The English Hub

Call Directions Website Contact the school

The English Hub Your Kids Deserve The best Education
(2)

24/09/2026

Best Speaker of the Week 🥰

Topic - Thadingyut Festival
By
Chuu Yati Ko @ Caroline
Movers 26
Online Special

English စာကို ဘယ်လိုလေ့လာ သင့်သလဲ?ဒါဟာ လူတော်တော်များများ မေးလေ့မေးထရှိတဲ့ မေးခွန်းတစ်ခုပါသင်တန်းတက်သင့်လား ဘယ်သင်တန်းအဆ...
23/09/2026

English စာကို ဘယ်လိုလေ့လာ သင့်သလဲ?

ဒါဟာ လူတော်တော်များများ မေးလေ့မေးထရှိတဲ့ မေးခွန်းတစ်ခုပါ
သင်တန်းတက်သင့်လား ဘယ်သင်တန်းအဆင်ပြေလဲ စသည်ဖြင့်ပေါ့
အဓိကကတော့ သင်တန်းတက်လိုက်ရင်လည်း ဟပ်ချလောင်း ဆိုပြီး ချက်ချင်းတန်းရသွားမှာ မဟုတ်ပါဘူး
consistent ဖြစ်ဖို့ consistency ရှိဖို့ လိုအပ်ပါတယ်။
consistency ဆိုတဲ့ စကားလုံးကို ဘောလုံးသတင်းတွေ၊ ဘောလုံးဆောင်းပါးတွေဖတ်တဲ့သူတွေကတော့ ရင်းနှီးကောင်းရင်းနှီးနေမိပါလိမ့်မယ်
ဘောလုံးကစားသမားတွေ သူတို့ရဲ့ form တစ်ခုကို အချိန်အကြာကြီးထိန်းထားနိုင်တာကို consistency ရှိတယ်လို့ ပြောလို့ရပါတယ်။
English လို language သင်ယူတဲ့အခါမှာလည်း သင်ယူနေတဲ့သူက အမြဲမဟုတ်တောင် ပုံမှန်ထိတွေ့နေဖို့ လိုအပ်ပါတယ်။
အဲ့တာဆို English ဘာသာစကားက ရုံးသုံးဘာသာစကားမဟုတ်တဲ့မြန်မာနိုင်ငံလို နိုင်ငံမှာ ဒီ language နဲ့ဘယ်လိုထိတွေ့ရမလဲ ဘယ်လိုအမြဲတမ်းပြောနေ၊ သုံးနေရမလဲ စသဖြင့် လဲ မေးခွန်းများစွာပေါ်လာနိုင်ပါတယ်။

ပထမဆုံးအချက်အနေနဲ့ကတော့
ကိုယ်နားလည်မယ့် input လေးတွေကိုလိုက်ရှာ၊ နားထောင်၊ ဖတ်နေဖို့ပါ။
ဥပမာ - ကိုယ်နားလည်နိုင်တဲ့ short videos လေးတွေ Youtube ကနေကြည့်တာမျိုး၊ ကိုယ်ရဲ့ English CEFR level က B1 လောက်ရှိတယ်ဆိုရင် B1 level နဲ့ကိုက်ညီတဲ့ article လေးတွေဖတ်ကြည့်တာမျိုး movies, films တွေကြည့်တာမျိုး၊ သီချင်းနားထောင်တာမျိုး၊ graded readers တွေဖတ်တာမျိုး အကုန်လုံးကနေ absorb လို့ရပါတယ်။

