စာပန်းအိမ်ရာထူးဝင်ခွင့်

စာပန်းအိမ်ရာထူးဝင်ခွင့် preparation for your staff selection exams

သဒ္ဒါတတ်ချင် စာဖတ်သင် (၅)ကဲ... ဒီတစ်ခါတော့ no sooner... than... ကို အခြေပြု ဆင်တူရာလေးတွေစုပြီး လေ့လာကြည့်ကြမယ်။ အောက်မှ...
22/08/2025

သဒ္ဒါတတ်ချင် စာဖတ်သင် (၅)

ကဲ... ဒီတစ်ခါတော့ no sooner... than... ကို အခြေပြု ဆင်တူရာလေးတွေစုပြီး လေ့လာကြည့်ကြမယ်။

အောက်မှာ ဖော်ပြထားတာက The Count of Monte Christo by Alexandre Dumas ထဲက ဝါကျတစ်ခု...

- No sooner had they stepped on the island than they were greeted with armed men.
- သူတို့ ကျွန်းပေါ် ခြေချရုံသေး လက်နက်ကိုဆောင်ထားသူတွေက ကြိုဆိုနေလေရဲ့။

No sooner... than... ရဲ့ အဓိပ္ပါယ်က...

- one thing happened immediately after another
- တစ်ခုဖြစ်ပြီးပြီးခြင်း နောက်တစ်ခုဖြစ်ပျက်တာ။ တစ်ခုပြီး တစ်ခု ဆက်တိုက်ဖြစ်တာ။

No sooner... ကို နေရာရွှေ့ကြည့်လို့ရလား...

No sooner had they stepped... လို့ပဲ ရေးတာနော်။ No sooner they had stepped... လို့မရေးဘူး။ ဒါကို inverted structure လို့ခေါ်တယ်။ #လေးနက်စေချင်လို့ အဲ့လိုသုံးတာ။ စာဆန်တဲ့အသုံး၊ ထည်ဝါတဲ့ အသုံး။

No sooner V-help + S + V-main (inversion)

ပုံမှန်အတိုင်းဆို သူ့ကို mid-position မှာ ထား... ပြီးတယ်။ ဒီလို...

They had no sooner stepped on the island than they were greeted with armed men.
S + had no sooner V3 ... than ...

ဒီလိုသုံးလို့ရတာ... ဒီလိုသုံးတတ်တာ သူ့ချည်းပဲလားဆိုတော့လည်း မဟုတ်။ ဒီအသုံးတွေလည်း ရှိတယ်။

- No sooner... than...
- Hardly... when
- Scarcely.. when

- Hardly had I left home when it started to rain.
- Scarcely had I left home when it started to rain.
- No sooner had I left home than it started to rain.
- အိမ်က ထွက်ခါရှိသေး... မိုး စရွာတာပဲ။

- Hardly had I sat down to eat when the phone rang.
- Scarcely had I sat down to eat when the phone rang.
- No sooner had I sat down to eat than the phone rang.
- ထမင်းစားမလို့ထိုင်ရုံရှိသေး... ဖုန်း ဝင်လာရော။

စပ်မိလို့ ဆက်ရေးကြည့်မယ်...

ဒီသဘောနဲ့ သုံးကြည့်ဖို့. . .

- Soon after... ,
- Shortly after... ,
- Straight after...,
- Immediately after... ,
- the minute that ...,
- the moment that ...,

- Soon/Shortly after they got married, they divorced.
- စလယ်အိုးလေးမှ ဖင်မမဲသေးဘူး... ကွဲကြပြီ။

- Soon/Shortly after they fall in love, they broke up.
- ကြိုက်ကြတာဖြင့် မကြာသေးဘူး... ပြတ်ကြပြီ။

- Straight/Immediately I got home from work, I came to you.
- အလုပ်က ပြန်ရောက်ရောက်ချင်း ခင်ဗျားဆီ တန်းလာခဲ့လိုက်တာပဲ။

- The moment/minute that I touched the pillow, I fall asleep.
- ခေါင်းချလိုက်ရုံရှိသေး အိပ်ပျော်သွားတာပဲ။

ဟုတ်ကဲ့... လွယ်တယ်လို့ ထင်ချင်လည်း ထင်နိင်ပါတယ်။ အတွေးတစ်ခု ရချင်လည်း ရနိုင်ပါတယ်။

