20/01/2023
ရုံးလုပ်ငန်းသုံး ပြည်ထောင်စုဖောင့် အသုံးပြုနည်း အစအဆုံးပါဝင်ပါတယ်🤫
လူဆိုတာမေ့တတ်တဲ့ အမျိုးဆိုတော့ မေ့တဲ့အချိန်ပြန်ကြည့်လို့ရအောင် ရှယ်ထားလိုက်ပါလို့ အကြံပြုပါရစေနော်☺️☺️☺️
#ပြည်ထောင်စုဖောင့်အသုံးပြုနည်း
20/09/2022
Email နဲ့ Gmail ဘာကွာလဲ?
ငယ်ငယ်က computer သင်တန်းတက်တော့ သင်တန်းသားတစ်ယောက်ကို email တစ်ခုစီ ဖွင့်ပေးတယ်။ သေချာကြည့်လိုက်တော့ [email protected] ဆိုတာတွေ့ရော။ကျွန်တော်က Gmail ပဲရသေးတယ် email မရသေးဘူးဆိုပြီး ထပ်တောင်းလိုက်တယ်။ ပြန်ရလိုက်တဲ့အဖြေက Gmail ဆိုတာ Email ကိုပြောတာပဲတဲ့။
ဟုတ်ပါတယ် တစ်ကယ်တော့
Email ဆိုတာ Electronic Mail ကို အတိုကောက်ခေါ်ဆိုထားတာဖြစ်ပါတယ်။
လူတွေအချင်းချင်း Phone, Computer စတဲ့ Electronic Devices တွေကို အသုံးပြုပြီး Internet ကနေတစ်ဆင့် စာတွေပေးပို့ကြတာကို Email ပို့တယ်လို့ ခေါ်ကြပါတယ်။
တနည်းအားဖြင့် Yahoo Mail, Gmail, Outlook Mail စသည့်
အရာအားလုံးကို Email လို့ခေါ်တာပဲဖြစ်ပါတယ်။
Gmail ဆိုတာ Email အမျိုးအစားထဲမှာ တစ်ခုအပါအဝင်ဖြစ်ပြီး Google ကထုတ်ထားတာပဲဖြစ်ပါတယ်။
အရင်က ဘယ်လို Email Service တွေပဲ အသုံးပြုခဲ့ပါစေ ဒီနေ့ခောတ်မှာ Gmail ကိုပဲ အများစုအသုံးပြုကြပြီး Email နဲ့ Gmail ကို ခွဲခြားမရသည်အထိ ဖြစ်လာပါတော့တယ်။ဒါကြောင့် တစ်ယောက်ယောက်က Email Account မေးလာခဲ့ရင် Gmail Account ကို မေးတာဖြစ်ပြီး Gmail Account မရှိသေးရင်တော့ အောက်မှာ ဖွင့်ပုံ ဖွင့်နည်းလေးပြောပြပြထားပါတယ်။
တစ်ကယ်လို့ မိတ်ဆွေအတွက် အသုံးဝင်ရင်တော့ Comment မှာ OK လို့ ရိုက်ခဲ့ပေးပါ။
ကျေးဇူးတင်ပါတယ်🙏🙏🙏
နဲ့ Gmail ဘာကွာလဲ
ိုတာဘာလဲ
ိုတာဘာလဲ
16/09/2022
ပြည်ထောင်စုဖောင့် အသုံးပြုနည်းလေး မျှဝေပေးလိုက်ပါတယ်⌨️🖱️
15/09/2022
Myanmar Typing စုစည်းမှု
***************************
မြန်မာလက်ကွက်လေ့ကျင့်လိုသူများအတွက် Myanmar Typing လေးများကို ရှာဖွေစုစည်းပေးလိုက်ပါတယ်။ နောက်ထပ် တွေ့ရှိသော Myanmar Typing လေးများကိုလည်း ယခုပို့စ်မှာ ထပ်ဖြည့်ပေးသွားပါမည်။
Download ဆွဲရန် လွယ်ကူအောင် လင့် အားလုံးကိုတော့ Google Drive Link ကနေ Link ချပေးထားပါတယ်။
KMD Myanmar Typing
https://mega.nz/ #!mDgAAIjJ!adA5sPU2Gv4sS33JAANjf26n0LcQN8Wwtgg74B2TA1o
https://m.box.com/file/878829946896/download?shared_link=https%3A%2F%2Fapp.box.com%2Fs%2Fhfeh3xhqgau6wez1tjbt0f8z1786wo87
