Letu Chin Language Teaching School

Directions Website

Letu Chin Language Teaching School လေးတူ(ချင်း)စာပေသင်ကြားရေးသင်တန်းကျောင်း(Letu Chin Literature Training School)သည် လေးတူချင်းဒေသိယစကားများကို စနစ်တကျ သင်ကြားပေးသော ကျောင်းဖြစ်ပါသည်။

ကျောင်းအကြောင်း မိတ်ဆက် - လေးတူချင်း ဘာသာစကားသင်ကျောင်း (Letu Chin Language School)
ရိုးရာအမွေအနှစ်နှင့် စံချိန်စံညွှန်းတို့ကို ပေါင်းကူးချိတ်ဆက်ခြင်း

"လေးတူချင်း ဘာသာစကားသင်ကျောင်း" သည် လေးတူချင်း ဒေသိယစကား (Dialect)ကို စနစ်တကျ သင်ကြားပေးရန် ဦးဆောင်ကြိုးပမ်းနေသော မိခင်ဘာသာစကားဖွံ့ဖြိုးတိုးတတ်ရေးအဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် လေးတူဘာသာစကားအတွက် နိုင်ငံတကာ အသိအမှတ်ပြု ဘာသာစကား ကျွမ်းကျင်မှု စံသတ်မှတ်ချက် (Common European Framework of Reference for Languages - CEFR) နှင့်အညီ အခြေခံမှစ၍ ကျွမ်းကျင်အဆင့်အထိ လမ်းကြောင်းတစ်ခုကို စနစ်တကျ ရေးဆွဲသင်ကြားပေးနေသော ပထမဆုံး အွန်လိုင်းကျောင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ ကမ္ဘာတစ်ဝန်း ရောက်ရှိနေသော ချင်းလူမျိုးများနှင့် ဘာသာစကား လေ့လာလိုသူများအတွက် လေးတူဒေသိယစကားများကို ခိုင်မာသော ပညာရပ်ဆိုင်ရာ သင်ရိုးများဖြင့် အလွယ်တကူ လက်လှမ်းမီ လေ့လာနိုင်စေရန် ဖြစ်ပါသည်။

08/09/2026
လေးတူ(ချင်း)ဘာသာစကားအရ မျောက် အခေါ် အဝေါ်များလေးတူ(ချင်း)ဒေသအတွင်းရှိတဲ့ မျောက်အမျိုးအစားတွေကို ဖော်ပြလိုက် ပါတယ်။ ဒီမျေ...
04/09/2026

လေးတူ(ချင်း)ဘာသာစကားအရ မျောက် အခေါ် အဝေါ်များ

လေးတူ(ချင်း)ဒေသအတွင်းရှိတဲ့ မျောက်အမျိုးအစားတွေကို ဖော်ပြလိုက် ပါတယ်။ ဒီမျောက်အမျိုးအစား (၅)မျိုးကိုပဲ လေးတူ(ချင်း)ဒေသမှာ တွေ့ရှိရတာ ဖြစ်ပါတယ်။

#လေးတူ(ချင်း) #မျောက်

လေးတူ(ချင်း)ဒေသိယစကားများအကြား ပုဂ္ဂလိကနာမ်စား အများကိန်းတည်ဆောက်ပုံ၊ စကားဆက်တစ်မျိုးနှင့်    Postposition တို့အား နှိုင...
01/09/2026

လေးတူ(ချင်း)ဒေသိယစကားများအကြား ပုဂ္ဂလိကနာမ်စား အများကိန်းတည်ဆောက်ပုံ၊ စကားဆက်တစ်မျိုးနှင့် Postposition တို့အား နှိုင်းယှဉ်ဖော်ပြချက်။ (Comparison of Plural Nouns, Conjunctions & the Postposition Among the Letu (Chin) Area-Based Dialects.)