သန်းနိုင်
၂၁–၈–၂၀၂၅ (ကြာသပတေး)

သဒ္ဒါတတ်ချင် စာဖတ်သင် (၄)ဒီနေ့တော့ on / upon + V-ing အသုံးကို ပေါ့ပေါ့ပါးပါး လေ့လာကြည့်ကြမယ်။ on / upon + V-ing ကို when...
17/08/2025

သဒ္ဒါတတ်ချင် စာဖတ်သင် (၄)

ဒီနေ့တော့ on / upon + V-ing အသုံးကို ပေါ့ပေါ့ပါးပါး လေ့လာကြည့်ကြမယ်။

on / upon + V-ing ကို when something happens / as soon as something happens အနက်နဲ့ သုံးတာပါ။ time sequence နဲ့ဆိုင်တယ်။

တစ်ခုခုကို မြင်လိုက်ကြားလိုက်မိတာနဲ့ ချက်ချင်း၊ ချက်ချင်းဆိုသလို၊ ...သည့် အချိန်ပဲ တခြားအခြေအနေတစ်ခုဖြစ်သွားတာ...

ပုံပါ ဝါကျလေးတွေကို ကြည့်ရအောင်...

- Upon reaching home, Dantes found his father in a miserable state.
- Dantes အိမ်ပြန်ရောက်ချိန်မှာ သူ့ဖခင်ခမျာ ဆင်းရဲဒုက္ခရောက်နေတာ မြင်တွေ့လိုက်ရလေတယ်။

အဲဒီ upon + V-ing clause ကို ဒီလို rephrasing ပြန်လုပ်လည်းရ။
- Upon reaching home, ...
- Upon his arrival home, ...
- As soon as he reached / arrived home, ...

******
On seeing Mr Morell come close, the nighteen-year-old first-mate of the ship, Edmond Dantes, welcomed him aboard.
Mr Morell ရောက်လာတာမြင်တော့ အသက် (၁၉) နှစ်အရွယ် လက်ထောက်မာလိန်မှူးလေး Edmond Dantes က ရွက်သင်္ဘောပေါ်ကနေ ခရီးဦးကြိုပြုတယ်။
(မြင်လိုက်တာနဲ့ချက်ချင်း ခရီးဦးကြိုပြုတာ... မြင်တာနဲ့ ခရီးဦးကြိုပြုတာ ဆက်တိုက်။)

On seeing Mr Morell come close, ... ကို
When / As soon as he saw Mr Morell come close, ... လို့ full clause ပြန်ဖွဲ့နိုင်တယ်။

နောက်တစ်ချက်... အဲ့ဝါကျထဲကပဲ...

the nighteen-year-old first-mate of the ship, Edmond Dantes, ... က nouns in apposition ရေးဖွဲ့ပုံပေါ့။ the nighteen-year-old first-mate of the ship ဆိုတာ Dantes ပဲ... တစ်ယောက်တည်း။ ဒုတိယ noun ရဲ့ ရှေ့/နောက်မှာ commas ညှပ်ထားတယ်။ ဒါက nouns-in-apposition structure ရဲ့ အသက်။

ပုံမှန်ဆို proper noun ဖြစ်တဲ့ လူနာမည်ကရှေ့ကတည်... သူ့ရဲ့ ဂုဏ်အရည်အချင်း/ ရာထူးအလုပ်အကိုင်ကိုဖော်ပြတဲ့ noun group က နောက်မှာထားလေ့ ရှိတာ။

ဒီမှာ ကုန်ပို့ရွက်သင်္ဘောအကြောင်းအရာပေမို့ စာရေးသူ Alexandre Dumas က the.... first-mate of the ship ဆိုတဲ့ ရာထူးတာဝန်ကို အသားပေးချင်ပုံရတယ်။ ဒီအချက်က သဒ္ဒါစည်းမျဉ်းအရ ရှင်းပြနေတာ မဟုတ်ဘူး။ စာဖတ်ပြီး ခံစားကြည့်ရုံနော်။

အထက်တန်းဆင့် အင်္ဂလိပ်သဒ္ဒါမှာ ဒါမျိုးတွေ ခပ်စိပ်စိပ် တွေ့လာရတော့မယ်။ ဝါသနာရှင်မောင်မယ်များနဲ့ မိတ်ဆွေတို့ရေ သဒ္ဒါတတ်ဖို့ စာဖတ်ကြစို့လား။

