PanThi Lak Boarding School

PanThi Lak Boarding School Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from PanThi Lak Boarding School, School, No. 420, Nadi Street, Natmauk.

ဒီကာလကြီးထဲကလေးတွေနဲ့ပတ်သက်ပြီးဘာလုပ်ပေးရမလဲ ဘာလုပ်ပေးနိုင်မလဲ တွေးဆပြီးမေတ္တာထား ဖွင့်လှစ်သင်ကြားပေးဖြစ်ခဲ့တဲ့နွေရာသီပည...
02/06/2025

ဒီကာလကြီးထဲ
ကလေးတွေနဲ့ပတ်သက်ပြီး
ဘာလုပ်ပေးရမလဲ ဘာလုပ်ပေးနိုင်မလဲ တွေးဆပြီး
မေတ္တာထား ဖွင့်လှစ်သင်ကြားပေးဖြစ်ခဲ့တဲ့
နွေရာသီပညာဒါန ၃ လတာ English အတန်းလေး
၃၁-၅-၂၅ ရက်နေ့က
အောင်မြင်ပြီးမြောက်ခဲ့ပါပြီ။
ကြည်နူးရပါတယ် ပီတိဖြစ်ရပါတယ်။
ဆက်လက်တိုးတက်အောင်မြင်ပါစေကလေးတို့ရေ။

16/11/2020

"၂၀၂၁ မတ်လတွင် စာသင် စာအံသံများ ကြားရလတ္တံ"

ယခုနှစ်ကုန် (သို့) လာမည့်နှစ်ဆန်းကာလ တွင်
ကာကွယ်ဆေး ထုတ်လုပ်နိုင်မည် ဆိုပါက
ယခုပညာသင်နှစ် ဆက်လက်ဖွင့်လှစ်သည်ဖြစ်စေ
(သို့) တစ်နှစ်အောက်သွားသည်ဖြစ်စေ ၂၀၂၁ မတ်လ၌
စာသင် စာအံသံများ ထွက်ပေါ်လာဖွယ် ရှိပါသည်။

ထို့ကြောင့် အခြေခံပညာ ကျောင်းသား/ကျောင်းသူများ
အတွက်ခက်ခဲ ပျင်းရိဖွယ် ကပ်ရောဂါကာလကို
ကျော်လွှားနိုင်ဖို့ ၃လခွဲခန့်သာ လိုတော့မည်ဖြစ်သည်

အခြေခံပညာ ကျောင်းသား/ကျောင်းသူများ အနေဖြင့်
အဆိုပါ ၃လခွဲခန့်အတွင်း နိုးနိုးကြားကြား ကြိုးကြိုးစားစား
နေထိုင်သင့် ပါသည်။
ဖုန်းလျှော့ပါ၊ ကျန်းမာရေးဂရုစိုက်ပါ၊ စာကြိုးစားကြပါ။
အားလုံးကပ်ရောဂါဘေးမှ အမြန်လွတ်မြောက်ပါစေ။

14/11/2020

"ဒုတိယကျောင်းဖွင့်ချိန် လာတော့မှာလား"

ရွေးကောက်ပွဲကြီးပြီးသွားတော့
မိဘအချို့နဲ့ ကျောင်းသား/ကျောင်းသူအချို့
ဖုန်းနဲ့တစ်မျိုး messenger ကတစ်ဖုံ မေးလာကြသည်။
မေးခွန်းက တစ်ခုတည်း တစ်ညီတည်း
"အခြေခံပညာကျောင်းတွေ ဘယ်တော့ ပြန်ဖွင့်မှာလည်း" တဲ့
ပထမလှိုင်း အပြီး ကျောင်းဖွင့်ခဲ့သလို ဒုတိယလှိုင်း အပြီး ဒုတိယ ကျောင်းဖွင့်ချိန်ကို မျှော်သည့်သဘော။

