Dr. Thet Htun Oo - English Classes

Dr. Thet Htun Oo - English Classes Let's learn and grow up together!

13/07/2026

ကျယ်ကျယ်သွားမလား။ နက်နက်တူးမလား။
ဘာသာစကားတစ်ခုကို သုံးတဲ့အခါမှာ Width နဲ့ Depth ဆိုတာ ရှိပါတယ်။ လူတစ်ယောက်က နေ့စဉ်သုံး အကြောင်းအရာ တော်တော်များများကို ကျွမ်းကျွမ်းကျင်ကျင် ဆက်သွယ်ပြောဆိုနိုင်တယ်၊ ခေါင်းစဉ်မျိုးစုံကို အဆင်ပြေအောင် ပတ်ပြောနိုင်တယ်ဆိုရင် ဒီလူမှာ Language Width ကောင်းမွန်တယ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ အဲ့ဒီအထဲကမှ အကြောင်းအရာတစ်ခုခုကို ထဲထဲဝင်ဝင်၊ သေသေချာချာနဲ့ အသေးစိတ် ဖော်ပြရှင်းပြနိုင်တယ် ဆိုရင်တော့ Language Depth ရှိတယ်လို့ ယူဆလို့ရပါတယ်။

ဥပမာ - အစားအသောက်တစ်ခုအကြောင်း ပြောရင်
Language Width ကောင်းတဲ့သူက "I love Mohinga. It's a traditional Myanmar fish soup with rice noodles. It tastes a bit salty and spicy. I usually eat it for breakfast with crispy fritters." မုန့်ဟင်းခါးကို ကြိုက်တယ်၊ ငါးကိုချက်ထားတာ၊၊ မနက်စာအဖြစ် အကြော်နဲ့တွဲ စားတယ် စသဖြင့် ခေါင်းစဉ်တစ်ခုလုံး ခြုံငုံမိအောင် ကျွမ်းကျင်စွာ ပြောသွားနိုင်မှာ ဖြစ်ပြီး
Language Depth ကောင်းတဲ့သူကတော့ "Mohinga is the ultimate comfort food for locals, characterized by a complex broth slow-cooked with catfish, lemongrass, and banana stems. The crispy chickpea fritters add a perfect contrast of textures. etc." (ငါးခူ၊ စပါးလင်၊ ငှက်ပျောအူတွေနဲ့ အချိန်ပေးချက်ထားတဲ့ ဟင်းရည်အကြောင်း၊ အကြော်ရဲ့ အကြွပ်စားရတဲ့ ခံစားချက် Texture အကြောင်းအထိ ထဲထဲဝင်ဝင် သေချာရှင်းပြပေးနိုင်မှာ ဖြစ်ပါတယ်။

ဒါဆို... ဘယ်ဟာက ပိုကောင်းလဲ?
နှစ်ခုစလုံး မျှမျှတတ ရှိသွားနိုင်ရင်တော့ အကောင်းဆုံးပေါ့ဗျာ။ ပြီးရင် အခြေအနေအချိန်အခါကြည့်ပြီးလည်း သုံးရပါတယ်။ မလိုအပ်ပဲ အရစ်တက်နေတာမျိုးမဖြစ်အောင်ပေါ့။

ဒါပေမဲ့ အစပိုင်းမှာ Survival Skill အနေနဲ့ကတော့ Width ဘက်ကနေ အရင်ချဉ်းကပ်ပြီး ခေါင်းစဉ်စုံစုံ ပြောနိုင်အောင် လေ့ကျင့်တာက ပိုပြီး အဆင်ပြေမယ်လို့ ယူဆပါတယ်။

ဒီနေ့ခေါင်းထဲပေါ်လာတဲ့အတွေးလေး share လိုက်တာပါ။ လေ့လာသူတွေရဲ့ အတွေးလေးတွေကော Share ပေးခဲ့ကြပါဦး။ 💬


ဇာတ်လမ်းက ဒီလို။ လွန်ခဲ့တဲ့သုံးရက်က ဆယ်တန်း ထိုင်းကျောင်းသူ(၃)ယောက်က "Tr. Si, Can you buy squishy for me?"တဲ့။ ဘာလို့ဝယ်...
25/06/2026

