Play & Learn

Play & Learn Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Play & Learn, Tutor/Teacher, 1st Myit Nge Street, Shwe Kyar Pin Quarter, Zabuthiri Township, Naypyidaw.
(2)

Play & Learnမှရနိုင်သောအတန်းများ *Oxford Phonics for Kids *Phonics Training for Teachers and Parents. *Reading Class *Grammar+ Writing
* 4skills Class *Remedial Phonics

Phonics က YLE ကို ဘယ်လို အထောက်အကူ ဖြစ်ပါသလဲ။ Phonics ဆိုတာ အသက် ၅နှစ်မှ ၇နှစ်အတွင်း စာဖတ်တတ်‌ေရးဦးတည်သင်ကြားတဲ့ နည်းလမ်...
17/07/2026

Phonics က YLE ကို ဘယ်လို အထောက်အကူ ဖြစ်ပါသလဲ။
Phonics ဆိုတာ အသက် ၅နှစ်မှ ၇နှစ်အတွင်း စာဖတ်တတ်‌ေရးဦးတည်သင်ကြားတဲ့ နည်းလမ်းဖြစ်ပါတယ်။ YLE ကတော့ အသက်၇နှစ်မှ၁၂နှစ်အတွင်းမှာအင်္ဂလိပ်ဘာသာစကားကိုစွမ်းရည်လေးမျိုးအခြေခံကာ ပြောဆိုဆက်သွယ်နိုင်ဖို့ရည်ရွယ်ပါတယ်။ Phonics ကို Foundational skills လို့လဲဆိုကြတယ်။အ‌ေခြခံ အုတ်မြစ်ပေါ့။
ဘယ်လိုအထောက်အကူပြုပါသလဲဆိုရင်‌ေတာ့ ထုံးစံအတိုင်း
၁။ reading ဖြစ်ပါတယ်။ မရင်းနှီးသောစကားလုံးများကိုအသံထုတ်ထွက်ဖတ်နိုင်ခြင်း၊ စာဖတ်မြန်ခြင်းကို Phonics ကပေးပါတယ်။
၂။ spelling စာလုံး‌ေပါင်းစွမ်းရည်
စာလုံးအများစုကို အလွတ်‌ေပါင်းနိုင် အလွတ်‌ေရးနိုင်စွမ်းကို Phonics က ပေးပါတယ်။
၃။ listening comprehension နားထာင်ပီး သိခြင်း၊နားလည်ခြင်း
Phonics က အသံ-ရုပ် ဆက်စပ်မှုကို အဓိကထားတာဖြစ်တဲ့အတွက် နား‌ေထာင်ပီး စာလုံး‌ေပါင်းရတဲ့ လေ့ကျင့်ခန်းတွေ အများသား လုပ်ရပါတယ်။ YLE listening ပိုင်းမှာဒါက အများကြီး အထောက်အကူဖြစ်ပါတယ်။
၄။ ဦးနှောက်ဝန် ကို အများကြီး လျှော့ချပေးပါတယ်။ Phonics က decoding ကို သင်ပေးတာမို့ မရင်းနှီး မမြင်ဖူးတဲ့စကားလုံးများကို ဖတ်နိုင်ပါတယ်။ ဒါက Phonics မသင်ဖူးတဲ့က‌ေလးထက် သင်ထားတဲ့ကလေးက Cognitive load အများကြီး လျော့ပါးသက်သာပါတယ်။

နေပြည်တော်က IS တခုမှာ ဖိလစ်ပိုင်နိုင်ငံသူ ဆရာမ က KG က‌ေလးများကို စာ မဖတ်တတ်သေးကြာင်း၊ စာဖတ်တတ်ဖို့ တခုခုလုပ်ဖို့လို‌ေကြာ...
16/07/2026