ပထမလှိုင်းက ပြသနာသိပ်မရှိခဲ့ ၊
ကပ်ရောဂါက ပြည်ပမှလာသည်၊
ထန်းချုပ်ရလွယ်ကူတာကိုမြင်တွေ့ခဲ့ရသည်။

ဒုတိယလှိုင်းက ပြသနာရှိသည်။
ရောဂါက ပြည်တွင်းမှာ၊ ပြည်တွင်းကူးစက်မှု
နေရာတိုင်း နယ်တိုင်းမှာ ရောဂါပိုးက
ရှိနေနိုင်သည့်အခြေအနေ
ယခုအချိန်တွင်
ဒုတိယလှိုင်းရိုက်ခါ စကလောက် အားမပြင်းတော့ သော်လည်း
ဂယက်တွေက ရှိနေဆဲ၊ ယခုထိ ကူးဆက်မှုတွေ ရှိနေဆဲ။

ဒီလိုအခြေအနေမျိုးမှာ ကျောင်းတွေဖွင့်ဖို မဖြစ်နိုင်
သေးသလို ကိုယ့် နည်းကိုယ့်ဟန်နဲ့ စွန့်စားမှုတွေလည်း မလုပ်သင့်သေးသည့် အချိန်ဟုသာ ဆို ရမည်
အဘယ့်ကြောင့်ဆိုသော် တစ်ယောက်ကအစ တစ်ရာ ဆိုသလို အကုန်ခံစား သွားရနိုင်သော ကြောင့် ဖြစ်ပါသည်။

အခု ကျွန်တော်တို့အတွက် တစ်ခုတည်းသောမျော်လင့်ချက်မှာ ကာကွယ်ဆေးဖြစ်သည်
ကမ္ဘာတွင် ကာကွယ်ဆေး ထုတ်လုပ်မှု အောင်မြင်လျှင် လူတိုင်း ကျောင်းသား/ကျောင်းသူတိုင်း ကာကွယ်ဆေးထိုးပြီးလျှင် ကျောင်းဖွင့် ဖို့အရေး စိတ်အေးနိုင်မည်

အကယ်၍ လာမည့် ၂၀၂၁ ဒီဇင်ဘာ သို့ ဇန္နဝါရီအတွင်း
ကာကွယ်ဆေးထိုးနိုင်ခဲ့ပါက
ဒုတိယကျောင်းဖွင့် ချိန်ရှိလာနိုင်ပြီး
ယခုစာသင်နှစ်ကို အောင်မြင်စွာ အဆုံးသတ်နိုင်
မည်ဖြစ်ပါသည်။

ထို့ကြောင့် ဒုတိယကျောင်းဖွင့်ချိန် အတွက်
ကာကွယ်ဆေးသည်သာ အဖြေဟုသာ
ဆိုရပါချေတော့မည်။

ဆီမီးနဲ့ရေးခြယ် PTL
01/11/2020

ဆီမီးနဲ့ရေးခြယ် PTL

ဆီမီးတွေစီကာတန်း "ပန်းသီလက် ဘော်ဒါ" အဝင်လမ်း
31/10/2020

ဆီမီးတွေစီကာတန်း
"ပန်းသီလက် ဘော်ဒါ" အဝင်လမ်း

21/10/2020

"ဒီနှစ်ကို ဒီလိုပဲ ဖြတ်သန်းကြရပေတော့မည်"
(Written on Aug 29)
ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အခြေခံကျောင်းများယာယီပိတ်လိုက်သောအခါ
""အစကတည်းက မဖွင့်ဘဲထားရမှာကို
ုဖွင့်လိုက်ပိတ်လိုက်နဲ့" ဟု အတင်းစကား ဆိုသူတို့က ဆိုကြသလို
"တစ်နှစ်လုံးသာ ပိတ်လိုက်ပါတော့" ဟု အားလျော့ စကားဆိုသူတို့ကလည်း ဆိုကြပါသည်။
သို့သော်
အစိုးရအနေဖြင့် တစ်နှစ်လုံးသာ ပိတ်လိုလျှင်
ဖွင့်ဖို့ စီစဉ်ခဲ့မည်မဟုတ်
ထို့ကြောင့် ယခု ယာယီပိတ်ရက်ကာလ ကျော်လွန်လျှင် (ကပ်ရောဂါ ဒုတိယလှိုင်းထိန်းချုပ်နိုင်ပြီးလျှင်)
ဒုတိယကျောင်းဖွင့်ချိန်ကို ပြန်လည် ရောက်ရှိလာမည် ဟုသာ ကောက်ချက်ဆွဲရမည်ဖြစ်ပေသည်။