ဇာတ်လမ်းက ဒီလို။ လွန်ခဲ့တဲ့သုံးရက်က ဆယ်တန်း ထိုင်းကျောင်းသူ(၃)ယောက်က "Tr. Si, Can you buy squishy for me?"တဲ့။ ဘာလို့ဝယ်ပေးရမှာတုန်းမေးတော့ အဲ့တာဝယ်ပေးရင် ကျွန်တော့်အချိန်မှာ စာကို စိတ်ဝင်တစားလုပ်ပါမယ်တဲ့။ ‌ဪ... လို့။

အဲ့တာနဲ့ ညနေကျောင်းဆင်းတော့ မိမိရဲ့အလုပ်စားပွဲပေါ်မှာ English လိုရေးပြီး သူတို့(၃)ယောက်ကို စကွစ်ရှီ ဝယ်ပေးဖို့ Sticky note မှာ စာအရှည်ကြီးရေးပြီး ကပ်သွားလေရဲ့။ နောက်နေ့မနက် စာသင်ချိန်ကျ "Have you read the sticky note?" တဲ့။ မယ်မင်းကြီးမများက။ တွေ့တယ်လို့ "English လိုမဖတ်တတ်လို့ မဖတ်ခဲ့ရဘူး။ နားမလည်ဘူး"လို့ ဒါလေးပဲပြောမိတာကို

ဒီနေ့ကျ မိမိစာသင်မယ့် ကျောက်သင်ပုန်းမှာ ရှိသမျှ language နဲ့ အကုန်ရေးချသွားတာဟေး။ Myanmar, English, Russian, Thai, Khmer, Korean, Laos အာရှဘာသာစကားပေါင်းစုံအပြင် German, French, Greekမကဘူး Morse codeတွေကော၊ Minecraft language တွေနဲ့ပါရေးချပေးသွားတာဟေးးး။ မပျော်တော့ဘူး။ ငါ့ဆရာတွေကိုလုပ်ခဲ့သမျှ ဝဋ်က ဘဝမကူးတော့ဘူးထင်ပါတယ်။🥹🥹


27/05/2026

နောင်တရချင်ရင် ဒီစာကို ဆက်ဖတ်ပါ။




နောင်တရချင်ရင်တောင် နောင်တရပုံ ရနည်းလေး မှန်မှန်ကန်ကန်နဲ့ ရေးတတ်ဖို့ လိုသေးတယ်လေ နော်။ 😉

🔹 I wish I had given her up earlier.

သူမကို စောစောစီးစီးကတည်းက လက်လျှော့လိုက်ရမှာ။ ဟော... အခုတော့ နောက်တစ်ယောက်နဲ့ ပါသွားပြီ။ (ချိန်ပါ ချိန်ပါ)🥹

🔹 I wish I hadn't spent much salary before.

လစာတွေ အများကြီး ထုတ်မသုံးခဲ့သင့်တာ၊ အခုတော့ လမကုန်ခင် ငတ်နေဘီ။ 🥴

ကဲ နောင်တရနည်း Pattern ကတော့

💡 I wish + Subject + had + V3 (Past Perfect)

သတိပေးချင်တာက ဟိုနေ့က ပြောပြတဲ့ "စိတ်ကူးယဉ်တဲ့ I wish pattern (V2)" နဲ့ လုံးဝမရောမိစေနဲ့နော်။ အဲ့အပိုင်းကို မဖတ်ရသေးရင် အောက်က First Comment မှာ လင့်ခ်ချပေးထားပါတယ်။

ဘဝမှာ နောင်တရဖူးတာလေး တစ်ကြောင်းစီလောက် (Had + V3) သုံးပြီး ရေးခဲ့ကြပါဦးဗျာ။

သူသာ ငါ့ကို ပြန်ချစ်ရင် ကောင်းမှာပဲဆိုပြီး တဖက်သတ် စိတ်ကူးယဉ်  ဟိုဘက်က ပြန်မကြိုက်၊ တစ်ယောက်တည်းကြိုက်၊ တစ်ယောက်တည်း ကွဲ...
25/05/2026

