Mother International School

Mother International School Be Confident, Be Inspired, Be a Leader

✍️Essay Writing တွင် သုံးသော idioms များ...👩‍🏫Essay ဆိုသည်မှာ - အကြောင်းအရာတစ်ခုကို ကိုယ့်ရဲ့အမြင်၊ ကိုယ့်ရဲ့အတွေးအခေါ်၊...
18/08/2026

✍️Essay Writing တွင် သုံးသော idioms များ...

👩‍🏫Essay ဆိုသည်မှာ - အကြောင်းအရာတစ်ခုကို ကိုယ့်ရဲ့အမြင်၊ ကိုယ့်ရဲ့အတွေးအခေါ်၊ ကိုယ့်ရဲ့စိတ်ကူး စိတ်သန်းတွေကို အချက်အလက်တွေ စနစ်တကျ စီစဉ်ပြီး ရေးသားရသော အရေးအသားကို ခေါ်ပါတယ်။ Essay တစ်ပုဒ်မှာ ပုံမှန်အားဖြင့် introduction အကြောင်းအရာကို စတင်မိတ်ဆက်ခြင်း /ပြောဆိုလိုသော အကြောင်းအရာကို အချက်အလက် ဥပမာများနှင့်တကွ အသေးစိတ်ရှင်းလင်းခြင်း (body) နဲ့ အနှစ်ချုပ် ၊ နိဂုံးချုပ်ခြင်း (conclusion) ဆိုပြီး အပိုင်း (၃) ပိုင်း နဲ့ ရေးဖွဲ့သီကုံး ရပါတယ်။

📖အဲ့လိုရေးဖွဲ့သီကုံးရာတွင် မိမိအတွေး ၊ မိမိအမြင်၊ မိမိတင်ပြလိုသော အကြောင်းအရာများကို စိတ်ဝင်စားဖွယ်ကောင်းအောင် အချက်အလက်၊ ဥပမာများနှင့် တကွ တင်ပြကြရပါတယ်။ ထိုသို့ စီကုံးတင်ပြရာတွင် စာဖတ်သူစိတ်ဝင်စားစေရန် - idiom များ၊ proverbs များကို သုံးလေ့ရှိကြပါတယ်။

ယနေ့တင်ပြမည့် အကြောင်းအရာကတော့ Essay writing ရေးသားရာတွင် သုံးသင့်သော အလယ်တန်း အဆင့် idiom များကို အနည်းငယ် ပြောပြချင်ပါတယ်။ Essay writing မှာ idioms တွေကို သင့်တော်တဲ့နေရာမှာ အသုံးပြုရင် စာစီစာကုံးသည် သဘာဝကျပြီး စိတ်ဝင်စားဖွယ်ကောင်းလာပါတယ်။ သို့သော် Academic Essay တွေမှာတော့ idiom ကို အလွန်အကျွံ မသုံးသင့်ဘဲ လိုအပ်သော နေရာမှသာ သုံးတာ ပိုမိုသင့်တော်ပါတယ်။

👩‍🏫Essay Writing တွင် မကြာခဏ အသုံးဝင်သော idiom များကို အဓိပ္ပာယ် (meaning)၊ ဥပမာ (Example) နှင့် တကွ အနည်းငယ် ဖော်ပြလိုပါတယ်။
(1) Each coin has two sides
(2) Practice makes perfect
(3) Better late than never
(4) Where there is a will, there is a way.
(5) No Pain , No gain

✅(1) Each coin has two sides ဆိုသည်မှာ - အရာရာမှာ ကောင်းတာ ၊ ဆိုးတာ ဒွန်တွဲနေတယ်လို့ ဆိုလိုပါတယ်။
ဥပမာ - Each coin has two sides , so social media has both benefits and drawbacks.

✅(2) Practice makes perfect ရဲ့ အဓိပ္ပာယ်ကတော့ - လေ့ကျင့်မှုများများလုပ်လေ တိုးတက်လေလို့ ဆိုလိုတာဘဲ ဖြစ်ပါတယ်။
ဥပမာ- Practice makes perfect, especially in learning English.

✅(3) Better late than never ဆိုတဲ့ idiom လေးကတော့ မလုပ်တာထက်စာရင် နောက်ကျမှလုပ်တာလဲ ပိုကောင်းတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။
ဥပမာ - It is better late than never to start reading books.

✅(4) Where there is a will, there is a way - ဆိုတာကတော့ လိုလျှင် ကြံဆ နည်းလမ်းရလို့ ဆိုလိုပါတယ်။ စိတ်ဆန္ဒရှိနေလျှင် လုပ်ငန်းဖြစ်မြောက်ဖို့ရာ နည်းလမ်းတစ်ခုမဟုတ် တစ်ခုရလာလိမ့်မယ်လို့ ဆိုလိုခြင်း ဖြစ်ပါတယ်။
ဥပမာ - Where there is a will, there is a way to achieve your goal.

✅(5) No Pain, No gain ဆိုတာကတော့ ဘယ်အရာမှာမဆို စွန့်လွှတ်မှု ၊ နာကျင်မှု ရှိစမြဲပါဘဲ အနာခံမှ အသာစံရမယ်လို့ ဆိုလိုပါတယ်။ ကြိုးစားမှသာလျှင် အောင်မြင်နိုင်မယ်၊ ကြိုးစားမှု မရှိလျှင် မအောင်မြင်နိုင်ဘူးလို့ ဆိုလိုချင်တာဘဲ ဖြစ်ပါတယ်။
ဥပမာ - No pain, No gain in achieving success.

အထက်ပါ idiom များဟာ proverb အနေနဲ့လဲ အသုံးပြုပါတယ်။ idiom တွေကို Essay (၁) ပုဒ်မှာ - ၂ ခု ၃ ခု လောက်ဘဲ သုံးထားလျှင် ပိုသဘာဝကျပါတယ်။ formal academic essay တွေမှာတော့ idiom အစား ရိုးရှင်းတိကျတဲ့ စကားလုံးတွေကို သုံးမယ်ဆိုရင် ပိုအဆင်ပြေမယ်လို့ထင်ပါတယ်။

"Be Confident, Be Inspired, Be a Leader"

☎️Phone : 09456060208, 09456060209

🏢Address : No.(9 C), Nyana Aung Myae Road, Zabuthiri Township,Nay Pyi Taw.
(မြို့မဈေးအနီး ၊ ဉာဏအောင်မြေလမ်း) သုခတော်ဝင်အိမ်ယာအနီး




✨အမှတ်တရ နဲ့ အောင်မြင်မှုများ ပြည့်နှက်ခဲ့တဲ့ MIS Graduation Ceremony day Mother International School အတွက် Graduation C...
17/08/2026

✨အမှတ်တရ နဲ့ အောင်မြင်မှုများ ပြည့်နှက်ခဲ့တဲ့ MIS Graduation Ceremony day

Mother International School အတွက် Graduation Ceremony ဆိုတာ စာသင်နှစ်တစ်နှစ်ကို အောင်မြင်စွာ ဖြတ်သန်းပြီးဆုံးခဲ့ခြင်းကို ဂုဏ်ပြုတဲ့ အခမ်းအနားတစ်ခုသာ မကဘဲ ကျောင်းသား၊ ကျောင်းသူအားလုံးရဲ့ တစ်နှစ်တာ ပညာသင်ယူမှု ခရီးလမ်းက ကြိုးစားအားထုတ်မှုတွေ၊ ရရှိခဲ့တဲ့ အတွေ့အကြုံတွေနဲ့ အမှတ်တရတွေကို အတူတကွ ပြန်လည်မျှဝေတဲ့ နေ့တစ်နေ့လည်း ဖြစ်ပါတယ်...

💁🏻စင်မြင့်ပေါ်က ဂုဏ်ယူဝမ်းမြောက်နေတဲ့ အပြုံးလေးတွေ၊ ဆရာ၊ ဆရာမတွေနဲ့ မိသားစုဝင်တွေရဲ့ ဂုဏ်ယူမှုနဲ့ ပံ့ပိုးပေးမှုများ ကို ဒီနေ့လေးမှာ မြင်တွေ့ရတာ ပီတိဖြစ်ရပါတယ်...