ထို့အတွက် မိဘ တို့က အားမွေးထားရမည် ဆရာ ဆရာမတို့က ကျောင်းဖွင့်ချိန် အတွက် ရနိုင်သမျှ ပြင်ဆင်ထားရမည် ကျောင်းသားကျောင်းသူများက ပိတ်ရက်ကာလအတွင်း သင်ပြီးသမျှ သင်ခန်းစာများအား လေ့လာထားခြင်းများကို ဆောင်ရွက်ထားသင့်ပါသည်

သင်ရိုးကုန်အောင် သင်ကြားဖို့ အချိန်မလုံလောက်နိုင်ခြင်း
ကျောင်းပိတ်ရက် အလွန်များသဖြင့် ကလေးများစိတ်ဓာတ်ကျဆင်းခြင်း
ရည်မှန်းချက်များ ဝေဝါးသွားနိုင်ခြင်း စသည့် အခက်အခဲများစွာရှိနေသော်လည်း
ယခုပညာသင်နှစ်ကိုတော့
ထိုအခက်အခဲများ မရေရာမသေချာခြင်း များဖြင့်သာ ဖြတ်သန်းရတော့မည်ဖြစ်ပါသည်

သင်ခန်းစာများ လျော့ပေါ့ပေးမှုအတိုင်းအတာ မတ်လကုန်
ီအထိရောက်ရှိနိုင်သည့် ပုံမှန်မဟုတ်သော ကျောင်းဖွင့်ချိန်အချိန်ဇယား သမိုင်းတလျောက်
နောက်အကျဆုံးဖြစ်နိုင်သည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ
ယင်းအချက်များအား မျှော်မှန်းရင်း တွက်ချက်ရင်း
ပိတ်ဆိုပိတ် ဖွင့်ဆိုဖွင့်လိုက်ရင်း
ကိုဗစ်ကြောင့် အားလုံး ညည်းနေရသည့် ဤပညာသင်နှစ်ကြီးကို ( မိဘ ဆရာ ကျောင်းသား )အားလုံး စိတ်ရှည်သည်းခံစွာ စိတ်ဓာတ်ခိုင်မာစွာဖြင့် ကျော်လွန်ဖြတ်သန်း ကြရတော့မည်ဖြစ်ပါသည်။
( မိဘ ဆရာ ကျောင်းသား )အားလုံး ကပ်ရောဂါဘေးကင်းဝေးပါစေ။
ယခု ပညာသင်နှစ်ကို အောင်မြင်စွာ အဆုံးသတ်နိုင်ပါစေ။

"နှစ်ဘာသာဂုဏ်ထူးရှင် ပညာရေး ရေနည်းငါးများနှင့် အိုဘယ့် တောဘော်ဒါ"ကျွန်တော် တည်ထောင်ထားသော ဘော်ဒါမှ ယခုနှစ် အောင်စာရင်းတွ...
22/08/2020

"နှစ်ဘာသာဂုဏ်ထူးရှင် ပညာရေး ရေနည်းငါးများနှင့် အိုဘယ့် တောဘော်ဒါ"

