TSL Language Online School

TSL Language Online School LEARNING is EVERYTHING
(1)

ဘေးတစောင်းသွားတဲ့ ဂဏန်းသားလေးတွေအတွက်
03/12/2025

ဘေးတစောင်းသွားတဲ့ ဂဏန်းသားလေးတွေအတွက်

"လိုတာမရ ရတာမလို""The grass is always greener on the other side''တစ်ဖက်က မြက်ခင်းပြင်က အမြဲတမ်းပိုစိမ်းနေလေ့ရှိတယ်ပြောချ...
25/08/2025

"လိုတာမရ ရတာမလို"
"The grass is always greener on the other side''

တစ်ဖက်က မြက်ခင်းပြင်က အမြဲတမ်းပိုစိမ်းနေလေ့ရှိတယ်
ပြောချင်တဲ့အဓိပ္ပါယ်က
" လိုတာမရ ရတာမလို"

သူများလက်ထဲကမုန့်က ပိုချိုတယ်ထင်သလိုမျိုး
သူများအပိုင်ကိုမှ သဘောကျတာမျိုး
ကိုယ့်လက်ထဲကအရာထက် သူများလက်ထဲကအရာကိုပဲ ပိုလိုချင်တာ စိတ်ဝင်စားတာမျိုး

မတင်းတိမ်မရောင့်ရဲနိုင်တာလို့တော့ ပြောလို့မရဘူး
ဘာလို့ဆို သူတို့က ကိုယ့်မှာရှိတဲ့အရာကို တန်ဖိုးမထားတတ်ကြတဲ့အမျိုးတွေ သူများမှာရှိနေတဲ့အရာကမှ တန်ဖိုးကြီးသလိုထင်တဲ့အမျိုးတွေ ကျီးကန်းတွေလေသိတယ်မို့လား

'လိုတာမရ ရတာမလို' ကို နောက်ထပ်သောနည်းတွေနဲ့လည်း ပြောလို့ရသေးတယ်

Familiarity breeds contempt.
အမြဲရှိနေတဲ့အရာတွေကို တန်ဖိုးမထားတတ်တော့တာ

We always want what we cannot have.
မရနိုင်တာတွေကိုပဲတမ်းတလိုချင်နေတာမျိုး
(ဒါလေးကျတော့ ဆင်သလိုလိုရှိတာ သေချာရှင်းပြပေးမယ် နောက်တစ်ပုဒ်ကျ)

04/06/2025

About the rainy season
မိုးရာသီအကြောင်းလေးကို နဲနဲပြောကြည့်ရအောင်လားရှင့်

I like raining.
ငါမိုးရွာတာကိုကြိုက်တယ်

I enjoy having hot tea and looking out the window.
ကော်ဖီပူပူလေးတစ်ခွက်နဲ့ ပြတင်းပေါက်ကနေလှမ်းကြည့်နေရတာကို ​သဘောကျတယ်

I like raining sound,
မိုးသံကိုလည်းသဘောကျတယ်ဆိုပေမယ့်
but I scare of the thunder sound.
မိုးခြိမ်းသံကိုတော့ကြောက်တယ်

I like the smell of the earth after the raining.
မိုးရွာပြီးရင်ထွက်လာတဲ့ မြေသင်းနံ့လေးကိုကြိုက်တယ်

It's so refreshing.
လူကိုလန်းဆန်းသွားစေသလိုမျိုးလေး

Everything looks so green and beautiful in rainy season.
မိုးရာသီဆိုရင် အရာအားလုံးကစိမ်းလန်းစိုပြေနေပြီး မျက်စိပဒါဿ ဖြစ်တယ်ဆိုပေမယ့်

But I don't like when it rains non-stop.
မိုးကတစ်ချိန်လုံးကြီးရွာနေတာတော့ အဆင်မပြေဘူး

I need a dry and clean clothes.
အင်္ကျီအခြောက်နဲ့သန့်တာလေးတွေ လိုသေးတယ်

I don't wanna take out and take off the clothes again and again.
အင်္ကျီရုတ်လိုက် ထုတ်လှန်းလိုက်နဲ့ ခဏခဏ မလုပ်ချင်ဘူး

