅။ Old / New (အိုးလ်ဒ် / နယူး) - ဟောင်းသော / သစ်သော
၆။ Fast / Slow (ဖတ်စ်တ် / ဆလိုး) - မြန်သော / နှေးသော
၇။ Up / Down (အပ် / ဒေါင်း) - အပေါ် / အောက်
၈။ In / Out (အင်း / အောက်) - အတွင်း / အပြင်
၉။ Left / Right (လက်ဖ်တ် / ရိုက်တ်) - ဘယ် / ညာ
၁၀။ Black / White (ဘလက်ခ် / ဝှိုက်တ်) - အမည်း / အဖြူ
၁၁။ Easy / Difficult (အီးဇီး / ဒစ်ဖီကပ်လ်တ်) - လွယ်သော / ခက်သော
၁၂။ Hard / Soft (ဟတ်ဒ် / ဆော့ဖ်တ်) - မာသော / ပျော့သော
၁၃။ Day / Night (ဒေး / နိုက်တ်) - နေ့ / ည
၁၄။ Light / Dark (လိုက်တ် / ဒတ်ခ်) - လင်းသော / မှောင်သော
၁၅။ Rich / Poor (ရစ်ချ် / ပွား) - ချမ်းသာသော / ဆင်းရဲသော
၁၆။ Young / Old (ယန်း / အိုးလ်ဒ်) - ငယ်ရွယ်သော / အသက်ကြီးသော
၁၇။ Strong / Weak (စထရောင်း / ဝိခ်) - သန်မာသော / အားနည်းသော
၁၈။ Beautiful / Ugly (ဗျူးတီးဖူးလ် / အက်ဂ်လီ) - လှပသော / ရုပ်ဆိုးသော
၁၉။ True / False (ထရူး / ဖောလ်စ်) - မှန်သော / မှားသော
၂၀။ Full / Empty (ဖူးလ် / အမ်းတီး) - ပြည့်သော / ဘာမှမရှိသော
၂၁။ Long / Short (လောင်း / ရှော့တ်) - ရှည်သော / တိုသော
၂၂။ Tall / Short (တောလ် / ရှော့တ်) - မြင့်သော / ပုသော
၂၃။ Cheap / Expensive (ချိပ် / အိစ်ပဲန်ဆစ်ဗ်) - ဈေးပေါသော / ဈေးကြီးသော
၂၄။ Clean / Dirty (ကလင်း / ဒါတီး) - သန့်ရှင်းသော / ညစ်ပတ်သော
၂၅။ Open / Close (အိုးပန်း / ကလို့စ်) - ဖွင့်သည် / ပိတ်သည်
၂၆။ Win / Lose (ဝင်း / လူစ်) - နိုင်သည် / ရှုံးသည်
၂၇။ Early / Late (အာလီ / လိတ်တ်) - စောသော / နောက်ကျသော
၂၈။ Dry / Wet (ဒရိုင်း / ဝက်တ်) - ခြောက်သွေ့သော / စိုစွတ်သော
၂၉။ Safe / Dangerous (ဆေ့ဖ် / ဒိန်းဂျားရပ်စ်) - ဘေးကင်းသော / အန္တရာယ်ရှိသော
၃၀။ First / Last (ဖတ်စ်တ် / လတ်စ်တ်) - ပထမ / နောက်ဆုံး
၃၁။ Smart / Stupid (စမတ်တ် / စတူးပစ်တ်) - တော်သော / အူကြောင်ကြောင်နိုင်သော
၃၂။ Fat / Thin (ဖတ်တ် / သင်း) - ဝသော / ပိန်သော
၃၃။ Heavy / Light (ဟဲဗီး / လိုက်တ်) - လေးသော / ပေါ့သော
၃၄။ Near / Far (နီးယား / ဖား) - နီးသော / ဝေးသော
၃၅။ Quiet / Noisy (ကွိုင်ယက်တ် / နွိုက်ဇီး) - တိတ်ဆိတ်သော / ဆူညံသော
၃၆။ Kind / Cruel (ကိုင်းဒ် / ခရူးရယ်) - ကြင်နာသော / ရက်စက်သော
၃၇။ Alive / Dead (အလိုက်ဗ် / ဒက်ဒ်) - အသက်ရှင်သော / သေသော
၃၈။ Wide / Narrow (ဝိုက်ဒ် / နဲရိုး) - ကျယ်သော / ကျဉ်းသော
၃၉။ Success / Failure (ဆပ်ဆက်စ် / ဖေးလ်ယား) - အောင်မြင်မှု / ရှုံးနိမ့်မှု
၄၀။ Give / Take (ဂစ်ဗ် / တိတ်ခ်) - ပေးသည် / ယူသည်
၄၁။ Buy / Sell (ဘိုင်း / ဆဲလ်) - ဝယ်သည် / ရောင်းသည်
၄၂။ Laugh / Cry (လက်ဖ် / ခရိုင်း) - ရယ်သည် / ငိုသည်
၄၃။ Push / Pull (ပွတ်ရှ် / ပူးလ်) - တွန်းသည် / ဆွဲသည်
၄၄။ Deep / Shallow (ဒိပ် / ရှဲလိုး) - နက်သော / တိမ်သော
၄၅။ Before / After (ဘီဖိုး / အာဖ်တား) - အရင် / နောက်
၄၆။ Smooth / Rough (စမုသ် / ရပ်ဖ်) - ချောမွေ့သော / ကြမ်းတမ်းသော
၄၇။ Friend / Enemy (ဖရင်းဒ် / အန်နမီ) - သူငယ်ချင်း / ရန်သူ
၄၈။ Sweet / Bitter (ဆွိစ်တ် / ဘစ်တား) - ချိုသော / ခါးသော
၄၉။ Love / Hate (လပ်ဗ် / ဟိတ်တ်) - ချစ်သည် / မုန်းသည်
၅၀။ Start / Finish (စတပ်တ် / ဖင်းနစ်ရှ်) - စတင်သည် / ပြီးဆုံးသည်