ကျွန်တော် တည်ထောင်ထားသော ဘော်ဒါမှ ယခုနှစ် အောင်စာရင်းတွင် နှစ်ဘာသာဂုဏ်ထူးရှင် ၁ဦး တစ်ဘာသာ ဂုဏ်ထူးရှင် ၃ဦး ပေါ်ထွက်ခဲ့ပါသည်။
ဂုဏ်ထူးရှင်တို့အပြိုင်းပြိုင်းထနေသောဒီခေတ်ကြီးထဲ ဒါလောက်ကိုများ ဒါလေးများဟု ဆိုချင်သူများရှိကောင်းရှိပါလိမ့်မည်။
ဒါပေသိ ကျွန်တော့်အတွက် ဒါလောက်ကလေးသည် ပျော်စရာကြီးဖြစ်ပါသည်။ ဒါလောက်ကလေးကိုပင် အောင်မြင်မှု ဟုဆိုရပါချေတောာ့မည် အဘယ့်ကြောင့်ပါနည်း။

ကမ္ဘာကျော် အညာမြို့ကလေးမှာတည်ရှိသော ဘော်ဒါဆိုသော်လည်း လာတက်သူအများစုမှာ တောနယ်ဘက်က ကလေးတွေများပါသည်
ပညာရေးအခြေခံတွေနည်းပါးကြပါသည် ငွေကြေးအခြေခံတွေ နိမ့်ပါးကြပါသည်
ကြေးရတတ် ကိုယ်ပိုင်ကျောင်းတွေ သီးသန့်ဝိုင်းတွေ မတက်နိုင်ရှာသည့် ပညာရေး ရေနည်းငါးများသာဖြစ်ကြပါသည်

ဒီတော့ ဘော်ဒါသည် လူကုံထန်ဂိုက်ဖမ်း၍မရ မြို့ကြီးသားဂိုက်ဖမ်း၍မရ တောက ကလေးတွေတက်နိုင်အောင်ပြင်ဆင်ရသည်။်စားနိုင်အောင်
ကျွေးရသည်။
ပညာသင်စားရိတ်သက်သာစွာဖြင့်တက်ရောက် သင်ကြားနိုင်အောင်စီစဉ်ပေးရ၏။
"နေနိုင်အောာင်ထာား စားနိုင်အောာင်ကျွေး ပညာသင်စားရိတ်ကိုလည်း ပြေလည်သည့်အချိန်ထိစောင့်ပေး" ဆိုလျှင်ဖြင့် "ရွာက ကလေးတွေ အားထားရာ တောဘော်ဒါကောင်းတစ်ခု၏ လလက္ခဏာ" ဟုဆိုရမည်ဖြစ်ပေတော့သည်။

ရောက်လာပါပြီ အပေါင်းအနုတ်အမြောက်အစားမရသည့်ကလေးများ
အေဘီစီဒီမတတ်ပဲအရပ်ထဲဝင်မည့်ကလေးများ
သဒ္ဒ္ဒါမခိုင်စာမပိုင်သည့်ကလေးများ
ဘယ်လိုလုပ်ပါ့ ညည်းနေ၍မရ ဒီလိုလုပ်မဟ ဖြစ်အောင်သင်မဟဟုအာားတင်းရသည်။
မတတ်ပဲ အတန်းတက်လာသည့်ကလေးများ
တတ်မြောက်ရန် ကြိုးစားသင်ရသည်။
မစဉ်စားမတွေးခေါ်ပဲ ကြီးပြင်းလာသည့်ကလေးများ ကို မအတော့အောင် "အဂျီးခွာနည်း"သုံး သင်ရသည် ငုပ်နေကောင်းငုပ်နေမည့်အရည်းအချင်းများပေါ်လာအောင်
"ကျောက်ခဲရေပေါ်
ကျောက်ခဲရေညှစ်ဗျှူဟာ"သုံးပြီးသင်ရသည်