ဒီလို absorb လုပ်နေရုံနဲ့ရော အဆင်ပြေမှာလား English လိုပြောတတ်လာမှာလားဆိုတော့လည်း မဟုတ်ပြန်ပါဘူး။ Input တွေရပြီး output ပြန်မထုတ်နိုင်ရင် အဆင်မပြေပါဘူး။
တော်တော်များများ ကြုံဖူးပါလိမ့်မယ် တခြားသူတွေပြောနေတာကို နားလည်ပေမယ့် ကိုယ်ကပြန်မပြောနိုင်တာတွေ၊ ပြန်ပြောဖို့အတွက် အကြာကြီးစဉ်းစားနေရတာတွေ အထစ်ထစ်အငေါ့ငေါ့နဲ့ထွက်လာတာတွေကြုံဖူးကြမှာပါ။ အဲ့အချက်ကတော့ အဓိကက ပြောလေ့ပြောထမရှိလို့ပါ။ ပြောလေ့ပြောထမရှိတော့ ပြောတဲ့အခါမှာ အဆင်ပြေပြေထွက်မလာတော့ပါဘူး ထွက်မလာတဲ့အခါ စိတ်ဓာတ်ကျပြီး ဆက်မပြောဖြစ်တဲ့သူတွေ အများကြီးပါ။
မှားမှာကို မကြောက်သင့်ပါဘူး။ ကိုယ်စပြောတဲ့အခါမှာ မှားနိုင်တာကို လက်သင့်ခံထားသင့်ပါတယ်။ အစပိုင်းမှာ မှားမှားမှန်မှန် ပြောဆိုနိုင်ဖို့ကိုသာ ပိုအလေးပေးပြီး နောက်ပိုင်း ကိုယ်‌ရှောရှောရှုရှု ပြောလာနိုင်မှသာ ပိုပြီး accurate ဖြစ်ဖို့ မှန်ကန်ဖို့ကိုအလေးပေးသင့်ပါတယ်။
ပြန်ချုံပြီး ပြောရမယ်ဆိုရင်တော့ ပထမဆုံးအနေနဲ့ English ကို absorb လုပ်သင့်ပါတယ် ပြီးရင်တော့ ပြန်ပြီး အသုံးချသင့်ပါတယ်။ absorb မလုပ်ထားဘူးဆိုရင် ပြန်ပြီးပြောတဲ့အခါ ပြန်အသုံးချတဲ့အခါမှာ ကိုယ့်မှာရှိတဲ့ input မလုံမလောက်ဖြစ်တဲ့အတွက် အခက်တွေ့နိုင်ပြီး ပြန်လည် အသုံးချလေ့၊ ပြောလေ့မရှိတဲ့အခါမှာတော့ output ပြန်ထုတ်တဲ့အခါမှာ အခက်ကြုံရနိုင်ပါတယ်။
သင်တန်းတွေကတော့ အတွေ့အကြုံရှိပြီးသား၊ အမှားအမှန်ပြင်ပေးနိုင်တဲ့ ဆရာတွေ ဆရာမတွေရှိတဲ့အပြင် နည်းလမ်းပါချပေးနိုင်တဲ့အတွက် ကိုယ့်ရဲ့ learning journey မှာပိုမိုအထောက်အကူဖြစ်စေပါတယ်။
ကျွန်တော်တို့ The English Hub မှာလည်း regular curriculum based class တွေအပြင် ပြန်ပြီး apply လုပ်နိုင်မယ့် speaking class တွေလည်းရှိတာမလို့ လာရောက်စုံစမ်းကြည့်ဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ။

22/09/2026

Best Speaker of the Week 🥰

Topic - The Story I read
By
Min Khant Ko Ko @ Martin
Movers 26
Online Special

18/09/2026

Best Speaker of the Week 🥰🥰

Topic - School Festival
By
Yoon Thiri Hlaing
Flyers 26
Online Special

💻🚀 Computing & ICT ClassesYear 4 မှ Pre-IGCSE & IGCSE အထိကလေးတွေကို Computer အသုံးပြုတတ်ရုံသာမကနားလည်တတ် • စဉ်းစားတတ် • ...
15/09/2026

💻🚀 Computing & ICT Classes

Year 4 မှ Pre-IGCSE & IGCSE အထိ

ကလေးတွေကို Computer အသုံးပြုတတ်ရုံသာမက
နားလည်တတ် • စဉ်းစားတတ် • Coding ရေးတတ် • Exam ဖြေတတ် အောင် အဆင့်လိုက် သင်ကြားပေးပါသည်။

📚 Cambridge & Pearson Curriculum အခြေခံ

👦👧 Year 4 & Above

🔹 Computational Thinking
🔹 Programming & Coding
🔹 Computer Systems
🔹 Data & Networks
🔹 Digital Communication
🔹 Problem Solving
🔹 micro:bit / Practical Projects
🔹 Digital Literacy & Future Skills

🎓 Pre-IGCSE Computing / ICT

ကျောင်းသင်ခန်းစာကို ပြန်လည်လေ့ကျင့်လိုသူများ၊ Exam Preparation ပြုလုပ်လိုသူများအတွက်