File Name - KMD Myanmar Typing
File Type - Zip
File Size - 435.5 KB
No ads
No Password
*******************************************
Myanmar Typing Exe
https://drive.google.com/file/d/1C4J4MHDRLDf4CsTvMI8LB3k3ETaEN0Af/view?usp=drivesdk
File Name - Myanmar Typing Exe
File Type - Zip
File Size - 24.6 MB
No ads
No Password
*******************************************
Myanmar Typing
https://drive.google.com/file/d/1C6fjihuOoe76YsjBWM0m-aHHcN2ROzVm/view?usp=drivesdk
File Name - Myanmar Typing
File Type - Zip
File Size - 1.8 MB
No ads
No Password
*******************************************
Whizzo Typing Tutor
https://drive.google.com/file/d/1C7hW_qv-mCLFacSu56Nxagt5JZZdN1GJ/view?usp=drivesdk
File Name - Whizzo Typing Tutor
File Type - Zip
File Size - 948.3 KB
No ads
No Password
အဆင်ပြေပါစေ
ကျောက်ဆည်သားလေး
www.myothant.net
09/09/2022
ဒါလေးတွေ ရရင် ကွန်ပျူတာကို ကောင်းကောင်း သုံးတတ်ပါ ပြီ ။
Computer စကိုင်တဲ့သူတွေအတွက်အလွန်အသုံး၀င်ပါတယ်။
07/09/2022
မှတ်သားစရာ computer အခြေခံ ဗဟုသုတများ
မျှဝေပေးလိုက်ပါတယ်
23/08/2022
HDD နဲ့ SSD ဘယ်လို ကွာခြားလဲ?
HDD ဆိုတာ Hard Disk ဖြစ်ပြီးတော့ SSD ဆိုတာ Solid State Device ဖြစ်ပါတယ်။
နှစ်ခုစလုံးက Storage Device တွေပဲ ဖြစ်ပါတယ်။
HDD ဟာ 3.5 inch (Desktop) နဲ့ 2.5 inch (laptop) ဆိုပြီး အရွယ်အစား နှစ်မျိုးရှိပါတယ်။
HDD အားသာချက်က ဈေးသက်သာပါတယ်။ သိုလှောင်သိမ်းဆည်းနိုင်တဲ့ ပမာဏများပါတယ် ( ယခုဆိုရင် Hard Disk 12 TBထိတောင် သိမ်းဆည် လာနိုင်ပါပြီ)။
HDD ရဲ့ အားနည်းချက်တွေက အကြမ်းမခံပါဘူး ။ရွေ့လျားနေတဲ့ အစိတ်အပိုင်းတေ ပါဝင်တာကြောင့် လွတ်ကျတာနဲ့ ပျက်စီးနိုင်ပါတယ်။
ပါဝါစားမှုက SSD ထက်များပါတယ် ။ 6 Watt ကနေ 15 Watt လောက်ထိ ပါဝါစားပါတယ်။
HDD ရဲ့ Data ကူးပြောင်းနှုန်းက 200 Mbps အောက်မှာသာ Read/Write လုပ်နိုင်ပါတယ်။
HDD တွေရဲ့ Data လက်ခံနိုင်တဲ့ နှုန်းက 5.5s ကနေ 8.0 Ms အချိန်ထိကြာပါတယ်။
SSD မှာတော့ 2.5 inch အရွယ်အစားတစ်မျိုးပဲ လာပါတယ်။