#ပညာဒါန #အခြေခံအင်္ဂလိပ်စာ

02/04/2026

အင်္ဂလိပ်စာ လေ့လာသူတွေ အများဆုံးမှားတတ်တဲ့အမှားများကို ဖော်ပြပေးလိုက်ပါတယ်။
❌ The police is...
✅ The police are... (Police ဆိုတာ အများကိန်းဖြစ်လို့ "are" သုံးရပါမယ်)
❌ Thanks God!
✅ Thank God! (ဘုရားသခင်ကို ကျေးဇူးတင်တယ်လို့ ပြောရင် s မပါပါဘူး)
❌ Are you agree?
✅ Do you agree? (သဘောတူလားလို့ မေးရင် "Do" နဲ့ မေးရပါမယ်)
❌ The life is hard.
✅ Life is hard. (အထွေထွေဘဝအကြောင်း ပြောရင် "The" မလိုပါဘူး)
❌ I've arrived to London.
✅ I've arrived in London. (မြို့/နိုင်ငံတွေဆီ ရောက်တာဆိုရင် "in" သုံးပါ)
❌ I enjoyed from the movie.
✅ I enjoyed the movie. (Enjoy ရဲ့ နောက်မှာ from ထည့်စရာမလိုပါဘူး)
❌ I didn't meet nobody.
✅ I didn't meet anybody. (Didn't ပါရင် nobody ထပ်မသုံးရပါဘူး)
❌ Common friend
✅ Mutual friend (နှစ်ယောက်လုံးနဲ့ သိတဲ့သူဆိုရင် Mutual friend လို့ သုံးတာ ပိုမှန်ပါတယ်)

🛑🚨အင်္ဂလိပ်စာသင်ယူသူတိုင်းအတွက် မရှိမဖြစ်လိုအပ်သည့် Verb Form စာအုပ်ကို Promotion ​စျေးမှာယူရန်👇
https://www.facebook.com/share/p/17HKsff6Zo/





#အင်္ဂလိပ်စာလေ့လာကြမယ်

31/03/2026

မနက်ခင်းမှာ ပုံမှန်သုံးလေ့ရှိတဲ့ အင်္ဂလိပ်စာအသုံးအနှုန်းများ
1. Wake up - နိုးလာသည်။
2. Get out of bed - အိပ်ရာမှထသည်။
3. Brush my teeth - သွားတိုက်သည်။
4. Wash my face - မျက်နှာသစ်သည်။
5. Take a shower - ရေချိုးသည်။
6. Get dressed - အဝတ်အစားလဲသည်။
6. Have breakfast - မနက်စာစားသည်။
7. Make breakfast / Brew coffee - မနက်စာပြင်ဆင်သည်/ ကော်ဖီဖျော်သည်။
8. Check the news - သတင်းဖတ်သည်။
9. Pack my bag - အိတ်ပြင်သည်။
11. Put on makeup - မိတ်ကပ်လိမ်းသည်။
12. Comb my hair - ဆံပင်ဖီးသည်။
13. Feed the pets - အိမ်မွေးတိရစ္ဆာန်များကို အစာကျွေးသည်။
14. Stretch my body - ကိုယ်လက်လှုပ်ရှား အကြောလျှော့သည်။
15. Leave the house - အိမ်ကထွက်သည်။
16. Lock the door - တံခါးပိတ်သည်။
17. Catch the bus - ဘတ်စ်ကားစီးသည်။
18. Start the day - နေ့သစ်ကိုစတင်သည်။

