Nae Thit

Nae Thit အစိုးရအလုပ်အကိုင်အခွင့်အလမ်းများ​ဝေမျှခြင်း

အ​ဆောင်ခင်းကျင်းမှု့ပုံစံ
27/09/2022

အ​ဆောင်ခင်းကျင်းမှု့ပုံစံ

19-9-2022 #နိုင်ငံဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) #အရာထမ်း​လောင်းအ​ခြေခံသင်တန်း #ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု့ဘွဲ့လွန်ဒ...
19/09/2022

19-9-2022

#နိုင်ငံဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)
#အရာထမ်း​လောင်းအ​ခြေခံသင်တန်း
#ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု့ဘွဲ့လွန်ဒီပလိုမာသင်တန်း
#အမှတ်စဥ်၁၀
#သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပပြီးစီး

 #အမျိုးသားယဥ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် #ပထမနှစ်ဝင်ခွင့်လျှောက်လွှာခေါ်ယူခြင်း(12.9.2022)ရက်နေ့ထုတ် မြန်မာ့အလင်း သတင်း...
12/09/2022

#အမျိုးသားယဥ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်
#ပထမနှစ်ဝင်ခွင့်လျှောက်လွှာခေါ်ယူခြင်း

(12.9.2022)ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ

12/09/2022

ထိုင်းရွှေစျေးကွက်

မြန်မာက ငွေနဲ့ရွှေကို ကျပ်လို့တစ်မျိူးထဲခေါ် သလို
ထိုင်းကလည်း သူ့ငွေနဲ့ရွှေကို ဘတ် Baht လို့ပဲ တစ်မျိူးထဲခေါ်။
အတိတ်က သမိုင်းရေးဆက်နွယ်မှုတွေကြောင့်
ခုလို အသုံးတူ အသံဆင်တာဖြစ်နိုင်။

မြန်မာက ရွှေ(1)ကျပ်သားကို 16.606 ဂရမ်သတ်မှတ်သလို
ထိုင်းက သူ့ရွှေ(1)ဘတ်ကို 15.244 ဂရမ်သတ်မှတ်။

ထိုင်းရွှေစျေးကွက် ထူးခြားမှုတချိူ့ကိုကြည့်ရင်

တရုတ်။အိန္ဒိယပြီးရင် အာရှရဲ့တတိယအကြီးဆုံးစျေးကွက်ဖြစ်။
ကိုယ်တိုင်လည်း ပြည်တွင်းမှာထုတ်လုပ်သလို
ပြည်ပကိုလည်း ရွှေတင်ပို့တဲ့နိုင်ငံဖြစ်။
965(96.5%)ရွှေရည်နဲ့ 999.9 ရွှေရည်ဆိုပြီး နှစ်မျိူးထုတ်လုပ်။

ထိုင်းရွှေစျေးဟာ ကမ္ဘာ့စျေးနဲ့အညီ လိုက်ပါပြောင်းလဲတဲ့တိုင်
ရွှေစျေးတည်ငြိမ်သလို ရောင်းစျေးဝယ်စျေး အဟကျဥ်းတာ
ထိုင်းရွှေစျေးကွက်ရဲ့ထူးခြားမှုဖြစ်။

လက်ရှိစက်တင်ဘာလထဲမှာ 965 ရွှေက
အနိမ့်ဆုံးစျေးက 29550 ဘတ်ဖြစ်ပြီး
အမြင့်ဆုံးစျေးက 29800 ဘတ်အထိပဲတက်ခဲ့ပြီး
ကွာဟမှု (0.84%) ပဲရှိခဲ့တာ တွေ့ရ။

ထိုင်းရွှေအသင်းက ကမ္ဘာ့ရွှေစျေးအထက်
လက်ရှိမှာ (0.10%) ကနေ (0.30%) အတွင်းမှာ
ရည်ညွန်းရွှေစျေးကို ဖွင့်တာတွေ့ရသလို
ဒီရည်ညွှန်းစျေးအောက်နားမှပဲ ရွှေဆိုင်တွေအားလုံး
မတိမ်းမယိမ်းစျေးသတ်မှတ်ရောင်းဝယ်တာ တွေ့ရ။

ရောင်းစျေးဝယ်စျေး အဟက
အနည်းဆုံး ဘတ် 40 ကနေ အများဆုံး ဘတ် 100 ရှိ။
ရာနှုန်း (0.13%) ကနေ (0.33%) သာရှိ။
မြန်မာမှာလက်ရှိအဟ 30000 ကျပ် ကနေ 50000ကျပ် အထိ
အဟရှိပြီး (0.96%) ကနေ (1.64%) ထိ ရှိနေ။