လေးတူ(ချင်း)စကားဟာ ဒေသိယစကားတွေနဲ့လည်း ပေါင်းစပ်ထားတာဖြစ်တဲ့ အတွက် ဒေသိယစကားအားလုံးရဲ့ ကွဲပြားခြားနားချက်လေးတွေကို သိရှိထားမှ စာပေ အရေးအသားစနစ်မှာ ပိုပြီး ကောင်းမွန်စွာ ဆက်သွယ်ရေးသားနိုင်မှာ ဖြစ်ပါတယ်။ တချို့စကားလုံးတွင် ဒေသ(၂-၃)ခုအထိ ဆင်တူပြီး တချို့စကားလုံးမှာ ဧရိယာတစ်ခု တည်းအတွင်းမှာ ပြန်ကွဲပြီးတော့ အလှမ်းဝေးသည့်ဒေသိယစကား နောက်တစ်ခုနဲ့ ဆင်တူမှု ရှိတတ်တာကို တွေ့ရှိရပါတယ်။

၁။ #နာမ်စားအားအများကိန်းအဖြစ်ပေါင်းစပ်ပုံကွဲပြားခြင်း။
Nhe ဆိုတာ “သူ” လို့ အဓိပ္ပါယ်ရတယ်။ “သော/သောသူ” သို့မဟုတ် normalizer ဖြစ်တဲ့ -Tiq နဲ့ ပေါင်းစပ်လိုက်ရင် နာမ်စားအဓိပ္ပါယ်က လွှမ်းမိုးသွားပြီး၊ နာမဝိသေသန အဓိပ္ပါယ်နှင့် normalizer အဖြစ် လုပ်ဆောင်မှုရပ်သွားကာ၊ “တို့” ဆိုတဲ့ အဓိပ္ပါယ်ထွက် ပေါ်လာပါတယ်။ ဒါကြောင့်
Nhe+tiq= Nhetiq. သူတို့
Put+tiq=Putiq. ဦးလေးတို့ ဆိုပြီး ဖြစ်လာပါတယ်။

ဒါပေမဲ့ ဒီစကားလုံးတွေကို နောက်ထပ် “အများကိန်း” အဖြစ်ထပ် ပေါင်းထည့်တဲ့ အခါမှာ ပန်းမြောင်းကြီးချောင်း(Pongle)ဒေသိယစကားမှ လွဲပြီး၊ ကျန်တဲ့ ဒေသိယစကားတွေမှာ “lhiq/lheq” စကားလုံးကို အသုံးပြုကြပါတယ်။ ပေါင်လေ ဒေသိယစကားမှာတော့ “heq” လို့ သုံးပါတယ်။ L အသံ မပါတာကို သတိပြုမိရပါမယ်။ အပေါ်က စာကြောင်းသည် ဒီလိုဖြစ်လာပါတယ်။
Nhetiq+heq=Nhetiqheq. သူတို့
Putiq+heq = Putiqheq ဦးလေးတို့

လေးတူ(တောင်ပေါ်ဒေသ) နှင့် လေးတူ(တေလောင်နှင့် ဖုံသာချောင်းဒေသ) တို့ကတော့ အောက်ပါအတိုင်းပဲ အသုံးပြုကြပါတယ်။
Nhetiq+lheq=Nhetiqheq. သူတို့
Putiq+lhiq = Putiqlhiq ဦးလေးတို့

မှတ်ချက်။ အများကိန်းအတွက် heq နှင့် lhiq/lheq ဟူသော စကားလုံးအား မဖြစ်မနေထည့်ရန် မလိုအပ်ပေ။