🛑🚨အင်္ဂလိပ်စာသင်ယူသူတိုင်းအတွက် မရှိမဖြစ်လိုအပ်သည့် Verb Form စာအုပ်ကို Promotion ​စျေးမှာယူရန်👇
https://www.facebook.com/share/p/17HKsff6Zo/

29/03/2026

အင်္ဂလိပ်စာမှာ စာကြောင်းတိုလေးတွေကို ချိတ်ဆက်ပြီး သဘာဝကျကျ ပြောတတ်၊ ရေးတတ်ဖို့ Conjunctions (စကားဆက်များ) ကို သိထားဖို့ လိုပါတယ်။
ဒီမှာ အသုံးအများဆုံးConjunction ၁၂ မျိုးကို အဓိပ္ပာယ်နဲ့တကွ စုစည်းပေးထားပါတယ်။
၁။ AND (နှင့် / ပြီးတော့): အချက်အလက်တွေ ပေါင်းစပ်တဲ့အခါ သုံးပါတယ်။
Eg: Max AND Kate are friends. (မက်စ်နဲ့ ကိတ်က သူငယ်ချင်းတွေ ဖြစ်ကြတယ်။)

၂။ BUT (ဒါပေမဲ့): ဆန့်ကျင်ဘက် အခြေအနေတွေကို ပြချင်ရင် သုံးပါတယ်။
Eg: She tried, BUT she failed. (သူမ ကြိုးစားခဲ့ပေမဲ့ ကျရှုံးခဲ့တယ်။)

၃။ALTHOUGH (ဖြစ်သော်လည်း / ပေမဲ့လည်း): မျှော်လင့်မထားတဲ့ ဆန့်ကျင်ဘက် အခြေအနေတွေမှာ သုံးပါတယ်။
Eg: ALTHOUGH it was raining, he went out. (မိုးရွာနေသော်လည်း သူ အပြင်ထွက်ခဲ့တယ်။)
၄။ OR (သို့မဟုတ်): ရွေးချယ်စရာတွေ ရှိတဲ့အခါ သုံးပါတယ်။
Eg: Do you want tea OR coffee? (မင်း လက်ဖက်ရည် သောက်မလား သို့မဟုတ် ကော်ဖီ သောက်မလား?)

၅။ BECAUSE (ဘာကြောင့်လဲဆိုတော့): အကြောင်းပြချက် ပေးတဲ့အခါ သုံးပါတယ်။
Eg: She was absent BECAUSE she was sick. (သူမ နေမကောင်းလို့ ကျောင်းပျက်ခဲ့တယ်။)

၆။SO (ဒါကြောင့်): ရလဒ်ကို ဖော်ပြချင်တဲ့အခါ သုံးပါတယ်။
Eg: It was raining, SO I took an umbrella. (မိုးရွာနေတယ်၊ ဒါကြောင့် ကျွန်တော် ထီးယူခဲ့တယ်။)

၇။ IF (အကယ်၍ ... ဆိုရင်): အခြေအနေတစ်ခု ဖြစ်ပေါ်လာနိုင်ခြေကို ပြောတဲ့အခါ သုံးပါတယ်။
* Eg: IF it rains, we will stay home. (အကယ်၍ မိုးရွာရင် ငါတို့ အိမ်မှာပဲ နေမယ်။)

၈။ BEFORE (မတိုင်ခင်):
Eg: Wash your hands BEFORE you eat. (မစားခင် လက်ဆေးပါ။)

၉။ AFTER (ပြီးနောက်):
Eg: I went to bed AFTER I had dinner. (ညစာစားပြီးနောက် အိပ်ရာဝင်ခဲ့တယ်။)

၁၀။ WHEN (အချိန်မှာ):
Eg: I was sad WHEN I failed. (ငါ ကျရှုံးခဲ့တဲ့အချိန်မှာ ဝမ်းနည်းခဲ့ရတယ်။)

