Top One Computer Training Center

Top One Computer Training Center Education for Everyone,Everywhere

If you would like to teach subjects such as 📕Cambridge IGCSE Computer Science (0478), 📗Cambridge IGCSE Information and C...
08/06/2025

If you would like to teach subjects such as
📕Cambridge IGCSE Computer Science (0478),
📗Cambridge IGCSE Information and Communication Technology (0417),
📘CompTIA A+,
📙CompTIA N+,
📒CCNA (200-301), please contact us.

Online Class သီးသန့် ။ သင်တန်းတတ်ရန် စိတ်ဝင်စားပါက ဆက်သွယ် စုံစမ်းနိုင်ပါတယ် ခဗျ။
02/06/2025

Online Class သီးသန့် ။
သင်တန်းတတ်ရန် စိတ်ဝင်စားပါက ဆက်သွယ် စုံစမ်းနိုင်ပါတယ် ခဗျ။

19/04/2025

မင်မင်တို့ စစ်ဘေးရှောင်ပြီးနောက် ခံစားနေရတဲ့
စိတ်ခံစားချက်တွေက ပုံမှန်ပဲလား ????

တနေ့က ဆိုင်မှာ စျေးလာဝယ်ရင်း ညီမလေးတစ်ယောက်က သူခံစားရတာလေးတွေပြောပြရှာတယ်။

ပြောချင်တာက မင်မင်တို့လဲ တူတူပါပဲရှင့်။

✅အဆင်ပြေအောင်မြင်နေတဲ့ စီးပွါးရေး

✅ဘဝတစ်လျှောက်လုံး အလုပ်ထဲ နှစ်ပြီး ရှာဖွေခဲ့ရတဲ့ ဥစ္စာပစ္စည်း

✅အိုးအိမ် အဆောက်အဦး အချို့ဆို ဆွေမျိုးသားချင်းတွေ မိမိ မျက်စိအောက်မှာ တစ်ခဏလေးအတွင်းဆုံးရှုံးခဲ့ရပြီး

နေရာ အသစ် ပတ်ဝန်းကျင် အသစ်တစ်ခုမှာ အဆင်ပြေသလို အဆင်ပြေအောင် ကြိုးစားရုန်းကန်ခဲ့ကြရတယ်

နှုတ်ကတာဖွင့်မပြောနိုင်ကြတာပါ ရင်ဘတ်ထဲက အပူမီးကတူတူ ပဲလို့ ပြောပြချင်ပါတယ်ရှင့်။

မင်မင်ဆို ဆွေးနွေးတိုင်ပင်မူ့တွေပါယူခဲ့ရတဲ့အထိ စိတ်ထဲ အဆင်မပြေပါဘူးနော်။

🔆အလုပ်တွေ အရင်လိုကြိုးစားလဲ မအောင်မြင်တော့ဘူး မလုပ်နိုင်တော့ဘူးလို့ခံစားရတယ်

🔆မိသားစု ဥပမာ မိဘ နဲ့ သားသမီးတွေကို အရင်လို မထားနိုင်မှာ စိတ်ပူတယ် စိတ်ဖိစီးတယ်

🔆ဌားနေရတဲ့ အိမ်တွေ ဆိုင်တွေ ကနေ ဘယ်တော့များအရင်လို ကိုယ်ပိုင် အိမ်လေး ပြန်ပိုင်နိုင်မလဲ တွေးပူတယ်

🔆ဘာလုပ်လုပ် အရင်လို မဖြစ်နိုင်တော့ဘူးဆိုတဲ့အတွေးအမြဲတွေးနေမိတယ်

🔆အနာဂတ်တွေ စိတ်ကူးတွေ ဆိုတာ မရှိတော့ဘူး

ဒါတွေက စစ်ရှောင်လာတဲ့ လူတိုင်းခံစားရတဲ့ အခြေနေတချို့ပါ ဒီထက်ဆိုးတာတွေလဲ ခံစားရနိုင်ပါတယ်။
ခံစားနေရတာကလဲ ဖြစ်သင့်ခံစားသင့်လို့ကို ခံစားနေရတာမို့ မိမိတစ်ယောက်တည်းဖြစ်နေတာမဟုတ်ဘူးလို့ ပြောပြချင်ပါတယ်ရှင့်။

ဒါတွေခံစားနေရပီဆိုရင် မိမိချစ်တဲ့သူတွေကို မျှဝေပါ ပြောပြပါ တစ်ယောက်တည်းကြိတ်မခံစားပါနဲ့
မပြောပြချင်ရင်တောင် စာအုပ်တစ်အုပ်ထဲ ခံစားချက်​တွေချရေးပါ ခံစားရတိုင်းရေးပြီး ရင်ထဲပေါ့သွားပါစေ။

