17/01/2023
“အကြမ်းဖက်စစ်အုပ်စု၏ မတရားဖမ်းဆီးခံရသော မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် မှ ကျောင်းသား၊ ကျောင်းသူစာရင်း ထုတ်ပြန်ခြင်း”
Non Government Organization
17/01/2023
“အကြမ်းဖက်စစ်အုပ်စု၏ မတရားဖမ်းဆီးခံရသော မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် မှ ကျောင်းသား၊ ကျောင်းသူစာရင်း ထုတ်ပြန်ခြင်း”
09/12/2022
🌄🍁မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်မှ နောက်ဆုံးနှစ် (DVM) ကျောင်းသား၊ ကျောင်းသူများအား အတန်းများ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ကြေညာခြင်း🍁🌄
—— - —— - —— - —— - —— - —— - —— - —— - —— -
✅Myanmar Nway-Oo University မြန်မာ့နွေဦးတက္ကသိုလ် (MNOU) သည် ကြားကာလပညာသင်ကြားရေးကိုဖော်ဆောင်လျက်ရှိရာ ယခုအခါ ပထမအကြိမ်အနေဖြင့် ဝိဇ္ဇာသိပ္ပံ အထူးပြုဘာသာရပ် ၁၈ ခု၊ စီးပွါးရေးဘာသာရပ် ၇ ခု၊ ယဉ်ကျေးမှုနှင့်အနုပညာဘာသာရပ် ၅ ခု တို့ကို စတင်ဖွင့်လှစ်သင်ကြားပေးနေပြီ ဖြစ်ပါသည်။
✅MNOU အနေဖြင့် ဘာသာရပ်များကို ထပ်တိုးဖွင့်လှစ်ပေးနိုင်ရန် စီစဉ်လျက်ရှိရာ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် မှ နောက်ဆုံးနှစ် Doctor of Veterinary Medicine (DVM) အတန်း၏ ကျန်ရှိနေသော ဒုတိယနှစ်ဝက်ပညာသင်ကာလ (Second Term) ကို စတင်ဖွင့်လှစ် သင်ကြားပေးနိုင်ရန် ပြင်ဆင်လျက်ရှိပြီး “၂၀၂၃ ခုနှစ်၊ နှစ်ဆန်းပိုင်း”
တွင် ဖွင့်လှစ်သင်ကြားပေးနိုင်ရန် လျာထား၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
✅သို့ဖြစ်ပါ၍ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်မှ နောက်ဆုံးနှစ် (DVM) ကျောင်းသား၊ ကျောင်းသူများအနေဖြင့် Myanmar Education System (MES) တွင် စာရင်းသွင်းနည်း ၊ Learning Management System (LMS) ၌ သင်ခန်းစာများ လေ့လာသင်ယူရန် နည်းလမ်းများကို ကြိုတင် လေ့လာထားပေးပါရန် အသိပေးပါသည်။
✅မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် မှ ကျန်ရှိနေသည့် တခြားသောအတန်းများကိုလည်း ထပ်မံ ဖွင့်လှစ်သင်ကြားပေးနိုင်ရန် ကြိုးစားလျက်ရှိပါသည်။
✅ MNOU ၏ Telegram Channel သို့ ဝင်ရောက်၍လည်း သတင်းအချက်အလက်များဖတ်ရှုနိုင်ပါသည်။
https://t.me/myanmarnwayoouniversity
Myanmar Nway-Oo University မြန်မာ့နွေဦးတက္ကသိုလ် (MNOU)
#မြန်မာ့နွေဦးတက္ကသိုလ်
30/11/2022
ဟေ့ ချစ်တို့ရေ……
🗞️📆လကုန်ပြီမို့ စံဒေဝီလက်မှတ်လေးတွေ လာဝယ်ကြဖို့ မျှော်နေပါတယ် နော်……
🎟️မင်မင်တို့လဲ လာတောင်းတဲ့အဖွဲ့တွေကို ပေးချင်လို့ လက်မှတ်လေးတွေ မြန်မြန်ကုန်ချင်တယ်ကွယ် …..