🏫 ကျောင်းသား၊ ကျောင်းသူများအတွက် ဒီ Graduation Ceremony ဟာ ပညာရေးခရီးလမ်းထဲက နောက်ထပ်အရေးကြီးတဲ့ မှတ်တိုင်တစ်ခုဖြစ်တာကြောင့် ဂုဏ်ယူဖွယ်ကောင်းတဲ့ အမှတ်တရ ပုံရိပ်လေးများကို အားလုံးနဲ့အတူတူ ဝေမျှလိုက်ပါတယ်...❤️

"Be Confident, Be Inspired, Be a Leader"

☎️Phone : 09456060208, 09456060209

🏢Address : No.(9 C), Nyana Aung Myae Road, Zabuthiri Township,Nay Pyi Taw.
(မြို့မဈေးအနီး ၊ ဉာဏအောင်မြေလမ်း) သုခတော်ဝင်အိမ်ယာအနီး





ပုဂ္ဂလိကပညာရေးနှင့်ပတ်သက်ပြီး သတိပြုစရာအချက်များ (၂၁)*********************************************************Post အမှတ်...
15/08/2026

ပုဂ္ဂလိကပညာရေးနှင့်ပတ်သက်ပြီး သတိပြုစရာအချက်များ (၂၁)
*********************************************************

Post အမှတ်(၂၀)မှာ International Baccalaureate (IB) သင်ရိုးညွှန်းတမ်း အကြောင်းကို ရေးခဲ့ပါတယ်။ အဲဒီမှာရှေ့ကတင်ပြပြီးခဲ့တဲ့ Myanmar National Curriculum KG+12 ၊ Cambridge ၊ Pearson curriculum သင်ရိုးညွှန်းတမ်းနဲ့ သင်ပြီးတဲ့ကလေးတွေ IB curriculum ကို ဘယ်လိုကူးပြောင်း သင်ယူနိုင်တယ် ဆိုတဲ့ အကြောင်းတွေကို မိဘပြည်သူတွေ သိစေဖို့ရေးသားခဲ့ပါတယ်။

ဒီနေ့ Post မှာတော့ American Curriculum အကြောင်းကို ရေးပါမယ်။ အမေရိကန်နိုင်ငံမှာ ပြည်နယ်ပေါင်း (၅၀)ခု ရှိတယ်ဆိုတာအားလုံး အသိဘဲဖြစ်တယ်။ သင်ရိုးညွှန်တမ်းတွေ၊ ပညာရေးဥပဒေတွေဟာ ပြည်နယ် တစ်ခုနဲ့တစ်ခု မတူညီနိုင်ပါဘူး။ ဘာလို့ပါလဲ ပြည်နယ်တွေကို ဖက်ဒရယ်စနစ်အရ ပြည်နယ်အလိုက် သင်ရိုး ညွှန်းတမ်းတွေ၊ ပြည်နယ်အလိုက် ပညာရေးဥပဒေတွေကို ရေးဆွဲဆောင်ရွက်ခွင့် ပြုထားလို့ဘဲဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာလဲ American Curriculum သုံးနေတဲ့နိုင်ငံ တကာသင်ရိုးသင် ကျောင်းတွေရှိပါတယ်။ ဒါပေမဲ့ အရေအတွက်အနေနဲ့ တော်တော်လေး နည်းတာတွေ့ရပါတယ်။ သင်ရိုးညွှန်းတမ်း အကြောင်းပြောရင် အခြေခံ ပညာဖွဲ့စည်းပုံ စနစ်ကိုပါ ထည့်ပြောရပါမယ်။ အမေရိကန်က ပြည်နယ်အများစု မှာသုံးတာက KG+12 စနစ်ပါ မြန်မာနိုင်ငံနဲ့ စနစ်တစ်ခုလုံးခြုံပြောရင် အတူတူပါဘဲ။

အမေရိကန်မှာ ပြည်နယ်အများစုမှာ သုံးတာက KG + 5-3-4 စနစ် (KG+ Elementary 5/ Middle 3/ High 4) ဖြစ်တယ်။ တစ်ချို့ပြည်နယ်တွေမှာ KG+6-3-3 စနစ် သုံးတာလဲရှိပါတယ်။ တစ်ချို့ပြည်နယ် တွေက ကျောင်းအနည်း စုမှာလဲ KG+5-4-3 စနစ် သုံးတာတွေ့ရပြန်ပါတယ်။ ပြည်နယ်အများစု သုံးတာက KG+ 5-3-4 ဖြစ်လို့ မြန်မာ KG+5-4-3 နဲ့ နှိုင်းယှဉ် ကြည့်နိုင်ပါတယ်။

American Curriculum နဲ့ပတ်သက်ပြီး သိသင့်တဲ့အချက်လေးတွေကို ပြောပါမယ်။ အထူးသဖြင့်တော့ ပြည်နယ် အများစုမှာ သုံးနေတဲ့ KG+ 5 -3-4 စနစ်ကို ပြောပါမယ်။
(၁) Pre-school (year1-2) (အသက် 3-4) (2 Years)
Kindergarten- KG (အသက် 5) (Pre-elementary) (1 Year)
(၂) Elementary (အသက် 6–10) (Grade 1 -5) (5 Years)
(၃) Middle School (Junior High School) (Early adolescence) (အသက် 11–13) (Grade 6 –8) (3 Years)
(၄) High School (College Preparation) (အသက် 14–18) (Grade 9-12) (4 Years)
စနစ်ကိုကြည့်ရင် မြန်မာနိုင်ငံKG+12 နဲ့ အသက်သတ်မှတ်ချက်တွေရော အတန်းဖွဲ့စည်းပုံရော အတူတူပါဘဲ။ ဒါပေမဲ့ ကွာခြားချက်က အမေရိကန်စနစ်မှာ အလယ်တန်း က ၃ နှစ်သင်ဖြစ်ပါတယ်။ အလယ်တန်းဆင့်ပြီးရင် Grade 8 နဲ့ စာသင်နှစ် ၈ နှစ်ပြီးပါတယ်။ မြန်မာ KG+12 မှာ က ၄ နှစ်သင် ဖြစ်တဲ့အတွက် မြန်မာမှာ အလယ်တန်း အဆင့်ပြီးရင် Grade 9 အထိ စာသင်နှစ် ၉ နှစ်ဖြစ်ပါတယ်။ အမေရိကန် KG+12 မှာ အထက်တန်း အဆင့် grade 9 မှ 12 အထိဖြစ် တာကြောင့် အထက်တန်းပြီးဖို့ ၄ နှစ်သင်ယူကြရပါတယ်။ မြန်မာ KG+12 က Grade 10 မှ 12 အထိ ၃ နှစ်သင်ယူကြ ရပါတယ်။ အထက်တန်းအဆင့်ပြီးသည် အထိကြည့်ရင် ယေယုယျ တူညီ တယ်လို့ပြောနိုင်ပါတယ်။

မူလတန်းကြိုအတန်းတွေနဲ့ သူငယ်တန်း နဲ့ပတ်သက်လို့ American Curriculum Preschool Year 1-2 နဲ့ KG တန်းတွေကတော့ ဘယ်သင်ရိုးဖြစ်ဖြစ် သိပ်မကွာလှပါဘူး
ကစားခြင်းဖြင့် သင်ယူတဲ့ Play-based Teaching Methodology ကို သုံးပါတယ်။
English Language & Literacy သင်ယူမှုနယ်ပယ်အတွက် Phonics, Stories တွေ၊ Math သင်ယူမှု နယ်ပယ် အတွက် Numbers, Shapes, Patterns တွေ၊ Science သင်ယူမှုနယ်ပယ်အတွက် Plants, Animals, Nature စတာတွေ၊ Social Studies သင်ယူမှုနယ်ပယ်အတွက် Family, Community အကြောင်းတွေကို သင်ယူစေပါ တယ်။ ဒါ့အပြင် Art & Music နဲ့ Physical Education (PE)တို့ကိုလဲ အရေးကြီးတဲ့ သင်ယူမှုနယ်ပယ်တွေအဖြစ် သင်ယူစေပါတယ်။

မူလတန်းအဆင့် (Elementary School -Grade 1-5) မှာ သင်တဲ့ဘာသာတွေကတော့-
• English Language Arts (ELA)
• Mathematics
• Science
• Social Studies
• Art, Music, PE
• Optional: Foreign Language (Spanish, French) စတာတွေဖြစ်တယ်။
အဓိက က Foundational academic skills, curiosity-building ကို ဦးစားပေးပါတယ်။

အလယ်တန်းအဆင့် (Middle School Grade 6-8) မှာ သင်တဲ့ဘာသာတွေကတော့-
• English Language Arts (ELA)
• Math
• Science
• Social Studies
• Technology & Computer Skills
• Health Education
• Electives: Drama, Design, Robotics, Music, Foreign Language စတာတွေဖြစ်တယ်။

အဓိက က Abstract thinking ၊ analytical skills နဲ့ independence တို့ကိုဦးစားပေးကြောင်း တွေ့ရပါတယ်။
အထက်တန်းအဆင့် (Grade 9-12) မှာသင်တဲ့ ဘာသာရပ်တွေကို လေ့လာကြည့်မယ်ဆိုရင်တော့ ယေဘု ယျအားဖြင့်-
English : American Literature, British Lit, Writing, Journalism
Math: Algebra I/II, Geometry, Pre-Calculus, AP Calculus
Science: Biology, Chemistry, Physics, AP Environmental
Social Studies: US History, Economics, Civics, AP Psychology
Foreign Language: Spanish, French, Chinese
PE / Health: Physical Fitness, Health Ed
Electives: Computer Science, Art, Music, Business, Psychology တို့ဖြစ်ပါတယ်။

