14/06/2022
၂၀၂၂ ခုနှစ် သြဂုတ်လ (၇) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် Nat-Test ဂျပန်စာအရည်အချင်းစစ် စာမေးပွဲဖောင်များကို ဇွန်လ (၁၄) ရက်နေ့မှ စပြီး ဇူလိုင်လ (၈) ရက်နေ့ မနက် (၁၁) နာရီအထိ လက်ခံပေးသွားပါမည်။
စာမေးပွဲလျှောက်ထားရန် လိုအပ်သည့် အချက်များ
၁။ စာမေးပွဲလျှောက်လွှာဖောင် ( Online မှ ဒေါင်းယူပြီး ဖြည့်သွင်းပုံနမူနာအတိုင်း (လက်ရေးမူဖြင့်) ဖြည့်ရန် )
၂။ မှတ်ပုံတင်မိတ္တူ တစ်စောင်
၃။ 30* 40* Mm ဓာတ်ပုံနှစ်ပုံ ( တစ်ပုံမှာ စာမေးပွဲလျှောက်လွှာဖောင်တွင် ကပ်ရန်)
၄။ စာမေးပွဲကြေး ( ၄၂၀၀၀ ) ကျပ်
စာမေးပွဲလျှောက်လွှာဖောင် ဒေါင်းယူရန်လင့်
http://yangon.nat-test.jp/Yangon%20Nat-Test%20Forms%202022.pdf
စာမေးပွဲဖောင်ဖြည့်သွင်းရန် နမူနာပုံ ကြည့်ရန်လင့်
http://yangon.nat-test.jp/
မှတ်ချက်
(၁) စာမေးပွဲဖောင် ဖြည့်သွင်းရာတွင် စာမေးပွဲ နမူနာဖောင်တွင် ဝိုင်းပြထားသော နေရာတွင်သာ ဖြည့်ရန်။
(၂) ဓာတ်ပုံကြည်လင်ပြတ်သားမှု မရှိခြင်း ၊ ပုံဆိုဒ်မှန်ကန်မှု မရှိပါက လက်ခံမည်မဟုတ်ပါ ။
(၃) အချက်အလက် ပြည့်စုံပါက ကိုယ်စားဖောင်လက်ခံပေးပါသည်။
(၄) Online မှ ဖောင်လက်ခံခြင်း မရှိသေးပါ။
(၅) ယခုအကြိမ်အတွက် N1 Level မပါရှိပါ။
အသေးစိတ်သိရှိလိုပါက Nat-Test Center Yangon ရုံး ဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်း ( နေ့ခင်း (၁၂) နာရီမှ (၁) နာရီ အထိ ထမင်းစားနားပါသည်) ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
09-789885510,09-5048520,01-535626,01-514418
Nat-Test Center, Yangon