၁၁။ WHILE (စဉ်အတောအတွင်း):
အလုပ်နှစ်ခု ပြိုင်တူဖြစ်နေချိန်မှာ သုံးပါတယ်။
Eg: Her phone rang WHILE she was driving. (သူမ ကားမောင်းနေစဉ်အတွင်း ဖုန်းမြည်လာခဲ့တယ်။)

၁၂။ SINCE (ကတည်းက):
Eg: He is happy SINCE he won. (သူ နိုင်ကတည်းက ပျော်နေတာ။)

🛑🚨အင်္ဂလိပ်စာသင်ယူသူတိုင်းအတွက် မရှိမဖြစ်လိုအပ်သည့် Verb Form စာအုပ်ကို Promotion ​စျေးမှာယူရန်👇
https://www.facebook.com/share/p/17HKsff6Zo/

#အင်္ဂလိပ်စာ

27/03/2026

နေ့စဉ် ကိုယ့်ခန္ဓာကိုယ်မှာ ဖြစ်ပျက်နေတဲ့ သဘာဝဖြစ်စဉ်တွေကို အင်္ဂလိပ်လို ဘယ်လိုခေါ်လဲ ​လေ့လာကြည့်ရ​အောင်...

• Passing gas (ပါးဆင့် ဂတ်စ်) - လေလည်ခြင်း

• ​Gargle (ဂါးဂယ်လ်) - အာလုပ်ကျင်းခြင်း

• ​Vomit (ဗောမစ်) - အန်ခြင်း

• ​Spit (စပစ်) - တံတွေးထွေးခြင်း

• ​Urinate (ယူရင်နိတ်) - ဆီးသွားခြင်း

• ​Defecate (ဒက်ဖာကိတ်) - ဝမ်းသွားခြင်း

• ​Burp (ဘပ်) - လေချဉ်တက်ခြင်း

• ​Sneeze (စနီးဇ်) - နှာချေခြင်း

• ​Cough (ကော့ဖ်) - ချောင်းဆိုးခြင်း

🛑🚨အင်္ဂလိပ်စာသင်ယူသူတိုင်းအတွက် မရှိမဖြစ်လိုအပ်သည့် Verb Form စာအုပ်ကို Promotion ​စျေးမှာယူရန်👇
https://www.facebook.com/share/p/17HKsff6Zo/

#အင်္ဂလိပ်စာ

19/03/2026

"အင်္ဂလိပ်စာအရေးအသားတိုးတက်ဖို့ ရွှေစည်းမျဉ်း (၁၁) ချက်"
အင်္ဂလိပ်စာရေးတဲ့အခါ Grammar အမှားမပါဘဲ Professional ကျတဲ့ အရေးအသားတစ်ခု ရရှိဖို့အတွက် အောက်ပါ ရွှေစည်းမျဉ်း (၁၁) ချက်ကို Checklist တစ်ခုလို သုံးပြီး ပြန်စစ်ကြည့်မယ်ဆိုရင် သင့်အရေးအသားဟာ သိသိသာသာ တိုးတက်လာမှာ ဖြစ်ပါတယ်။

၁။ ဝါကျကို အပြည့်အစုံရေးပါ: ဝါကျတစ်ကြောင်းမှာ Subject နဲ့ Verb အနည်းဆုံး ပါဝင်ရပါမယ်။ ဝါကျစိပ်စိပ်လေးတွေ မဖြစ်အောင် သတိပြုပါ။

၂။ Subject နဲ့ Verb ကို ကိုက်ညီအောင်ထားပါ: Subject က အနည်း (He/She/It) ဆိုရင် Verb ကလည်း အနည်းပုံစံ၊ Subject က အများ (They/We) ဆိုရင် Verb ကလည်း အများပုံစံ ဖြစ်ရပါမယ်။ (ဥပမာ- He eats vs They eat)

၃။အကြံဥာဏ်တွေကို စနစ်တကျ ချိတ်ဆက်ပါ: ဝါကျနှစ်ခုကို ဆက်တဲ့အခါ and, but, so စတဲ့ conjunction တွေ သုံးပါ၊ ဒါမှမဟုတ် semicolon ( ; ) ကို သုံးပြီး အဓိပ္ပာယ်ရှိရှိ ချိတ်ဆက်ပါ။

၄။ Comma ကို မှန်ကန်စွာ သုံးပါ: စာဖတ်သူ ခေတ္တရပ်နားဖို့ ဒါမှမဟုတ် စကားစုတွေကို ခွဲခြားဖို့အတွက် Comma ကို နေရာမှန်မှန် သုံးပေးပါ။

