Pioneer Education

Pioneer Education We build our Future. We are Pioneers.

First Day of School Memories Starting the school year the best way we know — with bright smiles and excitement for every...
01/06/2026

First Day of School Memories

Starting the school year the best way we know — with bright smiles and excitement for everything ahead ✨🤗🤩

စာသင်နှစ်အစမှာ
တက်တက်ကြွကြွ ပျော်ပျော်ရွှင်ရွှင်နဲ့
Class activities တွေမှာပါဝင်လုပ်ဆောင်နေကြတဲ့
သားသားမီးမီးလေးတို့ရဲ့ ပုံရိပ်အချို့ကို အမှတ်တရအနေနဲ့ မျှဝေလိုက်ပါရစေရှင့် 🥰🥰🥰





Pioneer Education Private School ရဲ့2026 - 2027 ပညာသင်နှစ်KG မှ Grade 8 အထိ အတန်းများကို မနက်ဖြန် ဇွန်လ (၁) ရက်နေ့ တနင်္...
31/05/2026

Pioneer Education Private School ရဲ့
2026 - 2027 ပညာသင်နှစ်
KG မှ Grade 8 အထိ အတန်းများကို
မနက်ဖြန် ဇွန်လ (၁) ရက်နေ့ တနင်္လာနေ့မှ စတင်၍
ဖွင့်လှစ်သွားမှာဖြစ်ပါတယ်

စာသင်နှစ်အသစ်ရဲ့ ကျောင်းချိန်လေးများကို ဖေဖေမေမေတို့အားလုံးသိရအောင် မျှဝေပေးလိုက်ပါတယ်

🏫 KG to Grade 1 ကျောင်းချိန်
နံနက် ၉ နာရီ မှ ညနေ ၃ နာရီ အထိ

🏫 Grade 2 to Grade 4 ကျောင်းချိန်
နံနက် ၉ နာရီ မှ ညနေ ၃:၂၀ နာရီ အထိ

🏫 Grade 5 to Grade 8 ကျောင်းချိန်
နံနက် ၉ နာရီ မှ ညနေ ၃:၄၅ နာရီ အထိ
ဖြစ်ပါတယ် 🤗

ကျောင်းသားသစ်များနဲ့ ကျောင်းသားဟောင်း
သားသားမီးမီးလေးများအားလုံး ကျောင်းဖွင့်ရက်အတွက် ရင်ခုန်စိတ်လှုပ်ရှားနေကြမယ်လို့ မျှော်လင့်ပါတယ် 🥰🥰🥰

See you Tomorrow !!! 🤩🥳

Pioneer Education Private School
စစ်တောင်းလမ်းနှင့် မဉ္ဇူသကလမ်းထောင့်၊
ဒက္ခိသီရိမြို့နယ်၊နေပြည်တော်။




2026-2027 ပညာသင်နှစ်အတွက် ကျောင်းအပ်နှံခြင်း ပုံရိပ်များ 📸မေလ ၂၅ ရက်နေ့ မှ မေလ ၃၁ ရက်နေ့ အထိနံနက် ၈:၃၀ မှ နေ့လည် ၃:၀၀ နာ...
25/05/2026

2026-2027 ပညာသင်နှစ်အတွက် ကျောင်းအပ်နှံခြင်း ပုံရိပ်များ 📸

မေလ ၂၅ ရက်နေ့ မှ မေလ ၃၁ ရက်နေ့ အထိ

နံနက် ၈:၃၀ မှ နေ့လည် ၃:၀၀ နာရီအတွင်း

Pioneer Education Private School
စစ်တောင်းလမ်းနှင့် မဉ္ဇူသကလမ်းထောင့်၊
ဒက္ခိဏသီရိမြို့နယ်၊ နေပြည်တော်

သို့ လာရောက်အပ်နှံနိုင်ပါပြီရှင်။





#ကျောင်းအပ်နှံရေးသီတင်းပတ်

📣၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံခြင်း ကြေညာချက်✨✨✨ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန၏ ညွှန်ကြားချက်များအရ ကျောင...
20/05/2026

📣၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံခြင်း ကြေညာချက်✨✨✨

ပညာရေးဝန်ကြီးဌာန
အခြေခံပညာဦးစီးဌာန၏ ညွှန်ကြားချက်များအရ
ကျောင်းအပ်နှံရေးသီတင်းပတ်ကာလမှာ