damageကို "ဓားမကြီး"လို့အသံထွက်ဖတ်တတ်တဲ့ကလေး အောင်သွားးတာကြှုံဖူးပြီ
ဆရာကြီးဦးဖေမောင်တင်အကြောင်းသိပ်မသိပေမယ့်မြန်မာစာအမှတ်ကောင်းရသွားတဲ့ကလေးကြှုံဖူးပြီ
ဓာတုရူပဘာသာရပ်သဘောတရားတွေကိုမတတ်သာတဲ့အဆုံးအလွတ်ကျက်ပြီးအောင်သွားတဲ့ကလေးကြုံဖူးပြီ
အောင်ဖို့တောင် မနည်းစိုက်ထုတ် ကြိုးစားသင်ပေးရတဲ့ကလေး အောင်တဲ့အပြင် ဂုဏ်ထူးပါလို့ ပျော်ရတာ ကြုဖူးပြီ

ခုလည်း ဒီလို ပညာရေးအခြေခံနည်းပါးတဲ့ကလေးတွေ ဝင်လာမစဲတဖွဲဖွဲ
ကျောက်တုံးလေးတွေရေပေါ်အောင် တွန်းတင်ပေးရဆဲ
ကျောက်ခဲရေညှစ်နည်းနဲ့သင်ပေးနေရမြဲ

ပညာရေး ရေနည်းငါးတို့ ကို ပညာပင်လယ်ပြင်ကြီးထဲရောက်အောင်ပို့ပေးနိုင်တဲ့အခါ ရရှိတဲ့ပီတိအရသာ
ဒီပီတိအရသာမျိုးကိုကား ပညာရေနည်းငါးတို့ကို လမ်းပြသင်ကြားပေးဖူးသူ ဆရာ/ဆရာမတို့သာ ခံစားသိရှိနိုင်ပေမည်တကား။
ဦးတင်မိုးအောင် (ပန်းသီလက်)

ဗီနိုင်းပိုစတာပေါ်က ဂုဏ်ထူးရှင်တို့၏ အောင်မြင်သော အပြုံးများ
13/08/2020

ဗီနိုင်းပိုစတာပေါ်က ဂုဏ်ထူးရှင်တို့၏ အောင်မြင်သော အပြုံးများ

16/05/2020

Learn at Home!
လေ့လာမိသလောက် ကျောင်းသား/ကျောင်းသူ အတော်များများ အိမ်မှာနေရင်း စာလုပ်နေကြပါပြီ
အနည်းငယ် အွန်လိုင်းက
အချို့ မိဘကသင်ပေး နေပါတယ်
အများစုက အစ်ကို သို့ အစ်မ သို့ နီးစပ်ရာ ဆရာ/ဆရာမတစ်ယောက်ယောက်က သင်ပေးနေပါတယ်

ဇူလိုင်မှာ ကျောင်းတွေဖွင့်မယ်ဆိုရင်တောင်
အိမ်မှာနေရင်း စာလုပ်ဖို့ အချိန်တွေအများကြီးရပါသေးတယ်
ဒါ့ကြောင့် ဖွင့်မယ် မဖွင့်ဘူးဆိုတာကို အချိန်ကုန်ခံ စဉ်းစားမနေပဲ
စာကိုသာ အာရုံစိုက်လေ့လာထားဖို့ တိုက်တွန်းလိုပါတယ
်အချိန်ကို အကျိုးရှိရှိ အသုံးချနိုင် ကြပါစေ။

12/05/2020

"အိမ်မှာသင်ယူရင်း ကျောင်းဖွင့်ချိန်ကိုစောင့်ကြမယ်"

ဇွန်လ ၁ ရက်နေ့မှာ ပုံမှန်အတိုင်း အခြေခံပညာကျောင်းတွေ မဖွင့်နိုင်သေးဘူးဆိုရင်
ကျောင်းသား/ကျောင်းသူအားလုံး အိမ်မှာနေရင်း သင်ယူမှုကို
ို မဖြစ်မနေ လုပ်ရတော့မှာ ဖြစ်ပါတယ်
(အချို့က လုပ်နေကြပါပြီ
အချို့ကျောင်းဖွင့်ရက်ကိုမျှော်ပြီး ဘာလုပ်ရမှန်းမသိဖြစ်နေတာတွေလည်းရှိနိုင်ပါတယ်)