၅။Serial Comma ကို လိုအပ်သလို သုံးပါ: အရာဝတ္ထု ၃ ခုထက်မက တန်းစီပြောတဲ့အခါ နောက်ဆုံး "and" ရဲ့ ရှေ့မှာ ကော်မာ ခံပေးတာက စာသားကို ပိုမိုရှင်းလင်းစေပါတယ်။ (ဥပမာ- apples, oranges, and bananas)

၆။ Active Voice ကို ပိုသုံးပါ: "ဘယ်သူက ဘာလုပ်တယ်" ဆိုတာကို တိုက်ရိုက်ဖော်ပြတဲ့ Active Voice က စာဖတ်သူကို ပိုပြီး ဆွဲဆောင်မှုရှိစေပါတယ်။

၇။မှန်ကန်တဲ့ Tense ကို သုံးပါ : Present ၊ Past ၊ Future ဖြစ်ရပ်အလိုက် မှန်ကန်တဲ့ Verb ပုံစံကို ရွေးချယ်တတ်ဖို့ အရေးကြီးပါတယ်။

၈။Tense ကို တစ်သမတ်တည်း ထားပါ: စာပိုဒ်တစ်ပိုဒ်တည်းမှာ အကြောင်းပြချက်မရှိဘဲ Tense တွေကို ရောမသုံးပါနဲ့။ အတိတ်အကြောင်း ရေးနေရင် အတိတ် Tense နဲ့ပဲ ဆုံးခန်းတိုင်အောင် ရေးပါ။

၉။ Apostrophe (') ကို ပိုင်ဆိုင်မှုနဲ့ အတိုကောက်အတွက်ပဲ သုံးပါ: ပိုင်ဆိုင်မှုပြဖို့ (Cat's tail) နဲ့ စကားလုံးအတိုကောက် (Don't, Can't) အတွက်ပဲ သုံးပါ။

၁၀။ အသံတူ(Homophones) စာလုံးတွေကို ခွဲခြားပါ : Their/There, Your/You're, It's/Its စတဲ့ အသံတူပြီး အဓိပ္ပာယ်မတူတဲ့ စာလုံးတွေကို မမှားအောင် အထူးသတိထားပါ။

၁၁။ ဝါကျအဆုံး သတ်ပုံတွေကို မှန်ကန်စွာသုံးပါ: ဝါကျအဆုံးမှာ Full stop (.), Question mark (?) နဲ့ Exclamation mark (!) တွေကို ဝါကျအမျိုးအစားအလိုက် မှန်ကန်အောင် ပိတ်ပေးပါ။

ဒီစည်းမျဉ်းလေးတွေကို အသုံးပြုပြီး သင်ရေးထားတဲ့ အင်္ဂလိပ်စာကို ပြန်စစ်ကြည့်မယ်ဆိုရင် ပိုပြီး ယုံကြည်မှုရှိရှိနဲ့ ရေးသားလာနိုင်မှာပါတယ်။

🛑🚨အင်္ဂလိပ်စာသင်ယူသူတိုင်းအတွက် မရှိမဖြစ်လိုအပ်သည့် Verb Form စာအုပ်ကို Promotion ​စျေးမှာယူရန်👇
https://www.facebook.com/share/p/17HKsff6Zo/

#အင်္ဂလိပ်စာလေ့လာကြစို့

17/03/2026

"နေ့စဉ်သုံး အင်္ဂလိပ်စကားပြော (၁၅)ခု"
I have had lunch / breakfast.
နေ့လယ်စာ/မနက်စာ စားပြီးပါပြီ။

I have been out since morning.
မနက်ကတည်းက အပြင်ရောက်နေတာပါ။

I have no money.
ကျွန်တော့်မှာ ပိုက်ဆံမရှိဘူး။

Just taste it.
မြည်းကြည့်လိုက်ပါဦး။

I have to go.
ကျွန်တော် သွားရတော့မယ်။ ( အရေးကြီးကိစ္စရှိလို့ သွားဖို့လိုတာကို ဆိုလိုပါတယ်။)

I must go.
ကျွန်တော် သွားရမယ်။ ( သွားကိုသွားရမယ့် တာဝန်တစ်ခုခု ရှိတဲ့အခါ သုံးပါတယ်။)