✅ Lesson-by-Lesson Explanation
✅ Theory & Practical
✅ Programming / Coding Practice
✅ Past Paper & Exam-style Questions
✅ Structured Answer Writing
✅ Weak Topics Revision
✅ Regular Exercises & Feedback

🏆 IGCSE Computing / ICT Tuition

Exam အတွက် စနစ်တကျ ပြင်ဆင်လိုသော ကျောင်းသား/သူများအတွက်

📌 Syllabus အလိုက် Topic-by-Topic Teaching
📌 Theory ကို နားလည်အောင်ရှင်းပြခြင်း
📌 Practical / Programming Practice
📌 Exam-style Questions
📌 Past Paper Practice
📌 Mark Scheme အတိုင်း Answer ရေးနည်း
📌 Revision & Mock Test
📌 Student Progress ကို စောင့်ကြည့်ပေးခြင်း

“သင်ခန်းစာကို အလွတ်ကျက်ရုံမဟုတ်ဘဲ နားလည်ပြီး Exam မှာ အသုံးချနိုင်အောင် သင်ကြားပေးမယ်။” 💡

🌟 ဘယ်သူတွေအတွက်လဲ?

👦 Year 4+ — Computing အခြေခံမှ စတင်လိုသူ
👩‍💻 Pre-IGCSE — IGCSE မတက်မီ Foundation ခိုင်မာချင်သူ
🎓 IGCSE — Exam & Grade တိုးတက်ချင်သူ
🔄 ကျောင်းမှာသင်ပြီးသား Lesson တွေကို Revision လုပ်လိုသူ
💻 Coding / Programming ကို ပိုမိုကျွမ်းကျင်ချင်သူ

🚀 Learn • Practice • Create • Achieve

Computing ကို သင်ခန်းစာတစ်ခုအဖြစ်သာမက
အနာဂတ်အတွက် အသုံးချနိုင်မည့် Skill တစ်ခုအဖြစ် သင်ယူကြရအောင်!

📩 Class Schedule / Fees / Enrollment Information အတွက် Message ပို့နိုင်ပါသည်။

09/09/2026

Best Speaker of the Week 😘😘

Topic - My favorite trip with my family
By
Chuu Lei Yamin Zin @ Alice
Movers 26
Online Special

🌱အင်္ဂလိပ်ဘာသာစကားက အနာဂတ်မှာ ကမ္ဘာ့အဓိကဘာသာစကားအဖြစ် ဆက်ရှိမလား❓❓❓“အနာဂတ်မှာ English က ဘယ်လိုပုံစံပြောင်းလဲသွားမလဲ❓❓❓အင...
09/09/2026

🌱အင်္ဂလိပ်ဘာသာစကားက အနာဂတ်မှာ ကမ္ဘာ့အဓိကဘာသာစကားအဖြစ် ဆက်ရှိမလား❓❓❓

“အနာဂတ်မှာ English က ဘယ်လိုပုံစံပြောင်းလဲသွားမလဲ❓❓❓

အင်္ဂလိပ်ဟာ အင်္ဂလန်နိုင်ငံတစ်ခုတည်းရဲ့ ဘာသာစကား မဟုတ်တော့ပါဘူး။ ယနေ့မှာ—

👉 ပညာရေး
👉 သိပ္ပံနှင့် သုတေသန
👉 စီးပွားရေး
👉 နိုင်ငံတကာဆက်ဆံရေး
👉 နည်းပညာ
👉 Social Media
👉 ခရီးသွားလုပ်ငန်း

စတဲ့ နယ်ပယ်တွေမှာ ကမ္ဘာတစ်ဝန်း အသုံးပြုနေကြပါတယ်။

ဒါကြောင့် အနာဂတ် English ဟာ တစ်မျိုးတည်းသော English မဟုတ်တော့ဘဲ Englishes — English အမျိုးမျိုး ဖြစ်လာမယ်လို့ စာတမ်းက ဆိုပါတယ်။

❇️English ကနေ Englishes သို့

အရင်က English ဆိုရင် British English ဒါမှမဟုတ် American English ကို စံအဖြစ် ယူဆလေ့ရှိပါတယ်။