🗞️📆လကုန် လက်ထဲ ငွေယားလေးတွေရှိကြတုန်း အပြေးလေး လာဝယ်ပေးကြဖို့ စောင့်မျှော်နေပါတယ်လို့စ် …..
🎟️🗞️လက်မှတ်တစ်စောင်မှ မြန်မာငွေ
တစ်သောင်း(၁၀၀၀၀) ကျပ် ပါနော်
လက်မှတ်ဝယ်ယူလိုပါက page messenger
( သို့မဟုတ် )
📳telegram Acc https://t.me/uvsiuc458 သို့ ဆက်သွယ်နိုင်ပါသည်။
📳Telegram channel - https://t.me/uvsfundraisingteam သိူ့ ဝင်ရောက်၍ လည်း သတင်းအချက်အလက်များ ဖတ်ရှုနိုင်ပါသည်။
📃📜Ear Rings အကြောင်း Team က တင်ထားတဲ့ပိုစ့်လေး
👇👇👇👇👇
https://www.facebook.com/100083559452781/posts/143798465082135/
https://www.facebook.com/100083559452781/posts/144294855032496/
UVS Fundraising Team
23/11/2022
12/11/2022
Technical Aid Students-Myanmar
“နည်းပညာနှင့်ပုဂ္ဂလိက လုံခြုံမှုဆိုင်ရာ သင်တန်း”
Digital security နှင့် ပတ်သက်၍ သင်တန်းများ ပို့ချရန် သင်တန်းသားများခေါ်ယူခြင်း
၂၀၂၁ခုနှစ်၊ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တက်ကြွလှုပ်ရှားသူများ၊ လူငယ်များအကြား လုံခြုံရေးဆိုင်ရာအသိပညာများ များစွာလိုအပ်လာပါသည်။ မြန်မာ့နွေဦးတော်လှန်ရေးသည် Online Platform ပေါ်တွင် အခြေပြုလျှက် ပါဝင်သူများသည် တွေ့ဆုံဆွေးနွေးကြခြင်း၊ အစည်းအဝေး ပြုလုပ်ခြင်း၊ ပညာသင်ကြားခြင်း၊ အဆက်အသွယ်ပြုလုပ်ခြင်း၊ dataများ သိမ်းဆည်းခြင်း၊ ရန်ပုံငွေရှာဖွေခြင်း စသော တော်လှန်ရေးကိစ္စများကို Social Medias, Email စသော Online Platform မှ ပြုလုပ်ကြရာ Digital and Personal security သည် အမှန်ပင် အရေးကြီးလာပါသည်။ ထိုကြောင့် ဒီဂျစ်တယ်ဆိုင်ရာ လုံခြုံရေးအသိပညာသည် အထူး လိုအပ်လာပါသည်။ အကြမ်းဖက်စစ်အုပ်စုက အင်တာနက်အသုံးပြုခြင်းကို ပိတ်ပင်လိုက်ခြင်းကြောင့် VPN ကို မဖြစ်မနေ အသုံးပြုကြရသည်။ သို့ဖြစ်ပါ၍ VPN နှင့် သက်ဆိုင်သော အကြောင်းအရာများ၊ Browser အသုံးပြုခြင်းနှင့် ပတ်သက်သော အကြောင်းအရာများ၊ Password ထားပုံထားနည်း စသည် တို့ကို Activists များ၊ လူငယ်များအကြား သေသေချာချာ၊ ကျယ်ကျယ်ပြန့်ပြန့် သိရှိကြရန် လိုအပ်ပါသည်။ ထိုကြောင့် Digital & physical security နှင့်ပတ်သက်၍ Activists များ၊ လူငယ် များကို online မှ သင်တန်းများ ပေးနိုင်ရန် ရည်ရွယ်၍ ဤသင်တန်းကို ပြုလုပ်ခြင်း ဖြစ်ပါသည်။