သူသာ ငါ့ကို ပြန်ချစ်ရင် ကောင်းမှာပဲဆိုပြီး တဖက်သတ် စိတ်ကူးယဉ် ဟိုဘက်က ပြန်မကြိုက်၊ တစ်ယောက်တည်းကြိုက်၊ တစ်ယောက်တည်း ကွဲတတ်တဲ့ Pisces ♓ တို့အတွက် ယနေ့ တင်ဆက်ပေးမယ့် "I wish..." ဆိုတဲ့ Pattern လေးပဲ ဖြစ်ပါတယ်။

🔹 I wish she loved me back.
🔹 I wish I were her boyfriend.
🔹 I wish we got married and had a happy family.

ဟ... စိတ်ကူးယဉ်တာတွေ လက်လွန်ကုန်ပြီ။ 🤢

သတိထားစရာတစ်ခုက လက်ရှိမှာ စိတ်ကူးယဉ်တယ် ဆိုပေမယ့် I wish နောက်က Past Tense (V2) သုံးရတာဆိုတာ မမေ့ပါနဲ့။ I was အစား I were ကို ပိုသုံးတာလည်း သတိထားကြည့်ပါ။ ဒီလောက်ဆို လေထဲတိုက်ဆောက်လို့ ရပါပြီဗျာ။

Challenge အနေနဲ့
လိုချင်တာ မရဖူးသေးတဲ့ FA တို့၊ အသည်းကွဲနေကျ ဇိုးတွေ"I wish" သုံးပြီး စာကြောင်းလေး တစ်ကြောင်းစီ Comment မှာ ရေးခဲ့ကြဦး။ 😗

တခါတလေကျရင် အရင်က English Speaking ကောင်းကောင်းပြောတတ်ပါလျှက်နဲ့ ပြောစရာစကားလုံး စဉ်းစားမရတာမျိုး၊ ဘာ Response ပြန်ရမလဲ ...
22/05/2026

တခါတလေကျရင် အရင်က English Speaking ကောင်းကောင်းပြောတတ်ပါလျှက်နဲ့ ပြောစရာစကားလုံး စဉ်းစားမရတာမျိုး၊ ဘာ Response ပြန်ရမလဲ ငုတ်ပျောက်နေတာမျိုး ဖြစ်ဖူးလား။

တကယ်တော့ ကျွန်တော်တို့ရဲ့ စိတ်ခံစားချက် (Emotion) က အင်္ဂလိပ်စကားပြော စွမ်းရည်အပေါ်မှာ အများကြီး သက်ရောက်မှု ရှိပါတယ်။

စိတ်ပင်ပန်းတဲ့နေ့တွေဆို မိခင်ဘာသာစကားဖြစ်တဲ့ မြန်မာစကားတောင် ပြောဖို့ အင်အားမရှိတာ၊ Foreign Language ဖြစ်တဲ့ အင်္ဂလိပ်စာကို ပြောဖို့ဆိုတာ ပိုဆိုးတာပေါ့။ (ကျွန်တော်လည်း တခါတလေစိတ်ပင်ပန်းရင် ဗိုလ်လိုပြောချင်စိတ်မရှိလို့မပြောဘဲ ရုပ်ချောချောလေးနဲ့ ထိန်းနေရတဲ့ရက်ကလေးတွေ ရှိပါတယ် ငိငိ)😗😗

ဒါကြောင့်
🚩 ကလေးတွေဆိုရင် Speaking ကောင်းကောင်းပြောတဲ့ကလေးက ရုတ်တရက် သိပ်မပြောတော့ရင် အတင်းပြောဖို့ ဖိအားပေးတာထက်... သူ Stress ပိနေလား၊ စာမေးပွဲတွေ ရှိနေလားဆိုတာလေး အရင်ဂရုစိုက်ကြည့်သင့်ပါတယ်။
🚩လူကြီးတွေဆိုရင် ကိုယ်စကားပြောတာကို ကိုယ့်ဖာသာ အားမရတာတွေ ဖြစ်လာပြီဆိုရင် "ငါညံ့သွားပြီလား" လို့ တွေးမယ့်အစား... ငါ အခုလောလောဆယ် စိတ်အဆင်ပြေရဲ့လား၊ စကားကော ပြောချင်တဲ့ စိတ်အနေအထား ရှိရဲ့လားဆိုပြီး ပြန်ဆင်ခြင်ကြည့်ပါ။

English Speaking ဆိုတာ ပေါ်ပင်ဆရာတွေပြောသလို "လေ့ကျင့်ရင် ကျွမ်းမှာပဲ၊ တရေးနိုးမေးတောင် ရနေရမယ်" ဆိုတာမျိုးတွေထက် ကိုယ့်ရဲ့ ဘာသာစကား ပြောဆိုနိုင်စွမ်းဟာ "စိတ်အခြေအနေ" ပေါ်မှာ လွှမ်းမိုးမှုရှိတယ်ဆိုတာ သတိချပ်စေချင်တာပါ။ Psychological Safety လို့ခေါ်တဲ့ စိတ်အေးချမ်းမှုရှိမှ ဘာသာစကားက သဘာဝအတိုင်း ထွက်လာတာပါ။

ခင်ဗျားတို့ရဲ့ အမြင်ကော ဘယ်လိုရှိလဲ?

English စာနဲ့ပတ်သက်လို့ စာလေးတွေ ပြန်ရေးချင်စိတ်ရှိလာလို့ page ပေါ်ပြန်ရောက်လာပါတယ်။ Facebook ပေါ်မှာတော့ လေ့လာစရာတွေအတေ...
21/05/2026

English စာနဲ့ပတ်သက်လို့ စာလေးတွေ ပြန်ရေးချင်စိတ်ရှိလာလို့ page ပေါ်ပြန်ရောက်လာပါတယ်။ Facebook ပေါ်မှာတော့ လေ့လာစရာတွေအတော်များပြီးသားပါ။ တခြားသောဆရာတွေ၊ Page တွေမှာတင်ထားတာဟာ လုံလောက်တာထက်ပိုပါတယ်။ အဲ့တာကြောင့်မို့ကော အဓိကက ကိုယ်တိုင် စာရေးချင်စိတ်ပျောက်နေတာကြောင့်ကောကြောင့် English စာနဲ့ပတ်သက်တာ ဘာမှ သိပ်မရေးတင်ဖြစ်တော့တာပါ။ ဒီရက်ပိုင်းတော့ moodနည်းနည်းပြန်ဝင်လာလို့ ရေးမယ်တွေးပြီး ပြန်ရောက်လာပါတယ်။ ဘာသာစကားလေ့လာတာနဲ့ပတ်သက်ပြီး အတွေ့အကြုံ၊ ရှူထောင့်လေးတွေ စိတ်ကူးပေါက်ရာလောက်လေးပဲ ရေးဖြစ်မှာပါ။ ဘယ်သူ့အတွက်အထောက်အကူဖြစ်စေမလဲဆိုတာထက် ကိုယ့်အမြင် ကိုယ့်အတွေးကိုသာ ရေးဖြစ်၊ပြောဖြစ်မှာမို့ အဆင်ပြေသလိုသာ သုံးဆောင်တော် မူကြပါကုန် ... ပေါ့။

နောက်ပြီး Pageမှာ ဘာမှမတင်ဖြစ်ပေမယ့် စာသင်ချိန်တွေကတော့ အပြည့်ရှိနေဆဲမို့ အတန်းသစ်တွေထပ်လက်မခံနိုင်သေးတာတော့ စိတ်မရှိပါနဲ့ခင်ဗျာ။