2.5 inch Drive အတွက် နေရာမပါတဲ့ Desktop တွေမှာ တပ်ချင်တယ်ဆိုရင် အရွယ်ပြောင်းတဲ့ ကာဗာ (3.5 inch adapter) ခံပြီး တပ်ဆင်ရမှာပါ။ Moterboard ပေါ်မှာရှိတဲ့ SATA-3 အပေါက်နဲ့တွဲဆက်ရမှာဖြစ်ပါတယ်။
SSD ရဲ့ အာသာချက်က Data ကူးပြောင်းနှုန်းမှာ 200 Mbps ကနေ 25000 Mbps ကြား မှာ Read/Wite လုပ်နိုင်တဲ့ အတွက် HDD ထက် ၁၀ ဆမက ပိုမြန်ပါတယ်။
SSD တွေက အကြမ်းခံပါတယ်။ ရွေ့လျားနိုင်တဲ့ အစိတ်အပိုင်းတေ မပါဝင်တဲ့ အတွက် တော်ရုံ ပြုတ်ကျတာ၊ ထိခိုက်မိတာ လောက်နဲ့ Data တေ မပျက်စီးနိုင်ပါဘူး။
SSD တွေရဲ့ Data လက်ခံနိုင်တဲ့ နှုန်းက 0.5s အချိန်ထိ သာကြာပါတယ်။ ပါဝါစားမှု က 2 Watt ကနေ 5 Watt လောက်ထိပဲစားပါတယ်။
စက်ဖွင့်တာဖြစ်ဖြစ် ၊ File တွေကူးတာဖြစ်ဖြစ် SSD သုံးထားရင် သိသိသာသာမြန်ဆန်နေမှာပါ။
SSD မှာ မော်ဒယ် နဲ့ သိမ်းဆည်းနိုင်မှု ပမာဏအလိုက် အမြန်နှုန်း ကွာခြားပါတယ်။
အပူထုတ်လုပ်မှုနည်းတယ်။ အလေးချိန်ပေါ့တယ်။
အရွယ်အစားသေးငယ်လို့ ပေါ့ပေါ့ပါးပါး Laptop ဒီဇိုင်းတွေမှာ ထည့်သွင်းအသုံးပြုပါတယ်။
SSD ရဲ့ အားနည်းချက်က ဈေးကြီးပါတယ်။ HDD နဲ့ SSD Storage ပမာဏတူရင်တောင် SSD က ဈေးနှစ်ဆလောက် ပိုပါတယ်။
SSD တေရဲ့ သိုလှောင်သိမ်းဆည်းနိုင်တဲ့ ပမာဏက 1 TB ကနေ 4 TB သာရှိပါတယ်။ Hight-End ကွန်ပျူတာတေမှာ သာ 8TB တွေ့ရတာပါ။
SSD မှာ SSD, M.2 SSD (SATA) နဲ့ M.2 SSD (PCIE) ဆိုပြီး လာပါတယ်။
SSD (SATA) = မြင်နေကျ Hard Disk တွေလို လေးထောင့်ပုံပါပဲ။ 2.5 inch တစ်မျိုးထဲ လာတဲ့ အတွက် 2.5 inch Drive နေရာမပါတဲ့ Desktop ပုံး တွေမှာတပ်ချင်တယ်ဆိုရင် အရွယ်ပြောင်းတဲ့ ကာဗာ (3.5 inch adapter) ခံပြီးတပ်ဆင်ရမှာပါ။ မာသားဘုတ်ပေါ်မှာရှိတဲ့ SATA-3 အပေါက်နဲ့တွဲဆက်ရမှာဖြစ်ပါတယ်။ (SATA-2 နဲ့တွဲဆက်လိုက်ရင် မြန်နှုန်းတစ်ဝက်ပဲရမှာ ဖြစ်ပါတယ်။)
M.2 SSD (SATA) ဟာ M.2 (SATA) ပါတဲ့ မားသားဘုတ် (Motherboard) တွေမှာပဲတပ်ဆင်နိုင်ပါတယ်။ Laptop တွေနဲ့ Desktop ဘုတ်အမြင့်တွေမှာပါပါတယ်။ အမြန်နှုန်းစွမ်းဆောင်ရည်ပိုင်းက SSD (SATA) နဲ့တူတူပါပဲ။ တပ်ဆင်ရတဲ့နေရာကွာခြားသွားတာပါ။ အရွယ်သေးသွားတဲ့အတွက် ပါးလွှာတဲ့ Laptop တွေမှာတော့ နေရာအဆင်ပြေစေပါတယ်။
M.2 SSD (PCIE) ဟာ M.2 (PCIE) ပါတဲ့ မားသားဘုတ် (Motherboard) တွေမှာပဲတပ်ဆင်နိုင်ပါတယ်။ Laptop တွေနဲ့ Desktop ဘုတ်အမြင့်တွေမှာပါပါတယ်။ NVMe ( Non- Volatile Memory Express) SSD လို့လည်းခေါ်ကြပါတယ်။ အားလုံးထဲမှာ speed အမြန်ဆုံးက NVMe SSD ဖြစ်ပါတယ်။