သင်တန်းတက်ရောက်မည့်သူများသည်
၁။ မြန်မာတနိုင်ငံလုံးရှိ တက်ကြွလှုပ်ရှားသူများ၊ လူငယ်များ ဖြစ်ရပါမည်။
၂။ သင်တန်းကာလ အပြည့်အဝတက်ရောက်နိုင်ရပါမည်။
၃။ အင်တာနက်ရသော ဒေသမှ ဖြစ်ရမည်။
၄။ သင်တန်းကို တက်ရောက်ကြောင်းစာရင်းကောက်မည်ဖြစ်ပြီး သင်တန်းတက်ရောက်သည့်အတွက် ဖုန်းဘေနှင့်အင်တာနက်သုံးစွဲခကို သင်တန်းမှ ထောက်ပံ့ ပေးမည်ဖြစ်သည်။
၅။ သင်တန်းအတွက် ဖြည့်သွင်းရသော Personal Data များ၏ လုံခြုံရေးကို သင်တန်းမှ အပြည့်အဝ တာဝန်ယူပါသည်။
>>>ခေါ်ယူမည့် သင်တန်းသားဦးရေ - ၃၀ ဦး
>>>သင်တန်းကာလ - ၂၀-၁၁-၂၀၂၂ ၊ ၂၁-၁၁-၂၀၂၂၊ ၂၂-၁၁-၂၀၂၂ ၊ (၃) ရက်
>>>သင်တန်းအချိန်- ည (၇:၀၀) နာရီ မှ (၉:၀၀) နာရီထိ (တစ်ရက်လျှင် ၂ နာရီ)
>>>သင်တန်းနေရာ - zoom
>>>>ဖြည့်သွင်းရမည့် သင်တန်းလျှောက်လွှာ Google Form link https://forms.gle/gGetbmQU9osQiZY16
၁၈-၁၁-၂၀၂၂ ရက်နေ့ ည (၈:၀၀) နာရီ နောက်ဆုံးထား၍ စာရင်းသွင်းရမည်ဖြစ်ပြီး သင်တန်းတက်ရောက်ခွင့်ရပါက email မှတဆင့် တက်ရောက်ခွင့်ရရှိကြောင်း နှင့် တက်ရောက်ရမည့် zoom Link တို့ကို ပေးပို့သွားမည် ဖြစ်ပါသည်။
Technical Aid Students – Myanmar
31/10/2022
23/09/2022
Technical Aid Students-Myanmar
“နည်းပညာနှင့်ပုဂ္ဂလိက လုံခြုံမှုဆိုင်ရာ သင်တန်း”
Digital security နှင့် ပတ်သက်၍ သင်တန်းများ ပို့ချရန် သင်တန်းသားများခေါ်ယူခြင်း
၂၀၂၁ခုနှစ်၊ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တက်ကြွလှုပ်ရှားသူများ၊ လူငယ်များအကြား လုံခြုံရေးဆိုင်ရာအသိပညာများ များစွာလိုအပ်လာပါသည်။ မြန်မာ့နွေဦးတော်လှန်ရေးသည် Online Platform ပေါ်တွင် အခြေပြုလျှက် ပါဝင်သူများသည် တွေ့ဆုံဆွေးနွေးကြခြင်း၊ အစည်းအဝေး ပြုလုပ်ခြင်း၊ ပညာသင်ကြားခြင်း၊ အဆက်အသွယ်ပြုလုပ်ခြင်း၊ dataများ သိမ်းဆည်းခြင်း၊ ရန်ပုံငွေရှာဖွေခြင်း စသော တော်လှန်ရေးကိစ္စများကို Social Medias, Email စသော Online Platform မှ ပြုလုပ်ကြရာ Digital and Personal security သည် အမှန်ပင် အရေးကြီးလာပါသည်။ ထိုကြောင့် ဒီဂျစ်တယ်ဆိုင်ရာ လုံခြုံရေးအသိပညာသည် အထူး လိုအပ်လာပါသည်။ အကြမ်းဖက်စစ်အုပ်စုက အင်တာနက်အသုံးပြုခြင်းကို ပိတ်ပင်လိုက်ခြင်းကြောင့် VPN ကို မဖြစ်မနေ အသုံးပြုကြရသည်။ သို့ဖြစ်ပါ၍ VPN နှင့် သက်ဆိုင်သော အကြောင်းအရာများ၊ Browser အသုံးပြုခြင်းနှင့် ပတ်သက်သော အကြောင်းအရာများ၊ Password ထားပုံထားနည်း စသည် တို့ကို Activists များ၊ လူငယ်များအကြား သေသေချာချာ၊ ကျယ်ကျယ်ပြန့်ပြန့် သိရှိကြရန် လိုအပ်ပါသည်။ ထိုကြောင့် Digital & physical security နှင့်ပတ်သက်၍ Activists များ၊ လူငယ် များကို online မှ သင်တန်းများ ပေးနိုင်ရန် ရည်ရွယ်၍ ဤသင်တန်းကို ပြုလုပ်ခြင်း ဖြစ်ပါသည်။
သင်တန်းတက်ရောက်မည့်သူများသည်
၁။ မြန်မာတနိုင်ငံလုံးရှိ တက်ကြွလှုပ်ရှားသူများ၊ လူငယ်များ ဖြစ်ရပါမည်။
၂။ သင်တန်းကာလ အပြည့်အဝတက်ရောက်နိုင်ရပါမည်။
၃။ အင်တာနက်ရသော ဒေသမှ ဖြစ်ရမည်။
၄။ သင်တန်းကို တက်ရောက်ကြောင်းစာရင်းကောက်မည်ဖြစ်ပြီး သင်တန်းတက်ရောက်သည့်အတွက် ဖုန်းဘေနှင့်အင်တာနက်သုံးစွဲခကို သင်တန်းမှ ထောက်ပံ့ ပေးမည်ဖြစ်သည်။
၅။ သင်တန်းအတွက် ဖြည့်သွင်းရသော Personal Data များ၏ လုံခြုံရေးကို သင်တန်းမှ အပြည့်အဝ တာဝန်ယူပါသည်။
>>>ခေါ်ယူမည့် သင်တန်းသားဦးရေ - ၂၅ ဦး
>>>သင်တန်းကာလ - ၃၀.၉၂၀၂၂၊ ၁.၁၀.၂၀၂၂၊ ၂.၉.၂၀၂၂ ၊ (၃) ရက်
>>>သင်တန်းအချိန်- နံနက် ၉း၀၀ နာရီ မှ ၁၁း၀၀ နာရီထိ (တစ်ရက်လျှင် ၂ နာရီ)
>>>သင်တန်းနေရာ - zoom
>>>>ဖြည့်သွင်းရမည့် သင်တန်းလျှောက်လွှာ Google Form link
https://forms.gle/YcvSPrEpVz72bxS86
၂၈.၉.၂၀၂၂ ရက်နေ့ နေ့လည် ၁၂း၀၀ နာရီ နောက်ဆုံးထား၍ စာရင်းသွင်းရမည်ဖြစ်ပြီး သင်တန်းတက်ရောက်ခွင့်ရပါက email မှတဆင့် တက်ရောက်ခွင့်ရရှိကြောင်း နှင့် တက်ရောက်ရမည့် zoom Link တို့ကို ပေးပို့သွားမည် ဖြစ်ပါသည်။
Technical Aid Students – Myanmar
05/09/2022
"စစ်ရှောင်ပညာရေးအလှူ ပြည်သူတစ်ရပ်လုံး ဝိုင်းဝန်းကူ" Campaign ၏ ပထမအပတ် ဒုတိယရက်တွင် ရရှိသော အလှူငွေပမာဏမှာ ၃၇၂,၃၅၀ ကျပ်ဖြစ်ပါသည်။ ဆက်လက်ပါဝင်ကူညီပေးကြဖို့ တောင်းဆိုအပ်ပါသည်။
https://www.facebook.com/1003877509733039/posts/5375888745865205/
26/08/2022
မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်
University of Veterinary Science
စာအမှတ်။ ။ ၂၀ / ကြေညာ / ၂၀၂၂
၁၃၈၄ ခုနှစ် တော်သလင်း လဆန်း ၁ ရက် နေ့
ရက်စွဲ။ ။ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၂၆ ရက်
“နောက်ဆုံးနှစ် (BASc) ကျောင်းသူ၊ ကျောင်းသားများ အား အစည်းအဝေး ဖိတ်ကြားခြင်း”
မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ ကြားကာလတက္ကသိုလ်ကောင်စီသည် နောက်ဆုံးနှစ် (BASc) ကျောင်းသား၊ ကျောင်းသူများအား ပုံမှန်သင်တန်းများ ပြန်လည်ဖွင့်လှစ်သင်ကြားပေးနိုင်ရေးအတွက် နောက်ဆုံးနှစ် (BASc) ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ ဆွေးနွေးလိုပါသဖြင့် အောက်ပါအချိန်အတိုင်း အစည်းအဝေး တက်ရောက်ပေးကြပါရန် ဖိတ်ကြားအပ်ပါသည်။
နေ့ရက် - ၁.၉.၂၀၂၂ (ကြာသပတေးနေ့)
အချိန် - ည (၇:၀၀ ) နာရီ
Zoom link ကို သက်ဆိုင်ရာ ကိုယ်စားလှယ်များမှတဆင့် ပို့ပေးပါမည်။ ကောင်စီ page ၏ Messenger (သို့မဟုတ်) ကောင်စီ telegram acc - https://t.me/uvsiuc458 တွင်လည်း လာရောက် တောင်းယူ နိုင်ပါသည်။
ကြားကာလတက္ကသိုလ်ကောင်စီ
မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်
25/08/2022
မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်
စာအမှတ်။ ။ ၁၉ / ကြေညာ / ၂၀၂၂
၁၃၈၄ ခုနှစ် ဝါခေါင် လကွယ် ရက် နေ့
ရက်စွဲ။ ။ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၂၅ ရက်
“နောက်ဆုံးနှစ် (DVM) ကျောင်းသူ၊ ကျောင်းသားများ အား အစည်းအဝေး ဖိတ်ကြားခြင်း”
မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ ကြားကာလတက္ကသိုလ်ကောင်စီသည် နောက်ဆုံးနှစ် (DVM) ကျောင်းသား၊ ကျောင်းသူများအား ပုံမှန်သင်တန်းများ ပြန်လည်ဖွင့်လှစ်သင်ကြားပေးနိုင်ရေးအတွက် နောက်ဆုံးနှစ် (DVM) ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ ဆွေးနွေးလိုပါသဖြင့် အောက်ပါအချိန်အတိုင်း အစည်းအဝေး တက်ရောက်ပေးကြပါရန် ဖိတ်ကြားအပ်ပါသည်။
နေ့ရက် - ၃၁.၈.၂၀၂၂ (ဗုဒ္ဓဟူးနေ့)
အချိန် - ည (၇:၀၀ ) နာရီ
Zoom link ကို သက်ဆိုင်ရာ ကိုယ်စားလှယ်များမှတဆင့် ပို့ပေးပါမည်။ ကောင်စီ page ၏ Messenger (သို့မဟုတ်) ကောင်စီ telegram acc - https://t.me/uvsiuc458 တွင်လည်း လာရောက် တောင်းယူ နိုင်ပါသည်။