‌နောက်နေ့စိတ်ပါရင် ထပ်တွေ့ကြပါမယ်။


18/03/2026

ကျွန်တော့်ဆီမှာ Recorded Video class join ထားတဲ့ သင်တန်းသားဟောင်းတွေဆီကနေ Facebookသုံးဖို့ အင်တာနက်ပြဿနာတက်ရှိနေတာကြောင့် သင်ခန်းစာ Video တွေရဲ့ Link တွေကို Telegram မှာ ပြန်စုစည်းပြီး တင်ပေးပါမယ်။ သက်ဆိုင်ရာ Video classတစ်ခုချင်းစီအတွက် Telegram group တစ်ခုရှိပါမယ်။ မJoin ရသေးရင် Join ထားပေးပါ။ အခုတော့ Vocabulary in Use (Elementary) အတွက်တော့ လုပ်ပြီးပါပြီ။ Grammar , Speaking နဲ့ Collocation groupတွေအတွက်ကတော့ လုပ်နေဆဲပါ။ ပြီးရင် Facebook private group မှာလည်း တင်ပေးပါမယ်။ Telegram မှာလည်းပို့ပေးထားပါမယ်။
ပြီးရင် Pinned post လုပ်ထားပေးပါမယ်။ အားလုံး လွယ်လွယ်ကူကူ အဆင်ပြေအောင် ပြုလုပ်ပေးထားပေးပါတယ်။ အဆင်မပြေတာရှိရင် Page messenger မှာမေးလို့ရပါတယ်။

⚠️ ဒီVideoတွေက သင်တန်းသားတွေအတွက်ပဲ ရည်ရွယ်ထားတာကြောင့် အပြင်ကို ဒီlinkတွေ forward လုပ်တာမျိုး၊ ကိုယ့်သဘောနဲ့ ကိုယ်shareတာမျိုး မလုပ်ကြဖို့ တောင်းဆိုပါရစေ။

🍀 Video class ကို ခုမှ အသစ်အပ်ချင်သူများအတွက်လည်း နောက်ရက်မှာ Post တစ်ခု သပ်သပ်တင်ပေးပါမယ်။ မစောင့်ချင်ရင်တော့ Page Messenger မှာ တန်းလာမေးလို့ရပါတယ်။

Dr. Thet Htun Oo
English Classes

27/01/2026

ရည်းစားအသစ်ထားရတာလွယ်ပေမယ့် ရည်းစားဟောင်းကို မေ့ရတာတော့ အတော်ခက်တယ်ဆိုတာ အကောင့်ထဲက အသဲကွဲဖူးတဲ့ဆရာ၊ဆရာမတွေသိမှာပဲ။(ရည်းစားမထားဘူးတဲ့ ဆရာမတွေတော့ ဘယ်သိမှာလဲဗျာ။) စတာပါ။🤗 အဲ အဲ့လိုပဲ ကျွန်တော်တို့ သင်ကြားရေးနည်းလမ်းအသစ်တွေပေါ်လာပေမယ့် အရင်တုန်းက သင်ကြားခဲ့တဲ့ သင်ကြားရေးနည်းလမ်းအဟောင်းတွေကို မေ့ပစ်ဖို့က ကျွန်တော်တို့ဆရာတွေအတွက် အတော် ခက်ပါတယ်။

ငယ်ငယ်တည်းက ဂရမ်မာ ဂရမ်မာ၊ သဒ္ဒါမတတ်ရင် စာမတတ်ဘူးဆိုလို့ Grammar Translation Method တွေနဲ့ သင်ခံခဲ့ရတဲ့ ကျွန်တော်တို့ဟာ ကိုယ်တိုင်ပြန်သင်တဲ့အခါလည်း ကိုယ်ထဲကို စိမ့်ဝင်နေတဲ့ နည်းလမ်းဟောင်းတွေပဲ ပြန်ထုတ်သုံး‌ပါတော့တယ်။ ဟိုးအရင်တုန်းကတော့ သူလိုငါလိုသင်နေကြတာပါပဲ။ ဒီဖက်ခေတ်မှာတော့ သူ့ထက်ပိုကောင်းတဲ့ သင်ကြားရေးနည်းစနစ်ပေါ်လာကြပေမယ့် ကျွန်တော်တို့ဟာ ရည်းစားဟောင်းကိုအတွေးထဲက မထုတ်နိုင်သလို ရုန်းမထွက်နိုင်ကြသေးပါဘူး။