အထက်တန်းအဆင့်မှာ Credit Unit အသုံးပြုပြီး အထက်တန်းအဆင့်ပြီးမြောက်ဖို့ အတွက် ဘာသာရပ် အားလုံးပေါင်း Credit Unit 22-26 အထိ ရရှိဖို့လိုအပ်ပါတယ်။ Credit Unit တွက်ပုံ အသေးစိတ်ကိုတော့ မပြော တော့ပါဘူး။ အထက်တန်းအဆင့် ပြီးဆုံးရင် High School Diploma ပေးပါတယ်။ မြန်မာနိုင်ငံမှာတော့ KG+12 ပြီးရင် High School Completion Certificate-HSCC ပေးတာနဲ့ အတူတူပါဘဲ။
American Curriculum မှာ Grade 9-12 အတွင်းမှာ Career Readiness / College Preparation အတွက် Student Pathways ကို ရွေးချယ်တတ်ကြပါတယ်။

တက္ကသိုလ်တက်ဖို့ အတွက် AP Subject (Advanced Placement Subjects) တွေကို ဘာသာတွဲ အလိုက် တက္ကသိုလ်အတွက် ပြင်ဆင်ပြီး AP Exam ဖြေရတာတွေရှိပါတယ်။ ပုံမှန်အားဖြင့် AP subject ၁ ခု မှ ၃ ခု ထိ ယူတဲ့ ကလေးတွေရှိသလို၊ အချို့တော်တဲ့ ကလေးတွေက Ap subject ၄ ခု ကနေ ၆ ခုအထိ ယူတတ်တဲ့ ကလေးတွေ လဲရှိပါတယ်။ အရမ်းထူးချွန်ပြီး “အမေရိကန်နိုင်ငံရဲ့ နာမည်ကြီး Ivy League တက္ကသိုလ်များ (ဥပမာ - Harvard, Yale, Princeton, Columbia, etc.) ကိုတက်ဖို့ အထူးပြင်ဆင်မှုလုပ်နေတဲ့ ကျောင်းသားများအတွက် ကြိုတင်ပြင်ဆင် သင်ကြား မှုအစီအစဉ် (preparation program) တက်တဲ့ ကလေးတွေကတော့ AP subject ၇ ခု ကနေ ၁၀ ထိ ဖြေဆို ဖို့ပြင်ဆင်ကြတာတွေ့ရပါတယ်။ AP Exams ကို G10/ G11/ G12 အတန်းတွေမှာ ပြင်ဆင် ဖြေဆိုကြရတာ တွေ့ရပါ တယ်။ နမူနာအချို့ အနေနဲ့ -
STEM Pathway (Science, Technology, Engineering, Maths)
ပုံမှန် Subject Track
Algebra I, Geometry, Algebra II
Biology, Chemistry, Physics
AP Calculus / AP Stats
AP Physics / AP Comp Sci
Engineering Design (optional)
(AP Subject 4 ခု ပါတာတွေ့ရပါမယ်။)
ဆရာဝန်, အင်ဂျင်နီယာ, Data Science, Architecture စတဲ့လုပ်ငန်းအတွက် အထူးသင့်လျော်တဲ့ ဘာသာတွဲ လမ်းကြောင်း ဖြစ်ပါတယ်။
Arts / Humanities Pathway
ပုံမှန် Subject Track
English Literature, World History
AP Psychology, AP US History
Foreign Language (Spanish/French)
Music, Visual Art, Drama
AP Art History, AP English Language
Law, Literature, Journalism, International Relations, Education စတဲ့နယ်ပယ်တွေအတွက် သင့်တော်တဲ့ ဘာသာတွဲ လမ်းကြောင်းဖြစ်ပါတယ်။

အထက်တန်း ၄ နှစ် တက်တဲ့အခါ Grade 9-10 မှာ General Foundation (Core Subjects ) တွေကို သင်ယူရ တာဖြစ်ပြီး Grade 11 -Grade 12 မှာတော့ Pathway Specific AP Subjects သို့မဟုတ် Electives Subjects တွေကို သင်ယူကြရပါတယ်။ AP Test တွေကို ကလေးတွေအနေနဲ့ AP Subjects ကို သင်ပြီးတဲ့နောက်မှာ May လမှာ (AP Test Period) မှာ College Board ကပေးတဲ့ AP Exam ကို ဖြေရတာ ဖြစ်ပါတယ်။

AP Test Format & Scoring: နဲ့ပတ်သက်ပြီး-
• တစ်ဘာသာရပ်စီအတွက် အစမ်းစာမေးပွဲ ၁ ခု ရှိပါတယ်။
• Score Scale: 1 to 5
o 5 = Extremely well qualified
o 4 = Well qualified
o 3 = Qualified
o 2 = Possibly qualified
o 1 = No recommendation
တက္ကသိုလ်ဝင်ဖို့ အနည်းဆုံး-
• Score of 3+: ကို တက္ကသိုလ်တချို့က အသိအမှတ်ပြုပါတယ်။
• Score of 4–5: U.S & International universities အများစုက college credit သို့မဟုတ် advanced placement ပေးကြပါတယ်။
AP Subject ဖြေလို့ရတဲ့ အမှတ်နဲ့ High School Diploma ပေါင်းပြီး တက္ကသိုလ်ဝင်ခွင့်သတ်မှတ်ပါတယ်။

တစ်ချို့ Ivy League နှင့် top-tier universities တွေအတွက် ဘယ်လိုသတ်မှတ်ပါသလဲ -
• GPA ≥ 3.5+
• SAT/ACT Score (Optional at some schools)
• AP Subjects ≥ 3–5 subjects (with scores 4–5)
• Recommendation Letters
• Personal Statement/Essay
ကမ္ဘာမှာအမြင့်ဆုံးတက္ကသိုလ်တွေမို့လို့ ဒါတွေလိုတာပါ။ ဒီလောက်ခက်ခဲတာဖြစ်ပါတယ်။ သာမာန်တက္ကသိုလ် တွေကဒီ လောက်မခက်ခဲပါဘူး။
အမေရိကန်သင်ရိုးအသုံးပြုသင်ကြားရင် KG+12 ပြီးလို့ High school Diploma ရပြီးရင် AP subject ဖြေဆိုတဲ့ Result နဲ့ အမေရိကန်က ဘယ်ပြည်နယ်က တက္ကသိုလ်ကောလိပ်တွေကိုမဆို တက်နိုင်ပါတယ်။ မြန်မာပြည်မှာ အမေရိကန်သင်ရိုးသုံး နေတဲ့ကျောင်းအချို့ ရှိပါတယ် အရေအတွက်နည်းပါတယ်။ ၇ ကျောင်း လောက် ပဲရှိတယ်လို့ သိရပါတယ်။

အဲဒီအမေရိကန်သင်ရိုးသင်ကျောင်းတွေကို Cambridge/ Pearson/ IB curriculum နဲ့ အမျိုးသား သင်ရိုးညွှန်း တမ်းသင်ကျောင်းတွေက ကလေးတွေ ကူးပြောင်းသင်ယူနိုင်သလို ဘယ်သင်ရိုးကိုသင်သင် အပြန်အလှန်ကူး ပြောင်းသင်ယူလို့ရပါတယ်။ အမေရိကန်သင်ရိုးသင် ကျောင်းကနေ ကျန်တဲ့ သင်ရိုးသင်ကျောင်းတွေကိုလဲ ကူး ပြောင်းသင်ယူလို့ရပါတယ်။ Placement Test / Entry test တွေ ဖြေဆိုဖို့တော့ လိုအပ်ပါတယ်။
မိဘတွေအနေနဲ့ အမေရိကန်သင်ရိုးသင် KG+5-3-4 ကို KG ကနေ Year 12 အထိ အမေရိကန် သင်ရိုး သင်ကျောင်း တွေမှာ တက်ရောက်သင်ယူမယ်ဆိုရင် ၁၃ နှစ်စာ ကုန်ကျစရိတ်ကို တွက်ကြည့်ရင် ကလေး တစ် ယောက်အတွက် ဘယ်လောက်ကုန်ကျမလဲ သိနိုင်ပါတယ်။ နမူနာအနေနဲ့ ပြောရရင် မြန်မာ KG+-5-4-3 နဲ့ အသက် အတန်းစာသင်နှစ် သိပ်မကွာတာဖြစ်လို့ မိမိတို့အတွက် သက်သာအောင် ဥပမာ အလယ်တန်းပြီး မှ ကူးပြောင်းသင်ယူမယ်ဆိုရင် အမေရိကန်သင်ရိုး Grade 10 မှာစဝင် လို့ရနိုင်ပါတယ်။ Grade 10, 11 ,12 သုံးနှစ်တက်ပြီး Diploma ရရင် AP Test ဖြေပြီး အမေရိကန် တက္ကသိုလ်တွေတက်လို့ ရနိုင်ပါတယ်။