I want that one suit.
ဟိုဝတ်စုံလေးကို လိုချင်တာ။

I got it.
နားလည်ပြီ / သဘောပေါက်ပြီ။ ( I understand ထက် ပိုပြီး ပေါ့ပေါ့ပါးပါး ပြောတဲ့အခါ သုံးပါတယ်။)

I know everything.
အကုန်လုံး သိတယ်။

I know nothing.
ဘာမှမသိဘူး။

It sounds great.
ကောင်းသားပဲ ။ (တစ်ယောက်ယောက်က အစီအစဉ်တစ်ခုခု ပြောပြတဲ့အခါ ပြန်ဖြေဖို့ အကောင်းဆုံးပါ။)

It's all because of you.
ဒါတွေအားလုံးက မင်းကြောင့်ပဲ။ ( ကောင်းတဲ့ဘက်ရော၊ ဆိုးတဲ့ဘက်ရော သုံးလို့ရပါတယ်။)

It does not mean.
ဒါက ... လို့ ဆိုလိုတာ မဟုတ်ပါဘူး။)

In course of time….
အချိန်တန်ရင်တော့ ...

I'm short of two hundred kyats.
၂၀၀ လောက် လိုနေတယ် ။

🛑🚨အင်္ဂလိပ်စာသင်ယူသူတိုင်းအတွက် မရှိမဖြစ်လိုအပ်သည့် Verb Form စာအုပ်ကို Promotion ​စျေးမှာယူရန်👇
https://www.facebook.com/share/p/17HKsff6Zo/

#အင်္ဂလိပ်စာ #စကားပြော

15/03/2026

အင်္ဂလိပ်စာ တိုးတက်စေမယ့် နေ့စဉ်သုံး Action Verbs ၂၄ ခု!
အင်္ဂလိပ်စကား ပြောတတ်ဖို့ဆိုရင် Action Verb (လှုပ်ရှားမှုပြကြိယာ) တွေကို အရင်ဆုံး ပိုင်နိုင်ဖို့ လိုပါတယ်။ အသံထွက်ကိုပါ တစ်ခါတည်း လေ့ကျင့်ကြည့်ရအောင်။

​နေ့စဉ်သုံး လှုပ်ရှားမှုများ (Daily Actions)

• ​Give (ဂစ်ဗ်) - ပေးသည်။

• ​Write (ရိုက်ထ်) - စာရေးသည်။

• ​Wash (ဝေါ့ရှ်) - ဆေးကြောသည်။

• ​Cook (ခုခ်) - ဟင်းချက်သည်။

• ​Talk (တော့ခ်) - စကားပြောသည်။

• ​Drink (ဒရင်န့်ခ်) - သောက်သည်။

• ​Eat (အိတ့်) - စားသည်။

• ​Knit (နစ်ထ်) - ချည်/ဇာထိုးသည်။

• ​Bathe (ဘေးသ်) - ရေချိုးသည်။

​ကိုယ်လက်လှုပ်ရှားမှုများ (Physical Activities)

• ​Crawl (ခရောလ်) - တွားသွားသည်။

• ​Dig (ဒစ်ဂ်) - တူးသည်။

• ​Climb (ကလိုင်းမ်) - တက်သည်။ (b သံ မထွက်ရပါ)

• ​Clap (ကလက်ပ်) - လက်ခုပ်တီးသည်။

• ​Jump (ဂျမ့်ပ်) - ခုန်သည်။

• ​Ride (ရိုက်ဒ်) - စီးသည်။ (စက်ဘီး၊ မြင်း)

• ​Fight (ဖိုက်ထ်) - ရန်ဖြစ်သည်/တိုက်ခိုက်သည်။

​စိတ်ခံစားမှုနှင့် အာရုံခံစားမှုများ (Senses & Feelings)

• ​Dream (ဒရင်မ်) - အိပ်မက်မက်သည်။

• ​Kiss (ကစ်စ်) - နမ်းသည်။

• ​Smell (စမယ်လ်) - အနံ့ခံသည်။

• ​Wait (ဝိတ်ထ်) - စောင့်သည်။

• ​Snore (စနိုး) - ဟောက်သည်။

• ​Hug (ဟတ်ဂ်) - ဖက်သည်။

• ​Cry (ခရိုင်း) - ငိုသည်။

• ​Laugh (လပ်ဖ်) - ရယ်မောသည်။

​💡 လေ့လာသူများအတွက် အကြံပြုချက်

• ​အသံထွက် သတိပြုရန်: အင်္ဂလိပ်စာမှာ အဆုံးသတ်အသံ (Ending Sound) လေးတွေက အရေးကြီးပါတယ်။ ဥပမာ- Wash ဆိုရင် 'ရှ်' သံလေးနဲ့ အဆုံးသတ်ဖို့ မမေ့ပါနဲ့။