ထိုင်းရွှေဆိုင်ကြီးများဟာ
သူတို့ရောင်းဝယ်တဲ့ရွှေပေါက်စျေးများကို
အချိန်နဲ့တပြေးညီ ကြေညာပေးနိုင်ခြင်းဟာ
ဒီကနေ့ နည်းပညာခေတ်မှာ မထူးခြားလှပေမယ့်
စျေးအမျိူးမျိူးဖြစ်နေတဲ့
မြန်မာ့ရွှေစျေးကွက်အတွက် ထူးခြား။

ထိုင်းကော။မြန်မာကောဟာ
ကိုယ့်ကိုယ်ကို ရွှေနိုင်ငံလို့ ခံယူတာခြင်းတူကြတဲ့တိုင်
ရွှေစျေး။ရွှေစျေးကွက်နဲ့ပတ်သက်ရင်
ထိုင်းထံက သင်ယူစရာတွေ အများရှိနေကြောင်းပါဗျား။ ။

uakw

Credit - U Aung Kyaw Win

12/09/2022

ဗဟုသုတ
-------

တောရှစ်မျိုး။

၁။ မြိုင်
၂။ ဂနိုင်
၃။ ရဂုံ
၄။ စုံ
၅။ ခင်တန်း
၆။ ပြား
၇။ အင်တိုင်း
၈။ စေးပျစ် ဟူ၍ ဖြစ်လေသည်။

#မြိုင် --- စိမ့်စမ်း သစ်ပင်တို့ဖြင့် ဝေဆာသော တောမျိုး

#ဂနိုင် --- အလွန် နက်ရှိုင်း ထူထပ်သော တောမျိုး

#ရဂုံ ---- သာယာလျှက် ကြည်နူး ပျော်ရွှင်ဘွယ် ကောင်းသော တောမျိုး

#စုံ ---- တစ်တောနှင့် တစ်တော ဆက်စပ်နေလျှက်
လမ်းခရီးရှိသည့် တောမျိုး

#ခင်တန်း ---- ချုံကြီး ချုံငယ်များ ပြွမ်းတီး စီတန်းကာ အမြင့် အနိမ့် အလိုက်ပေါက်ရောက်နေသော တောမျိုး

#ပြား ---- ညွံထူထပ်သော တောမျိုး

#အင်တိုင်း ---- ကျောက်တန်း ကျောက်စရစ် ထူပြော မြက်များ ရောနှော ပေါက်တတ်သည့်​တောမျိုး

#စေးပျစ် ---- စည်းရိုးသဖွယ် ဖြစ်နေအောင် ထူထူထပ်ထပ်
သစ်ပင် ပေါက်တတ်သည့် တောမျိုး

ဤတော ရှစ်မျိုးကို ခြုံ၍ ကဗျာတစ်ပုဒ်ဖြစ်
အောင် စပ်ဆို ခဲ့ကြလေသည် ။
စိမ့်စမ်းဝေဆာ ၊ တပြာလွန်နက် ၊ တချက်သာမော ၊
သကော့တသီး၊ လမ်းခရီးနှင့် ၊ ချုံကြီးချုံငယ် ၊ တသွယ်
ညွံထူ ၊ တမူကျောက်ပေါ ၊ မြက်နှောသဏ္ဍာန် ၊ တတန်
စည်းရိုး ၊ ပြည့်ဖြိုး သစ်ပင် ဤရှစ်အင်သည် ခေါ်တွင်
ကျော်ဟိုး တောရှစ်မျိုးဟူသတည်း ။

ဦးဟုတ်လင်း
credit

12/09/2022
12/09/2022
  ကြော်ငြာစာအမှတ် (၅/၂၀၂၂) ခေါ်ယူသည့်ဌာနနှင့်သတ်မှတ်အရည်အချင်းများကိုတင်ပေးလိုက်ပါတယ်။လျှောက်ထားရန်လမ်းညွန်ချက်များကိုအေ...
10/09/2022