ဝါသနာပါတာ တစ်ခုခုကို စတင်သင်ယူတာ လုပ်ကြည့်တာမျိုးကြိုးစားပေးပါ ဥပမာ ပန်းချီဆွဲတာ /သီချင်းဆိုတာ

လုပ်ငန်းအတွက် သေးသေးလေးကနေစတင်ပါ အရင်လိုမဟုတ်လို့မရှက်မကြောက်ပါနဲ့နော်။

မိမိကိုယ်ကိုလဲ အားပေးပါ ငါလုပ်နိုင်တယ် ငါလုပ်တတ်တယ် အရင်ကတောင်လုပ်ခဲ့ဖူးတာပဲ စသဖြင့်ပေါ့

မင်မင်ပြောချင်တာက မိသားစုအချင်းချင်းလဲ အားပေးပါ
နှစ့်သိမ့်ပေးပါနော်
မင်းကိုလိုအပ်နေသူတွေရော ချစ်တဲ့သူတွေရော အများကြီးရှိပါတယ်

ဒါတွေက မင်မင်ကိုယ်တိုင်ကြုံတွေ့နေရတာလေးမို့ပြောပြပေးတာပါ။
တူတူ အနာဂတ်သစ်အတွက် ကြိုးစားပြီး
ရှင်သန်ကြမယ်လေ ဘာဖြစ်ဖြစ်လက်မလျော့ပါနဲ့နော်။

19/04/2025

IGCSE O'Level မှ Computer Science နှင့် ICT ဘာသာရပ်တို့ သင်ကြားလိုပါက ဆက်သွယ်နိုင်ပါတယ်။

31/03/2025

စိတ်ပူလို့ ဖုန်းဆက်နေကြတဲ့ မိတ်ဆွေများ ကျနော်တို့ မိသားစု အကုန်ဘေးကင်းကြပါတယ် ခဗျ။

ငလျှင်ကြောင့် ဒုတ်ခ ရောက်နေကြတဲ့ သူတွေကို တက်နိုင်သလောက်ကူညီပေးကြပါခဗျ။

ငလျင်က တော်တော် ကြောက်ဖို့ကောင်းပြီး၊ တော်တော် ဆုံးရှုံးမှုတွေ များပါတယ်။

စိတ်ကျန်းမာရေးကိုမထိခိုက်စေမယ့် ရိုးရှင်းလွယ်ကူသောအွန်လိုင်းအသုံးပြုနည်း ၅ နည်း။စာရေးသူ - မေသူခင်လူသားတိုင်း နေ့စဉ်ရက်ဆက...
26/02/2025

စိတ်ကျန်းမာရေးကိုမထိခိုက်စေမယ့် ရိုးရှင်းလွယ်ကူသောအွန်လိုင်းအသုံးပြုနည်း ၅ နည်း။
စာရေးသူ - မေသူခင်

လူသားတိုင်း နေ့စဉ်ရက်ဆက် ထိတွေ့နေတဲ့ အင်တာနက်ဟာ နှစ်ဖက်ချွန်တဲ့ ဓားတစ်လက်လိုပါပဲ... ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ပြောဆိုဖို့၊ သင်ယူလေ့လာဖို့နဲ့ အရေးကြီးတဲ့အရာတွေကို မျှဝေဖို့အတွက် အရမ်းအသုံးဝင်ပါတယ်လို့ပြောနေပေးမယ့် တစ်ဖက်မှာ ငြင်းပယ်လို့မရတဲ့ ဆိုးကျိုးတွေက လက်ချိုးရေလို့မရပါဘူး။

ဒီလို အစွမ်းထက်တဲ့ လက်နက်တစ်ခုဖြစ်တဲ့ Internet ကို ကျွန်မတို့အားလုံး နည်းမှန်လမ်းမှန်နဲ့ရော အသုံးပြုနေမိရဲ့လား?

ကျွန်မကတော့ ကောင်းကျိုးဆိုးပြစ်ဖြစ်တဲ့နေရာမှာ ရာခိုင်နှုန်းအများစုက အသုံးပြုနေတဲ့သူတွေ အပေါ်မှာပဲ မူတည်တယ်လို့ ယုံကြည်ပါတယ်။