ခုနောက်ပိုင်းမှာ Teacher Training တွေအရင်ကထက် ပို accessible ဖြစ်လာ၊ TKT, TESOL Training တွေပြီးထားဖြစ်ပေမယ့် GTMတို့ ALM တို့ကို စွန့်ခွာဖို့ ခက်နေဆဲပါ။ ကျွန်တော် ကိုယ်တိုင်အပါအဝင်ပဲ ဆိုပါတော့။

ဒီ့ထက်ပိုကောင်းနဲ့ နည်းလည်းတွေရှိပါလျှက်နဲ့ အဟောင်းတွေကို ဆက်ဖက်တွယ်ထားမလား။ အဟောင်းတွေကို သတ္တိအပြည့်နဲ့ဖယ်ထုတ်ပြီး နှစ်သစ်မှာ ပိုကောင်းတဲ့ နည်းလမ်းအသစ်တွေနဲ့ ချီတက်မလား ခဏလောက်အချိန်ယူပြီး စဉ်းစားကြည့်ကြပါစို့ ဆရာတို့။

🌸 Are you ready to UNLEARN?

(ဘာသာစကားသင်ကြားရေးနဲ့ပတ်သက်တဲ့ ဆောင်းပါးတွေကို ဆရာဖြိုးဝေရဲ့ Facebook မှာလည်း သေချာလေးတွေ ရေးပေးနေတာမို့ သွားရောက်ဖတ်ကြည့်စေချင်ပါတယ်။ ဆရာ့ profile linkကို comment မှာပေးထားပါမယ်။)


Approaching KKU AELT Training - Day 1 🍀Thank you Myanmar Students Association, Khon Kaen for making this happen.
11/01/2026

Approaching KKU AELT Training - Day 1 🍀
Thank you Myanmar Students Association, Khon Kaen for making this happen.

2026ရဲ့ ပထမဦးဆုံး ပညာဒါနအတန်းလေးပါ။ Myanmar Students Association - Khon Kaen ကနေဦးစီးပြီး ကျွန်တော်ကိုယ်တိုင် အတူတူဝင်ရေ...
09/01/2026

2026ရဲ့ ပထမဦးဆုံး ပညာဒါနအတန်းလေးပါ။ Myanmar Students Association - Khon Kaen ကနေဦးစီးပြီး ကျွန်တော်ကိုယ်တိုင် အတူတူဝင်ရောက်ဆွေးနွေးသွားမှာဖြစ်ပါတယ်။

Khon Kaen University ကို ကျောင်းလျှောက်ဖို့စိတ်ကူးလည်းရှိတယ်၊ IELTSလို TOEFLလိုမျိုးစာမေးပွဲကြီးတွေ မဖြေချင်သေးဘူးဆိုရင် KKU AELT က ‌နောက်ထပ်ရွေးချယ်စရာတစ်ခု ဖြစ်ပါတယ်။ အသေးစိတ်ကို အောက်က post မှာဖတ်ပေးပါ။ ဒီအတန်းကို Join ချင်တယ်ဆို ဒီနေ့ည နောက်ဆုံးထား စာရင်းပေးရမှာဖြစ်ပါတယ်။

See ya this Sunday!! 🌿

အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ နှစ်သစ်မှာ ကျွန်တော်တို့ Myanmar Student Association (MSA-KKU)မှ အစီအစဥ်သစ်လေးတစ်ခုနဲ့ ကြိုဆိုလိုက်ပါတယ်။

ခွန်ကန် တက္ကသိုလ် တက်ရောက်နေသော မြန်မာကျောင်းသား၊ ကျောင်းသူများရဲ့ အင်္ဂလိပ်စာ တိုးတက်ရေးအတွက်ရော Academic လိုအပ်ချက်အရ ဖြေဆိုရမယ့် အင်္ဂလိပ်စာစာမေးပွဲ ဖြေမည့်သူတိုင်း လိုအပ်တဲ့
📘 AELT အင်္ဂလိပ်စာ စာမေးပွဲ ကို အမှတ်ကောင်းကောင်းနဲ့ အောင်မြင်ဖို့အခြေခံကနေ စနစ်တကျ ပြင်ဆင်ပေးမယ့်AELT Exam Preparation Class ဖြစ်ပါတယ်။