ဒါပေမဲ့ ယနေ့မှာ နိုင်ငံအသီးသီးက လူတွေက English ကို ကိုယ့်ရဲ့ ယဉ်ကျေးမှု၊ သမိုင်း၊ ဒေသခံဘာသာစကားတွေနဲ့ ပေါင်းစပ်အသုံးပြုနေကြပါတယ်။

ဥပမာ—

* Indian English
* Nigerian English
* Singapore English
* South African English
* Caribbean English

တို့ ဖြစ်ပါတယ်။

ဒီဘာသာစကားပုံစံတွေကို British/American English ကို မပြည့်မီတဲ့ English လို့ မယူဆသင့်ပါဘူး။ သူတို့ရဲ့ လူမှုအသိုင်းအဝိုင်းနဲ့ သမိုင်းကြောင်းကနေ ပေါ်ပေါက်လာတဲ့ တရားဝင် English varieties တွေ ဖြစ်ပါတယ်။

Kachru ရဲ့ Inner Circle, Outer Circle, Expanding Circle ဆိုတဲ့ model က English ကို နိုင်ငံတစ်ခုတည်းက ပိုင်ဆိုင်တာ မဟုတ်တော့ဘူးဆိုတဲ့ အယူအဆကို ဖော်ပြပါတယ်။

❇️ English as a Lingua Franca (ELF)

Lingua Franca ဆိုတာ မိခင်ဘာသာစကား မတူတဲ့ လူတွေ အချင်းချင်း ဆက်သွယ်ဖို့ အသုံးပြုတဲ့ ဘုံဘာသာစကားကို ဆိုလိုပါတယ်။

ဥပမာ—

မြန်မာလူတစ်ယောက်နဲ့ ဂျပန်လူတစ်ယောက် ဆက်သွယ်တဲ့အခါ နှစ်ယောက်စလုံးရဲ့ native language မဟုတ်ပေမယ့် English ကို အသုံးပြုနိုင်ပါတယ်။

ဒီလို English အသုံးပြုမှုကို English as a Lingua Franca (ELF) လို့ ခေါ်ပါတယ်။

ဒီအခြေအနေမှာ အရေးကြီးတာက—

British လို အသံထွက်နိုင်လား? American လို ပြောနိုင်လား?

ဆိုတာ မဟုတ်တော့ဘဲ

တစ်ယောက်နဲ့တစ်ယောက် နားလည်အောင် ဆက်သွယ်နိုင်လား?

ဆိုတာ ပိုအရေးကြီးလာပါတယ်။

ဒါကြောင့် အနာဂတ်မှာ accent တစ်မျိုးကို အတုယူခြင်းထက် intelligibility, flexibility, communication skills တွေ ပိုအရေးကြီးလာနိုင်ပါတယ်။

❇️ English နဲ့ Multilingualism

English က ကမ္ဘာတစ်ဝန်း ပျံ့နှံ့လာတာနဲ့အမျှ အခြားဘာသာစကားတွေ ပျောက်ကွယ်သွားမယ်လို့ မဆိုလိုပါဘူး။

လူတစ်ယောက်က—

English + မိခင်ဘာသာစကား + ဒေသခံဘာသာစကား

တွေကို အခြေအနေအလိုက် ပြောင်းလဲအသုံးပြုနိုင်ပါတယ်။

ဒါကို Multilingualism လို့ ခေါ်ပါတယ်။

အဲဒီလို ဘာသာစကားများစွာကို လွတ်လပ်စွာ ပေါင်းစပ်အသုံးပြုတာကို Translanguaging လို့လည်း ခေါ်ပါတယ်။

ဥပမာ India မှာ Hinglish ဆိုတာ Hindi နဲ့ English ကို ပေါင်းစပ်အသုံးပြုတဲ့ ပုံစံတစ်ခု ဖြစ်ပါတယ်။

ဒါကြောင့် အနာဂတ်မှာ English ဟာ အခြားဘာသာစကားတွေကို အစားထိုးသွားတာထက် အခြားဘာသာစကားတွေနဲ့အတူ ပေါင်းစပ်အသုံးပြုလာနိုင်ပါတယ်။