မိဘတွေကို စရိတ်အသက်သာဆုံး နည်းကိုအကြံပြုပါရစေ။ နိုင်ငံတော်အစိုးရ ပညာရေးဝန်ကြီးဌာနက ဖွင့်လှစ်ထားတဲ့ အခြေခံပညာကျောင်းတွေဟာ အခမဲ့သင်ပေးနေတဲ့ ကျောင်းတွေပါ။ မြန်မာ KG+12 ပြီးလို့ ရှိရင် High School Completion Certificate-HSCC ထုတ်ပေးပါတယ်။ အထက်တန်းပြီး မြောက်ကြောင်း လက်မှတ်ပါ။ Matriculation Exam အောင်ရင် မြန်မာနိုင်ငံအတွင်း အဆင့်မြင့် တက္ကသိုလ်တွေကို တက်နိုင် သလို နိုင်ငံတကာတက္ကသိုလ် တွေကလဲလက်ခံပါတယ်။ အမေရိကန်နိုင်ငံကို ဥပမာ ပေးပြီးပြောပါမယ်။
တက္ကသိုလ်ဝင်ဖို့ လိုအပ်သောအချက်များ (USA)
လိုအပ်ချက် ဖော်ပြချက်
High School Completion : Myanmar Grade 12 (Matriculation pass)
Official Transcript: Grade 10–12 မှ အမှတ်စာရင်း/အသေးစိတ်သင်ရိုး
English Proficiency Test : TOEFL iBT, IELTS, Duolingo English Test
Standardized Test: (optional but helpful) SAT or ACT
Application Essay: US universities မှာ common requirement ဖြစ်
Recommendation Letters: ထောက်ခံစာ (teachers/school admin မှ)
လိုအပ်ချက်အချို့ကို နမူနာ အဖြစ်ဖော်ပြခြင်းသာဖြစ်ပါတယ်။ Matriculation အောင်တဲ့ ကလေးတွေ Scholarship လျှောက်လို့တက်ခွင့်ရတဲ့ ကလေးတွေအများကြီးပါ။ ဒီ KG +12 စနစ်သစ် မစခင် ၂၀၁၄ ခုနှစ် လောက်မှာ သမ္မတပညာသင်ဆုနဲ့ အဲဒီတုန်းက စနစ်ဟောင်း Grade 11, Matriculation Exam အောင်တဲ့ ကလေးတွေကို နိုင်ငံတကာ တက္ကသိုလ်တွေတက်ဖို့ စေလွှတ်ခဲ့ဖူးပါတယ်။ နိုင်ငံတော်စရိတ်နဲ့ ပညာသင်စေလွှတ် ခဲ့တာဖြစ်ပါတယ်။ ဒါကလဲတကယ်ရှိခဲ့တာပါ။

Matriculation Exam မအောင်ဘဲ High School Completion Certificate ရထားတဲ့ ကလေးတွေ အနေနဲ့ကော ဘယ်လိုအခွင့်အလမ်းတွေရှိနေပါသလဲ ။ USA မှာ ရှိတဲ့ Community College တက်ပြီး Associate Degree ကို ယူနိုင်သလို တက္ကသိုလ်ကိုဆက် တက်နိုင်တဲ့အခွင့်အရေးလဲ ရှိတယ်ဆိုတာ အသိပေးချင်ပါတယ်။
နောက်တစ်ခုက နိုင်ငံခြားတိုင်းပြည်တွေက တက္ကသိုလ်တွေ နဲ့ကောလိပ်တွေမှာ ဘွဲ့ရအောင် တက်ရောက်သင် ယူရမယ်ဆိုရင် သုံးစွဲရမဲ့အသုံးစရိတ်ဟာ အလွန်မြင့်မားများပြားတာကို တွက်ကြည့်ရင်သိနိုင်ပါတယ်။ အဲဒီတော့ မြန်မာပြည်က တက္ကသိုလ်တွေမှာ ပထမဘွဲ့ရအောင်သင်ပြီး၊ မဟာဘွဲ့နဲ့ ပါရဂူဘွဲ့တွေကို နိုင်ငံခြား တက္ကသိုလ်တွေမှာ တက်ဖို့ဆောင်ရွက်မယ်ဆိုရင် ကုန်ကျစရိတ် အလွန်သက်သာတာကို တွေ့ရမှာဖြစ်ပါတယ်။

မဟာဘွဲ့တွေ နဲ့ ပါရဂူဘွဲ့တွေတက်ရောက် သင်ယူဖို့အတွက် ပိုပြီးစရိတ်သက်သာ တဲ့အပြင် အမြတ်ထွက်တဲ့ နည်းကတောာ့ ပညာသင်ဆုလျှောက်ထား တက်ရောက်တာပါ။ ပညာသင်ဆုတွေမှာ နိုင်ငံခြားတိုင်းပြည် အစိုးရတွေနဲ့ အဖွဲ့အစည်းတွေကပေးတဲ့ ပညာသင်ဆုဟာ လုံလောက်တဲ့အပြင် ပိုလျှံတာဖြစ်တဲ့အတွက် ပညာလဲ သင်ယူခွင့်ရ အကျိုးအမြတ်လဲ ရှိတာမျိုးဖြစ်ပါတယ်။ ပညာသင်ဆုနဲ့တက်ရောက်ခွင့် ရရင်တော့ မိဘတွေ သက်သာနိုင်တဲ့အခြေအနေပါ။ ဘွဲ.၊ မဟာဘွဲ့၊ ပါရဂူဘွဲ့အတန်းတိုင်းမှာ ပညာသင်ဆုတွေရှိတဲ့အတွက် ကလေးတွေနဲ့မိဘတွေအတွက် အခွင့်အလမ်းကောင်းဖြစ်ကြောင်းအသိပေးချင်ပါတယ်။

အဲဒီတော့ မိဘတွေအနေနဲ့ KG ကစ နိုင်ငံတကာသင်ရိုးနဲ့သင် အထက်တန်းပြီး၊ တက္ကသိုလ်တက်ဘွဲ့ရပြီးမှ မဟာဘွဲ့တွေ၊ ပါရဂူဘွဲ့တွေတက်မယ်ဆိုရင် ကုန်ကျမဲ့ ကုန်ကျစရိတ်ကို တွက်ကြည့်ပြီး ဘယ်အချိန် ဘယ်အတန်းက ဖြတ်ဝင်ရင် ဘယ်လောက်သက်သာမလဲ ဆိုတာကို စဉ်းစားနိုင်လိမ့်မယ်ထင်ပါတယ်။ ပညာသင်ဆုတွေကို ဘယ်နိုင်ငံ၊ ဘယ်တက္ကသိုလ်တွေမှာ ဘယ်လို လျှောက်လို့ရတယ်ဆိုတာကိုသိဖို့လိုပါတယ်။
နောက်တစ်ခုက ပထမဆုံးတက္ကသိုလ်ဝင်ခွင့် ရတဲ့အခါ မိမိ စရိတ်နဲ့တက်ရတာဖြစ်ပေမဲ့ ပညာသင်ယူနေရင်း ပညာသင်ဆုလျှောက်လို့ရသွားတဲ့ကလေးတွေလဲရှိပါတယ်။ အဲလိုဆိုရင်မိဘတွေ ပိုသက်သာနိုင် တာမျိုးဖြစ် နိုင်ပါတယ်။ နောက်တစ်ခုက တစ်ချို့နိုင်ငံတွေနဲ့ တက္ကသိုလ်တွေမှာ Student Loan Programme တွေ ရှိတတ်ပါတယ်။အဲဒီ Loan Programme တွေရှိရင်လဲ ချေးငွေရယူပြီးဘွဲ့ရတာနဲ့ အဲဒီနိုင်ငံမှာ အလုပ် လုပ်ရင်းပြန်ဆပ်နိုင်တဲ့ အခြေအနေဖြစ်တဲ့အတွက် တော်တော်ကောင်းတဲ့ အစီအစဉ်မျိုးဘဲဖြစ်ပါတယ်။ အလုပ်အကိုင်ရဖို့ အာမခံချက်ပါရှိတဲ့သဘောပါ။

မိဘတွေ အကောင်းဆုံးအသက်သာဆုံးအခြေအနေ အနေအထားတွေကို ရွေးချယ်နိုင်ကြပါစေလို့ ဆန္ဒပြုလို က်ရပါတယ်။ လာမဲ့ Post အမှတ် (၂၂) မှာ တော့ Singapore-Cambridge Curriculum အကြောင်း ရေးပါအုံးမယ်။
KLW (14-7-20250 (12:55 AM)

"Be Confident, Be Inspired, Be a Leader"

☎️Phone : 09456060208, 09456060209

🏢Address : No.(9 C), Nyana Aung Myae Road, Zabuthiri Township,Nay Pyi Taw.
(မြို့မဈေးအနီး ၊ ဉာဏအောင်မြေလမ်း) သုခတော်ဝင်အိမ်ယာအနီး




ကျောင်းသားကျောင်းသူများအတွက် ပိတ်ရက်သင်တန်းများကို ရွေးချယ်ကြတော့မယ်ဆိုရင် ....🤔👩🏻‍🏫Weekend Class တွေ ရွေးချယ်တော့မယ်ဆို...
14/08/2026

ကျောင်းသားကျောင်းသူများအတွက် ပိတ်ရက်သင်တန်းများကို ရွေးချယ်ကြတော့မယ်ဆိုရင် ....🤔

👩🏻‍🏫Weekend Class တွေ ရွေးချယ်တော့မယ်ဆိုရင် တနင်္လာမှ သောကြာ ကျောင်းစာတွေနဲ့ လုံးပန်းထားလို့ ပင်ပန်းနေတဲ့ ကလေးတွေအတွက် ဦးစားပေးကြည့်ပြီး ရွေးချယ်ရမယ့် အချက်တွေရှိပါတယ်...ကျောင်းသားကျောင်းသူများကိုလည်း ဝန်ထုပ်ဝန်ပိုး သိပ်မဖြစ်စေဘဲ တကယ်လည်း လိုအပ်မယ့် ပညာရေးနဲ့ စွမ်းရည်များကို မြှင့်တင်ပေးမယ့် သင်တန်းများဖြစ်ဖို့လိုပါတယ်...