၂။ #စကားဆက်(သဗ္ဗန္ဒ)အရေးအသားကွဲပြားခြင်း။
လေးတူ(တေလောင်နှင့် ဖုံသာအပါအဝင်) နှင့် လေးတူ(ဖုန်းလောင်(မြောက်ဦးမြို့နယ်) တို့ရဲ့ ဒေသိယစကားတွေမှာ “နှင့်/နဲ့” ဆိုတာကို “La”နဲ့ အသုံးပြုကြပါတယ်။ ကျန်တဲ့ တောင်ပေါ်ဒေသနှင့် ပေါင်လေဒေသ၊ သံထောင်ဧရိယာမှာတော့ “Na”လို့ပဲ အသုံးပြုကြပါတယ်။ ဥပမာ-
Ki na nang. မင်းနဲ့ငါ
Ki la nang. မင်းနဲ့ငါ
Nu na Paw. အမေနဲ့ အဖေ
Nu la Paw. အမေနဲ့အဖေ

၃။ ေးအသားကွဲပြားခြင်း။
လေးတူ(ချင်း)ဒေသိယစကားမှာ ဒီအသုံးအနှုန်းကွဲပြားပုံကို မပြောမီ ပထမဦးဆုံး တိဗက်-ဗမာမျိုးရင်းကနေ ဆင်းသက်လာကြတဲ့ ဘာသာစကားတွေမှာ “ဝိဘက်” အလုပ်လုပ်ပုံကို အနည်းငယ်ရှင်းပြပါမယ်။
လေးတူ(ချင်း)ဘာသာစကားဟာ တခြားချင်းစကားတွေလိုပဲ “ဝိဘက်” ကို အင်္ဂလိပ် ဘာသာစကားလို ကြိယာရှေ့မှာ ထည့်ရတာ မဟုတ်ဘဲ၊ ကြိယာအနောက်မှာပဲ ထည့်သုံး ကြပါတယ်။ Tibeto-Burman အုပ်စုတွေအားလုံး ဒီလိုပဲ ဖြစ်ပါတယ်။ သူတို့ဟာ Subject-Object-Verb (SOV) sentence structure လို့ ခေါ်တဲ့ “ပြုလုပ်သူ+ခံရသူ+ကြိယာ” ဝါကျအနေအထား ဖြစ်ပါတယ်။ ဒါကြောင့် တချို့သော အသုံးအနှုန်းတွေမှာ ဒီအုပ်စုတစ်ခုလုံးရဲ့ ဘာသာစကားတွေကို အင်္ဂလိပ်သဒ္ဒါနည်းစနစ် အတိုင်း အလုပ်မလုပ်တာကို သတိပြုကြရပါမယ်။ လေးတူ(ချင်း)စကားမှာလည်းပဲ “ဝိဘက်” က ကြိယာအနောက်မှာသာ လိုက်နေရာယူတဲ့အတွက် “နောက်မှလိုက်တဲ့ ဝိဘက်”(Postposition) ပဲ ရှိပါတယ်။ Preposition မရှိပါဘူး။ အခုတော့ “နောက်မှ လိုက်တဲ့ဝိဘက်” နဲ့ပတ်သက်ပြီး လေးတူ(ချင်း)ဒေသိယစကားမှာ အဓိက (၃)နေရာ ကွဲတာကို ဖော်ပြပါမယ်။

၁။ တောင်ပေါ်ဒေသအုပ်စု(ဆိုင်ချောင်း၊ ဝတ်ချောင်းနှင့် ဂျာချောင်း ဒေသ)၊ မင်းပြားမြို့နယ်။
Cet täi. သွား/ဖို့ရန်
E yäi. စားဖို့/ရန်

၂။ ဖုန်းလောင်ဒေသ(မြောက်ဦးမြို့နယ်နှင့်ပလက်ဝမြို့နယ်)၊ ပန်းမြောင်းကြီးချောင်း ဒေသ(မင်းပြားမြို့နယ်)။
Cet hai. သွားဖို့/ရန်
E hai. စားဖို့/ရန်

၃။ တေလောင်နှင့် ဖုံသာချောင်းဒေသ(မင်းပြားမြို့နယ်)။
Cet tëq. သွားဖို့/ရန်
E yëq. စားဖို့/ရန်