(M.2 SSD တွေမှာလည်းအရွယ်အစားရှိပါတယ်။ 2280 ဆိုတာ ၂၂ မီလီမီတာ x ၈၀မီလီမီတာ အရွယ်ကိုဆိုလိုပါတယ်။ 2242 ဆိုရင် ၂၂ မီလီမီတာ x ၄၂ မီလီမီတာကိုဆိုလိုတာပါ။)
M.2 အပေါက်က တူပေမယ့် PCIE လား၊ SATA လား၊ နှစ်ခုစလုံးရသလားဆိုတာကို Laptop (သို့) Motherboard မော်ဒယ်ကိုကြည့်ပြီး သက်ဆိုင်ရာ Website မှာသွားရှာရမှာပါ။ ဒါမှမဟုတ် စက်ကိုဖွင့်ကြည့်ပြီး ဘာရေးထားလဲကိုရှာနိုင်ပါတယ်။ ဘာမှ မရေးထားရင် မျက်လုံးအမြင်နဲ့ဆုံးဖြတ်ဖို့ခက်ပါတယ်။
ဒေတာ ထိန်းသိမ်းနိုင်မှု
HDDတွေက စက်လှုပ်ရှားမှုအပိုင်းတွေပါပေမဲ့ သံလိုက်ဓာတ်နဲ့ သိမ်းတာမို့ DATA တွေကို သိုလှောင်ထားနိုင်တဲ့ ကာလပိုကြာကြာ သိမ်းထားနိုင်ပါတယ်။
SSD တွေမှာတော့ စက်လှုပ်ရှားမှု အစိတ်အပိုင်းတွေမပါဘဲ NAND Gate Semiconductor တွေထဲမှာ လျှပ်စစ် သိုလှောင်တဲ့ စနစ်နဲ့ သိမ်းထားတာဖြစ်လို့ အချိန်ကာလ တစ်ခုမှာတော့ သိမ်းဆည်းထားတဲ့ လျှပ်စစ်ဓာတ် ယိုစိမ့်ပျောက်ဆုံးပြီး DATAတွေ ပျက်စီးနိုင်တဲ့ အခွင့်အလမ်းရှိပါတယ်။
အချက်အလက်တွေကို နှစ်ပေါင်းများစွာ သိမ်းဆည်းထားချင်တာမျိုးဆိုရင်တော့ SSDတွေကို မသုံးဘဲ HDD တွေကိုသာ သုံးသင့်ပါတယ်။
သင် ဘယ် Storage Device ကို ရွေးဝယ်မလဲ?
ဒါဆို အဖြေက ရှင်းပါတယ်။
ဈေးများများမသုံးနိုင်ဘူး။ Storage များတာလဲ လိုချင်တယ်ဆိုရင် HDD ကို ရွေးချယ် သုံးစေချင်ပါတယ်။
ဈေးလည်းတက်နိုင်တယ်။ မြန်ဆန်တာလေးလည်း သုံးချင်တယ် ဆိုရင်တော့ SSD ကို ရွေးချယ်သုံးစေချင်ပါတယ်ခင်ဗျာ။
Gaming Laptop နဲ့ Gaming Desktop မှာတော့ HDD သုံးနေသေးတယ်ဆိုရင်တော့ အသုံးစရိတ်ချွေတာပြီး SSD ပြောင်းသုံးသင့်ပါတယ်ခင်ဗျာ။
Graphic Design ပိုင်းကို လုပ်ကိုင်နေတဲ့ သူတွေ နဲ့ Video Editing သမားတွေအတွက်ကတော့ မဖြစ်မနေ SSD ကိုပြောင်းသုံးပါလို့ အကြံပေးပါတယ်ခင်ဗျာ။
မူရင်းရေးသားသူများကို လေးစားလျှက် Credit ပေးပါသည်။
22/08/2022
Computer ၏ အရေးပါသော Shortcuts လေးများ
Keyboard Shortcuts ဖွဲ့စည်းပုံအမည်
1. Esc = Escape
2. F1---F12 = Function
3. P, S, B = Print Screen
4. N, C, S = Indicators
5. Caps Lock = Capitals Lock
6. Shift = Shift
7. Ctrl = Control
8. Window = Window
9. Alt = Alt
Keyboard Shortcut များအသုံးပြုနည်း
Delete = File/Folder/Data တွေကိုဖြတ်ရန်အသုံးပြုသည်။
Backspace = စာရေးသားရာတွင်အရှေ့သို့ဖြတ်ရာတွင်အသုံးပြုသည်။