ကြားကာလတက္ကသိုလ်ကောင်စီ
မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်
21/08/2022
UVS Fundraising team အနေနဲ့ ရပ်တည်လာတာ ၆ လ ရှိပါပြီ
နည်းနည်းလေးပြောပါရစေ(ဆူတဲ့ပိုစ့်ပါ)
ကျောင်းဆင်းတွေရဲ့အားကို ယူမယ်လို့ အားကိုးပြီး
ကျောင်းက CDM တွေ ကျောင်းဆင်းတွေကျောင်းသားတွေရှိတဲ့ PDF စခန်းတွေ ထောက်ပံ့နိုင်ဖို့ရည်ရွယ် ဖွင့်ခဲ့တာပါ။ အစမှာတော့ ဟုတ်သလိုလို ရှိပေမဲ့ အခုလက်ရှိမှာတော့ မဲလက်မှတ် တစ်စောင် ၁၀၀၀၀ နဲ့ လက်မှတ်၂၀၀ တောင်မကုန် ၊ အလှူငွေလည်းမလာလို့ fundraising team မှာ လိုငွေပြနေတာကြာပါပြီ။ ဒီကာလ ဟာ အကုန်ကျပ်တည်းကြတာမို့ နားလည်ပေမဲ့ မွေးဆေးကျောင်းဆင်းတွေရဲ့ အလုပ်အက်ုင်ဟာ သူများနဲ့ထက်စာရင် မဆိုးတာမို့ ၁၀၀၀၀ ဆိုတဲ့ပမာဏ လစဉ် ၃၀၀၀၀/၅၀၀၀၀ လှူမယ်ဆိုရင်အဲ့ပမာဏ တွေဟာ ဘာမှမဟုတ်တဲ့ ပမာဏ တွေမှန်း သိသာပါတယ် ။ အရက်တဝိုင်းသောက်စာ၊ ktv တခါသွားစာ မရှိတဲ့ ပမာဏ ပါ။ မွေးဆေးကျောင်းဆင်းတွေလောက် ကျောင်းကိုချစ်ဟန်ဆောင်၊ ချစ်ပြ၊ ကျောင်းထိရင်နာပြ၊ ဆရာ၊ ဆရာမတွေကို ချစ်ပြတတ်၊ professional ကိုထိရင်နာပြတတ်ကြတာ မွေးဆေးကျောင်းဆင်းလောက်နာတတ်တာ မွေးဆေးကျောင်းဆင်းတွေပဲ ရှိပါတယ်။ ခုကျ အဲ့လူတွေဟာ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ပြီး CDM တွေကိုကျွေးထားမယ်ဆိုတဲ့သူမရှိတော့သလို ထောက်ပံ့ဖို့ယောင်လို့တောင် လှည့်မကြည့်ကြတော့တာ တော်တော်အံ့ဩဖို့ကောင်းပါတယ်။ တရားလည်းရပါတယ်။ ပါးစပ်နဲ့ချစ်ပြတတ်သူတွေပါလားလို့ ထင်မိပါရဲ့
အဲ့ဒီတော့အဲ့လိုအထင်မခံချင်ရင် fundraising team ကို လစဉ် လာလှူကြပါ။ လက်မှတ်တွေဝယ်ကြပါ။ အပြောချစ်တာမလိုချင်ပါဘူး လက်တွေ့ချစ်တာလိုချင်ပါတယ်။
အဲ့တော့
လက်မှတ်ဝယ်ချင်ရင်👇👇👇👇
https://www.facebook.com/1595057740774725/posts/3259837687630047/
ကူညီထောက်ပံ့လိုပါက page messenger သို့ telegram Acc https://t.me/uvsiuc458 သို့ ဆက်သွယ်နိုင်ပါသည်။
Telegram channel - https://t.me/uvsfundraisingteam သိူ့ ဝင်ရောက်၍ လည်း သတင်းအချက်အလက်များ ဖတ်ရှုနိုင်ပါသည်။