လေးတူ(တောင်ပေါ်ဒေသ)ရဲ့ ဒေသိယစကားတွေမှာ postposition ကို -äi က ပုံသေစကားလုံး/root word ဖြစ်တာကို တွေ့ရပြီး၊ လေးတူ(တေလောင်)ကတော့ -ëq သည် သူ့ရဲ့ root word ဖြစ်တာကို တွေ့ရှိနိုင်ပါတယ်။ လေးတူ(ဖုန်းလောင်နှင့် ပေါင်လေ)ဒေသစကားလုံး - hai က ပုံသေဖြစ်ပါတယ်။
Postposition ကို ရည်ညွှန်းရေးသားတဲ့အခါ ဒီစကားလုံးတွေကို အသုံးပြုရမှာ ဖြစ်ပါတယ်။ ဥပမာ- äi နှင့် -ëq တို့က ပုံသေစကားလုံးတွေဖြစ်ကြပြီးတော့ ၎င်းတို့၏ရှေ့တွင် နေရာယူမည့်စကားလုံးမှာ ကြိယာစကားဆုံး၏အဆုံးသတ်အရ ပြောင်းလဲမှာ ဖြစ်ပါတယ်။ ဥပမာ -
Cum mäi. စီးဖို့./ရန်
Ok käi. သောက်ဖို့/ရန်
Hawu väi. ပြောဖို့/ရန်

Cum mëq. စီးဖို့./ရန်
Ok këq. သောက်ဖို့/ရန်
Hawu vëq. ပြောဖို့/ရန်

ကြိယာစကားလုံးမည်မျှပင် ပြောင်းလဲပါစေ မပြောင်းလဲတဲ့ - hai စကားလုံးကို လေ့လာပါ။
Cum hai. စီးဖို့./ရန်
Ok hai. သောက်ဖို့/ရန်
Hawu hai ပြောဖို့/ရန်

နောက်ဆုံး ဒေသိယစကားဟာ အပြောင်းအလဲ မရှိတဲ့အတွက် ပုံသေမှတ်သား ထားနိုင်တဲ့ အားသာချက်ရှိပါတယ်။ အပေါ်က (၂)မျိုးကတော့ ကြိယာစကားလုံး အလိုက် အပြောင်းအလဲရှိပါတယ်။ ဥပမာ- Cum နှင့် Ok စကားတို့ရဲ့ Postposition တွေကို ၎င်တို့ရဲ့ အဆုံးသတ် စကားလုံး m နှင့် k တို့ဖြင့် ရေးသားနိုင်ပေမဲ့၊ hawu ကိုမူ v နဲ့ပဲရေးသားရတဲ့ အနေအထားဖြစ်ပါတယ်။ ဒါပေအပြင် glottal stop- Q နဲ့ အဆုံးသတ်တဲ့ စကားလုံးတွေကိုလည်း ဒီအနည်းအတိုင်း ပုံသေတွက်လို့ မရပါဘူး။

လေးတူ(ချင်း)မျိုးနွယ်စုတိုင်း မိမိတို့ရဲ့ ဒေသိယစကားအပြင် တခြားဒေသများရဲ့ စကားလုံးကွဲပြားမှုတွေကို လေ့လာသိရှိခြင်းဖြင့် နောင်မှာ “အများသုံးစာပေတစ်ခု” ပေါ်ပေါက်လာနိုင်မှာပဲ ဖြစ်ပါတယ်။

လေးတူ(ချင်း)ဒေသိယစကားများ

လေးတူ(ချင်း)စကားအရ ပျားအများစု (သို့) လေးတူဒေသတွေမှာတွေ့ရှိရတဲ့ ပျားအများစုရဲ့ အခေါ် အဝေါ်တွေကို ဖော်ပြပေးလိုက်ပါတယ်။ လေ...
24/08/2026

လေးတူ(ချင်း)စကားအရ ပျားအများစု (သို့) လေးတူဒေသတွေမှာတွေ့ရှိရတဲ့ ပျားအများစုရဲ့ အခေါ် အဝေါ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