နေပြည်တော်က IS တခုမှာ ဖိလစ်ပိုင်နိုင်ငံသူ ဆရာမ က KG က‌ေလးများကို စာ မဖတ်တတ်သေးကြာင်း၊ စာဖတ်တတ်ဖို့ တခုခုလုပ်ဖို့လို‌ေကြာင်း မိဘများကို ပြောပါတယ်။ ဒီမှာ မိဘများ ထူပူပီး ကျ‌ေနာ့် သင်တန်းကို စုံစမ်းကြ၊ အပ်ကြပေါ့။ ( မျက်ဖြူဆိုက်လေ အမြင့် ကြိုက်လေ အဲ ဟုတ်‌ေပါင်) တကယ်က KG အရွယ်ဆိုတာ ဘယ်နိုင်ငံရဲ့ သင်ရိုးမှာမှ စာဖတ်တတ်တဲ့ အရွယ် မဟုတ်ပါဘူး။ G-2, G-3 အရွယ်ထိ စာဖတ်သင်ကာလ ဖြစ်ပါတယ်။ အဲ့နောက်မှ စာဖတ်ပီး သင်ယူခြင်း၊ စာဖတ်နိုင်ခြင်း ဖြစ်တယ်လို့ ပြောရမှာပါ။ ဒီ ပြဿနာရဲ့ အရင်းမူလက စာဖတ်သင်ကြား‌ေရး ဆရာ/မ (သီးသန့်) ၊ စာတတ်မြာက်ရေးပိုင်း ဆရာ/မ မရှိတာ၊ စာတတ်မြောက်ရေး ဆိုင်ရာ ဗဟုသုတ မရှိတာ ဖြစ်ပါတယ်။ ကျ‌ေနာ့်အမြင် GS, PS တွေမှာလဲ ဒီလို သီးခြား ဆရာ/မ များ ရှိကြဖို့ လိုလာပီ၊ လိုလာမယ် လို့ ထင်ပါတယ်။

မြန်မာစာ ကို ခက်တယ်လို့ဘာ့ကြာင့် ထင်ကြတာလဲ။၁။ အင်္ဂလိပ်စာ/စကား ကို လေ့လာဖို့ အခြေခံ အသံ ၄၄ သံ ရှိပါတယ် ။ အင်္ဂလိပ် ဗျည်း...
16/07/2026

မြန်မာစာ ကို ခက်တယ်လို့ဘာ့ကြာင့် ထင်ကြတာလဲ။
၁။ အင်္ဂလိပ်စာ/စကား ကို လေ့လာဖို့ အခြေခံ အသံ ၄၄ သံ ရှိပါတယ် ။ အင်္ဂလိပ် ဗျည်းသံ ၂၄၊ အင်္ဂလိပ် သရသံ ၂၀ ။
မြန်မာစာ/စကားမှာ‌ေတာ့ ဗျည်းသံ ၃၃ ၊ သရသံ ၅၁ ၊စုစု‌ပေါင်း ၈၄ သံ ရှိပါတယ်။
မြန်မာစာ၊စကား တတ်မြာက်ဖို့ လေ့လာရမယ့် အသံအ‌ေရအတွက်က အင်္ဂလိပ်ထက် ၂ ဆ လောက် များ‌ေနတာ တွေ့ရပါတယ်။ ဒါကလဲ ကလေးများအတွက်ခက်ခဲ‌ေစတဲ့ အကြောင်းရင်းတခု ဖြစ်ပါတယ်။
၂။ အင်္ဂလိပ်ရဲ့ စာ‌ေရးနည်းစနစ်က ဗျည်း၊သရ ကို ယှဉ်တွဲ‌ေရးတဲ့နည်း syllabic ဖြစ်ပါတယ် ။ သဘာက c( ဗျည်း) a ( သရ) t ( ဗျည်း) = cat ဖြစ်ပါတယ်။ အင်္ဂလိပ် ရေးတဲ့ စနစ် အရ မြန်မာစာကို ရေးမယ် ဆိုရင် "ကား" ဆိုတာကို "ကအား" လို့ ရေးရမယ့် ပုံစံပါ။
မြန်မာရဲ့ ရေးနည်းစနစ်ကတာ့ အဘူဂီဒါ လို့ ခေါ်ပီး ဗျည်း အဓိက ရေးနည်းစနစ်ပါ။
အား သရ အတွက် ား ဆိုတဲ့ သင်္ကေတ ကို သုံးပါတယ်။ ဒီ့အတွက် ကကို အားသရ တဲ့ပါင်းတဲ့အခါ " က+ ား = ကား " ဖြစ်တာ ဖြစ်ပါတယ်။ ဒီ့အတွက်ဗျည်း၊ သရ အပြင် သ‌ေင်္ကတ များကိုပါ ထပ်မံ သင်ယူရ မှတ်သားရ ပါတယ်။ ဒါကလဲ အင်္ဂလိပ် ထက် ခက်ရတဲ့ အကြောင်းရင်း တခုပါပဲ။

Anti-Parenting Tipsပထမဦးဆုံးအနေနဲ့ Parenting ဆိုတာကို သင့်သလောက်၊လိုသလောက် ပြုစုပျိုးထောင်ခြင်းမဟုတ်ဘဲ အပြုစုအပျိုးထောင်...
11/07/2026