ဒါဆို ဘယ်လို ရွေးချယ်မလဲ....❓

✍️ ဘက်စုံဖွံ့ဖြိုးမှုနဲ့ အားနည်းချက်များကို ဦးစားပေးမယ်...

တနင်္လာမှ သောကြာနေ့အထိ ပုံမှန်ကျောင်းစာများကို လေ့လာထားရလို့ ပိတ်ရက်များမှာ စိတ်ဝင်စားမှု အားနည်းနေတဲ့ ကျောင်းသားများအတွက် အားနည်းတဲ့ ဘာသာရပ်တွေ၊ စွမ်းရည်ဖြည့်ဆည်းမှုနှင့် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ဘက်စုံဖွံ့ဖြိုးမှုကို ပံ့ပိုးပေးနိုင်မယ့် သင်တန်းမျိုးကို ရွေးချယ်သင့်တာပေါ့....

✍️ သင်ရိုးညွှန်းတမ်းနဲ့ ဆရာများရဲ့ စံချိန်စံညွှန်းတွေကိုလည်း ကြည့်ရပါမယ်...

သင်တန်းရဲ့ သင်ရိုးညွှန်းတမ်းက စနစ်ကျမှု ရှိမရှိနဲ့ သင်ကြားပေးမယ့် ဆရာ/ဆရာမများ၊ နည်းပြများက မိမိတို့ နယ်ပယ်အလိုက် ကျွမ်းကျင်မှုနှင့် အတွေ့အကြုံ ပြည့်ဝသူများဖြစ်ပြီး ကျောင်းသားများ စိတ်ဝင်စားအောင် သင်ကြားနိုင်မလားဆိုတာကိုလည်း အလေးပေးဖို့လိုပါတယ်...

✍️ စာသင်ခန်း ပတ်ဝန်းကျင်နှင့် လုံခြုံရေး

ကလေးများ အာရုံစူးစိုက်နိုင်မယ့် အေးချမ်းစိတ်ငြိမ်တဲ့ သင်ကြားရေး ပတ်ဝန်းကျင်၊ ခေတ်မီ သင်ထောက်ကူ ပစ္စည်းများနဲ့လုံခြုံစိတ်ချရမှု ရှိတဲ့ နေရာဖြစ်ဖို့ကလည်း အ‌ရေးကြီးပါတယ်...

✍️ ဘဝတစ်သက်တာ စွမ်းရည်များ တိုးတက်လာမှု

သင်တန်းတက်ရောက်ခြင်းဖြင့် စာတွေ့ သီအိုရီအပြင် အာရုံစူးစိုက်နိုင်စွမ်း (Focus)၊ စည်းကမ်း (Discipline)၊ ပြဿနာဖြေရှင်းနိုင်စွမ်း (Problem-Solving) နှင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု (Self-Confidence) စတဲ့ ရေရှည်အသုံးဝင်မယ့် စွမ်းရည်တွေ ပေးနိုင်တဲ့ သင်တန်းဖြစ်မလားဆိုတာလည်း ကြည့်ရပါမယ်...

✍️ ကလေးများ ပျော်ရွှင်ပြီး အကျိုးရှိမယ့် သင်တန်း

နောက်ဆုံးအချက်ကတော့ ပိတ်ရက်သင်တန်းဆိုတော့ ကလေးတွေလည်း ပျော်ပြီး အသစ်အသစ်တွေလေ့လာနိုင်မယ့် သင်တန်းမျိုးဆိုရင် အကောင်းဆုံးပါပဲ...ကလေးတွေက စိတ်ပျော်နေမှ သင်ယူမှုအသစ်တွေ ဆက်လုပ်နိုင်မှာ ဖြစ်တာကြောင့် ပေါ့ပေါ့ပါးပါး သင်တန်းမျိုးက အကောင်းဆုံးပါပဲ....

👉ဒီအချက်တွေနဲ့ ယှဉ်ကြည့်ပြီးပြီ...ကလေးတွေ ဘာတွေ လိုအပ်လဲ သိသွားပြီဆိုရင် MIS မှာ ဖေဖေမေမေတို့ ရွေးချယ်နိုင်တဲ့ ပိတ်ရက်သင်တန်းများရှိပါတယ်....

📝 Grammar & Writing Class
✍️ Chinese Class (Beginner Level)
♟️ International Chess Class
🥋 Taekwondo Class
🏊‍♂️ Swimming Class
✍️Cambridge YLE (Movers Class) တွေရှိပါတယ်....

ဒီ သင်တန်းတွေရဲ့ အရည်အသွေးကတော့ ကျွမ်းကျင်တဲ့ ဆရာများ၊ လက်ရွေးစင်နည်းပြများနဲ့သာ သင်ကြားပေးတာကြောင့် ယုံကြည်စိတ်ချနိုင်ပါတယ်...မိဘများ စိတ်ဝင်စားတယ်ဆိုပါက အသေးစိတ်ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်...❤️❤️

"Be Confident, Be Inspired, Be a Leader"

☎️Phone : 09456060208, 09456060209

🏢Address : No.(9 C), Nyana Aung Myae Road, Zabuthiri Township,Nay Pyi Taw.
(မြို့မဈေးအနီး ၊ ဉာဏအောင်မြေလမ်း) သုခတော်ဝင်အိမ်ယာအနီး




KG သားသားမီးမီးတို့ စိုက်ပျိုးထားတဲ့ အပင်လေးတွေ နောက်ဆုံးမှာတော့ ရှင်သန်ကြီးထွားလာပါပြီ....🪴🪴💁🏻အပင်တစ်ပင် ဘယ်လိုကြီးပြင်...
14/08/2026

KG သားသားမီးမီးတို့ စိုက်ပျိုးထားတဲ့ အပင်လေးတွေ နောက်ဆုံးမှာတော့ ရှင်သန်ကြီးထွားလာပါပြီ....🪴🪴

💁🏻အပင်တစ်ပင် ဘယ်လိုကြီးပြင်းလာလဲ ဆိုတာကို အစအဆုံး ကိုယ်တိုင် စိုက်ပျိုးရေလောင်းပြီး အရွယ်ရောက်လာပုံထိ မျက်ဝါးထင်ထင် မြင်လိုက်ရတော့ ကလေးတွေလည်း တကယ်ကို ရင်ခုန် ပျော်ရွှင်နေကြရပါတယ်...

🏞️ကိုယ်တိုင် စိုက်ပျိုးထားတဲ့ အပင်လေးတွေ တဖြည်းဖြည်း ကြီးထွားလာတာကို ကြည့်ရင်း ကလေးတွေရဲ့ စူးစမ်းလိုစိတ်နဲ့ သဘာဝတရားကို ငယ်စဉ်ကတည်းက မြတ်နိုးတန်ဖိုးထားတတ်တဲ့ စိတ်ဓာတ်လေးတွေပါ ပိုမို ရှင်သန်လာခဲ့မယ်လို့ မျှော်လင့်ပါတယ်...💚💚

"Be Confident, Be Inspired, Be a Leader"

☎️Phone : 09456060208, 09456060209

🏢Address : No.(9 C), Nyana Aung Myae Road, Zabuthiri Township,Nay Pyi Taw.
(မြို့မဈေးအနီး ၊ ဉာဏအောင်မြေလမ်း) သုခတော်ဝင်အိမ်ယာအနီး




International Youth Day….👩🏻‍🏫လူငယ်တွေဆိုတာ အနာဂတ်ကို ပုံဖော်ပေးမယ့် မျိုးဆက်သစ်တွေပါ… အိပ်မက်တွေ၊ စိတ်ကူးတွေ၊ စွမ်းအင်တွ...
12/08/2026

International Youth Day….

