U Aung Ko Myint

U Aung Ko Myint Knowledge Is Power

Keyword သတ်မှတ်ခြင်းနဲ့ ပတ်သတ်ပြီး အမေးများလာလို့ သိသလောက်လေး ရှင်းပြပေးထားပါတယ်.....ခု Share မယ့် အကြောင်းကတော့ Google ...
22/10/2020

Keyword သတ်မှတ်ခြင်းနဲ့ ပတ်သတ်ပြီး အမေးများလာလို့ သိသလောက်လေး ရှင်းပြပေးထားပါတယ်.....

ခု Share မယ့် အကြောင်းကတော့ Google Adsမှာ Video Marketing, Search & Display Ads Marketing လုပ်တဲ့ အခါမှာ ကိုယ့်ရဲ့ Ads Budgetကို Coverage ဖြစ်ဖို့/effective ဖြစ်ဖို့ဆို Keywords သတ်မှတ်ခြင်းကလည်း တော်တော်အရေးပါတယ်ဆိုတဲ့အကြောင်း ပဲဖြစ်ပါတယ်

- Keywordလို့ပြောရင် အမျိုးစားများစွာရှိပါတယ် Brand Keywords, Product Keywords, Misspelling Keywords, Negative Keywords and etc.. စသဖြင့် မြောက်များစွာ ရှိပါတယ်

ကိုယ်သတ်မှတ်ချင်တဲ့ Keywords အမျိုးစားပေါ်မူတည်ပြီး Keyword Match typeတွေသတ်မှတ်ရပါအုံးမယ်

၁။Exact Match သတ်မှတ်ခြင်း
ဥပမာ မိန်းကလေးဆောင်း ဦးထုပ်ကြော်ငြာတယ်ဆိုပါစို့ Adsမှာ ကိုယ့်ရဲ့ Keywordsကို Woman's hats/Women's hats လို့ Keywordsသတ်မှတ်ပြီးကြော်ငြာတယ် ဒါပေမယ့် Customerက buy Woman's hats/women's hats on sale ဖြင့် Googleမှာ Search လုပ်ရင် Ads က ပြမှာမဟုတ်ပါဘူး ဘာလို့လဲဆို exact match သတ်မှတ်ထားလို့ပါ

၂။ Phrase Match Keywords ကတော့ Adsမှာ Keywordsကို women's hats/buy women's hatsလို့သတ်မှတ်ထားပေးမယ့်လည်း customerက girls hats/ women's baseball hats လို့ ရှာရင်လည်း ကိုယ့် adsက ပြမှာမဟုတ်ပါဘူး

၃။ Broad Match ကတော့ Ads မှာ Keywordsက women's hatsလို့ သတ်မှတ်ထားသော်လည်း customerက women's hats/buy ladies hats/buy red hats for women's စသဖြင့်ရှာရင်လည်း Ads က ဖော်ပြပေးမှာဖြစ်ပါတယ်
ဒီအချက် အတွေအားလုံး ြခုံငုံမိဖိုဆိုရင် ဘယ်လိုလုပိဆောင်ရမလဲ Google AdWordsနဲ့ ချိတ်ဆက်ပြီး Keywords သတ်မှတ်နိုင်ပါတယ်

ဒါကြောင့် ကိုယ့်ရဲ့ Adsတွေကို Googleမှာ Customer ရှာရလွယ်ကူရန် Keywords ကို သေချာရွေးချယ်သတ်မှတ်ခြင်းကလည်း Right Customerတွေဆီ ကိုယ့်ရဲ့ကြော်ငြာရောက်ရှိမှာဖြစ်ပါတယ်

https://www.loom.com/share/d45892cbd57a4844a20152f56e29b411

Check out a video I made via Loom

15/07/2020


Facebook အစား ဒီ Website ၁၀ ခုနဲ့ သင့်ကိုယ်သင် အဆင့်မြှင့်တင်ကြည့်ပါ
=============================