ကျွန်မတို့ရဲ့ မသိစိတ်မှာ လူတစ်ယောက်က အချိန်နဲ့ တပြေးညီထွက်ပေါ်နေတဲ့ အင်တာနက် သတင်းတွေကို အမြဲလိုစောင့်ကြည့်သိရှိနေမှ၊ နာမည်ကြီး၊ ခေတ်စားနေတဲ့ ရေစီးကြောင်းအတိုင်း အမြဲလို လိုက်နေနိုင်မှ လူရာဝင်တယ်ဆိုတဲ့ အသိတွေကို အနည်းနဲ့အများဖြစ်ပေါ်နေတတ်ပါတယ်။ အဲဒီအပြုအမူနဲ့ ပတ်သက်ပြီး စိတ်ဖိစီးမှုတွေ၊ အားကျမနာလိုစိတ်တွေ ၊ အထီးကျန်လာတာ ၊ ဝမ်းနည်းစိတ်အားငယ်မှုတွေဖြစ်လာတာ၊ လူတွေနဲ့ဆက်ဆံရမှာ စိုးရိမ်ကြောင့်ကြတာမျိုးတွေ ဖြစ်လာပြီဆိုရင်တော့ ကျွန်မတို့ဟာ အကောင်းထက် အဆိုးတွေပိုများလာတာကိုသတိပြုမိဖို့လိုပါတယ်။

ဒါ့ကြောင့် ဖေဖေါ်ဝါရီလ ၈ရက်နေ့ကို Safer Internet Day လို့သတ်မှတ်ပြီး ပိုမိုကောင်းမွန်လုံခြုံတဲ့အင်တာနက် အဝန်းအဝိုင်းလေးဖြစ်ဖို့ လှုံ့ဆော်ကြတာကိုလည်းတွေ့ရပါတယ်။ ဒီတော့ အင်တာနက်သုံးတဲ့အခါ ကိုယ့်ရဲ့စိတ် ကျန်းမာရေးကို ကာကွယ်ဖို့အတွက် လိုက်နာလို့ရအောင် အချက် ငါးချက်ကို ဝေမျှပေးလိုက်ပါတယ်။

၁။ သတင်းဆိုးများကို ဆက်တိုက်ကြည့်ရှုခြင်းမှ ရှောင်ကြဉ်ပါ။

Social Media နဲ့ အင်တာနက် သတင်းတွေက ကိုယ့်ရဲ့ စိတ်ခံစားချက်အပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိတာကို ဆန်းစစ်ကြည့်ပါ။ “ငါဘာလို့အင်တာနက်/လိုင်းသုံးတာလဲ”လို့ ကိုယ့်ကိုကိုယ်ပြန်မေးပါ။ အွန်လိုင်းမှာ ကုန်ဆုံးနေတဲ့ ကိုယ့်အချိန်ကို ထိန်းချုပ်ကန့်သတ်ထားမယ်ဆို ပိုမိုအထောက်အကူ ဖြစ်နိုင်ပါတယ်။ ကိုယ့်ကို စိတ်မကောင်းဖြစ်စေနိုင်တဲ့ လူမှုကွန်ယက်စာမျက်နှာနဲ့ အကြောင်းအရာတွေကို လျစ်လျှုရှုပါ။ ဒါမှမဟုတ် လျှော့ကြည့်သင့်ပါတယ်။ အင်တာနက်ပေါ်က အရာတိုင်းက အစစ်အမှန်မဟုတ်ပေမယ့် သူတို့ကြောင့် ကိုယ့်အပေါ်အကျိုးသက်ရောက်မှုကတော့ တကယ်ဖြစ်လာနိုင်တာမို့ ဂရုစိုက်သင့်ပါတယ်။

၂။ သတိရှိပါ။ (ကိုယ့်အတွက် Positiveဖြစ်တဲ့ အရာများကို သတိထားမိပါ။)

ဒီနေ့ခေတ်မှာ အင်တာနက်ပေါ်မှာ စိတ်ကျန်းမာရေးနှင့် တိုးတက်ဖွံ့ဖြိုးရေးကို အထောက်အကူဖြစ်စေတဲ့ ဆောင်းပါးများနှင့် Video များစွာ ရှိနေပြီ ဖြစ်ပါတယ်။ ကိုယ့်ကို စိတ်အားတက်ကြွစေတဲ့ အကြောင်းအရာတွေကိုတင်ပေးတတ်တဲ့၊ တင်ဆက်သူတွေကို follow/Like ပြုလုပ်ထားသင့်ပါတယ်။ အခုဆိုရင် လိုင်းပေါ်မှာ စိတ်ကျန်းမာရေးနှင့်ပတ်သတ်သော ဗဟုသုတများသာမက စိတ်ကျန်းမာရေး ကျွမ်းကျင်ပညာရှင်များ၏ အကူအညီကိုပါ ရယူနိုင်နေပြီဖြစ်ပါတယ်။

https://www.facebook.com/1676444222644090/posts/2995420624079770/ (Mental Health Support Myanmar)