သန်းနိုင်
၁၆–၈–၂၀၂၅ (စနေ)

အရွယ်နဲ့မလိုက်အောင် ရင့်ကျက်တာကို အင်္ဂလိပ်လို ဘယ်လို​ပြောလဲ လူဆိုတာ သူ့အရွယ် သူ့အသက်နဲ့လိုက်ဖက်တဲ့ ရင့်ကျက်မှုမျိုး ရှိ...
05/01/2023

အရွယ်နဲ့မလိုက်အောင် ရင့်ကျက်တာကို အင်္ဂလိပ်လို ဘယ်လို​ပြောလဲ

လူဆိုတာ သူ့အရွယ် သူ့အသက်နဲ့လိုက်ဖက်တဲ့ ရင့်ကျက်မှုမျိုး ရှိတတ်ကြတာပါပဲ။ အသက်ကြီးပြီး အချိန်မစီး အဲ... မရင့်ကျက်သူတချို့လည်း ရှိသပေါ့လေ။ တချို့ကျပြန်တော့ အသက်ကလေးငယ်ငယ်နဲ့ အရွယ်နဲ့မလိုက်အောင် ရင့်ကျက်နေတတ်ပြန်တယ်။
အရွယ်နဲ့မလိုက်အောင် ရင့်ကျက်တာကို
အင်္ဂလိပ်လို ရိုးရိုးလေး ဒီလိုသုံးနိုင်တယ်။

▶ be mature for one's age

1. He is mature for his age.
အသက်အရွယ်နဲ့မလိုက်အောင် ရင့်ကျက်တဲ့ကလေး။
2. She is very mature for her age.
ကလေးမက အရွယ်နဲ့မလိုက်အောင် ရင့်ကျက်လွန်းတယ်။

လှလှပပလေးသုံးချင်ရင် ဒီလိုသုံးလို့ ရသေးတယ်။
▶ have an old head over young shoulders

He has an old head over young shoulders.
ဒီကလေး... အရွယ်နဲ့မလိုက်အောင် ရင့်ကျက်လှပေတယ်။

Photo source: https://images.app.goo.gl/yWuM6qit3RZq1iEj6

#စာပန်းအိမ်

1. handle    ကုန်ပစ္စည်းတစ်မျိုးမျိုးကို ဆိုင်မှာ တင်တာ၊ တင်ရောင်းတာမျိုးကို handle လို့သုံးတယ်။2. crisis3. dive4. drive...
16/12/2022

1. handle
ကုန်ပစ္စည်းတစ်မျိုးမျိုးကို ဆိုင်မှာ တင်တာ၊ တင်ရောင်းတာမျိုးကို handle လို့သုံးတယ်။
2. crisis
3. dive
4. drive
5. horizon

Answer:1. (c)2. (a) / (b)     conflict က ပဋိပက္ခဖြစ်တာ၊ confrontation = ထိပ်တိုက်ရင်ဆိုင်မှုမျိုး ပဋိပက္ခဖြစ်တာ။3. (b)4....
16/12/2022

Answer:
1. (c)
2. (a) / (b)
conflict က ပဋိပက္ခဖြစ်တာ၊ confrontation = ထိပ်တိုက်ရင်ဆိုင်မှုမျိုး ပဋိပက္ခဖြစ်တာ။
3. (b)
4. (c)
notorious = နာမည်ဆိုးနဲ့ ကျော်ကြား
5. (a)
attributes = qualities


#စာပန်းအိမ်

1. ကွက်လပ်နေရာ အထားမှားနေတယ်။ စာရိုက်သူအမှားဖြစ်မယ်။ ကွက်လပ်နေရာအမှန်က...In theory, a standardized IQ test is .............
16/12/2022

1. ကွက်လပ်နေရာ အထားမှားနေတယ်။ စာရိုက်သူအမှားဖြစ်မယ်။ ကွက်လပ်နေရာအမှန်က...
In theory, a standardized IQ test is ............... an individual's ability ပါ။ မူရင်းပုံပါ တွဲတင်ပေးလိုက်ပါတယ်။ တိုက်ဆိုင်စစ်ဆေးကြည့်နိုင်ပါတယ်။

2. b
3.e
4. d
5. c

-fill passage
#စာပန်းအိမ်

Answer:1. (a)2. (a)   (a pack of playing cards = a deck of playing cards)3. (b)   (able-to-go rotten ဆိုတာ ပုပ်တတ်သိုးတတ...
16/12/2022