👩🏻‍🏫လူငယ်တွေဆိုတာ အနာဂတ်ကို ပုံဖော်ပေးမယ့် မျိုးဆက်သစ်တွေပါ… အိပ်မက်တွေ၊ စိတ်ကူးတွေ၊ စွမ်းအင်တွေနဲ့ ပြည့်နှက်နေတဲ့ လူငယ်တွေရဲ့ အတွေးအမြင်နဲ့ လုပ်ဆောင်ချက်တိုင်းဟာ လူမှုအသိုင်းအဝိုင်းနဲ့ ကမ္ဘာကြီးရဲ့ အနာဂတ်ကိုပါ ပြောင်းလဲပေးနိုင်ပါတယ်…

🌏International Youth Day ဟာ လူငယ်တွေရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုဖို့၊ လူငယ်တွေ ရင်ဆိုင်နေရတဲ့ အခွင့်အလမ်းနဲ့ စိန်ခေါ်မှုတွေကို အာရုံစိုက်ဖို့နဲ့ လူငယ်တွေရဲ့ အသံတွေကို ပိုမိုကြားနိုင်စေဖို့ ရည်ရွယ်တဲ့နေ့တစ်နေ့ ဖြစ်ပါတယ်…

✍️လူငယ်တွေအတွက် ပညာရေး၊ ကျွမ်းကျင်မှု၊ နည်းပညာနဲ့ ကိုယ်ပိုင်တိုးတက်မှုအတွက် အခွင့်အလမ်းတွေ ရရှိဖို့ အရေးကြီးပါတယ်…ဒါပေမဲ့ အောင်မြင်မှုဆိုတာ စာသင်ခန်းထဲက ရမှတ်တွေနဲ့ပဲ တိုင်းတာလို့မရပါဘူး…မိမိကိုယ်ကိုယ် ယုံကြည်မှုရှိခြင်း၊ အခက်အခဲတွေကို ရင်ဆိုင်နိုင်ခြင်း၊ အခြားသူတွေနဲ့ ပူးပေါင်းဆောင်ရွက်တတ်ခြင်းနဲ့ မိမိပတ်ဝန်းကျင်အတွက် အပြုသဘောဆောင်တဲ့ အပြောင်းအလဲတွေ ဖန်တီးနိုင်ခြင်းတို့ကလည်း လူငယ်တစ်ယောက်ရဲ့ အရေးကြီးတဲ့ အရည်အချင်းတွေ ဖြစ်ပါတယ်….

👉ဒီ အရည်အချင်းတွေ အပြည့်အဝ ထွက်ပေါ်ဖို့ လူကြီးတွေ အနေနဲ့ စိတ်ရှည်ရှည်နဲ့ လမ်းပြပေးဖို့လိုပါတယ်...သူတို့ရဲ့ ခံစားချက်နဲ့ စကားသံတွေ နားထောင်ပေးဖို့လိုပါတယ်...မိဘ၊ ဆရာ ပူးပေါင်းပြီး ပညာရေး အစီအစဥ်ကောင်းတွေ ထောက်ပံ့ရင်း ဒီနေ့ကျရောက်တဲ့ International Youth Day မှာစပြီး MIS ကျောင်းသားကျောင်းသူများလည်း အိပ်မက်တွေ အကောင်အထည်ဖော်နိုင်တဲ့ နယ်ပယ်အသီးသီးက အောင်မြင်တဲ့သူများဖြစ်အောင် ကြိုးစားကြပါလို့ တိုက်တွန်းလိုက်ပါတယ်....❤️❤️

Happy International Youth Day! 🌏

"Be Confident, Be Inspired, Be a Leader"

☎️Phone : 09456060208, 09456060209

🏢Address : No.(9 C), Nyana Aung Myae Road, Zabuthiri Township,Nay Pyi Taw.
(မြို့မဈေးအနီး ၊ ဉာဏအောင်မြေလမ်း) သုခတော်ဝင်အိမ်ယာအနီး





💪ကျောင်းသားများ ရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုများကို  ဖြည့်ဆည်းပေးနိုင်မယ့် အားကစားသင်တန်းများ.....
11/08/2026

💪ကျောင်းသားများ ရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုများကို ဖြည့်ဆည်းပေးနိုင်မယ့် အားကစားသင်တန်းများ...

💁🏻ထူးချွန်တဲ့ ကျောင်းသားဖြစ်ဖို့အတွက် ကျောင်းစာတွေကို အဆက်မပြတ် သင်ယူလေ့လာချိန်မှာ ကျန်းမာတဲ့ခန္ဓာကိုယ်၊ အာရုံစူးစိုက်နိုင်စွမ်း၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနဲ့ အခက်အခဲတွေရှိလည်း ဆက်လက်ကြိုးစားနိုင်တဲ့ စိတ်ဓာတ်တွေပါ လိုအပ်ပါတယ်...

👉ဒီအချက်တွေနဲ့ ပြည့်စုံနေဖို့ဆို တစ်ပတ်တာမှာ အားကစားအတွက် အချိန်ပေးဖို့ကလည်း အရေးကြီးပါတယ်...

👩🏻‍🏫ဒါကြောင့် ကျောင်းစာသင်ယူမှုနဲ့အတူ ကလေးတွေရဲ့ Physical Development, Discipline နဲ့ Life Skills တွေကို တစ်ပြိုင်နက်တည်း ဖွံ့ဖြိုးစေနိုင်ဖို့ Taekwondo Class နဲ့ Swimming Class တွေကို MIS မှာ ထည့်သွင်း သင်ကြားပေးပါတယ်...

👉MIS ရဲ့ ပိတ်ရက် အားကစားသင်တန်းများကတော့-

🥋 Taekwondo Class

လေ့ကျင့်မှုတစ်ဆင့်ချင်းစီကနေ ကလေးတွေရဲ့ Discipline, Focus နဲ့ Self-Confidence ကို တည်ဆောက်ပေးနိုင်ပါတယ်...တိုက်ကွမ်ဒို အားကစားရဲ့ နည်းစနစ်တွေကို လေ့လာရင်း စည်းကမ်းလိုက်နာတတ်ခြင်း၊ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်တတ်ခြင်းနဲ့ အခက်အခဲတွေကို စိတ်ရှည်ရှည်နဲ့ ကျော်ဖြတ်တတ်ခြင်းတွေကိုလည်း သင်ယူလာနိုင်ပါတယ်...

MIS ရဲ့ တိုက်ကွမ်ဒိုသင်တန်းမှာတော့ ခါးပတ်အရောင်အဆင့်အလိုက် မြန်မာ့လက်ရွေးစင် တိုက်ကွမ်ဒိုနည်းပြကိုယ်တိုင် စနစ်တကျ အနီးကပ် လေ့ကျင့်သင်ကြားပြသပေးသွားမှာ ဖြစ်ပါတယ်...

🏊‍♂️ Swimming Class

ရေကူးခြင်းက ခန္ဓာကိုယ်တစ်ခုလုံးကို အသုံးပြုရတဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်ပြီး ကလေးတွေရဲ့ Strength, Coordination နဲ့ Endurance တိုးတက်လာစေပါတယ်...ဒါ့အပြင် ရေထဲမှာ လုံခြုံစွာ လှုပ်ရှားတတ်ခြင်းဟာ ငယ်စဉ်ကတည်းက သင်ယူထားသင့်တဲ့ အရေးကြီးတဲ့ Life Skill တစ်ခုလည်း ဖြစ်ပါတယ်...

ရေကူးသင်တန်းတက်တဲ့ ကျောင်းသားများအနေနဲ့ MIS ကျောင်းရဲ့ ကိုယ်ပိုင်အဆင့်မြင့် ရေကူးကန်မှာ နည်းပြများရဲ့ စနစ်တကျ စောင့်ကြပ်ကြည့်ရှုမှုဖြင့် ဘေးကင်းစိတ်ချစွာ ပျော်ပျော်ရွှင်ရွှင် သင်ယူနိုင်မှာ ဖြစ်ပါတယ်...

🏫🏫Mother International School မှာဆိုရင် စာသင်ခန်းထဲမှာ Knowledge ရရှိသလို၊ အားကစားသင်တန်းများ နဲ့ Activity များမှတစ်ဆင့် ကျန်းမာတဲ့ခန္ဓာကိုယ်၊ အာရုံစူးစိုက်နိုင်စွမ်း၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုများကိုလည်း တည်ဆောက်နိုင်မှာပါ....

ပရော်ဖက်ရှင်နယ်နည်းပြ များနဲ့ လေ့ကျင့်ပေးတာဖြစ်လို့
👉ကစားရင်း ကျန်းမာလာမယ်...
👉လေ့ကျင့်ရင်း ယုံကြည်မှုရှိလာမယ်...
👉ကြိုးစားရင်း စည်းကမ်းရှိလာမယ်...