Anti-Parenting Tips
ပထမဦးဆုံးအနေနဲ့ Parenting ဆိုတာကို သင့်သလောက်၊လိုသလောက် ပြုစုပျိုးထောင်ခြင်းမဟုတ်ဘဲ အပြုစုအပျိုးထောင်လွန်ကဲခြင်း လို့ လက်ရှိလူမှုဘဝမှာတွေ့ကြုံမြင်နေရတဲ့ ခံစားသိမှုအရ အဓိပ္ပါယ်ဖွင့်လိုပါတယ်။ ဒီအတိုင်းလဲ လက်တွေ့လူမှုဘဝမှာ ဖြစ်နေပါတယ်။
လူမှုမီဒီယာပလက်ဖောင်းတွေမှာ အရမ်းကိုခေတ်စားလာပီး Parenting က ခက်ထန်တဲ့ယဉ်ကျေးမှုဆူနာမီလှိုင်းသဖွယ် Parents မိဘတွေကို ဝန်ထုပ်ဝန်ပိုးအပိုတွေ၊ စိတ်ဖိစီးမှုတွေ၊ သောကတွေ ပေးလာပါတယ်။ ပြုစုပျိုးထောင်ခြင်းဆိုတာ မိဘနဲ့သားသမီးကြား ဆက်ဆံရေးတခုပဲမဟုတ်လား။ ဒါပေမယ့် parenting tips ပဲရင့်တင်းနည်းနာတွေက ဘာလို့ ကလေးကိုပျော်အောင်ထား၊ကလေးအတွက်အချိန်ပေး၊ ကလေး၊ကလေး....နဲ့ တ ကလေး တည်း ကလေးပီး မိဘတွေရဲ့ အကြောင်း ပါမလာရတာလဲ။
အခု ဒီပို့စ်ကတော့ မိဘတွေအတွက် စိတ်အေးရမယ့်၊ သောကဗျာပါဒ လျော့နည်းစေမယ့်၊ တနည်း ချေသင့်တာကို ခပ်ချေချေနေပီး မိဘ‌ေတွလည်း ကိုယ်ပိုင်အချိန် ၊ကိုယ်ပိုင်လွတ်လပ်မှု/ခွင့်၊ ကိုယ်ပိုင်အပျော် ဖန်တီးလို့ရတယ်/ဖန်တီးရမယ်/ ဖန်တီးသင့်တယ်ဆိုတဲ့အကြောင်းပါပဲ။ ငါ မပျော်ရချင်နေ ငါ့ကလေးပျော်ရမယ် ဆိုတာမျိုးကို ထားခဲ့။ ငါ (ငွေ) မသုံးရချင်နေ ငါ့ကလေးအတွက် သုံးမယ် ဆိုတာမျိုးလဲ ထားခဲ့။ ငါရော၊ ငါ့ကလေးရော ဆိုတဲ့ တဖက်သတ်မဟုတ်တဲ့အပြန်အလှန် သဘောမျိုး၊ နှစ်ဦးနှစ်ဖက်စလုံးအပြုသဘောဆောင်တာမျိုးကသာ တကယ်ကောင်းမွန်တဲ့ဆက်ဆံရေးပုံစံဖြစ်ပါတယ်။ တကယ်ကောင်းမွန်တဲ့ဆက်ဆံရေးကသာ စစ်မှန်သော ပြုစုပျိုးထောင်ခြင်း မည်ပါလိမ့်မယ်။
ဒါကတော့
Dorsa Amir ရဲ့ Twitter ပေါ်မှာအတော်ပေါက်သွားတဲ့ ပို့စ် ကို မှီငြမ်းပီးရေးထားတာဖြစ်ပါတယ်။
၁။ အရာအားလုံးက ပညာရေးဆိုင်ရာတန်ဖိုးတစုံတရာရှိနေဖို့ မလိုပါဘူး။ ပညာရေးနဲ့ဆက်စပ်ပတ်သတ်နေဖို့မလိုဘူး။ ဥပမာ "သူများကလေးတွေက scribble ကစားတာ၊ နင်က မျောက်ရှုံး‌‌ေအာင်ဆော့တာ။ ကစားတာနဲ့ဆော့တာ မတူဘူး။" ဒီဥပမာ မှာ ကလေးက သူ့သဘာဝ အလျောက် ကစားတာတောင်မှ ပညာရေးတန်ဖိုး တစုံတရာ ၊ဆက်စပ်ပတ်သတ်မှု မရှိလို့ မိဘက သူများကလေးနဲ့ ချိန်ထိုးပီး ဆုံးမ တာကို ‌ေ‌တွ့ရတယ်။ တကယ်တော့ ကစားတာက ကစားဖို့အတွက်ပဲ။ ဘာမှ play and learn လာမလုပ်နဲ့။ ဘာမှ ကစားရင်းသင်ယူ မလုပ်နဲ့။ Play for Play's sake ပဲ။ ကိုယ့်ကလေး သူ့ဖာသာသူ စိတ်ကူးလေးအတိုင်း ကလေးနေရင် ပစ်ထားလိုက်ပါ။ ဒါကို သောကရောက်‌ေနစရာ ဘာအကြောင်းမှမရှိပါဘူး။ ပစ်ထားပီး ခပ်ချေချေပဲအေးဆေးနေပလိုက်။