Answer:
1. (a)
2. (a) (a pack of playing cards = a deck of playing cards)
3. (b) (able-to-go rotten ဆိုတာ ပုပ်တတ်သိုးတတ်တာကိုပြောတာ)
4. authentic (authentic ဆိုတာ မူလလက်ရာအစစ်အမှန်လို့ပြောတာ)
5. (c) (boomed က အချိန်တိုတိုလေးအတွင်း ဖွံ့ဖြိုးတိုးတက်လာတာ၊ ခုက လူဦးရေတိုးလာတာကိုပဲ ပြောတာမို့ increased)


#စာပန်းအိမ်

PPTT စာစဉ်အင်္ဂလိပ်စာ + မြန်မာစာ + ပညာရေးဆိုင်ရာဗဟုသုတတစ်စုံလျှင် ၂၀,၀၀၀ ကျပ် + ပို့ခ
31/10/2022

PPTT စာစဉ်

အင်္ဂလိပ်စာ +
မြန်မာစာ + ပညာရေးဆိုင်ရာဗဟုသုတ
တစ်စုံလျှင် ၂၀,၀၀၀ ကျပ် + ပို့ခ

ရာထူးဝင်ခွင့်အင်္ဂလိပ်စာ(အင်္ဂလိပ်စာသီးသန့်)ဘယ်ဌာန၊ ဘယ်ရာထူးဝင်ခွင့်ကို ဖြေဖြေအကောင်းဆုံးလို့ မဆိုလိုပါ။အထိရောက်ဆုံးဖြစ်...
29/10/2022

ရာထူးဝင်ခွင့်အင်္ဂလိပ်စာ
(အင်္ဂလိပ်စာသီးသန့်)

ဘယ်ဌာန၊ ဘယ်ရာထူးဝင်ခွင့်ကို ဖြေဖြေ
အကောင်းဆုံးလို့ မဆိုလိုပါ။
အထိရောက်ဆုံးဖြစ်ဖို့ အာမခံပါရစေ။

တန်ဖိုး = ၁၂,၀၀၀ ကျပ် + ပို့ခ
(စာတိုက်ရှိရာ မြို့တိုင်းသို့ အိမ်အရောက်ပို့ပေးပါသည်။)

#အငယ်တန်းစာရေးဝင်ခွင့်
#ကြီးကြပ်ရေးမှူးဝင်ခွင့်
#လ/ထ ဦးစီးမှူးဝင်ခွင့်
#ဒု-ဦးစီးမှူးဝင်ခွင့်
#ရာထူးဝင်ခွင့်အထွေထွေ

29–10–2022 (Sat)

PPTT ပညာရေးဆိုင်ရာဗဟုသုတအတွက်💠 မေးခွန်းတိုမှတ်စု  #မေးခွန်းတိုမှတ်စု #စာပန်းအိမ်
15/07/2022

PPTT ပညာရေးဆိုင်ရာဗဟုသုတအတွက်
💠 မေးခွန်းတိုမှတ်စု


#မေးခွန်းတိုမှတ်စု
#စာပန်းအိမ်

PPTT ပညာရေးဆိုင်ရာဗဟုသုတအတွက်💠 ပညာရေးဆိုင်ရာဗဟုသုတ💠 အထွေထွေဗဟုသုတ  #ပညာရေးဆိုင်ရာဗဟုသုတ #ဗဟုသုတဘဏ် #စာပန်းအိမ်
14/07/2022

PPTT ပညာရေးဆိုင်ရာဗဟုသုတအတွက်
💠 ပညာရေးဆိုင်ရာဗဟုသုတ
💠 အထွေထွေဗဟုသုတ


#ပညာရေးဆိုင်ရာဗဟုသုတ
#ဗဟုသုတဘဏ်
#စာပန်းအိမ်

PPTT 8/2022 မြန်မာစာ💠 အဆိုအချေအရေးအသား
10/07/2022

PPTT 8/2022 မြန်မာစာ
💠 အဆိုအချေအရေးအသား

Address

Naypyidaw

Telephone

+959780645245

Website

Alerts

Be the first to know and let us send you an email when စာပန်းအိမ်ရာထူးဝင်ခွင့် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to စာပန်းအိမ်ရာထူးဝင်ခွင့်:

Shortcuts

Share

Category