"မေလ ၂၅ ရက်နေ့ မှ မေလ ၃၁ ရက်နေ့" အထိ

ဖြစ်ပါသည်။ ထိုရက်များတွင် နေ့စဉ် ကျောင်းချိန်
နံနက် ၈:၃၀ မှ နေ့လည် ၃:၀၀ နာရီအတွင်း
ကျောင်းသို့လာရောက်၍ အပ်နှံနိုင်ပါပြီရှင် 🥰🥰

Pioneer Education Private School
မဉ္ဇူသကလမ်းနှင့် စစ်တောင်းလမ်းထောင့်၊
ဒက္ခိဏသီရိမြို့နယ်၊ နေပြည်တော်။

☎️ 09 965 956 975 , 09 420 554 886





Pioneer Education ကိုယ်ပိုင်အလယ်တန်းကျောင်းတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် တာဝန်ထမ်းဆောင်ရန် ဆရာ/ ဆရာမများ ခန့်ထားလိုပါသည...
03/05/2026

Pioneer Education ကိုယ်ပိုင်အလယ်တန်းကျောင်းတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် တာဝန်ထမ်းဆောင်ရန် ဆရာ/ ဆရာမများ ခန့်ထားလိုပါသည်။

ပညာရေးတွင်စိတ်အားထက်သန်ပြီး
ကလေးများကို ချစ်ခင်ကြင်နာတတ်သော
ဆရာ၊ ဆရာမများအား Pioneer Education နှင့် အတူလက်တွဲရန် နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါသည်။

ခေါ်ယူမည့် ရာထူးများ

💎Subject Teachers (English and 4 Skills) – 2 posts
💎Assistant Teachers – 5 posts

အရည်အချင်း သတ်မှတ်ချက်များ📝

✅ သက်ဆိုင်ရာဘာသာရပ်အလိုက် ဘွဲ့ရရှိထားသူဖြစ်ရမည်။

✅ ကလေးများနှင့် ဆက်ဆံရာတွင် စိတ်ရှည်သည်းခံနိုင်သူ ဖြစ်ရမည်။

✅ သင်ကြားရေး အတွေ့အကြုံရှိသူများနှင့် Green card ရှိသူများကို ဦးစားပေး စဉ်းစားပါမည်။

✅ တက်ကြွရွှင်လန်းပြီး ပူးပေါင်းဆောင်ရွက်နိုင်သူ ဖြစ်ရမည်။

✅ အခြေခံကွန်ပျူတာကျွမ်းကျင်မှုရှိရပါမည်။

👩🏼‍🏫 လစာ - 𝙉𝙚𝙜𝙤𝙩𝙞𝙖𝙗𝙡𝙚✨✨

📍📍📍ရပ်ဝေးမှ လျှောက်ထားသော ဆရာဆရာမများအား ကျောင်းမှ နေစရာအဆောင်စီစဉ်ပေးပါမည်။

လျှောက်ထားရန် စိတ်ပါဝင်စားသူများအနေဖြင့်…

Pioneer Education Private School
(ဒ/၂၆၃၅၊ မဉ္ဇူသကလမ်းနှင့် စစ်တောင်းလမ်းထောင့်၊ ဒက္ခိဏသီရိမြို့နယ်၊ နေပြည်တော်။)
သို့ Monday to Thursday ကျောင်းချိန် နံနက် ၉ နာရီ မှ ညနေ ၃ နာရီ အတွင်း လူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်ပါသည်။

ကျောင်းသို့လာရောက်လျှောက်ထားရန် အခက်အခဲရှိပါက
Viber ဖုန်းနံပါတ် - 09 965 956 975
Email – [email protected]
မှတစ်ဆင့် မေလ (၁၅) ရက်နေ့ နောက်ဆုံးထား၍
လျှောက်ထားနိုင်ပါသည်။

#2026-2027

"ဖွား ပွင့်ဟော စံ ဗျာဒိတ်ခံ မှတ်ရန် ဗုဒ္ဓနေ့"ကဆုန်လပြည့်နေ့ အခါသမယတွင် ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းသာ၍ ကုသိုလ်ကောင်းမှုအစု...
30/04/2026

"ဖွား ပွင့်ဟော စံ ဗျာဒိတ်ခံ မှတ်ရန် ဗုဒ္ဓနေ့"