၂။ ကလေးကို ပျင်းခွင့်ပေးပါ။ ကလေးကို ပျင်းခွင့် ပေးပါ။ သူများတွေက ဒီအချိန်မှာ Phonics, hand abacus, mental maths, art, sports ဒါတွေ သင်နေတာဆိုပီး ကိုယ့်ကလေး သူ့ဖာသာသူ အားလပ်နေတာ၊ ပျင်းစရာအချိန်လေးရှိနေတာကို အားမရ ၊ မကျေမနပ် ၊စနိုးစနောင့် မဖြစ်ပါနဲ့။ ပျင်းတာလဲ လူသားသဘာဝပဲမလား။
၃။ လူမှုဆက်ဆံရေးပဋိပက္ခ ဖြစ်စေပါ။ သူ့သူငယ်ချင်းတေနဲ့ပဲဖြစ်ဖြစ်၊ သူနဲ့နီးစပ်ပတ်သတ်သူ ကြီး၊ငယ် အရွယ်မရွေး မည်သူနဲ့ မဆို သဘောထားကွဲလွဲတာ၊ ငြင်းခုန်တာမျိုး ခွင့်ပြုပါ။ ပြဿနာတွေကနေ သူ့ဖာသာသူ သင်ယူစရာရှိတာ သင်ယူပါလိမ့်မယ်။ နေရာတကာ ကာကွယ်ဖြေရှင်းပေးနေတဲ့ ဆူပါမေမေ၊ဆူပါဖေဖေ လုပ်နေစရာ မလိုပါ။ ပစ်ထားစမ်းပါ။ သန်မာလာလိမ့်မယ်။
၄။ စိတ်တိုတာ၊ဒေါသထွက်တာ၊ အော်ငိုတာ စတဲ့ စိတ်ခံစားချက်များက ကလေးတွေအတွက် မကောင်းတဲ့အရာတွေမဟုတ်ပါဘူး။ ဒီတော့ မငိုအောင် ဘယ်လိုလုပ်မလဲ ဆိုတာမျိုးတွေ၊ ဒေါသမထွက်အောင် ဘယ်လို ထရိန်းမလဲဆိုတာမျိုးတွေ လုပ်နေစရာ မလိုပါဘူး။ သဘာဝက သဘာဝပါပဲ။ လူသားကို ပရိုဂရမ်ဆွဲပီးစက်ရုပ်လို ထရိန်းနေတာမျိုးလုပ်စရာမလိုပါဘူး။ ကျောင်းသွားတဲ့အခါ မငိုအောင်တို့ ဘာတို့ ဆိုတဲ့ အပိုတွေလုပ်ပီး ကိုယ့်ကိုယ်ကိုယ် ဝန်ပိုတွေ မိပစေပါနဲ့။ ခပ်ချေချေခပ်အေးအေးနေစမ်းပါ။ ၁၉၈၀ လောက်က မိဘတွေ အတော်ချေသနော်။ အ့လိုချေစမ်းပါ။
၅။ ကလေးပျော်အောင် အချိန်ပြည့် လူရွှင်တော်လုပ်၊မြှူနေစရာမလိုပါဘူး။ ပျင်းစရာကောင်းတဲ့ မိဘ ဖြစ်ချင်ဖြစ်နေပါစေ ဖြစ်လို့ရပါတယ်။ အနောက်နိုင်ငံက ‌မိဘတွေလို ကလေးတွေကို ဆော့ပေး၊မြှူပေး၊ အချိန်တွေ အများကြီး ပေးတာတွေကို ကြည့်ပီး လိုက်လုပ်စရာလဲ မလိုပါဘူး။ မိဘမှာလဲ ကိုယ့်အကြိုက်၊ကိုယ့်ဖြစ်တည်မှု ကိုယ့်ပုံစံရှိပါတယ်။ အိုဗာတင်းတွေမဖျော်ပါနဲ့။ သင့်ရုံပေါ့။ သင့်သလောက်ပေါ့။ ဘဝက ဇာတ်ကားရိုက်နေတာမှ မဟုတ်ပါ။ ထပ် ချေလိုက်ပါဦး။အေးဆေးပေါ့။
၆။ လိုင်းပေါ်က နာမည်ကျော်/နာမည်ကြီးတွေလျှောက်ပြောတိုင်း အရုပ်တွေဝယ်၊စာအုပ်တွေ ဇွတ်ဝယ်‌ေပးနေတာမျိုးမလုပ်ပါနဲ့။ မဝယ်ပေးနိုင်လို့လဲ ဘာမှ ခံစားနေစရာအကြောင်းမရှိပါ။ အ့ နာမည်ကျောိတွေက စီးပွားရေးလုပ်နေတာပါ။ ကလေးတွေအတွက် စာဖတ်challenge လုပ်မယ်။ ဟိုစာအုပ်ဝယ်ပါ။ ဒီစာအုပ်ဝယ်ပါ။ ကလေးရဲ့ ဘာ ဖွံ့ဖြိုးဖို့ ဒီအရုပ်လေး ဝယ်ပါ။ ကလေးအကြောင်း