• ​ဝါကျဖွဲ့ကြည့်ပါ: စကားလုံးသက်သက်ပဲ ကျက်မယ့်အစား "I wash my hands" (ငါ လက်ဆေးတယ်) ဆိုတာမျိုး နေ့စဉ်ဘဝနဲ့ တွဲပြီး ပြောကြည့်ပါ။

🛑🚨အင်္ဂလိပ်စာသင်ယူသူတိုင်းအတွက် မရှိမဖြစ်လိုအပ်သည့် Verb Form စာအုပ်ကို Promotion ​စျေးမှာယူရန်👇
https://www.facebook.com/share/p/17HKsff6Zo/

#အင်္ဂလိပ်စာ

13/03/2026

"အင်္ဂလိပ်စာ Level မြှင့်စေမယ့် Advanced စကားလုံးများ"
• Make ⏭ Create(ခရိ-အေ့(တ်)): ဖန်တီးသည်
• Think ⏭ Consider(ကွန်-စီး-ဒါး): စဉ်းစားဆင်ခြင်သည်
• Make sure ⏭ Ensure( အင်း-ရှူး-ဝါး): သေချာစေသည်
• Problem ⏭ Obstacle(အော့(ဘ်)-စတား-ကယ်): အတားအဆီး / အခက်အခဲ
• Help ⏭ Assist( အ-စစ်(စ်)): ကူညီပံ့ပိုးသည်
• Need ⏭ Require( ရီ-ကွိုင်း-ယား) လိုအပ်သည်
• Give ⏭ Provide(ပရို-ဗိုက်(ဒ်)): ထောက်ပံ့ပေးအပ်သည်
• Use ⏭ Utilize( ယူ-တီ-လိုင်း(ဇ်)): အကျိုးရှိရှိအသုံးချသည်
• Get ⏭ Obtain(အော့(ဘ်)-တိန်း): ရရှိသည်
• Change ⏭ Modify(မော်-ဒီ-ဖိုင်း): ပြုပြင်မွမ်းမံသည်
• Try ⏭ Attempt(အား-တင့်(ပ်)): ကြိုးပမ်းအားထုတ်သည်
• Tell ⏭ Inform(အင်-ဖောင်း): အကြောင်းကြားသည်
• Ask ⏭ Inquire (အင်-ကွိုင်း-ယား): စုံစမ်းမေးမြန်းသည်
• Show ⏭ Demonstrate (ဒမ်-မွန်-စထရိတ်): လက်တွေ့ပြသသည်
• Stop ⏭ Cease ( ဆီး(စ်)): ရပ်တန့်သည်
• Start ⏭ Commence (ကော်-မန့်(စ်)): စတင်သည်
• Improve ⏭ Enhance(အင်-ဟန့်(စ်)): ပိုမိုကောင်းမွန်အောင် မြှင့်တင်သည်

🛑🚨အင်္ဂလိပ်စာသင်ယူသူတိုင်းအတွက် မရှိမဖြစ်လိုအပ်သည့် Verb Form စာအုပ်ကို Promotion ​စျေးမှာယူရန်👇
https://www.facebook.com/share/p/17HKsff6Zo/