ကဆုန်လပြည့်နေ့ အခါသမယတွင်
ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းသာ၍
ကုသိုလ်ကောင်းမှုအစုစုကို ပြုလုပ်နိုင်ကြပါစေဟု
Pioneer Education Private School မိသားစုမှ
ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🙏🙏🙏


#ကဆုန်လပြည့်
#ဗုဒ္ဓနေ့

သင်္ကြန်အငွေ့အသက်တွေနဲ့အတူ ပျော်ရွှင်ခဲ့ရတဲ့ Pioneer Education ရဲ့ သင်္ကြန်အကြို ရေသဘင်ပွဲတော်နေ့ 💦💦🔫🌼🌿🌼🌿🌼🌿🌼🌿🌼🌿🌼🌿🌼🌿🌼နွေရ...
10/04/2026

သင်္ကြန်အငွေ့အသက်တွေနဲ့အတူ ပျော်ရွှင်ခဲ့ရတဲ့ Pioneer Education ရဲ့ သင်္ကြန်အကြို ရေသဘင်ပွဲတော်နေ့ 💦💦🔫

🌼🌿🌼🌿🌼🌿🌼🌿🌼🌿🌼🌿🌼🌿🌼

နွေရာသီကျောင်းပိတ်ရက် Summer Class များမှာ ပညာသင်ကြားနေကြတဲ့ သားသားမီးမီးတို့အတွက် မမေ့နိုင်စရာ "သင်္ကြန်အကြို ရေကစားပွဲ" လေးကို ဒီနေ့ ဧပြီလ ၁၀ရက်နေ့မှာ ကျင်းပခဲ့ပြီးဖြစ်ပါတယ်။

Teacher တွေနဲ့ ကလေးတွေအားလုံး
ပျော်ပျော်ပါးပါး သီချင်းတွေသီဆို၊
ရေတွေပက်ကြရင်း အတူတူရယ်မောပျော်ရွှင်ကြရတဲ့ အခိုက်အတန့်လေးများက တကယ့်ကိုနွေးထွေးစရာ အမှတ်တရဖြစ်ခဲ့ပါတယ် 🥰💗

ဒါ့အပြင် Pioneer Education မှ ဆရာဆရာမများအားလုံးရဲ့ အလှူအဖြစ် မုန့်လုံးနဲ့ ရွှေရင်အေးတို့ကိုလည်း စတုဒီသာ အဖြစ်ကျွေးမွေးလှူဒါန်းခဲ့ကြပါသေးတယ်။

ကြည်နူးစရာကောင်းတဲ့ ဒီကနေ့ရဲ့ ပုံရိပ်လေးတွေကို မိဘအုပ်ထိန်းသူများအားလုံး မြင်တွေ့ရအောင် ပြန်လည်မျှဝေပေးလိုက်ပါရစေရှင်🥰💦💦

#သင်္ကြန်



မင်္ဂလာပါရှင် 🌻🌻🌻မကြာခင်ဖွင့်လှစ်တော့မယ့် SUMMER PROGRAM လေးမှာ တက်ရောက်ဖို့စာရင်းပေးထားကြတဲ့ သားငယ်သမီးလေးများအားလုံးကိ...
27/02/2026

မင်္ဂလာပါရှင် 🌻🌻🌻

မကြာခင်ဖွင့်လှစ်တော့မယ့် SUMMER PROGRAM လေးမှာ တက်ရောက်ဖို့စာရင်းပေးထားကြတဲ့ သားငယ်သမီးလေးများအားလုံးကို
🍀မနက်ဖြန် February 28 ရက်မှစလို့ March 3 ရက်နေ့မတိုင်မီအထိ Placement Test (English level test) လေး အခမဲ့ စစ်ဆေးပေးမှာဖြစ်လို့
လာရောက်ဖြေဆိုနိုင်ပြီဖြစ်ကြောင်း အသိပေးပါရစေ

ကျောင်းသားသစ်လေးများအပြင် မနှစ်က Summer မှာ တက်ရောက်ဆဲသားသားမီးမီးတို့ကိုပါ ထပ်မံပြီး စစ်ဆေးပေးမှာဖြစ်တဲ့အတွက် ကျောင်းချိန် မနက် 9 နာရီမှ ညနေ 3 နာရီ အတွင်း Pioneer Education Private School မှာ လာရောက်ဖြေဆိုနိုင်ပါပြီရှင် 🫶🥰

မှတ်ချက်- KG နှင့် Grade 1 တက်ရောက်ရမည့် သားငယ်သမီးငယ်လေးများ Placement test ဖြေဆိုရန်မလိုပါရှင်။