သိရဖို့ ကျယ်မရဲ့ ဘယ်စာအုပ်လေး ဖတ်ပါ ဆိုတာနဲ့ လိုင်းပေါ်က တွေ့ရာတွေ လျှောက်ဝယ်နေဖို့ မလိုပါဘူး။ လိုအပ်မှ ဝယ်ပါ။ တကယ် လိုအပ်မှ ဝယ်ပါ။ သုံးမှ ဝယ်ပါ၊၊ တကယ် သုံးမှ ဝယ်ပါ။ ကလေးက မပြောဘဲ လိုတရ သလို ‌ဖြည့်ဆည်းပေးနေရင် ကလေးက သူကိုယ်တိုင် ဘာလိုအပ်နေသလဲဆိုတာ သူ့ဖာသာသူ စစ်မေးတာမျိုး ရှိမှာ မဟုတ်တော့ဘူး။ များလွန်းတာက ဘာမှ မကောင်းပါဘူး။
၇။ အိမ်အလုပ်တွေ ခိုင်းပါ။ မခိုင်းရင် မတတ်ဘူး။ "ငါက ငါ့ကလေးကို ဘာမှ မခိုင်းဘူး။ စာပဲ တော်အောင်သင်ခိုင်းတာ" ဆိုပီး ဂုဏ်ဆာနေစရာမလိုဘူး။ လုပ်တတ်ကိုင်တတ်ရှိအောင် နေတတ်ထိုင်တတ်ရှိအောင် ခိုင်း။ မနိုင်ဝန်မဖြစ်ပီးတာပဲ။
၈။ နောက်ဆုံးတခုကတော့ individual difference ဆိုတာကို လက်ခံ၊သိ၊နားလည်ထားပါ။ ဒါကရှင်းရှင်းလေးပဲ တမိတည်းပေါက်တဲ့ ညီကိုမောင်ဘွားတေ ညီအမတွေတောင် တယောက်နဲ့တယောက် ဉာဏ်ရည်၊လူမှုဆက်ဆံရေးစွမ်းရည် အခြားအခြားသော ကိစ္စများမှာ ကွာကြခြားကြတယ်။ လိုင်းပေါ်က နစ်နစ်နဲ့ စာတွေဖတ်တတ်နေလို့ ဘာမှ ကိုယ့်ကလေးကို ဖိအားပေးစရာမလိုသလို ကွကိုယ်လည်း အပြစ်ရှိသလို ခံစားစရာမလိုဘူး။ လိုင်းပေါ်က စာတော်တဲ့ကလေးတွေရဲ့ အသက်က ဆယ်နှစ်မကျော်ကြတာများတယ်။ ဘာလို့လဲဆိုတော့ ဆယ်နစ်၊ဆယ့်နှစ်နဲ့အထက်ရောက်တာနဲ့ အကုန်လုံး ထူးမခြားနား မကွာသလိုပဲဖြစ်နေလို့ပေါ့။ နောက်တချက်က child prodigy ကလေးဘွမှာ အံဖွယ်ထူးချွန်တဲ့ကလေးများက သိပ်မအောင်မြင်တတ်ကြဘူး။ ဘာလို့လဲဆိုတော့ ဖြစ်နိုင်တာက ငယ်ဘဝထဲက ဖိအားတွေထဲမှာ နစ်ခဲ့ကြလို့ပဲ။ ဒီတော့ ငါ့ကလေးက ငါ့ကလေးပဲ။ သူများကလေးတော်တိုင်း ငါ့ကလေး တော်ရမယ်ဆိုတာ မဟုတ်ဘူး။ ငါ့ကလေးက ငါ့ကလေးနှုန်းအတိုင်း တော်ရင် ရပီဆိုတဲ့ individual difference ကို သိရမယ်။ ဒါက မိဘကို ကလေးရဲ့ ပညာရေးဆောင်ရွက်ချက်တွေနဲ့ပတ်သတ်ပီး စိတ်ဖိစီးမှုနည်းစေတယ်။ မိဘက စိတ်ဖိစီးနေရင် ကလေးကို ဖိအားပေးတတ်တော့ ကလေးလည်း ဖိစီးရတယ်။ မိဘက ပေါ့ပေါ့ပါးပါးဆိုရင် ကလေးလဲ ပေါ့ပေါ့ပါးပါးပဲပေါ့။ ပေါ့ပေါ့ဆဆ မဟုတ်ရင် ပီးတာပဲ။
ကဲ အချုပ်ပြောရရင် လိုင်းပေါ်က Parenting tips ဆိုတာတွေ လျော့ဖတ်ပါ။ လိုင်းပေါ်က ဖလန်းဖလန်းကလေးပညာရေး အာဝါထား တွေကိုလည်း လျှော့ကြည့်ပါ။ ကိုယ့်ကလေးကို ကိုယ်သာအသိဆုံး မလား။ ခပ်ချေချေနဲ့ ပေါ့ပေါ့ပါးပါးသာနေပါ။ ကလေးကိစ္စနေရာတကာဝင်ပါပီး ကိုယ့်အချိန်ကို မဖြုန်းနဲ့။
Saya Myint Zaw
Play & Learn