၃။ Onlineပေါ်တွင် ကိုယ့်ကိုကိုယ်နှင့် အခြားသူများကို ကာကွယ်ပါ။

ကိုယ့် လူမှုကွန်ယက်ပေါ် ရှိ ကိုယ်ပိုင်လျှို့ဝှက်အချက်အလက်တွေရဲ့ လုံခြုံမှုကို အမြဲလိုလို စစ်ဆေးသင့်ပါတယ်။ ကွန်ပျူတာတွင်ပါရှိသော ကင်မရာများကို အသုံးမပြုပါက ဖုံးကာထားသင့်ပါတယ်။ အင်တာနက်ပေါ်ရှိ appများနှင့် ဝန်ဆောင်မှုများတွင် မိမိ၏ အမည်၊ နေရာလိပ်စာနှင့် ဓာတ်ပုံတို့ကို ပေးရမည်ဆိုပါက အထူးသတိပြုသင့်ပါတယ်။ ဒါ့အပြင်ကို အင်တာနက်ပေါ်တွင် ကိုယ့် မိတ်ဆွေသူငယ်ချင်းများက အဆင်မပြေဖြစ်နေသည်ဟု ယူဆရပါက၊ တတ်နိုင်သလောက် ကူညီပေးသင့်ပါတယ်။

https://www.facebook.com/1676444222644090/posts/3018415135113652/

(စိတ်ညစ်နေတဲ့ သူငယ်ချင်းတွေကို ဘယ်လိုစကားစပြောမလဲ)

https://www.facebook.com/1676444222644090/posts/2997674783854354/ (Digital Safety)

၄။ ကြင်နာပါ။

စိတ်အားတက်ကြွစေပြီးအခြားသူများကို အထောက်အကူဖြစ်စေရန် ရည်ရွယ်ပြီး လူမှုကွန်ယက်တွေကို အသုံးပြုသင့်ပါတယ်။ ဒါကြောင့် အင်တာနက်ပေါ်မှာ ကိုယ်သုံးတော့မယ့် စကားလုံးတွေနဲ့ မျှဝေလိုတဲ့ အကြောင်းအရာတွေကို မတင်ခင် သေချာ စဉ်းစားသင့်ပါတယ်။ ကိုယ့်ကစ ကိုယ်ချင်စားတရားထားရှိပြီး အမုန်းမပွားဘဲ တပါးသူတွေကို ချစ်ခြင်းမေတ္တာတွေ မျှဝေလိုက်ပါ။

၅။ လက်ရှိအချိန်နှင့် အပြင်လောကတွင်လည်း နေထိုင်ပါ။

အခုအခါမှာ အင်တာနက်နဲ့ ကိုယ့်နေ့စဉ်ဘဝက ဝေခွဲမရအောင် ဖြစ်လာတတ်ပြီး လက်ရှိအချိန်မှာ ပျော်ရွှင်စွာနေထိုင်ဖို့၊ အပြင်လောက ကလူတေွနဲ့ ထိတွေ့နေထိုင်ဖို့ ပိုမိုခက်ခဲလာပါတယ်။ ဒါကြောင့် Social Mediaနဲ့ ဖုန်းပွတ်နေတာတွေကို ခဏနားပြီး လက်တွေ့ဘဝက ကိုယ့် မိသားစု၊ မိတ်ဆွေသူငယ်ချင်းတေွနဲ့ အချိန်အတူကုန်ဆုံးဖို့ကလည်း အရမ်းလိုအပ်ပြီး အရေးကြီးပါတယ်နော်။

အခုပြောပြသွားတဲ့အချက်တွေက ရိုးရှင်းပြီးလိုက်နာဖို့လွယ်ကူပါတယ်။ ကျွန်မကကိုယ်တိုင်လည်း လူငယ်တစ်ယောက်အနေနဲ့ ဖုန်းနှိပ်တယ်။လိုင်းသုံးတယ်။ လိုင်းသုံးတာဟာ မူးယစ်ဆေးလိုပဲစွဲတတ်ပါတယ်။ စွဲခဲ့ဖူးပါတယ်။ မိုးလင်းတာနဲ့ဖုန်းကောက်ကိုင်မိပြီး ထမင်းစားရင်တောင်လက်ကမချနိုင်တဲ့အထိ ဖုန်းသရဲမလေးတစ်ယောက်ဖြစ်ခဲ့ဖူးပါတယ်။ ရလဒ်ကတော့မိသားစုနဲ့လည်းဝေးလာပြီး ပတ်ဝန်းကျင်ကလည်း ကျွန်မကိုဆက်ဆံရေးကျဲပါးသူ အေးစက်စက်နိုင်သူလို့ထင်လာကြတယ်။ အချိန်တွေကုန်ပြီးအရာလည်းမရောက်၊ ကိုယ့်မှာ အပေါင်းထက် အနှုတ်တွေများလာတာကို တဖြည်းဖြည်းသတိထားမိလာတယ်။ ဒီတော့ ပြောင်းလဲဖို့ စကြိုးစားရပါတယ်။ ဖုန်းနှိပ်ချိန်လိုင်းသုံးချိန်ကိုကန့်သတ်လိုက်တယ်။ မိသားစု၊ ညီအစ်အကိုမောင်နှမတွေနဲ့ပို အချိန်ပေးဖြစ်ပါတယ်။ စာဖတ်ဖို့အချိန်တွေလည်းရလာပါတယ်။ အရင်ထက်လည်း အများနဲ့ ဆက်ဆံရေးကောင်းလာပါတယ်။