ကျောင်းလိပ်စာ- ဒ/ ၂၆၃၅၊ မဉ္ဇူသကလမ်းနှင့် စစ်တေင်းလမ်းထောင့်၊ ရွှေအင်ကြင်းရပ်ကွက်၊ ဒက္ခိဏသီရိမြို့နယ်၊ နေပြည်တော်။

ဆက်သွယ်ရန်ဖုန်းများ
09 420554886
09 259273627
09 965956975


📚🎓2025-2026 ပညာသင်နှစ် Grade 5 ခရိုင်စစ်စာမေးပွဲကြီးရဲ့ ပထမရက်မှာမြန်မာစာဖြေဆိုပြီး ပြုံးရွှင်စွာထွက်လာခဲ့ကြတဲ့ Pioneer ...
23/02/2026

📚🎓2025-2026 ပညာသင်နှစ်
Grade 5 ခရိုင်စစ်စာမေးပွဲကြီးရဲ့ ပထမရက်မှာ
မြန်မာစာဖြေဆိုပြီး ပြုံးရွှင်စွာထွက်လာခဲ့ကြတဲ့ Pioneer Education ကျောင်းမှ သားငယ်သမီးငယ်လေးများရဲ့ ပုံရိပ်လေးများဖြစ်ပါတယ် 😍😍

🍀နောက်ထပ် ဖြေဆိုရမယ့် ဘာသာရပ်တွေအားလုံးကိုလည်း အခက်အခဲမရှိ အောင်မြင်ချောမွေ့စွာ ဖြေဆိုနိုင်ကြပြီး ပညာရည်ထူးချွန်တဲ့ အနာဂတ်ရဲ့ လူတော်လူကောင်းလေးများဖြစ်လာဖို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်🏆🌟🥰


#ခရိုင်စစ်စာမေးပွဲ #မြန်မာစာ

𝙃𝙀𝙇𝙇𝙊 𝙀𝙑𝙀𝙍𝙔𝙊𝙉𝙀!!! 🤗အားလုံး မင်္ဂလာပါရှင်👋Pioneer Education Private School ရဲ့ နှစ်စဉ် ဖွင့်လှစ်နေကြဖြစ်တဲ့ Summer Progra...
10/02/2026

𝙃𝙀𝙇𝙇𝙊 𝙀𝙑𝙀𝙍𝙔𝙊𝙉𝙀!!! 🤗

အားလုံး မင်္ဂလာပါရှင်👋

Pioneer Education Private School ရဲ့ နှစ်စဉ် ဖွင့်လှစ်နေကြဖြစ်တဲ့ Summer Program လေးအကြောင်း မိတ်ဆက်ပေးပါရစေ 🪴🪴🪴

Pioneer Education ရဲ့ Summer Program လေးကတော့
🌳ကလေးတို့ရဲ့ နွေရာသီကျောင်းပိတ်ရက်တွေမှာ ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါးလည်းဖြစ်ရမယ်
🌳တစ်ဖက်မှာလည်း ပညာတွေသင်ယူရင်း အကျိုးရှိရှိ ကုန်ဆုံးတာမျိုးလည်းဖြစ်ရမယ် ဆိုတဲ့ ရည်ရွယ်ချက်လေးတွေနဲ့ စီစဉ်ပြီး ဖွင့်လှစ်ဖြစ်တဲ့ နွေရာသီသင်တန်းလေးတစ်ခုဖြစ်ပြီး
✅အသက် (၅) နှစ် မှ အသက် (၁၄) နှစ်အတွင်း သားသားမီးမီးတို့ တက်ရောက်နိုင်မှာဖြစ်ပါတယ်

ဒီနှစ်ရဲ့ Summer Program လေးမှာ
🌻 Summer KG
🌻 English Four Skills Class (Level 1 to 6)
🌻 English Grammar & Writing Class
စတဲ့ အတန်းများ ဖွင့်လှစ်ပေးသွားမှာပါ

English Language တိုးတက်စေဖို့အတွက်
Oxford Curriculum စာအုပ်များကို အသုံးပြုပြီး Fun & Creative activities များစွာနဲ့ စနစ်တကျသင်ကြားပေးသွားမယ့် အတန်းလေးများဖြစ်ပါတယ်