❇️ English, Power and Inequality

English ဟာ အသုံးဝင်တဲ့ ဘာသာစကားဖြစ်သလို အာဏာနဲ့ မညီမျှမှု နဲ့လည်း ဆက်စပ်နေပါတယ်။

English ရဲ့ ကမ္ဘာလုံးဆိုင်ရာ ပျံ့နှံ့မှုမှာ—

👉British colonialism
👉အမေရိကန်ရဲ့ ယဉ်ကျေးမှုလွှမ်းမိုးမှု
👉စီးပွားရေး
👉သိပ္ပံ
👉ပညာရေး
👉နည်းပညာ

တို့က အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ခဲ့ပါတယ်။

English ကောင်းကောင်းတတ်သူတွေဟာ အလုပ်အကိုင်၊ ပညာရေးနဲ့ နိုင်ငံတကာအခွင့်အလမ်းတွေ ပိုရနိုင်ပါတယ်။

ဒါပေမဲ့ English ဘာသာစကားကျွမ်းကျင်မှုမှာ အကန့်အသက် ဖြစ်နေခဲ့ ရင် …English သင်ယူခွင့်၊ အရည်အသွေးကောင်းတဲ့ English ပညာရေးနဲ့ နည်းပညာအသုံးပြုနိုင်စွမ်း ဟာလည်း အကန့်အသက် နဲ့ သာဖြစ်နေပါလိမ့်မယ်။

ဒါကြောင့် English ဟာ အခွင့်အလမ်းပေးတဲ့ resource တစ်ခုလည်း ဖြစ်နိုင်သလို လူမှုရေးအဆင့်အတန်း မညီမျှမှုကို ပိုမိုဖြစ်စေနိုင်တဲ့ gatekeeper တစ်ခုလည်း ဖြစ်နိုင်ပါတယ်။

❇️English နဲ့ Artificial Intelligence (AI)

အနာဂတ် English အပေါ် အကြီးမားဆုံး သက်ရောက်မှုတစ်ခုက AI ဖြစ်ပါတယ်။

ယနေ့ AI ကို—

* Translation
* Speech recognition
* English learning
* Writing
* Automated assessment
* Chatbots
* Generative AI

စတာတွေအတွက် အသုံးပြုနေကြပါတယ်။

ဒါပေမဲ့ အရေးကြီးတဲ့မေးခွန်းတစ်ခု ရှိပါတယ်—

AI က ဘယ်လို English ကို “မှန်ကန်တဲ့ English” လို့ သတ်မှတ်မလဲ?

AI တွေကို British/American English လို လူသုံးများတဲ့ data တွေနဲ့ အလွန်အကျွံ လေ့ကျင့်ထားရင် Indian English၊ African English စတဲ့ English varieties တွေကို မျှတစွာ မကိုယ်စားပြုနိုင်ပါဘူး။

ဒါကြောင့် အနာဂတ်မှာ English သိရုံတင်မကဘဲ AI literacy လည်း လိုအပ်လာပါမယ်။

ဆိုလိုတာက AI က ဘာသာစကားကို ဘယ်လိုအသုံးချသလဲ၊ ဘယ်သူ့အသံကို ပိုမိုကိုယ်စားပြုသလဲ၊ bias ရှိနိုင်သလားဆိုတာ နားလည်ဖို့ လိုလာမယ်ဆိုတာပါ။

❇️English နဲ့ Education

English ဟာ အနာဂတ်မှာလည်း—

👉University education
👉Science
👉Research
👉International business
👉Professional communication

တွေအတွက် အရေးကြီးနေဦးမယ်လို့ စာတမ်းက ဆိုပါတယ်။

ဒါပေမဲ့ English သင်ကြားပုံက ပြောင်းလဲလာနိုင်ပါတယ်။

အရင်က—

Grammar + Correct pronunciation + Native-speaker English

ကို အဓိကထားခဲ့ပါတယ်။

အနာဂတ်မှာတော့—

Communication + Critical thinking + Intercultural communication + Digital literacy + Multilingualism

တွေကို ပိုအလေးထားလာနိုင်ပါတယ်။

အဓိကက “Native speaker လို ပြောနိုင်ရမယ်” ဆိုတာထက် “အခြားသူတွေနဲ့ ထိရောက်စွာ ဆက်သွယ်နိုင်ရမယ်” ဆိုတာ ပိုအရေးကြီးလာမယ်ဆိုတာပါ။