အဓိကအားထုတ်ရမယ့်သူတွေက ကျောင်းသား/ကျောင်းသူတွေဖြစ်ပြီး
ပံ့ပိုးကူညီရမယ့်သူတွေက မိဘတွေဖြစ်ပါတယ်

#နည်းလမ်း(၁) သမားရိုးကျသင်ယူခြင်း
သင်ထောက်ကူစာအုပ်စာတမ်းတွေစုဆောင်းပါ (မိဘတွေကိုယ်တိုင်သင်ပေးပါ)

#နည်းလမ်း(၂) နည်းပညာအကူဖြင့်သင်ယူခြင်း
သင်ရိုးသင်ခန်းစာတွေ သင်ထောက်ကူတွေကို အွန်လိုင်းကနေရှာဖွေပါ
(မိဘတွေကိုယ်တိုင် ကူညီပေးပါ)
အွန်လိုင်းမှသင်ကြားပေးမှု ရှိလာလျှင် တတ်နိုင်သမျှ ကြိုးစားသင်ယူပါ
(မိဘတွေကိုယ်တိုင် ကလေးနား အနီးကပ် ကြီးကြပ်ပေးပါ)
ရုပ်သံထုတ်လွှင့်သင်ကြားပေးမှု ရှိလာလျှင် ဂရုပြု သင်ယူရန်
(မိဘတွေကိုယ်တိုင် ကလေးနားအနီးကပ် ကြီးကြပ်ပေးပါ)

မိဘတစ်ယောက်ယောက်ကတော့ သားသမီးတွေ အိမ်မှာနေရင်းသင်ယူဖို့အတွက် အချိန်ပေးရမှာဖြစ်ပြီး
မအားတာ သင်ပေးဖို့အခက်အခဲရှိတာ ဆိုရင်တော့ သားသမီးတွေအတွက် giude တစ်ယောက်ခေါ်ပေးဖို့လိုပါလိမ့်မယ်။

ကျွန်တော်တပည့်တွေက နယ်ဘက်တောဘက်က များတဲ့အတွက် နည်းလမ်း (၁)ကိုအဓိက သုံးခိုင်းထားပါတယ်
guideတွေကတော့ သူတို့ရဲ့ အစ်ကို အစ်မ ဒါမှမဟုတ်ရင် တက္ကသိုလ်တက်နေဆဲ ကျောင်းသား သို့ကျောင်းသူတွေဖြစ်နိုင်ကြောင်းပါ။
အားလုံး စိတ်ချမ်းမြေ့ပါစေ။
ဦးတင်မိုးအောင် (ပန်းသီလက်)

26/03/2020

ပန်းသီလက်-ဘော်ဒါ
သင်တန်းများ အားလုံး ၂၀၂၀ ဧပြီ ၃၀ ရက်နေ့ အထိရပ်နားထားပါမည်။
ပန်းသီလက် သင်တန်းသားများအနေဖြင့် ယင်းကာလ အတွင်း
ဗိုင်းရပ်စ် ကာကွယ်ရန်
အိမ်မှာ နားနားနေနေ နေရင်း
နွေရာသီ တွင်ကြိုတင်လေ့လာရမည့် သင်ခန်းစာများအား လေ့လာထားပါက ခဲတစ်လုံးတည်းဖြင့် ငှက်နှစ်ကောင်ပစ် နိုင်သကဲ့သို့ အကျိုးမျာမည်ဖြစ်ရာ
တပည့်များအနေဖြင့် တတ်နိုင်သမျှ လိုက်နာဆောင်ရွက်ကြစေလိုပါသည်။

Address

No. 420, Nadi Street
Natmauk

Telephone

09421084474

Website

Alerts

Be the first to know and let us send you an email when PanThi Lak Boarding School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category