လေးတူ(ချင်း)စကားဟာ ဒေသိယအလိုက်ကွဲပြားနိုင်တဲ့အတွက် မိမိဒေသမှာ ဘယ်လို ခေါ်သလဲဆိုတာ အောက်က ကော်မန့်မှာ မိမိဒေသထဲပြီး ရေးနိုင်ပါတယ်။

#လေးတူ(ချင်း)

လေးတူ(ချင်း)စကားအရ မြွေတချို့ရဲ့ အခေါ် အဝေါ်တွေကို ဖော်ပြပေးလိုက်ပါတယ်။ လေးတူ(ချင်း)စကားဟာ ဒေသိယအလိုက်ကွဲပြားနိုင်တဲ့အတွ...
21/08/2026

လေးတူ(ချင်း)စကားအရ မြွေတချို့ရဲ့ အခေါ် အဝေါ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

လေးတူ(ချင်း)စကားဟာ ဒေသိယအလိုက်ကွဲပြားနိုင်တဲ့အတွက် မိမိဒေသမှာ ဘယ်လို ခေါ်သလဲဆိုတာ အောက်က ကော်မန့်မှာ မိမိဒေသထဲပြီး ရေးနိုင်ပါတယ်။

#လေးတူ(ချင်း)

လေးတူ(ချင်း) စာပေစနစ်သစ်အတွက် Ä၊ Ë နှင့် Ei သရ(၃)လုံးအား မိတ်ဆက်ပေးခြင်း   #လေးတူချင်းဘာသာစကား
12/07/2026

လေးတူ(ချင်း) စာပေစနစ်သစ်အတွက် Ä၊ Ë နှင့် Ei သရ(၃)လုံးအား မိတ်ဆက်ပေးခြင်း

#လေးတူချင်းဘာသာစကား

လေးတူ(Letu)မိခင်စာပေ တစ်ကိုက်စာသင်ခန်းစာလေးတူ(ချင်း)ဘာသာစကားသင်ခန်းစာအတွက် "လေးတူ(ချင်း) ပြာဟင်းနဲ့ သက်ဆိုင်သော အခေါ်အဝေ...
07/07/2026

လေးတူ(Letu)မိခင်စာပေ တစ်ကိုက်စာသင်ခန်းစာ
လေးတူ(ချင်း)ဘာသာစကားသင်ခန်းစာအတွက် "လေးတူ(ချင်း) ပြာဟင်းနဲ့ သက်ဆိုင်သော အခေါ်အဝေါ်များ" ကို တင်ပေးလိုက်ပါတယ်။

လေးတူ(ချင်း)စကားဟာ တချို့အသုံးအနှုန်းအတွက် စကားလုံးက မရှိတဲ့အခြေအနေလည်းရှိသလို၊ တစ်ခါတလေကျပြန်တော့လည်း အကြောင်းအရာတစ်ခုအတွက် စကားလုံးတွေများ အများကြီးလည်းရှိနေတတ် ပါတယ်။ အောက်က “ပြာဟင်း” နဲ့ သက်ဆိုင်တဲ့ အသုံးအနှုန်းကို လေ့လာကြည့်ပါ။

မှတ်ချက်။ ပြာနှင့် ဆားနဲ့သက်ဆိုင်သော တခြားစကားလုံးအသုံးနှုန်း = Khrum /Nga. ငံသည်။

#လေးတူချင်း #အနံ့ #မိခင်စာပေ #သင်ယူခြင်း

17/06/2026

This World Environment Day, we celebrate the deep connection between language, people, and the natural world. Across the globe, indigenous and local languages carry generations of environmental knowledge, including: preserving wisdom about biodiversity, climate patterns, sustainable land use, and community resilience.

By supporting language development and multilingual inclusion, we help safeguard not only linguistic diversity but also invaluable knowledge that can contribute to a more sustainable future for all.

Protecting languages and protecting our planet are shared acts of stewardship.

Address

Naypyidaw

Alerts

Be the first to know and let us send you an email when Letu Chin Language Teaching School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share