ဒါကြောင့် ဖုန်းဆိုတာ ကမ္ဘာကြီးမဟုတ်ပါဘူးနော် နေ့စဉ်ဆက်သွယ်မှုတွေအဆင်ပြေဖို့၊ အကျိုးရှိတဲ့အချက် အလက်တွေ ပညာတွေရှာဖွေနိုင်ဖို့၊ အသုံးအဆောင်တစ်ခုပဲဆိုတာမမေ့ကြစေချင်ပါဘူး။ လူငယ်တွေဟာ အတွေးအခေါ်အသစ်တွေ ဆန်းသစ်ဖန်တီးမှုအသစ်တွေ အိုင်ဒီယာအလန်းတွေကို ကြံဆနိုင်တဲ့ စွမ်းအားတွေရှိပါတယ်။ ဒါကို ဖုန်းတွေ ဆိုရှယ်မီဒီယာတွေနဲ့ပဲ ဘောင်ခတ်မထားပါနဲ့။ ဖုန်းတွေရဲ့အပြင်ဖက်က လက်တွေ့ကျတဲ့ ဘဝကိုဖြတ်သန်းနိုင်ဖို့က ပိုအရေးကြီးပါတယ်။

ကိုးကား -

ယူနီဆက် ဝက်ဘ်ဆိုဒ်တွင်ဖော်ပြထားသော 5 ways to better mental health online သတင်းဆောင်းပါးကို ဘာသာပြန်မှီငြမ်း၍ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ မူလသတင်းဆောင်းပါးကိုဖတ်လိုလျှင်

https://www.unicef.org/stories/5-ways-better-mental-health-online တွင်ဖတ်ရှုနိုင်ပါည်။

💣အွန်လိုင်းမှာ သင်လုပ်နေတဲ့ အန္တရာယ်ရှိနိုင်တဲ့ အရာ ၁၀ မျိုး.....(The 10 Potentially Dangerous Things You Do Online...)သ...
19/02/2025

💣အွန်လိုင်းမှာ သင်လုပ်နေတဲ့ အန္တရာယ်ရှိနိုင်တဲ့ အရာ ၁၀ မျိုး.....
(The 10 Potentially Dangerous Things You Do Online...)

သင်ဟာ ကားမောင်းရင် ခါးပတ်ပတ်တယ်။
ညဘက်ဆို လမ်းမီးအောက်မှာ ကားရပ်တယ်။
မိုးအုံ့နေရင်တောင် နေလောင်ကာလိမ်းတယ်။
သင်ဟာ အန္တရာယ်ကို ရှောင်ရှားတတ်သူပါ။
ဒါပေမယ့် အွန်လိုင်းမှာရော??????

သင်ရဲ့ ငွေကြေးနဲ့ ကိုယ်ရေးအချက်အလက်တွေကို အင်တာနက်ရဲ့ အန္တရာယ်တွေဆီ ပို့ဆောင်နေပြီလားဆိုတာကို ဒီစာရင်းမှာ ကြည့်လိုက်ရအောင်။

၁။ အားနည်းတဲ့ စကားဝှက်တွေ သုံးခြင်း (Using Weak Passwords): "123456"၊ "password" စတဲ့ စကားဝှက်တွေဟာ ခိုးယူရလွယ်ကူပါတယ်။ ခန့်မှန်းရခက်တဲ့ စကားဝှက်တွေ (အက္ခရာကြီး၊ အက္ခရာသေး၊ နံပါတ်နဲ့ သင်္ကေတတွေ ရောစပ်ထားတဲ့ စကားဝှက်) ကို သုံးသင့်ပါတယ်။ ဥပမာ - MyDogLovesToPlay #2023 လိုမျိုး စကားဝှက်မျိုးကို သုံးနိုင်ပါတယ်။

၂။ တူညီတဲ့ စကားဝှက်ကို နေရာတိုင်းမှာ သုံးခြင်း (Using the Same Password Everywhere): အကယ်လို့ တစ်နေရာမှာ စကားဝှက်ပေါက်သွားရင် ကျန်တဲ့နေရာတွေမှာလည်း အန္တရာယ်ရှိနိုင်ပါတယ်။ ဥပမာ - Gmail ရဲ့ စကားဝှက်နဲ့ Facebook ရဲ့ စကားဝှက် တူနေရင် Gmail ပေါက်သွားတာနဲ့ Facebook လည်း အန္တရာယ်ရှိသွားပါတယ်။ တစ်ခုချင်းစီအတွက် မတူညီတဲ့ စကားဝှက်တွေ သုံးသင့်ပါတယ်။