ကြော်ငြာစာအမှတ် (၅/၂၀၂၂) ခေါ်ယူသည့်ဌာနနှင့်သတ်မှတ်အရည်အချင်းများကိုတင်ပေးလိုက်ပါတယ်။
လျှောက်ထားရန်လမ်းညွန်ချက်များကိုအောက်ဆုံးတွင်ရေးထားသဖြင့်သေချာစွာဖတ်ရှုရန်လိုအပ်ပါတယ်။
ခေါ်ထားသည့်ဌာနများထဲမှ လူကြိုက်များတဲ့ဌာနနေရာတွေကတော့-
#ဦးစီးအရာရှိ + AE (၄)နေရာ/ ကညန
.M(၂)နေရာ/ YESC
#မန်နေဂျာ(၉)နေရာ/ MESC
#ဦးစီးအရာရှိ(၁)နေရာ/လမ်းဦးစီး
#ဦးစီးအရာရှိ(၂)နေရာ/တံတားဦးစီး
#စုမှူး (၂) နေရာ/ နေပြည်တော်စည်ပင်
.M/ မြန်မာ့သစ်လုပ်ငန်း
#ဦးစီးအရာရှိ(၈)နေရာ/ပြည်တွင်းအခွန်
#ဦးစီးအရာရှိ(၄)နေရာ/ ကုန်သွယ်ရေးဦးစီးဌာန
.M,AE/ မြန်မာ့မီးရထား
#ဦးစီးအရာရှီ/ဆက်သွယ်ရေး
#ခွဲမှူး-၂၉နေရာ+၉နေရာ/မြန်မာ့ဆေးဝါးလုပ်ငန်း
#ဦးစီးအရာရှိ(ငွေစာရင်း)/စသုံးလုံး
#ဦးစီးအရာရှိ(၃)နေရာ/အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေး
#ဦးစီးအရာရှိ/ FDA
#ဦးစီးအရာရှိ(၄၈)နေရာ/ ဗဟိုဘဏ်
#ဦးစီးအရာရှိ/ လူမှုဝန်ထမ်း

ကန့်သတ်ချက်နည်းတဲ့ဌာနများ၊ Any Graduate များကတော့ထုံးစံအတိုင်းတိုးတဲ့သူများနေပါလိမ့်မယ်။
ရာထူးဝန် page🙏

page ​လေးဖြစ်ပါတယ်
#ကြိုးစားသူတိုင်း ​အောင်မြင်ကျပါ​စေ

 #ဦးစီးအရာရှိဝင်ပေါက် ခေါ်ယူပါပြီ  5/2022သတ်မှတ်အရည်အချင်း Download link 👇👇https://www.ucsb.gov.mm/wp-content/uploads/20...
10/09/2022

#ဦးစီးအရာရှိဝင်ပေါက် ခေါ်ယူပါပြီ
5/2022

သတ်မှတ်အရည်အချင်း
Download link 👇�https://www.ucsb.gov.mm/wp-content/uploads/2022/09/Update-Online-Application-5%5E2022-9-9-22-PDF.pdf

E-major,B.com,နဲ့ BE တွေ အများဆုံး​ခေါ်ထားတာ​တွေ့ရပါတယ်

ဌာနအစုံအများကြီးပြန်ခေါ်တာပါ PSC ဘယ်တော့ခေါ်မလဲဆိုတဲ့သူတွေ အရင်ကမပါတဲ့သူတွေ ပြန်လျှောက်လို့ရပါပြီ။
အသေးစိတ်ကတော့ စာမျက်နှာ၅၀ကျော်ပါတယ်။

 #နိုင်ငံဝန်ထမ်းတက္ကသိုလ်  #အောက်မြန်မာပြည်(​ဖောင်ကြီး) တွင်ဖွင့်လှစ်မည့်  #အရာထမ်း​လောင်းအ​ခြေခံသင်တန်း #ပြည်သူ့ဝန်ထမ်း...
29/08/2022

#နိုင်ငံဝန်ထမ်းတက္ကသိုလ်
#အောက်မြန်မာပြည်(​ဖောင်ကြီး) တွင်ဖွင့်လှစ်မည့်
#အရာထမ်း​လောင်းအ​ခြေခံသင်တန်း
#ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု့ဘွဲ့လွန်ဒီပလိုမာသင်တန်း #အမှတ်စဥ် ၁၀ သင်တန်းဝင်ညွှန်ကြားချက် ထွက်ရှိလာပါပြီ

 #နိုင်ငံဝန်ထမ်းတက္ကသိုလ်  #အထက်မြန်မာပြည် တွင်ဖွင့်လှစ်မည့်  #အရာထမ်း​လောင်းအ​ခြေခံသင်တန်း #ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှ...
29/08/2022

#နိုင်ငံဝန်ထမ်းတက္ကသိုလ်
#အထက်မြန်မာပြည် တွင်ဖွင့်လှစ်မည့်
#အရာထမ်း​လောင်းအ​ခြေခံသင်တန်း
#ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု့ဘွဲ့လွန်ဒီပလိုမာသင်တန်း #အမှတ်စဥ် ၁၀ သင်တန်းဝင်ညွှန်ကြားချက် ထွက်ရှိလာပါပြီ

Address

Naypyidaw

Website

Alerts

Be the first to know and let us send you an email when Nae Thit posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share