လူတိုင်းနီးပါးဟာ တနေ့ကို ၂ နာရီလောက် ဆိုရှယ်မီဒီယာတွေမှာ အချိန်ဖြုန်းတတ်ကြပါတယ်။

ပြန်စဉ်းစားကြည့်ကြမယ်ဆိုရင် အဲဒီလို ၂ နာရီလောက် ပုံမှန်အချိန်ဖြုန်းနေပမယ့် အဲဒီကနေ လောက်လောက်လားလား မက်လောက်စရာ ကျွန်တော်တို့ ဘာပြန်ရပါသလဲ။

ဘာသာစကားအသစ်တွေ လေ့လာမိသလား?
တခြားအရည်အသွေးတွေ မြင့်တက်လာသလား?

အခု ကျွန်တော်က အခရာ ပရိတ်သတ်တွေကို လူမှုကွန်ယက်မဟုတ်တဲ့ စိတ်ဝင်စားစရာ Website ၁၀ ခုနဲ့ မိတ်ဆက်ပေးပါမယ်။

ဒီ Website ၁၀ ခုက ပရိတ်သတ်တွေရဲ့ ဘဝကို ပိုစမတ်ကျကျ တိုးတက်လာစေမယ့် Website တွေဆိုတာကိုတော့ အာမခံပါတယ်။ ကြည့်ကြရအောင် …

1.Unplug The TV

www.unplugthetv.com

ဒီ Website ထဲကို တကြိမ်ဝင်ကြည့်လိုက်တိုင်းမှာ မတူညီတဲ့ ဗီဒီယိုအသစ်တခုကို ကြည့်ရှုရပါလိ့မ်မယ်။ ဘယ်လို ဗီဒီယိုဖိုင်မျိုးလဲဆိုတော့ မိမိကိုယ်ကိုယ် စမတ်ကျကျရှင်သန်နိုင်စေဖို့ လမ်းညွှန်ပေးမယ့် ဗီဒီယိုဖိုင်မျိုးပေါ့။ တကယ်လို့ အကြောင်းအရာက ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာမျိုးမဟုတ်ခဲ့ရင်တောင်မှ ဗီဒီယိုဖိုင်ကို ပြီးဆုံးသည်အထိ ကြည့်ကြည့်ပါ။ မတူညီတဲ့ အကြောင်းအရာတွေ တင်ပြပုံတွေထဲကနေ သင့်ကို အမြင်ကျယ်စေပြီး စိတ်ချမ်းသာမှုကို တည်ဆောက်နိုင်စေမယ့် အကြောင်းအရာတွေ မျှဝေပေးပါလိမ့်မယ်။

2.Skillshare

www.skillshare.com

နယ်ပယ်အသီးသီးက ကျွမ်းကျင်သူ ပညာရှင်တွေက သင်ခန်းစာတွေ သင်ကြားပေးမှာဖြစ်ပါတယ်။ သီအိုရီတွေ ပညာခန်းတွေ တစ်ခုမှမပါဝင်ပါဘူး။ အသုံးဝင်ပြီး ထိရောက်တဲ့နည်းတွေချည်း ချပြမှာဖြစ်ပါတယ်။ ကိုယ်ဝါသနာပါရာကို ရှာဖွေကြည့်ရုံပါပဲ။

3.University of the People

www.uopeople.edu

အကျိုးအမြတ်မယူတဲ့ လူမှုအဖွဲ့အစည်းတစ်ခု ဖန်တီးထားတဲ့ ဒီ Website ဟာ တက္ကသိုလ်ပညာရေးကနေ ဘွဲ့ရပြီးတဲ့အထိ ပါဝင်တဲ့ ပညာရပ်နယ်ပယ်အသီးသီးက ဘာသာရပ်တွေကို လေ့လာဖို့ ကျူရှင်မဟုတ်တဲ့ အွန်လိုင်းသင်တန်းတွေကို ဖွင့်လှစ်ပေးထားပါတယ်။