Space Bar = စာရေးသားရာတွင်တစ်စုနဲ့တစ်စု ခြားအောင်လုပ်တဲ့နေရာတွင်အသုံးပြုသည်။
Enter = စာရေးသားရာတွင် အပိုဒ်ခြားခြင်းနှင့် စာတန်းခြားခြင်းတို့တွင် အသုံးပြုပါသည်။
Esc = လုပ်လက်စအလုပ်ကို ရပ်တန့်ရန် အသုံးပြုသည်။
F1 = Help and Support ကိုဖွင့်ရန်အသုံးပြုသည်။
F2 = File/Folder/Data တွေကိုအမည်ပြောင်းရန်သုံးသည်။
F4 = Address Bar တွင် ရွေးချယ်ရန်သုံးသည်။
F5 = Refresh လုပ်ရန်အသုံးပြုသည်။
F6, F7, F8, F9, F11, F12 တို့သည် System ပေါ်မူတည်၍ လိုအပ်သလိုအသုံးပြုကြပါသည်။
အသုံးဝင်သော shortcuts အချို့
1. Ctrl + C = data တွေကို copy ကူးရန်အသုံးပြုပါသည်။
2. Ctrl + X = Data တွေကိုမူရင်းရှိတဲ့နေရာမှာ မထားခဲ့ပဲ Cut လုပ်တဲ့နေရာမှာ အသုံးပြုပါသည်။
3. Ctrl + V = Copy/ Cut တို့ပြုလုပ်ထားတဲ့ data တွေကိုထားမယ့်နေရာ သိမ်းမယ့်နေရာတွင်သုံးသည်။
4. Ctrl + O = File တွေရွေးဖွင့်တဲ့ နေရာမှာသုံးသည်။
5. Ctrl + A = File/ Folder/ Data တွေ select မှတ်တဲ့နေရာ ပေးတဲ့နေရာမှာသုံးသည်။
6. Ctrl + Shift = အင်္ဂလိပ်စာ/ မြန်မာစာရေးသားရာတွင် ပြောင်းတဲ့နေရာမှာ အသုံးပြုသည်။
7. Ctrl + Esc = Start Menu ဖွင့်ရာတွင် အသုံးပြုသည်။
8. Ctrl + Shift _ Esc = Windows Task Manager ဖွင့်ရန်အသုံးပြုသည်။
9. Ctrl + N = Desktop ကိုဖွင့်ရန်အသုံးပြုသည်။
10. Ctrl + S = Data တွေကို သိမ်းရန်အသုံးပြုသည်။
11. Ctrl + P = Print ထုတ်ရန် အသုံးပြုသည်။
12. Ctrl + W = ဖွင့်ထားတဲ့ app, folder ကိုပိတ်ရန်အသုံးပြုသည်။
13. Ctrl + Z = ရှေ့မှပြုလုပ်ထားသောအရာကို ပြန်လည်ရယူရန်သုံးသည်။
14. Shift + Delete = Recycle Bin ကိုပို့ပြီးဖျက်တာမဟုတ်ပဲ ကွန်ပျူတာကနေအပြီးဖျက်ရန်အသုံးပြုသည်။
15. Shift နှင့် Keyboard ပေါ်က အက္ခရာ တစ်ခုခုတွဲနှိပ်ပါက မပြင်ရတဲ့ သက်ဆိုင်ရာ အက္ခရာများပေါ်သည်။
16. Caps Lock သည် အင်္ဂလိပ်အက္ခရာအကြီး အသေးပြောင်းပေးသည်။
17. Alt + Tab တွဲနှိပ်ပါက Minimize ပြုလုပ်ထားတဲ့ task bar ပေါ်က file/ folder/ software တွေကို ရွေးချယ်ဖွင့်ယူနိုင်ပါသည်။
18. Windows Logo + Pause Break ကိုတွဲနှီပ်ပါက view basic information about for your computer သို့ရောက်သည်။ တစ်နည်းအားဖြင့် desktop icon computer ကို right click ထောက်ပြီး properties ကိုကြည့်နည်းနှင့်တူပါသည်။ (ကွန်ပျူတာ system ကိုကြည့်သည်)