၃။ အများသုံး Wi-Fi ကို အသုံးပြုခြင်း (Using Public Wi-Fi): အများသုံး Wi-Fi ဟာ လုံခြုံမှုမရှိပါဘူး။ သင့်ရဲ့ အချက်အလက်တွေကို ခိုးယူခံရနိုင်ပါတယ်။ ဥပမာ - ကော်ဖီဆိုင်မှာ အခမဲ့ Wi-Fi သုံးပြီး ဘဏ်အကောင့်ထဲဝင်ရင် သင့်ရဲ့ အချက်အလက်တွေကို ခိုးယူခံရနိုင်ပါတယ်။

၄။ မယုံကြည်ရတဲ့ လင့်ခ်တွေကို နှိပ်ခြင်း (Clicking on Suspicious Links): အီးမေးလ်၊ စာတို ဒါမှမဟုတ် ဆိုရှယ်မီဒီယာတွေမှာ ပါလာတဲ့ မယုံကြည်ရတဲ့ လင့်ခ်တွေကို မနှိပ်ပါနဲ့။ ဥပမာ - "အခမဲ့ဆုရရှိရန်"၊ "သင်၏အကောင့်ကို ပိတ်သိမ်းရန်" စတဲ့ လင့်ခ်တွေဟာ phishing လင့်ခ်တွေ ဖြစ်နိုင်ပါတယ်။

၅။ သံသယဖြစ်ဖွယ် အီးမေးလ်တွေကို ဖွင့်ခြင်း (Opening Suspicious Emails): မသိတဲ့သူဆီကလာတဲ့ အီးမေးလ် ဒါမှမဟုတ် သံသယဖြစ်ဖွယ် အီးမေးလ်တွေကို မဖွင့်ပါနဲ့။ ဥပမာ - "သင်၏ဘဏ်အကောင့်တွင် ပြဿနာရှိနေသည်" ဆိုတဲ့ အီးမေးလ်ဟာ phishing အီးမေးလ် ဖြစ်နိုင်ပါတယ်။

၆။ ဆော့ဖ်ဝဲလ်တွေကို အပ်ဒိတ်မလုပ်ခြင်း (Not Updating Software): ဆော့ဖ်ဝဲလ်တွေမှာ လုံခြုံရေးအားနည်းချက်တွေ ရှိနိုင်ပါတယ်။ ဒါကြောင့် နောက်ဆုံးဗားရှင်းကို အမြဲတမ်း အပ်ဒိတ်လုပ်ထားသင့်ပါတယ်။ ဥပမာ - Windows update, Antivirus update တွေကို ပုံမှန်လုပ်သင့်ပါတယ်။

၇။ မလိုအပ်တဲ့ အချက်အလက်တွေကို မျှဝေခြင်း (Sharing Too Much Information): အွန်လိုင်းမှာ သင့်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို (နာမည်၊ လိပ်စာ၊ ဖုန်းနံပါတ်၊ မွေးနေ့) မလိုအပ်ဘဲ မမျှဝေပါနဲ့။ ဥပမာ - မယုံကြည်ရတဲ့ ဝက်ဘ်ဆိုဒ်တွေမှာ အချက်အလက်တွေ မဖြည့်ပါနဲ့။

၈။ ဆိုရှယ်မီဒီယာမှာ သတိမထားပဲ ပို့စ်တင်ခြင်း (Posting Carelessly on Social Media): ဆိုရှယ်မီဒီယာမှာ သင်တင်တဲ့ ပို့စ်တွေဟာ လူတိုင်းမြင်နိုင်ပါတယ်။ သင့်ရဲ့ တည်နေရာ၊ အစီအစဉ်တွေနဲ့ အခြား ကိုယ်ရေးအချက်အလက်တွေကို မမျှဝေပါနဲ့။ ဥပမာ - ခရီးသွားနေချိန်မှာ "အိမ်မှာ တစ်ယောက်တည်းရှိနေပါတယ်" လို့ မတင်သင့်ပါဘူး။

၉။ အခမဲ့ ဆော့ဖ်ဝဲလ်တွေကို ဒေါင်းလုဒ်လုပ်ခြင်း (Downloading Free Software): အခမဲ့ ဆော့ဖ်ဝဲလ်တွေမှာ ဗိုင်းရပ်စ် ဒါမှမဟုတ် malware ပါဝင်နိုင်ပါတယ်။ ယုံကြည်ရတဲ့ ဝက်ဘ်ဆိုဒ်တွေကနေ ဆော့ဖ်ဝဲလ်တွေကို ဒေါင်းလုဒ်လုပ်ပါ။ ဥပမာ - တရားဝင် website ကနေ antivirus software ကို download လုပ်ပါ။