4.High Brow

www.highbrow.com

ဒီ Website ကို Subscribe လုပ်ထားမယ်ဆိုရင် သူတို့ဆီကနေ ၅ မိနစ်စာ ဘာသာရပ်အလိုက် သင်ခန်းစာတွေကို နေ့စဉ် အခမဲ့ ပို့ပေးနေမှာဖြစ်ပါတယ်။ စိတ်ဝင်စားစရာကောင်းသလို ဗဟုသုတလည်းရပါတယ်။

5.Investopedia

www.investopedia.com

Wikipedia တော့ အားလုံးကြားဖူးကြမှာပါ။ ဒါက Wikipedia မဟုတ်ပေမယ့် Wiki လိုပဲ လူတွေကို အထောက်အကူပြုတဲ့ Site တစ်ခုပါပဲ။ ရင်းနှီးမြှုပ်နှံမှုနဲ့ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်တွေက ရှုပ်ထွေးပြီးတော့ နားလည်ရခက်ခဲပါတယ်။ ဒါပေမယ့် မိမိနှစ်သက်သည်ဖြစ်စေ မနှစ်သက်သည်ဖြစ်စေ ငွေကြေးဆိုတာ အမြဲတစေပတ်သက်နေရမှာပါ။ ဒီတော့ ဒီ Website ထဲကနေတဆင့် အချက်အလက် ကိုင်တွယ်စုဆောင်းမှုပညာရှင်တွေနဲ့ ငွေကြေးကဏ္ဍကျွမ်းကျင်သူတွေရဲ့ လမ်းညွှန်ချက်တွေ အချက်အလက်တွေ ဗဟုသုတတွေ အကြံဥာဏ်တွေကို ရယူနိုင်ပါတယ်။

6.Brain Pump

www.brainpump.net

ထူးထူးထွေထွေ ဆန်းဆန်းပြားပြားတွေကိုမှ စိတ်ဝင်စားသူတွေဟာ ဒီ Site ထဲကို ဝင်ကြည့်သင့်ပါတယ်။ ကမ္ဘာတစ်လွှားက လူသိနည်းတဲ့ ဗဟုသုတတွေ အိုင်ဒီယာတွေကိုမှ သီးခြား စုစည်းဖော်ပြပေးတဲ့ Website မို့ပါ။ ဒီအတိုင်း ရှာဖွေဖတ်ရှုဖို့တောင် ခက်ခဲတဲ့ ဗဟုသုတတွေဆိုတော့ လူမှုကွန်ယက်စာမျက်နှာတွေမှာ ဒီလို တစုတစည်းထည်း မြင်ရဖို့ဆိုတာ ဝေလာဝေးပါပဲ။ တစ်ခုအကြံပေးချင်တာက ဒီထဲက အကြောင်းအရာတွေက လူတိုင်းအတွက် အသုံးဝင်ချင်မှ ဝင်ပါလိ့မ်မယ်။ ဒါပေမယ့် သေချာတာကတော့ သင်ဒီထဲဝင်ကြည့်ပြီးရင် အရင်ကထက်ပိုပျော်တတ်လာပြီး ပိုတီထွင်ဆန်းသစ်ချင်လာမယ်ဆိုတာပါပဲ။

7.Spreeder

www.spreeder.com

ဖြည်းဖြည်းနဲ့ မှန်မှန် စာဖတ်ကျင့်ရှိတဲ့သူတွေဟာ တဖြည်းဖြည်းချင်း ခိုင်မာအားကောင်းတဲ့ အမြင်စူးရှမှုကို ရလာပါလိမ့်မယ်။ ဒီတော့ တဖြည်းဖြည်းချင်းပဲ သူများတွေထက် တိုးတက်လာမှာပေါ့။ အခု Website ကတော့ သင်တို့ကို ခပ်မြန်မြန်စာဖတ်နိုင်အောင် ကူညီပါလိမ့်မယ်။ ကိုယ်ဖတ်ချင်တဲ့စာကို Copy/Paste လုပ်ပြီး Site ထဲထည့်ရင် Site က အမြန်ဆုံးနဲ့ အရှင်းဆုံးဖြစ်အောင် ဘယ်လိုဖတ်ရမယ်ဆိုတာကို ပြင်ဆင်လမ်းညွှန်ပေးပါလိမ့်မယ်။