19. Windows logo + D = ဖွင့်ထားတဲ့ folder အားလုံးအတွက် minimize ကိုထောက်သည်။
20. Ctrl + D = Recycle Bin ထဲသို့ file/ folder/ data တွေဖျက်ရန်အသုံးပြုသည်။
21. Windows logo + E = Desktop ပေါ်က ကွန်ပျူတာ/ File explorer ကိုဖွင့်ရန်အသုံးပြုသည်။
22. Windows logo = Start bar ကိုဖွင့်ရန်အသုံးပြုသည်။
23. Windows logo + F = Search Results နှင့်တစ်နည်းအားဖြင့် folder/ software တွေကိုအမည်ရှာရန်/ဖွင့်ရန်အသုံးပြုသည်။
24. Windows logo + U = Ease of Access Center သို့ရောက်ရှိရန်အသုံးပြုသည်။
25. Windows logo + L = ကွန်ပျူတာ sleep ပြုလုပ်တဲ့နေရာတွင်အသုံးပြုသည်.
26. Windows logo + P = Computer only/ duplicate/ extend/ project only တို့ဖော်ပြရန်အသုံးပြုသည်။
27. Alt + F = software / folder/ file စသည်တစ်ခုခုဖွင့်ထားပါက ဖွင့်ထားတဲ့ တစ်ခုခုရဲ့ file ကိုသွားချင်သည့်အခါ အသုံးပြုသည်။
28. Alt + E = software / folder/ file စသည်တစ်ခုခုဖွင့်ထားပါက ဖွင့်ထားတဲ့ တစ်ခုခုရဲ့ Edit ကိုသွားတဲ့နေရာတွင် အသုံးပြုသည်။
29. Ctrl + Insert = data တွေကို select ပေးပြီး copy ကူးတဲ့နေရာတွင် အသုံးပြုသည်။
30. Shift + Insert = data တွေကို copy ကူးထားပြီး သိမ်းမယ့်နေရာ၊ ထားမယ့်နေရာ ရရှိဖို့ အသုံးပြုသည်။
31. Ctrl + Alt + Delete = ကွန်ပျူတာကို restart ချရာတွင်အသုံးပြုသည်။
32. Alt + Esc = task bar ပေါ်ကို minimize ပြုလုပ်ထားတဲ့ software/ folder တွေကို တစ်ခုချင်းစီရွေးဖွင့်တဲ့နေရာတွင်အသုံးပြုသည်။
33. Alt + F4 = ဖွင့်ထားတဲ့ program ကိုပိတ်ရန် အသုံးပြုသည်။
34. Alt + F4 = ကွန်ပျူတာပိတ်လိုပါက shutdown window ကိုခေါ်ဖွင့်တဲ့နေရာတွင်သုံးပါသည်။
မှတ်ချက်။ ။ တစ်ချို့ shortcuts များကိုစမ်းရာတွင် ကွန်ပျူတာ၊ system ကိုက်ညီမှုမရှိလျှင် စမ်းလို့ရမည်မဟုတ်ပါ။ အားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ။
21/08/2022
Computer Keyboard ပေါ်မှာရှိတဲ့ F1 ကနေ F12 ထိ Function Key တွေကို ဘယ်နေရာတွေမှာ အသုံးချနိုင်မှန်း ကွန်ပျူတာ အသုံးပြုသူတိုင်း သိမယ်မထင်ပါဘူး... Function Key တွေရဲ့အသုံးအပြုအများဆုံး ယေဘုယျ လုပ်ဆောင်ချက် တွေကို ကျွန်တော် သိသလောက် ပြန်လည်မျှဝေလိုက်ပါတယ်...
F1 = Program အားလုံးနီးပါးမှာ အကူအညီလိုအပ်တဲ့အခါ အသုံးပြုနိုင်ပါတယ်.. F1 Key ကိုနှိပ်လိုက်တဲ့အခါ လက်ရှိ Active ဖြစ်နေတဲ့ Program ရဲ့ အကူအညီ ( Help ) Screen ပေါ်လာမှာဖြစ်ပါတယ်..