၁၀။ အွန်လိုင်းစျေးဝယ်ရာတွင် သတိမထားခြင်း (Not Being Careful When Shopping Online): အွန်လိုင်းစျေးဝယ်တဲ့အခါ လုံခြုံတဲ့ ဝက်ဘ်ဆိုဒ်တွေမှာသာ ဝယ်ယူပါ။ (https:// ပါတဲ့ ဝက်ဘ်ဆိုဒ်) ပြီးတော့ သင်ရဲ့ ခရက်ဒစ်ကတ် အချက်အလက်တွေကို မလိုအပ်ဘဲ မဖြည့်ပါနဲ့။ ဥပမာ - မယုံကြည်ရတဲ့ ဝက်ဘ်ဆိုဒ်မှာ ခရက်ဒစ်ကတ် နံပါတ် မထည့်ပါနဲ့။

ဒီအချက်တွေကို လိုက်နာခြင်းဖြင့် သင်ဟာ အွန်လိုင်းမှာ ပိုမိုလုံခြုံနိုင်ပါတယ်။
https://www.kaspersky.com/resource-center/preemptive-safety/dangerous-things-online မှ မြန်မာဘာသာသို့ပြန်ဆိုသည်။

Internet safely for kids.....ကျွန်တော်တို့ရဲ့ ကလေးတွေဟာ ဒစ်ဂျစ်တယ်ကမ္ဘာကြီးထဲမှာ လုံခြုံစွာနဲ့ ပျော်ရွှင်စွာကြီးပြင်းနို...
16/02/2025

Internet safely for kids.....

ကျွန်တော်တို့ရဲ့ ကလေးတွေဟာ ဒစ်ဂျစ်တယ်ကမ္ဘာကြီးထဲမှာ လုံခြုံစွာနဲ့ ပျော်ရွှင်စွာကြီးပြင်းနိုင်ဖို့ လိုပါတယ်.....

ကလေးတွေအတွက် ဖုန်း၊ တက်ဘလက်၊ ကွန်ပျူတာတွေ ပေးသုံးရတဲ့အခါ မိဘတိုင်း ရင်ထဲမှာ စိုးရိမ်ပူပန်မှုတွေ ရှိကြမှာပါ။ ဒါဟာ သဘာဝကျပါတယ်။ တစ်ဖက်မှာလည်း ဒီကိရိယာတွေက ကလေးတွေရဲ့ သင်ယူမှု၊ ဖွံ့ဖြိုးမှုအတွက် အထောက်အကူ ဖြစ်စေပါတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ အန္တရာယ်တွေလည်း ရှိနေပါတယ်။

ဒီနေ့ခေတ်မှာ ဒစ်ဂျစ်တယ်ကမ္ဘာကြီးက ကျွန်တော်တို့ရဲ့ ဘဝရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာပါပြီ။ ကလေးတွေအတွက်လည်း အကျိုးကျေးဇူးတွေ အများကြီးရှိသလို အန္တရာယ်တွေလည်း ရှိနေပါတယ်။ အင်တာနက်ကနေတစ်ဆင့် ဗဟုသုတတွေ ရှာဖွေနိုင်တယ်၊ သူငယ်ချင်းတွေနဲ့ အဆက်အသွယ် လုပ်နိုင်တယ်၊ ဂိမ်းတွေနဲ့ ဖျော်ဖြေရေး အစီအစဉ်တွေကို ခံစားနိုင်တယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ အင်တာနက်စွဲလမ်းမှု၊ အွန်လိုင်း အနိုင်ကျင့်မှု၊ မသင့်လျော်တဲ့ အကြောင်းအရာတွေနဲ့ ထိတွေ့မိခြင်း စတဲ့ အန္တရာယ်တွေလည်း ရှိနေပါတယ်။

ဒါကြောင့် မိဘတွေအနေနဲ့ ကလေးတွေကို အင်တာနက်ကို ဘယ်လိုအသုံးပြုရမယ်ဆိုတာကို သေချာ သင်ကြားပေးဖို့ လိုအပ်ပါတယ်။ အချိန်ကို ဘယ်လို ကန့်သတ်မလဲ၊ ဘယ်လို အကြောင်းအရာတွေကို ရှောင်ရှားမလဲ၊ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ဘယ်လို ကာကွယ်မလဲဆိုတာကို ပြောပြပေးရပါမယ်။