❇️English Literature ရဲ့ အနာဂတ်

English Literature ဆိုတာ အင်္ဂလန်က စာရေးဆရာတွေရဲ့ စာပေတင် မဟုတ်တော့ပါဘူး။

အာဖရိက၊ အာရှ၊ Caribbean၊ India စတဲ့ နေရာတွေက စာရေးဆရာတွေက English ကို အသုံးပြုပြီး ကိုယ့်ရဲ့—

👉ယဉ်ကျေးမှု
👉သမိုင်း
👉အတွေ့အကြုံ
👉ကိုယ်ပိုင်အမှတ်အသား

တွေကို ဖော်ပြနေကြပါတယ်။

ဥပမာ—

🔹Chinua Achebe
🔹Salman Rushdie
🔹Derek Walcott
🔹Arundhati Roy
🔹Amitav Ghosh

တို့ဟာ English Literature ရဲ့ နယ်ပယ်ကို ပိုကျယ်ပြန့်လာစေသူတွေ ဖြစ်ပါတယ်။

ဒါကြောင့် အနာဂတ်မှာ English Literature ဟာ England ကိုဗဟိုပြုတဲ့ စာပေတစ်ခုတည်း မဟုတ်တော့ဘဲ Global Anglophone Literature ပိုဖြစ်လာနိုင်ပါတယ်။

❇️Digital English

Social Media နဲ့ Internet ကြောင့် English ရဲ့ အသုံးပြုပုံလည်း အလွန်မြန်မြန် ပြောင်းလဲနေပါတယ်။

ဥပမာ—

👉emojis 😊
👉hashtags
👉abbreviations
👉memes
👉online gaming language
👉texting
👉GIFs
👉videos

တို့ဟာ ယနေ့ communication ရဲ့ အစိတ်အပိုင်းတွေ ဖြစ်လာပါတယ်။

ဒါကြောင့် အနာဂတ်မှာ communication ဆိုတာ စာလုံးတွေနဲ့ပဲ ဆက်သွယ်ခြင်း မဟုတ်တော့ပါဘူး။

Text + Image + Sound + Video + Emoji + AI

တွေကို ပေါင်းစပ်အသုံးပြုတဲ့ multimodal communication ဖြစ်လာနိုင်ပါတယ်။

❇️ English က ကမ္ဘာ့အဓိကဘာသာစကားအဖြစ် ဆက်ရှိမလား?

Research တွေ အရ…

English ဟာ ဆက်ပြီး
* ပညာရေး
* သိပ္ပံ
* နည်းပညာ
* စီးပွားရေး
* နိုင်ငံတကာဆက်သွယ်ရေး
မှာ အရေးကြီးနေဦးမယ်။

အနာဂတ်မှာ English ကို London, Oxford, New York တို့လို traditional centres တွေကပဲ သတ်မှတ်တာမဟုတ်ဘဲ…

Delhi, Lagos, Singapore, Nairobi, Johannesburg, Manila, Dubai စတဲ့ ကမ္ဘာတစ်ဝန်းက လူမှုအသိုင်းအဝိုင်းတွေကပါ ပုံဖော်လာမယ်လို့ ဆိုပါတယ်။

The future of English is not the future of one English, but the future of many Englishes.

“အင်္ဂလိပ်ဘာသာစကားရဲ့ အနာဂတ်ဆိုတာ English တစ်မျိုးတည်းရဲ့ အနာဂတ်မဟုတ်ဘဲ English အမျိုးမျိုး အတူတကွ ဖွံ့ဖြိုးပြောင်းလဲသွားမယ့် အနာဂတ်ဖြစ်တယ်။”

အဓိကအားဖြင့် English က ဆက်လက်အရေးကြီးနေမယ်၊ ဒါပေမဲ့ British/American English တစ်မျိုးတည်းက စံဖြစ်နေတော့မှာမဟုတ်ဘဲ World Englishes, multilingualism, AI, digital communication နဲ့ ဒေသခံယဉ်ကျေးမှုတွေက English ရဲ့ အနာဂတ်ကို ပုံဖော်သွားပါလိမ့်မယ်။

လူငယ်များ အတွက် …
07/09/2026

လူငယ်များ အတွက် …

Address

Region 1, Yangon-Mandalay Old Highway, In Front Of Yezin Market, Zayar Thiri Township, Nay Pyi Taw
Naypyidaw
15011

Alerts

Be the first to know and let us send you an email when The English Hub posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to The English Hub:

Shortcuts

Share