F2 = Select လုပ်ထားတဲ့ File သို့မဟုတ် Folder ကို Rename လုပ်ဖို့အတွက် အသုံးပြုနိုင်ပါတယ်.. နောက်တစ်ခုက Windows Loading လုပ်နေစဉ်မှာ F2 ကိုနှိပ်ရင် BIOS Setting ကိုရောက်ပါတယ်.. ဒါကတော့ ကွန်ပျူတာအားလုံးမှာ လုပ်ဆောင်နိုင်မှာမဟုတ်ပေမယ့် တော်တော်များများမှာတော့ Loading လုပ်နေစဉ်မှာ F2 ကိုနှိပ်လိုက်ရင် BIOS Setting ကိုရောက်ပါတယ်..
F3 = လက်ရှိ ဖွင့်ထားတဲ့ Program အတွက် Search Box ကိုဖေါ်ပြဖို့အတွက်သုံးပါတယ်...
F4 = Alter Key နဲ့ F4 Key ကိုတွဲနှိပ်လိုက်ရင် လက်ရှိဖွင့်ထားတဲ့ Program သို့မဟုတ် Windows Explorer Box ကို ပိတ်ပစ်နိုင်ပါတယ်..
F5 = Windows Desktop ကို Refresh လုပ်ဖို့ အသုံးပြုနိုင်ပါတယ်.. အင်တာနက် Browser မှာ ဖွင့်ထားတဲ့ Page ကို Reload လုပ်ဖို့အတွက်လည်းအသုံးပြုနိုင်ပါတယ်... Microsoft Office Ward မှာတော့ Find and Replace Dialog Box ပေါ်လာပြီး Go To မှာ Active ဖြစ်နေပါမယ်...
F6 = အင်တာနက် Browser ကိုအဖွင့်ပြီးအသုံးပြုနေစဉ်မှာ F6 ကိုနှိပ်လိုက်ရင် Address Bar မှာ Active ဖြစ်သွားပါမယ်... Adobe Pagemaker မှာတော့ Bold Type ကိုပြောင်းဖို့သုံးပါတယ်...
F7 = Microsoft Office Word မှာတော့ Spelling and Grammar Check လုပ်ဖို့သုံးပါတယ်..
F8 = Windows Loading လုပ်နေစဉ်မှာ F8 ကိုဖိထားရင် Safe Mode ကိုရောက်ပါတယ်.. ဖိမထားဘဲ တစ်ချက်တည်းနှိပ်လိုက်ရင်တော့ Boot Menu ကိုရောက်ပါတယ်..
F9 = Microsoft Office Word မှာ Document ကို Refresh လုပ်ဖို့သုံးပါတယ်.. Microsoft Office Outlook မှာတော့ Send and receive email ကိုရောက်သွားပါမယ်...
F10 = ဖွင့်ထားတဲ့ Program ရဲ့ Menu ကို Active လုပ်ဖို့သုံးပါတယ်.. နောက်တစ်ခုက Shift Key နဲ့ F10 ကိုနှိပ်ရင် Mouse ရဲ့ Right Click နဲ့ အတူတူဖြစ်ပါတယ်..
F11 = Full Screen Mode ကိုပြောင်းတာဖြစ်ပါတယ်.. ဘယ် Program မဆို F11 ကိုနှိပ်လိုက်ရင် Full Screen မြင်ရမှာဖြစ်ပါတယ်..
F12 = Microsoft Office Word မှာတော့ Save as Dialog Box ပေါ်စေပါတယ်.. File Name, File Type, File Location တွေကိုပြောင်းလဲသိမ်းဆည်းလိုတဲ့အခါ အသုံးပြုပါတယ်...