10/03/2026

"မသိမဖြစ် Cooking Verbs (၂၄) လုံး"
Bake (ဘိတ်ခ်) - ဖုတ်သည် (မုန့်ဖုတ်သည်)
Fry (ဖရိုင်း) - ကြော်သည်
Grill (ဂရီးလ်) - ကင်သည် (မီးကင်သည်)
Mix (မစ်ခ်စ်) - ရောမွှေသည်
Boil (ဘွိုင်လ်) - ပြုတ်သည် / ဆူပွက်စေသည်
Roast (ရို့စ်ထ်) - ကင်သည် (အသားကင်သည်)
Steam (စတီးမ်း) - ပေါင်းသည် (အငွေ့ဖြင့်)
Season (စီးဇင်း) - အမွှေးအကြိုင်ခတ်သည်
Toast (တို့စ်ထ်) - ကင်သည် (ပေါင်မုန့်ကင်သည်)
Simmer (ဆင်းမား) - တည်သည် (မီးအေးအေးဖြင့်)
Chop (ချော့ပ်) - ခုတ်သည် / ပိုင်းဖြတ်သည်
Garnish (ဂါးနစ်ရှ်) - အလှဆင်သည် (ဟင်းပန်းကန်ကို)
Slice (စလိုက်စ်) - ပါးပါးလှီးသည်
Dice (ဒိုက်စ်) - အတုံးငယ်လေးများ တုံးသည်
Peel (ပီးလ်) - အခွံနွှာသည်
Whisk (ဝစ်ခ်စ်) - ခေါက်သည် (ဥခေါက်သကဲ့သို့)
Grate (ဂရိတ်ထ်) - ခြစ်သည် (အမျှင်လေးများရအောင်)
Mince (မင်းစ်) - ညှက်နေအောင် စင်းသည်
Mash (မက်ရှ်) - ချေသည် (အာလူးချေသကဲ့သို့)
Taste (တေ့စ်ထ်) - မြည်းစမ်းသည်
Crush (ခရပ်ရှ်) - ထောင်းသည် / ခြေမွသည်
Shred (ရှရက်ဒ်) - အမျှင်လေးများဖြစ်အောင် ဖြတ်သည်
Knead (နီးဒ်) - နယ်သည် (မုန့်စိမ်းနယ်သည်)

📢မှတ်သားရန်
✅Grill နှင့် Roast: နှစ်ခုလုံးက 'ကင်တာ' ဖြစ်ပေမဲ့ Grill က မီးဖိုပေါ်မှာ တိုက်ရိုက်ကင်တာဖြစ်ပြီး Roast ကတော့ များသောအားဖြင့် Oven (ဖို) ထဲမှာ ထည့်ကင်တာကို ဆိုလိုတာပါ။
✅Chop နှင့် Mince: Chop က အတုံးလေးတွေဖြစ်အောင် ခုတ်တာဖြစ်ပြီး Mince ကတော့ အသားစင်းသလို ညှက်နေအောင် လုပ်တာဖြစ်ပါတယ်

#အင်္ဂလိပ်စာ

07/03/2026

"cleaning items တွေကို အင်္ဂလိပ်လို ဒီလိုခေါ်ပါ”
နေ့စဉ်မြင်နေရပေမယ့် နာမည်အတိအကျ မသိသေးတဲ့ သန့်ရှင်းရေးသုံးပစ္စည်းလေးတွေ(cleaning items )ကို အသံထွက်နဲ့တကွ တစ်ခါတည်း အလွတ်မှတ်လိုက်ရအောင်။

Dustbin (ဒတ်စ်-ဘင်): အမှိုက်ပုံး
Hose (ဟိုးစ်): ရေပိုက်
Duster (ဒပ်စ်-တား): ဖုန်သုတ်တံ
Sponge (စပန့်ချ်): ရေမြှုပ်
Spray Bottle (စပရေး ဘော့-တဲလ်): ရေဖျန်းဘူး
Mop (မော့ပ်): ကြမ်းတိုက်တံ
Broom (ဘရွန်းမ်): တံမြက်စည်း
Dish Towel (ဒစ်ရှ် တောင်-ဝယ်လ်): ပန်းကန်သုတ်ပုဝါ
Scrub Brush (စကရပ် ဘရပ်ရှ်): အဝတ်/ကြမ်းတိုက်ဘရပ်ရှ်





05/03/2026

"Root Vegetables အမည်များ"
ဈေးဝယ်သွားတဲ့အခါ ဒါမှမဟုတ် ဟင်းချက်နည်းတွေဖတ်တဲ့အခါ အသုံးဝင်စေမယ့် Root Vegetables (ဥစားပင်များ) တွေကို သံထွက်နဲ့တကွမျှဝေပေးလိုက်ပါတယ်။

1. Turnip(တား-နစ်ပ်)- မုန်လာဥဝိုင်း
2. Cassava( ကာ-ဆား-ဗား)- ပီလောပီနံဥ
3. Radish( ရား-ဒစ်ရှ်)- မုန်လာဥဖြူ
4. Carrot( ကဲ-ရော့တ်) - မုန်လာဥနီ
5. Beetroot (ဘိထ်-ရုထ်) -မုန်လာဥနီ(သွေးရောင်) ၊ ဗီတွတ်
6. Taro( တား-ရိုး)- ပိန်းဥ
7. Potato( ပို-တေး-တိုး)- အာလူး
8. Turmeric( တာ-မား-ရစ်ခ်)-နနွင်း





Want your school to be the top-listed School/college in Naypyidaw?

Click here to claim your Sponsored Listing.

Location

Category

Address


Naypyidaw