မြန်မာစာ ကို အသံနည်းနဲ့ သင်တဲ့အခါ သင်ရိုးထဲမှာကို စနစ်မကျတာမျိုး တွေ့ရတယ်။ က ကလေး ဆိုတာမျိုး။ သံပြည့် "ကာ့" သံကို ပြောရမ...
08/07/2026

မြန်မာစာ ကို အသံနည်းနဲ့ သင်တဲ့အခါ သင်ရိုးထဲမှာကို စနစ်မကျတာမျိုး တွေ့ရတယ်။ က ကလေး ဆိုတာမျိုး။ သံပြည့် "ကာ့" သံကို ပြောရမယ့်ဟာကို မတြာဝက်သံ "က့" ကို သုံးတာမျိုး။ နောက်တခု သင်ကြားသူဆရာ/မများ အသံနည်း နဲ့ပတ်သက်ပီး မကွဲတာက သီးခြားဗျည်းသံ နဲ့ ဗျည်းတွဲပါ။ လိုင်းပါ်က ဗီဒီယို တခုမှာ " ကယ့ + အာ = ကြာ" ဆိုပီး သင်တာမျိုး တွေ့ရတယ်။ ကျ/ကြ ကို ဗျည်းတွဲ လို့ ထင်သွားတာကြောင့်ပါ။ တကယ်က ကြ+အာ = ကြာ ဖြစ်ရမှာ။