15/08/2022
" Computer စက်ရှင်းနည်း "
-----------------------------------------
(က)windows key+R ကိုတွဲနှိပ်ပါ။
Box ထဲသို့အောက်က စာများရိုက်ထည့်ပေးပါ။
1-temp
2-%temp%
3-prefetch
4-recent
ပေါ်လာသမျှ folder and file များကို Shift delete ပေးဖျက်ပြစ်ပါ။
အပေါ်က ၄ခုလုံးလုပ်ပါ ပြီးရင် desktop ပေါ်က recycle bin ကို
rightclick ထောက်empty recycle bin ကိုနှိပ်>>>>>yes နှိပ်
(ခ) disk cleanupလုပ်ခြင်း
ကွန်ပြူတာကို နှေးစေသောအကြောင်းရာများထဲမှာ
disk cleanup မလုပ်ခြင်းလည်းပါပါတယ်။
disk ကိုနေရာများများရအောင် လုပ်ခြင်းဖြစ်ပါတယ်။
အောက်ကအတိုင်းအဆင့်ဆင့်သွားလိုက်ပါ။
>> start>>all programs>> accessories>> system tools>>
disk cleanup နှိပ် ။
😘Run Box ( Window + R) >> cleanmgr >> ok >> Disk Clean Tab ထဲတွင် အောက်သုံးမျိုးကို အမှန်ခြစ်ပေးပါ။
•Download program files, Temporary Internet files, Thumbnails😘okပေး delete files
(ဂ)disk defragmenter လုပ်ခြင်း
programs ကိုသွင်းလိုက် ထုတ်လိုက် လုပ်ဖန်များလာရင်
ဖိုင်တွေက ဟိုနားတခု ဒီနားတခုနဲ့ ပြန့်ကျဲနေမယ်ဆိုရင်
စက်ဖွင့်ရင် ဖိုင်ကိုလိုက်ရှာနေရတာကြောင့်စက်က
လေးနေမယ် တော်တော်လေးကြာမှာပွင့်လာတတ်တယ်
ဒါကြောင့် ဖိုင်တွေကို ပြန်စီပေးလိုက်ခြင်းဖြင့်
စက်ကပိုပြီးမြန်ဆန်သွက်လက်လာပါလိမ့်မယ်။
start>> all programs>> accessories>> system tools>>
disk defragmenter ကိုနှိပ် ပီးရင် Ok . Deleted ။
>>> ၁လကို ၁ကြိမ် defragment လုပ်ပေးပါ Check now > Yes > Automatically .
ကို အမှန်ခြစ်ဖြုပါ > Scan for and . . . အမှန်ခြစ်ပေးပြီး
Start ပေါ့ဗျာ ပီးတဲ့ထိ Wait ပေးလိုက်ပါ။
ပြီးရင် Defragment now ကိုလဲ ပြောခဲ့သလိုပဲ လုပ်ပေးပါ။
>>> programs များကိုပိတ်ထားမယ် > msconfig Ok. Restart ချပေးလိုက်ပါ။
Service ထဲကတော့ ကိုအသုံးမလိုတဲ့ Software များကို
အမှန်ခြစ်ဖြုတ်ပီး ပိတ်ချင်လဲ ပိတ်ထားလိုက်လို့ရပါတယ်။
နောက်တစ်နည်း
-------------------------
(၁) start menu မှ run ထဲမှာ regedit ဆိုပြီး ရိုက်လိုက်ပါ။
(၂)registry editor window ပေါ်လာရင် HKEY LOCALMACHINE\
SYSTEM\ Current Control Set\ Control\ Session Manager\Memory Management ဆိုပြီး
အဆင့်ဆင့်သွားလိုက်ပါ။
(၃)Memory Management ကို Click လိုက်ပါ။ ညာဘက်မှာ Disable
Paging Executive ဆိုတာကို ရှာလိုက်ပါ။ တွေ့ရင် Double Click လုပ်ပြီး decimal value ကို
ပြောင်းပေးလိုက်ပါ။ 1 ရိုက်ထည့်ပြီး Ok နှိပ်ပါ။
(၄)နောက်ထပ် Large System Cache ကိုရှာပြီး double click
လုပ်လိုက်ပါ။ ပြီးရင်း decimal value ကို ပြောင်းပေးလိုက်ပါ။ 1 ရိုက်ထည့်ပြီး Ok နှိပ်ပါ။
(5) PC Desktop ပေါ်မှာ software များအကုန်လုံးပျောက်ဆုံးနေရင်
screen မျက်နှာပြင်မှာ ပဲ Mouse ကို right click နှိပ်ပြီး View က show desktop icons နှိပ်လိုက်လျှင် ပြန်ပေါ်လာပါလိမ့်မယ်။
#ကွန်ပြူတာစက်ရှင်းနည်း
12/08/2022
အောင်မြင်မှုကို လိုချင်ရင် သင်ယူမှုကို ဘယ်တော့မှ မရပ်တန့်ပါနဲ့။