ဒီအတန်းမှာ AELT Exam format နဲ့ question typesအရ

✔ Reading ကို မြန်ဆန်မှန်ကန်စွာ ဖြေနိုင်အောင် လေ့ကျင့်ပေးခြင်း
✔ Writing (paragraph / essay) ကို အမှတ်တက်အောင် ရေးနိုင်ရေးလမ်းညွှန်ပေးခြင်း
✔ Vocabulary & grammar ကို စာမေးပွဲမှာ မှန်မှန်ကန်ကန်အသုံးပြုနိုင်အောင် သင်ကြားပေးခြင်း အပြင်
✔ ပွဲမဝင်ခင် အပြင်ကကျင်းပပေးသည့် Mock tests များ နှင့် လွယ်လွယ်ကူကူ ဖြေနိုင်အောင် exam tips များကိုပါသင်ကြားပေးသွားမှာဖြစ်ပါတယ်။

Academic life ရှေ့ဆက်ဖို့ရာ AELT Exam ကို တစ်ခါတည်း အမှတ်ကောင်းကောင်း အောင်မြင်ချင်သူများအတွက်အထူးသင့်တော်တဲ့ အတန်းဖြစ်ပါတယ်။

ဒီသင်တန်းအတွက် ကနဦး ပဏာမ စာရင်းကောက်ယူရာမှ စာရင်းပေးသွင်းထားခဲ့တဲ့ ကျောင်းသားတွေကတော့ ထပ်မံစာရင်းပေးသွင်းစာရာမလိုပါဘူးခင်ဗျာ။

ယခု စာရင်းပေးသွင်းလိုသူများ ရှိပါက အောက်ဖော်ပြပါ linkမှာ ၉.၀၁.၂၀၂၆ ည ၁၁နာရီ ထက်နောက်မကျဘဲ စာရင်းပေးသွင်းနိုင်ပါသေးကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

စာရင်းပေးသွင်းရန် link-
https://docs.google.com/forms/d/e/1FAIpQLSf64nxl-Jlji8YbccsqomVvieGYNLjlK5hffZphzrfVo1KVhg/viewform?usp=publish-editor

သင်တန်းနဲ့ပတ်သက်သမျှကိုလည်း စာရင်းပေးသွင်းရာမှာ ဖြည့်ထားတဲ့ Emailမှတစ်ဆင့် ဆက်သွယ်သွားမည် ဖြစ်ပါကြောင်း အသိပေးလိုက်ရပါတယ် ခင်ဗျာ။

📅 သင်တန်းစမည့်ရက် ကတော့ - 11/1/26
(အပါတ်စဉ် တနင်္ဂနွေ နေ့လည် ၃နာရီ( မှ ) ၅နာရီအထိ၊ တစ်ရက် (၂) နာရီ၊ သင်တန်း ကာလ- ၄ ပါတ်၊ဖြစ်ပါတယ်။

👨‍🏫 သင်ကြားမည့်ဆရာကတော့ ခွန်ကန်တက္ကသိုလ် ကျောင်းသားဟောင်းလည်းဖြစ်ပြီး အင်္ဂလိပ်စာသင်ကြားရေးမှာလည်း ကျွမ်းကျင် အတွေ့အကြုံများတဲ့ ဒေါက်တာ သက်ထွန်းဦး ဖြစ်ပါတယ်။

ဆရာနဲ့ပတ်သက်တဲ့ အချက်အလက်များကိုလည်း အောက်ဖော်ပြပါ facebook link မှာဝင်ရောက်လေ့လာနိုင်ပါတယ် ခင်ဗျာ။ https://www.facebook.com/share/1KyxfZhjiJ/

Address

Beside Yangon-Mandalay Highway Road, Thawatti
Naypyidaw

Telephone

+959797903179

Website

Alerts

Be the first to know and let us send you an email when Dr. Thet Htun Oo - English Classes posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Dr. Thet Htun Oo - English Classes:

Shortcuts

Share

Category