မနက်ဖန်ည ၉နာရီ စပါမယ်။ အင်္ဂါနဲ့ ကြာသပတေး တပတ် နှစ်ရက်ပါ။ တယ်လီဂရုထဲ မရောက်သေးရင် တချက်ပြောပေးကြပါဦး။
06/07/2026

မနက်ဖန်ည ၉နာရီ စပါမယ်။ အင်္ဂါနဲ့ ကြာသပတေး တပတ် နှစ်ရက်ပါ။ တယ်လီဂရုထဲ မရောက်သေးရင် တချက်ပြောပေးကြပါဦး။

Visual literacy ဆိုတာ ပုံရုပ်ကို ဖတ်နိုင်နားလည်နိုင်ခံစားသိနိုင်ခြင်းဖြစ်ပါတယ်။ လွယ်လွယ်ပြောရရင် picture reading ပေါ့။ ဟ...
04/07/2026

Visual literacy ဆိုတာ ပုံရုပ်ကို ဖတ်နိုင်နားလည်နိုင်ခံစားသိနိုင်ခြင်းဖြစ်ပါတယ်။ လွယ်လွယ်ပြောရရင် picture reading ပေါ့။ ဟင် ဒါလေးများ အထူးအထွေ မဟုတ်ပေါင်လို့ ထင်စရာရှိပါတယ်။ ဒါဆိုရင် အဆက်အစပ်ရှိတဲ့ ပုံ သုံးပုံကို ပြပီး picture composition ရေးခိုင်းကြည့်ပါ။ ရုပ်ပုံရဲ့ ရှေ့နောက်အဆက်အစပ်သဘော ဖြစ်စဉ်ချိတ်ဆက်နေတဲ့သဘောများ မပါဘဲ ထောင့်တောင့်တောင့် အချိုးမပြေ ရေးလာတာမျိုးက ပုံကို ဖတ်ပီး နားမလည်လို့ တနည်း visual literacy မရှိသေးလို့ ဖြစ်ရတာမျိုးပါ။ literacy ဆိုတဲ့ စာတတ်မြောက်ရေး တိတိပပ မစခင်မှာ visual literacy ဆိုတာက အရင်လာရပါတယ်။ ဒါ‌ကြောင့် ကလေးလေးတွေအတွက် စာမပါတဲ့ ပုံချည်းပါတဲ့ wordless readers တွေ ရှိတာ လိုတာ picture book တွေ အရေးကြီးတာ မိဘက၊ ဆရာ/မ က ဖတ်ပြပြောပြဖို့ လိုတာ ဖြစ်ပါတယ်။

Play & Learn လေး ကိုယ့်အတိုင်းအထွာနဲ့တော့ မဆိုးပါဘူး။Online လုပ်လာတာ လေးနှစ်ဝနိးကျင်ရှိပေမဲ့ on campus ရဲ့ သက်တမ်းကတော့ ...
04/07/2026

Play & Learn လေး ကိုယ့်အတိုင်းအထွာနဲ့တော့ မဆိုးပါဘူး။
Online လုပ်လာတာ လေးနှစ်ဝနိးကျင်ရှိပေမဲ့ on campus ရဲ့ သက်တမ်းကတော့ တစ်နှစ်ပေါ့။
အလုပ်ကို online မှာ သူ့ဟာလေးနဲ့သူ စ တန်းလာတော့ on campusလုပ်မယ်ဆိုပြီး ကလေးမွေးပြီး ၆လ တိုက်ခန်းကနေ ယခုနေတဲ့ရပ်ကွက်ထဲ ဆင်းလာကြတာ။ပထမ ၆လ အနည်းအကျဉ်း စပြင်ဆင်ပြီး ငလျင်နဲ့ တိုးလို့ ဘာအလုပ်မ သိပ်မလုပ်ဖြစ်ဘူး။အ့ကနေ နေရာထပ်ရှာပြီး ဆက်လုပ်မယ်ဆိုပြီး အခုဖွင့်ထားတဲ့နေရာလေး ရောက်လာတာ။ဒိနေရာလေးမှာ တစ်နှစ်ပြည့်ပြီ။on campusမှာ သင်တန်းသား ၁၀၀ကျော်ခဲ့ပြီ။‌မြေပြင်မှာ ဘာကြော်ငြာမှ သိပ်မလုပ်ဖြစ်ဘူး သိပ်လဲ မတင်ဖြစ် ။လမ်းကလဲ လမ်းမတန်းဘက်မဟုတ် လမ်းကြားဆို‌ေတာ့ ရပ်ကွက်ကသူတွေတောင် သိပ်မမြင်ရဘူး။ဒါပေမဲ့ မိဘတွေ တျောက်စကား တျောက်နားနဲ့ လူစသိလာပါပြီ။ခြံကတော့ ၆၀ပတ်လည်ပေမဲ့ တထပ်တိုက်က အခန်းဖွဲပုံ သိပ်မကောင်းလို့ လူ စကျပ်လာပြီ။ဒိရပ်ကွက်မှာပဲ လမ်းမ တန်းဘက် ခြံ ဒိထက်ကျယ်တာ အဆောက်အဦး ပိုကောင်းတာဆီ ရွှေ့ဖို့ ဆက်ကြိုးစားနေပါတယ်။နပတမှာက ပညာထက် နေရာ၊အဆောက်အဦး၊အပြင်အဆင်လဲ အတော် စကားပြောပါတယ်။ပြဒါးတလမ်း သံတလမ်း ယွကျားနဲ့မိန်းမမှာ နှစ်ယောက်လုံးတူတဲ့ အိပ်မက်က ပညာရေး ပဲရှိတာ။အိပ်မက်တူလေး ဖော်‌ေဆာင်နိုင်ဖို့ ဆက်ကြိုးစားပါဦးမည်။

Play & Learn ရဲ့ ပထမ Logo က ၅၀၀၀ နဲ့ ဘယ်သူဆွဲပေးမှန်းမသိတော့ဘူး။ဒုတိယ Logoကတော့ ကလေးမိဘတျောက် လက်ဆောင်ဆွဲပေးထားတာပါ။အရင်ကlogoဖိုးတောင် မရင်းနိုင်လို့ အချိုအချောင်နှိုက်ခဲ့တာပေါ့။😂