8.Coursera

www.coursera.org

Coursera ဟာ အွန်လိုင်းပေါ်ကနေ Learning လုပ်ဖို့ အကောင်းဆုံး Website လို့ ညွှန်းပါရစေ။ ကျွန်တော်ကိုယ်တိုင်လည်း ဒီ Website ကနေ သင်ခန်းစာတွေ Subscribe လုပ်ပြီး လေ့လာနေလို့ပါ။ သိပ်ကောင်းပါတယ်။ အခမဲ့ အွန်လိုင်း သင်ခန်းစာတွေ/သင်ကြားမှုတွေပေးတဲ့နေရာမှာ ဂုဏ်သိက္ခာအကြီးမားဆုံး Website တစ်ခုဖြစ်ပါတယ်။ Data Science တို့ Machine Learning တို့လိုမျိုး ခက်ခဲနက်နဲတဲ့ ဘာသာရပ်တွေအထိ ရှာဖွေ လေ့လာနိုင်ပါတယ်။

9.Hemingway Editor

www.hemingwayapp.com

လူတိုင်းနီးပါးက ဝါသနာကြောင့်ဖြစ်စေ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်စေ စာရေးဖြစ်တတ်ကြပါတယ်။ ဒီ Website ကတော့ စာဘယ်လိုရေးရမယ်ဆိုတာကို လမ်းညွှန်ပါလိမ့်မယ်။ ကိုယ်ရေးသားထားတဲ့ စာတွေကို Site ထဲ Paste လုပ်လိုက်တဲ့အခါ စာသားတွေကို ဘယ်လိုထားသိုသင့်တယ်၊ ဘယ်လို မက်ဆေ့ခ်ျပေးမယ်၊ စာပိုဒ်တွေ ဘယ်လိုတည်ဆောက်မယ် စသဖြင့်ပေါ့လေ ပြင်ဆင်တည်းဖြတ်ပေးပါလိမ့်မယ်။ ဒါက ကိုယ့်ရဲ့ ကိုယ်ပိုင် အယ်ဒီတာလေးဖြစ်နေမှာပါ။

10.edX

www.edx.org

ဒီ Website ထဲမှာ ကမ္ဘာတလွှားက တက္ကသိုလ်ပေါင်းမြောက်များစွာရဲ့ အွန်လိုင်း သင်တန်းပေါင်းမြောက်များစွာကို ရှာဖွေနိုင်ပါတယ်။ ၂၀၁၆ ဒီဇင်ဘာတုန်းက ဒီ Site ကနေတဆင့် ပညာသင်ကြားခဲ့တဲ့ ကျောင်းသား ၁၀ သန်းပြည့်ခဲ့ပြီးတော့ သင်တန်းအရေအတွက်အားဖြင့်လည်း ၁၂၇၀ ခုအထိ ချိတ်ဆက်ဖွင့်လှစ်ပေးထားပါတယ်တဲ့ဗျာ။

:
MYANMAR ICT ACADEMY

15/07/2020

Video Ad တွေကို ကြော်ငြာချင်တဲ့ နေရာ (Ads Show) ပြချင်တဲ့နေရာ/related video network placement သတ်မှတ်နည်း

13/06/2020

Video Ads ကို ကြော်ငြာချင်တဲ့နေရာ(Ads Show) သတ်မှတ်နည်း (Content Targeting {Google Ads}

09/06/2020

Define Demographic & Audience Targeting (Google Ads)

Address

Naypyidaw

Website

Alerts

Be the first to know and let us send you an email when U Aung Ko Myint posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share