ကလေးတွေနဲ့ အင်တာနက် အသုံးပြုခြင်းအကြောင်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးတာဟာလည်း အရမ်း အရေးကြီးပါတယ်။ သူတို့ရဲ့ ခံစားချက်တွေကို နားထောင်ပေးပြီး အွန်လိုင်းမှာ ကြုံတွေ့ရတဲ့ ပြဿနာတွေကို အတူတူ ဖြေရှင်းပေးပါ။ ကလေးတွေရဲ့ အွန်လိုင်း လှုပ်ရှားမှုတွေကို စောင့်ကြည့်ပေးပြီး သူတို့အတွက် လုံခြုံတဲ့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးပါ။

မိဘတွေအနေနဲ့ ဒီအချက်တွေကို ဂရုစိုက်မယ်ဆိုရင် ကလေးတွေဟာ ဒစ်ဂျစ်တယ်ကမ္ဘာကြီးထဲမှာ လုံခြုံစွာနဲ့ ပျော်ရွှင်စွာ ကြီးပြင်းနိုင်မှာပါ။

#ဒစ်ဂျစ်တယ်ကမ္ဘာ #မိဘများ #ကလေးများ #အင်တာနက် #အွန်လိုင်းအန္တရာယ် #မိဘအုပ်ထိန်းမှု

🆘ကွန်ပျူတာပျက်သွားလို့ စိတ်ညစ်နေပြီလား???🧐ကွန်ပျူတာပြုပြင်နည်းကို သင်ယူပြီး ကိုယ်တိုင်ပြုပြင်နိုင်ပါပြီ!!!!! ✅ကွန်ပျူတာသ...
15/02/2025

🆘ကွန်ပျူတာပျက်သွားလို့ စိတ်ညစ်နေပြီလား???

🧐ကွန်ပျူတာပြုပြင်နည်းကို သင်ယူပြီး ကိုယ်တိုင်ပြုပြင်နိုင်ပါပြီ!!!!!

✅ကွန်ပျူတာသုံးနေရင်း တစ်ရက်တည်း ကွန်ပျူတာကြီး ပျက်သွားတာမျိုး ကြုံဖူးကြမှာပါ။

✅ဒီလိုအချိန်မှာ ကွန်ပျူတာပြင်ဆိုင်ကို သွားရတာကလည်း အချိန်ကုန်၊ ငွေကုန်များပါတယ်။

✅ဒါကြောင့် ကျွန်ုပ်တို့ရဲ့ ကွန်ပျူတာပြုပြင်သင်တန်းမှာ ကွန်ပျူတာပြုပြင်နည်းကို သင်ယူပြီး ကိုယ်တိုင်ပြုပြင်နိုင်အောင် လေ့ကျင့်ပေးနေပါတယ်။

✅သင်တန်းမှာ ကွန်ပျူတာရဲ့ အစိတ်အပိုင်းတွေအကြောင်း၊ ပျက်စီးလွယ်တဲ့ အစိတ်အပိုင်းတွေအကြောင်း၊ ဘယ်လိုပျက်စီးတတ်လဲ၊ ဘယ်လိုပြုပြင်ရမလဲ ဆိုတာတွေကို အသေးစိတ် သင်ကြားပေးပါတယ်။

✅ဒါ့အပြင် Software ပိုင်းဆိုင်ရာ ပြဿနာတွေ၊ Windows တင်နည်း၊ Driver တွေ ထည့်သွင်းနည်းတွေကိုလည်း သင်ကြားပေးပါတယ်။

✅သင်တန်းပြီးဆုံးသွားရင် ကွန်ပျူတာကို ကိုယ်တိုင် ပြုပြင်နိုင်တဲ့အပြင်၊ အခြားသူတွေကိုလည်း ကူညီနိုင်ပါတယ်။

✅ကွန်ပျူတာပြုပြင်တဲ့ အလုပ်ကိုလည်း လုပ်ကိုင်နိုင်ပြီး ၀င်ငွေရှာဖွေနိုင်ပါတယ်

🕒အချိန်မရွေး သင်ယူနိုင်တဲ့ ကျနော်တို့ Online သင်တန်းကို အခုပဲ ဆက်သွယ်ပြီး စာရင်းပေးသွင်းလိုက်ပါ။

📶သင်တန်းအကြောင်းအသေးစိတ်ကို သိရှိလိုပါက Page Messenger မှာ စုံစမ်းမေးမြန်းနိုင်ပါတယ်။

✅Duration: 3 Months
Time: 2 hours per period (2 days per week)
Class size: 3 to 10 Students
Class type: Zoom Class
#သင်တန်းချိန်ညှိနှိုင်းနိုင်သည်

Viber - 09770326531
Phone - 09770326531

်တန်း ွန်ပျူတာပြုပြင်သင်တန်း #ကွန်ပျူတာ #သင်တန်း #နည်းပညာ #ပြုပြင်

Address

Natogyi
Natogyi

Telephone

+959770326531

Website

Alerts

Be the first to know and let us send you an email when Top One Computer Training Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Top One Computer Training Center:

Shortcuts

Share

Category