Tr.Kaung
Play&Learn

Reading eggs က ထုတ်ထားတဲ့ Comprehension passages တွေထဲကပါ။ ကလေးလေးတွေအတွက် အတော်လေးကို အဆင်ပြေပါတယ်။ သိပီးသား sight word...
04/07/2026

Reading eggs က ထုတ်ထားတဲ့ Comprehension passages တွေထဲကပါ။ ကလေးလေးတွေအတွက် အတော်လေးကို အဆင်ပြေပါတယ်။ သိပီးသား sight words တွေကိုပဲ ထပ်တလဲလဲ ပြန်သုံးထားတော့ Phonics ရရင် ကလေးက ဖတ်နိုင်မယ်။ ပီးရင် မှန်တာကို ရွေးပီး နားလည် မလည်လဲ သိနိုင်မယ်။
Fluency တက်လာဖို့ များများဖတ်၊ အခါခါဖတ်ပေးကြဦးနော်။



Phonics သင်ကြားမှုမှာ level တခုကို ဘယ်လောက်ကြာချိန်ရှိသင့်လဲ။ဒီမေးခွန်းတွေအတွက် ချပြစရာ သုတေသန မရှိပါဘူး။ ဒါတွေက ကျူရှင်...
02/07/2026

Phonics သင်ကြားမှုမှာ level တခုကို ဘယ်လောက်ကြာချိန်ရှိသင့်လဲ။
ဒီမေးခွန်းတွေအတွက် ချပြစရာ သုတေသန မရှိပါဘူး။ ဒါတွေက ကျူရှင်ဆရာတွေ၊ လက်တွေ့သင်ကြားရေးတွေကနေ ထွက်လာတဲ့မေးခွန်း ဖြစ်ပါတယ်။ စာတတ်မြောက်ရေး (Phonics ရယ် မဟုတ်) စံနှုန်းအရပြောရရင် စာတတ်မြောက်ရေး တနည်း စာဖတ်တတ်ခြင်းသင်ကြားမှုကို နိုင်ငံအများစု စံပြုထားတဲ့ကာလက သုံးနှစ်ဖြစ်ပါတယ်။ အတန်းအရဆိုရင် KG,G1,G2 ဖြစ်ပါတယ်။ ဒီတော့ စာတတ်မြောက်ရေးလှုပ်ရှားမှုပရိုဂရမ်ဖြစ်တဲ့ Phonics ဟာ သုံးနှစ်ကြာ သင်ကြားရေးအစီအစဉ် လို့ ဆိုက ဆိုလို့ရပါတယ်။
Phonics သင်ကြားသူ ဆရာတယောက်ရဲ့ အမြင်အရ ပြောရရင် letter names, Letter sounds တွေကို စသင်တဲ့ Science of Reading ရှုထောင့်ကပြောရရင် Phonemic Awareness လိုအရာမျိုးကို စစ်ဆေးသင်ကြားရတဲ့ level 1 လို အဆင့်က အချိန်ပိုယူသင့်ပါတယ်။ Onset အစသံကို သေချာကျေလည်သိတဲ့အထိ ဖြစ်သင့်ပါတယ်။ နောက်ပိုင်း analogy phonics က onset ရတာနဲ့ ရသွားတတ်ပါတယ်။(စကားချပ် တချို့အတွက်လဲ အခက်အခဲရှ်နိုင်ပါသေးတယ်။)
နောက် စာဖတ်တာက Decoding ဖြစ်ပီး စာလုံးပေါင်းတာက Encoding ဖြစ်ပါတယ်။ ဒီ့အတွက် စာတတ်မြောက်ရေးသင်ကြားသူဆရာ/မ က ကလေးကို စာလုံးပေါင်းမှန်ကန်အောင်လဲ ထောက်ပံ့ကူညီဖို့လိုပါတယ်။ ဒီ့အတွက် level 1 ခု နှစ်လနဲ့ပြတ်ပါတယ်၊ ဒါဆို တစ်နစ်သင် အကုန်ပီးတယ်ဆိုတာမျိုးက ပြောလို့မရပါဘူး။

Address

1st Myit Nge Street, Shwe Kyar Pin Quarter, Zabuthiri Township
Naypyidaw
15015

Opening Hours

Monday 08:00 - 22:00
Tuesday 08:00 - 22:00
Wednesday 08:00 - 22:00
Thursday 08:00 - 22:00
Friday 08:00 - 22:00
Saturday 08:00 - 22:00
Sunday 08:00 - 22:00

Telephone

+959971185832

Alerts

Be the first to know and let us send you an email when Play & Learn posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Play & Learn:

Shortcuts

Share

Category