ဒါဆို English ဘာသာစကားအပြင် ဘာတွေပါဦးမလဲ…?🤔💭🧐

Summer Program မှာ တက်ရောက်မယ့် ကလေးများအားလုံးက ထပ်ဆောင်းအနေနဲ့ အောက်ပါဘာသာရပ်များကိုလည်းတစ်ပါတည်းတက်ရောက်နိုင်မှာ ဖြစ်ပါတယ်

🌟 Singapore Math 📚
🌟 Science (Extra-curriculum) 👩‍🔬
🌟 မြန်မာစာ (Extra- curriculum) 👩‍🏫
🌟 ပန်းချီ (Basics)🫟🎨
🌟 ကွန်ပျူတာ (Basics) 💻နဲ့
🌟 KG သားသားမီးမီးတို့အတွက် Phonics အတန်းလေးပါ ပါဝင်သွားမှာပါ။

Summer Program တစ်လျှောက် သားသားမီးမီးတို့အတွက် အထူး Extra Activities များအနေနဲ့
⛱️ Summer School Trip
💦 Thingyan Festival
🎤 English Talents Show
🎖️ Certificate Awarding Ceremony များကို လည်း ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်

🍄🍃🍄🍃🍄🍃🍄🍃🍄🍃🍄 🍃🍄 🍃

သင်တန်းကာလလေးနဲ့ အချိန်လေးကတော့
🗓️ March 3 ရက်မှ May 22 ရက်နေ့အထိဖြစ်ပြီး
🧩အပတ်စဉ် တနင်္လာနေ့ မှ ကြာသပတေးနေ့
🌞နံနက် 8:30 မှ 11:30 အတွင်း ဖြစ်ပါတယ်

သင်တန်းကြေးလေးကတော့
သင်တန်းကာလ (၃) လစာ အတွက် 300,000 ကျပ် ဖြစ်ပါတယ်
(Materials Fee Exclusive)

🍁🌱🍁🌱🍁🌱🍁🌱🍁🌱🍁🌱 🍁🌱

Summer Program ကို စိတ်ဝင်စားပြီး အပ်နှံလိုတဲ့ ဖေဖေမေမေတို့အတွက် အထူးအစီအစဉ်လေးများလည်း ပြောပြပါရစေ 😇

‼️February လမကုန်မီ Summer Program လေးကို စာရင်းသွင်းအပ်နှံ၍ Course Fee (၃) လစာ Full Paid ပေးသွင်းသောသူများအားလုံးကို
✅ 10% Discount အဖြစ် 30,000 ကျပ် Cash Back 💸ပေးသွားမှာပဲ ဖြစ်ပါတယ်

✨🎯ဒါ့အပြင် Pioneer Edcucation ရဲ့
၂၀၂၅ Summer Program လေးကို ငလျင်ဘေးကြောင့် ဆက်လက်မတက်ရောက်နိုင်ခဲ့တဲ့ သားသားမီးမီးတို့ အားလုံးကိုလည်း ကျောင်းမှ Materials များ 'အခမဲ့' 🙀ပေးမှာဖြစ်လို့ အမြန်ဆုံးလာရောက်အပ်နှံကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ။🤗🤗

Summer Program လေးကို တက်ရောက်ဖို့ စိတ်ဝင်စားတယ်ဆိုရင်တော့ Page Messenger ကို စာပို့ပြီး မေးလို့ရသလို School Reception မှာလည်း အသေးစိတ်စုံစမ်းနိုင်ပါပြီရှင်။🤳📞📲

English 4 skills အတန်းလေးများတက်ရောက်ဖို့အတွက် Placement Test ဖြေဆိုမည့် သားငယ်သမီးငယ်လေးများကတော့ March 3 ရက်မတိုင်မီ Pioneer Education Private School တွင် စာရင်းပေးသွင်းပြီး လာရောက်ဖြေဆိုနိုင်ပါပြီရှင်။

🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃

Address: Pioneer Education Private School
မဉ္ဇူသကလမ်းနှင့် စစ်တောင်းလမ်းထောင့်၊ ရွှေအင်ကြင်းရပ်ကွက်၊ ဒက္ခိဏသီရိမြို့နယ်၊ နေပြည်တော်။

Contact no: 📞☎️
09-420554886
09-977755435


Address

Naypyidaw

Telephone

+959420554886

Website

Alerts

Be the first to know and let us send you an email when Pioneer Education posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Pioneer Education:

Shortcuts

Share

Category