ကျောင်းသားများရဲ့ တိုးတက်မှု Progress ကို မြင်တွေ့ရမယ့် အားကစား သင်တန်းများအတွက် သင်တန်းအပ်ချင်တယ်ဆိုရင်တော့ အသေးစိတ် ဆက်သွယ်စုံစမ်းနိုင်ပါတယ်...❤️❤️

"Be Confident, Be Inspired, Be a Leader"

☎️Phone : 09456060208, 09456060209

🏢Address : No.(9 C), Nyana Aung Myae Road, Zabuthiri Township,Nay Pyi Taw.
(မြို့မဈေးအနီး ၊ ဉာဏအောင်မြေလမ်း) သုခတော်ဝင်အိမ်ယာအနီး




အပင်လေးတွေအကြောင်း လက်တွေ့ လေ့လာခဲ့ကြတဲ့ KG သားသားမီးမီးလေးများ 🌱ဒီနေ့ Mother International School ရဲ့ KG ကျောင်းသားကျော...
10/08/2026

အပင်လေးတွေအကြောင်း လက်တွေ့ လေ့လာခဲ့ကြတဲ့ KG သားသားမီးမီးလေးများ 🌱

ဒီနေ့ Mother International School ရဲ့ KG ကျောင်းသားကျောင်းသူလေးများက (အပင်များ) ခေါင်းစဉ်လေးနဲ့ လက်တွေ့ ပြုလုပ်ရတဲ့ Activity တစ်ခုကို ပျော်ပျော်ပါးပါး သင်ယူခဲ့ကြပါတယ်...

ဒီသင်ခန်းစာလေးရဲ့ ရည်ရွည်ချက်လေးကတော့ ကလေးတွေဟာ အပင်လေးတွေရဲ့ အစိတ်အပိုင်းတွေနဲ့ အပင်တွေ ကြီးထွားဖို့ ဘာတွေလိုအပ်လဲဆိုတာကို လက်တွေ့ သင်ယူရင်း ဒီ Activity လေးကြောင့် ကလေးတွေ စူးစမ်းလိုစိတ် တိုးတက်လာပြီး အပင်လေးတွေကို ငယ်စဉ်ကတည်းက မြတ်နိုးတန်ဖိုးထားတတ်စေဖို့ဖြစ်ပါတယ်...

"Be Confident, Be Inspired, Be a Leader"

☎️Phone : 09456060208, 09456060209

🏢Address : No.(9 C), Nyana Aung Myae Road, Zabuthiri Township,Nay Pyi Taw.
(မြို့မဈေးအနီး ၊ ဉာဏအောင်မြေလမ်း) သုခတော်ဝင်အိမ်ယာအနီး




ပုဂ္ဂလိကပညာရေးနှင့်ပတ်သက်ပြီး သတိပြုစရာအချက်များ (၂၀)*********************************************************Post အမှတ်...
08/08/2026

ပုဂ္ဂလိကပညာရေးနှင့်ပတ်သက်ပြီး သတိပြုစရာအချက်များ (၂၀)
*********************************************************

Post အမှတ်(၁၉)မှာ ပညာရေးဝန်ကြီးဌာန သင်ရိုးသင်ကျောင်းက ကလေးတွေက Cambridge Curriculum နဲ့ Pearson Curriculum တွေကိုသင်ယူနေတဲ့ ကလေးတွေနဲ့အတူ အဆင့်မြင့်ပညာရေး လမ်းကြောင်းကို သွား နိုင်ဖို့ IGCSE/ iGCSE/ AS Level/A Level တွေကို ပြင်ပဖြေအနေနဲ့ ဘယ်လိုဝင်ဖြေလို့ရသလဲ ဆိုတဲ့ အကြောင်း ကို ရေးခဲ့ပါတယ်။
ဒီနေ့ Post မှာတော့ International Baccalaureate (IB) သင်ရိုးညွှန်းတမ်း အကြောင်းကို ရေးပါမယ်။

တစ်ကမ္ဘာလုံးက လက်ခံသော နိုင်ငံတကာပညာရေး သင်ရိုးညွှန်းတမ်း တစ်ခုဖြစ်ပြီး ကမ္ဘာ့နိုင်ငံပေါင်း (၁၆၀) ကျော်မှာ အသုံးပြုနေတာတွေ့ရပါတယ်။ International Baccalaureate Organization (IBO) က ထုတ်ပြန် ထားတဲ့သင်ရိုးဖြစ်တယ်။ အမေရိက၊ ကနေဒါ၊ ယူကေနိုင်ငံတွေမှာ အများဆုံးသုံးတာ တွေ့ရပါတယ်။ International Baccalaureate (IB) သင်ရိုးညွှန်းတမ်း အကြောင်းနဲ့ပတ်သက်ပြီး အကြမ်းဖျင်း လေးဘဲပြောပါ မယ်။ အဆင့်လိုက်ကတော့-
(၁) IB Early Year (အသက် 3-4- Pre KG) (foundation 1) (4-5- KG) (foundation -2) (2 Years)
(၂) IB PYP (Primary Years Programme) (အသက်6–11) (year 1 to 6) (6Years)
(၃) IB MYP (Middle Years Programme) (အသက် 11–16) (year 1 –5) (5 Years)
(၄) IB DP (Diploma Programme)(အသက် 16–19) (year 12-13) (2 Years)
(၅) IB CP (Career-related Programme) (အသက် 16–19) (Career-focused) (2 Years)

IB သင်ရိုးညွှန်းတမ်းကို ကြည့်မယ်ဆိုရင် ယေဘုယျအားဖြင့် KG + 6-5-2 စနစ် ပါဘဲ။ Cambridge Curriculum နဲ့ Pearson Curriculum တွေနဲ့လဲ စနစ်တစ်ခုလုံးကို ခြုံကြည့်ရင်တော့ တူတယ်လို့ ပြောလို့ မရတော့ပါဘူး။ မြန်မာ နိုင်ငံ KG+ 5-4-3 နဲ့လဲ နှိုင်းယှဉ်ကြည့်လို့လဲ ရပါတယ်။ အကြမ်းဖျင်းပြောရရင် KG+12 နဲ့ ကွာခြားမှု ရှိပါတယ်။ IB သင်ရိုးညွှန်တမ်းက IB diploma ၂ နှစ် ပြီးသွားရင် High School Diploma ရမှာ ဖြစ်ပါတယ်။ Pre-university, rigorous curriculum နဲ့သင်ကြားပေးပြီး တက္ကသိုလ်ဝင်ခွင့်အတွက် ကြိုတင်ပြင်ဆင် ပေးတာဖြစ်ပါတယ်။ ထူးခြားပြီး ကွာခြားတာကတော့ IB DP (Diploma Programme)နဲ့ အတူတူဘဲ IB CP (Career-related Programme) ၂ နှစ် တက်လို့ရတာပါ။ CP မှာ Academic နဲ့ vocational/ technical training တွေကို ပေါင်းစပ် သင်ကြားပေးပြီး နည်းပညာနဲ့ သက်မွေးပညာရေး လမ်းကြောင်းကို ဦးတည်‌ပေးတဲ့ အစီအစဉ်ဘဲ ဖြစ်ပါ တယ်။

IB Curriculum ရဲ့ Primary Years Programme-IB PYP(မူလတန်း) Year 1 to Year 6 အထိ ၆ နှစ်ဖြစ်ပြီး Assessment က Teacher-based Formative နဲ့ Summative Assessment ကို သုံးပါတယ်။ ထူးခြားတာ ကတော့ Year 6 မူလတန်း နောက်ဆုံးနှစ်မှာ Exhibition project (Year 6: Culminating Project for PYP) စတင်အသုံးပြုပြီ ဖြစ်ပါတယ်။

IB MYP (Middle Years Programme) အလယ်တန်းမှာ Year 1 to 5 ထိ ၅ နှစ် ဖြစ်ပြီး Internal assessments (task-based, investigation, performance) ကိုအသုံးပြုပါတယ်။ Year 4/5 တွင် MYP eAssessment (optional but standardized)ကို အသုံးပြုပြီး Optional ဖြစ်သဖြင့် မဖြေလဲရပါတယ်။ Standardized electronic assessment -eAssessment ကတော့ IB မှ တည်ဆောက်ထားတဲ့ အပြည်ပြည်ဆိုင်ရာ စံနှုန်း အတိုင်း ဖြေဆိုရသော စာမေးပွဲများဖြစ်ပြီး၊ Optional ဖြစ်ပေမဲ့လဲ အနာဂတ် IB Diploma/ တက္ကသိုလ် တက်ခြင်းအတွက် အရေးကြီးသော မှတ်တမ်းတစ်ခု ဖြစ်တဲ့အတွက် အရေးကြီးပါတယ်။ နောက်ဆုံးနှစ်မှာ Personal Project ကလဲ အရေးကြီးတာတွေ့ရပါတယ်။ ထူးခြားတာက KG + 6-5 ဖြစ်လို့ အလယ်တန်း ပြီးသည်အထိ ၁၁ နှစ် ဖြစ်ပါတယ်။

အထက်တန်းအဆင့် မှာ IB DP နဲ့ IB CP လမ်း ၂သွယ် ဖြစ်တာတွေ့ရပါတယ်။
IB DP (Diploma Programme) နဲ့ပတ်သက်ပြီး မိဘတွေ နဲ့ကလေးတွေ သိသင့်တဲ့အချက်အချို့ကို ထုတ်နှုတ် တင်ပြရမယ်ဆိုရင်-
• အသက် – 16/17 မှ 18/19 (Year 12 – Year 13)
• နှစ်အရေအတွက် – ၂ နှစ်
• သင်ရိုး – ၆ ဘာသာအုပ်စုနှင့် Core Subjects
o Core – Theory of Knowledge (TOK), Extended Essay (EE), Creativity Activity Service (CAS)
IB DP မှာ ကျောင်းသားတိုင်းဟာ အောက်ပါ Group 6 ခု အနက်မှ တစ်ခုစီကို ရွေးချယ်၍ စုစုပေါင်း ၆ မျိုး သော ဘာသာရပ်များ သင်ယူရပါတယ်။
(တစ်ခါတရံတွင် Group 6 ခု အစား Group 3 (သို့မဟုတ်) Group 4 ထပ်မံ ရွေးချယ်နိုင်ပါတယ်။)

Group 1 Studies in Language and Literature
ဥပမာ ဘာသာရပ်များ -Language A: Literature (e.g. English, Burmese, Chinese)
Group 2 Language Acquisition
ဥပမာ ဘာသာရပ်များ- Language B (e.g. French B, Burmese B), ab initio (beginner level)
Group 3 Individuals and Societies
ဥပမာ ဘာသာရပ်များ- Economics, Business Management, History, Geography, Global Politics
Group 4 Sciences
ဥပမာ ဘာသာရပ်များ-Biology, Chemistry, Physics, Environmental Systems & Societies
Group 5 Mathematics
ဥပမာဘာသာရပ်များ-Mathematics: Analysis & Approaches (AA), Mathematics: Applications & Interpretation (AI)
Group 6 The Arts (optional)
ဥပမာဘာသာရပ်များ-Visual Arts, Music, Theatre (သို့မဟုတ်) Group 3/4 ထပ်ရွေးလို့ရပါတယ်။

Assessment –
o Internal Assessments (IA)
o Final IB Exams (written exams in Year 13)
o Exam result is out of 45 (subject scores + core points)
🔹 DP Core Components (Compulsory):
1. TOK (Theory of Knowledge.) – Thinking about how we know
2. EE (Extended Essay) – 4000-word independent research
3. CAS (Creativity, Activity, Service) – Volunteering & extracurriculars

🔹 Grading:
• Each subject graded: 1–7
• Core (TOK + EE) : up to 3 bonus points
• Total: 45 points maximum
• Pass: 24 points minimum (with conditions)
Total 24 Points ရ မှသာ IB Diploma ရရှိမှာ ဖြစ်ပါတယ်။

တက္ကသိုလ်ဝင်ခွင့် က A Level နဲ့ တူတဲ့ အတွက် တက္ကသိုလ်ဝင်ခွင့် တိုက်ရိုက်ဝင်နိုင်ပါတယ်။ ဒါပေမဲ့ဘာတွေလိုအပ်ပါသလဲ-
IB Diploma ရပြီး တက္ကသိုလ်တက်ဖို့ အတွက်လိုအပ်တာတွေကတော့-
🔹 Minimum 24 points IB Score
🔹 TOK, EE, CAS – Core Pass
🔹 IELTS/TOEFL (Non-native)
🔹 Subject Choice (Higher Level -HL/Standard Level - SL) ထဲမှာ Target University/Program နဲ့ကိုက်ညီရန် လိုပါတယ်။
🔹 Specific Entry Tests (e.g. SAT, UCAT, Personal Statement)
IB CP (Career-related Programme) နဲ့ ပတ်သက်ပြီး အောက်ပါအတိုင်းတွေ့ရမှာဖြစ်ပါတယ်။

• အသက် – 16/17 မှ 18/19
• နှစ်အရေအတွက်–၂ နှစ်
* သင်ရိုး –
o Combination of:
 IB DP subjects (2 or more)
 Career-related studies (e.g., business, IT, hospitality, arts)
 CP Core (Personal and Professional Skills, Reflective Project, Service Learning, Language Development)
• Assessment –
o IB DP subject exams
o Career coursework assessments
o Reflective Project submission

IB CP တက်ပြီးပါက သတ်မှတ်ချက်ကိုက်ညီလျှင် certificate ရရှိမှာဖြစ်ပါတယ်။ IB CP ပြီးမြောက် သွားရင် တော့ ကျွမ်းကျင်မှုသင်တန်း (Career-ready education)ကရရှိတဲ့ ကျွမ်းကျင်မှုနှင့်အတူ လုပ်ငန်းခွင်ဝင်နိုင် သလို တက္ကသိုလ်တက်နိုင်တဲ့ အခွင့်အလမ်းလဲ ရှိပါတယ်။ ဒါပေမဲ့ IB CP ပြီးတဲ့ ကလေးတွေကို အချို့ တက္ကသိုလ်တွေ ကသာလက်ခံတဲ့အတွက် ကန့်သတ်ချက်ရှိနေတာ အမှန်ပါဘဲ။ အထူးသဖြင့်ကတော့ IB CP ပြီးတဲ့ ကလေးတွေအနေနဲ့ နည်းပညာတက္ကသိုလ်တွေ၊ Applied University တွေ၊ Polytechnic တွေ တက်လို့ရပါတယ်။ သက်မွေးပညာရေးကဏ္ဍမှာရှိတဲ့ သက်မွေးပညာ ကျောင်းတွေ၊ ကောလိပ်တွေ၊ Apprenticeship Programme တွေနဲ့ On the job training တွေကို တက်လို့ရပါတယ်။ University တက် မယ်ဆိုရင်တော့ Foundation Year ၁ နှစ် တက်ပြီး တက်လို့ရပါတယ်။

မြန်မာနိုင်ငံမှာ IB Curriculum နဲ့ သင်တဲ့ကျောင်းက လက်ချိုးရေတွက်လို့ ရပါတယ်။ Pre KG, KG နဲ့ IB PYP, IB MYP, IB DP/IB CP စတဲ့ မူကြို/သူငယ်တန်းကနေ မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်း Diploma/ အထက်တန်း (Career-related Programme) အထိ ကလေးတစ်ယောက်ကို မူကြို/ KG က ၂ နှစ်နဲ့ မူ၊ လယ်၊ ထက် ၁၃ နှစ် စုစုပေါင်း ၁၅ နှစ်စာ ကုန်ကျမဲ့ ကျောင်းစရိတ်က ဘယ်လောက် ရှိနိုင်သလဲ တွက်ကြည့် လို့ရပါတယ်။ အမှန်တကယ် IB curriculum သင်တဲ့ ကျောင်းတွေကို မေးပြီးတွက်ကြည့်ပါ။ အလွန်မြင့်တာ ကို တွေ့ရပါလိမ့်မယ်။

IB curriculum ကို မူကြိုကနေ အထက်တန်း ဒီပလိုမာထိ ၁၅ နှစ် ထားမယ်ဆိုရင် ကုန်ကျစရိတ် များတာ ကြောင့် အစိုးရသင်ရိုး အထက်တန်းအဆင့် Year 11(ဧကာဒသမတန်း) ပြီးထားတဲ့ကလေးတွေဆို ရင် IB DP/ CP Year 1 ကို Entry test /Placement Test ဖြေပြီး ဝင်လို့ရပါတယ်။ အလားတူဘဲ Cambridge IGCSE/ Pearson iGCSE အောင်ထားတဲ့ ကလေးတွေ ကလဲ IB DP/IB CP Year 1 ကို Entry test/ Placement Test ဖြေဆိုပြီး ဝင်လို့ရပါတယ်။ ဘယ် level ဘယ်အတန်းကမဆို သတ်မှတ်အတန်းကို Equivalency အနေနဲ့ သတ်မှတ်ပြီး Entry test/ Placement Test ဝင်ဖြေလို့ရပါတယ် ဆိုတာ မိဘများနဲ့ ကျောင်းသား၊ ကျောင်းသူများကို အသိပေးလိုပါတယ်။

မိဘများနဲ့ ကျောင်းသားကျောင်းသူများအနေနဲ့ မိမိတို့ ကလေးတွေအတွက် ပညာရေးဝန်ဆောင်မှု လုပ်ငန်း များကို ရယူတဲ့အခါမှာ ထိထိရောက်ရောက် ရယူနိုင်ဖို့ စဉ်းစားဆောင်ရွက်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်
ပါတယ်။ နောက် Post (၂၁) မှာတော့ American Curriculum အကြောင်းကို ရေးပါအုံးမယ်။
KLW (7-7-2025) (7:11 PM)

"Be Confident, Be Inspired, Be a Leader"

☎️Phone : 09456060208, 09456060209

🏢Address : No.(9 C), Nyana Aung Myae Road, Zabuthiri Township,Nay Pyi Taw.
(မြို့မဈေးအနီး ၊ ဉာဏအောင်မြေလမ်း) သုခတော်ဝင်အိမ်ယာအနီး




Address

No. (9C), Nyana Aung Myae Road, Zabuthiri Township
Naypyidaw

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00
Sunday 08:00 - 17:00

Telephone

+959456060208

Alerts

Be the first to know and let us send you an email when Mother International School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Mother International School:

Shortcuts

Share

Category