I don't wanna make washing lines in the house.
အိမ်ထဲမယ် အင်္ကျီကြိုးတန်းတွေလည်း မလုပ်ချင်ဘူး

I don't like damp smell.
ရေသိုးနံ့တွေကိုလည်းမကြိုက်ဘူး

ဒီနေ့မှာတော့ ဒီလိုလေးတွေ လေ့လာရင်းနဲ့ မိုးရာသီနဲ့ပတ်သက်တာလေးတွေ ပြောကြည့်ရအောင်နော်

#ကိုယ်တိုင်တွေ့ရှိမှု

01/06/2025

"Learning is the best weapon."
or
"Knowledge is the best defense."
or
"Learning is the sharpest sword."

If you're looking for a more idiomatic and expressive version, you could say:

👉 "Knowledge is power." — This is a well-known English idiom that conveys a similar meaning: through learning and knowledge, one gains strength and the ability to win battles in life.

1. "Learning is the best weapon."
👉 သင်ယူမှုက အကောင်းဆုံးသော အားကောင်းမှုလက်နက်ဖြစ်ပါတယ်။
👉 သင်ယူမှုကမည်သည့်လက်နက်ထက်မဆို ပိုထူးခြားသော လက်နက်တစ်စုံ ဖြစ်တယ်။

2. "Knowledge is the best defense."
👉 အသိပညာက အကောင်းဆုံးသောကာကွယ်မှုပါ။
👉 အသိပညာရှိရင် ဘယ်အန္တရာယ်မှလည်း မလွှမ်းမိုးနိုင်ဘူး။

3. "Learning is the sharpest sword."
👉 သင်ယူမှုက အမြန်ဆုံးလှုံ့ဆော်နိုင်တဲ့ ဓားစိုင်းတစ်စင်းပါ။
👉 သင်ယူမှုက ဓားစိုင်းထက်ထက်လှပါတယ်။

4. "Knowledge is power."
👉 အသိပညာမှာ အာဏာရှိတယ်။
(Or more naturally: အသိပညာသည် အာဏာဖြစ်သည်။)
👉 အသိပညာရှိတဲ့သူက အာဏာရှိတဲ့သူပါ။
(Or proverbially: အသိပညာက အောင်မြင်မှုရဲ့ သော့ချက်ပါ။)

သင်ယူဖို့မကြောက်ရွံ့ပါနဲ့ မတွေဝေပါနဲ့
အချိန်တွေကိုအစားထိုးလို့မရသလို
ဆုံးဖြတ်ချက်တွေကိုလည်း ပြန်ပြင်ဖို့မဖြစ်နိုင်တာမို့ သေချာစွာဆုံးဖြတ်ပြီး အနာဂတ်ကိုလျှောက်လှမ်းကြပါ

#ကိုယ်တိုင်တွေ့ရှိမှု

27/05/2025

Talks to the hand
ဒါလေးကို ဘယ်နေရာတွေမှာ သုံးလို့ရမလဲဆိုရင်
သူတို့ပြောနေတဲ့စကားတွေကို ကျွန်တော်တို့တွေ
နားမထောင်ချင်တဲ့အခါမှာ သုံးရပါမယ်
ဂရုမစိုက်ဘူး ငါလုပ်ချင်တာလုပ်မယ်ဆိုတဲ့နေရာမျိုးမှာလည်းရပါတယ်

I am not listening to you!
I do not care
ဆိုတဲ့ စာကြောင်းလေးတွေမှာ ဘယ်လိုတွေသုံးလို့ရနိုင်မလဲဆိုတာ ကြည့်ရအောင်လားရှင့်

ဥပမာအနေနဲ့ဆိုရင်

I'm done with you.Talk to the hand.
ငါ့မှာပြောစရာစကားမရှိတော့ဘူး
နင့်ဘာသာပြောချင်ပြောမပြောချင်နေ ငါကတော့ဆက်နားထောင်နေမှာမဟုတ်ဘူး

I've had enough of your drama-talk to the hand
နင့်ဒရာမာတွေလာခင်းမနေနဲ့
တခြားသွားပြော ငါ့လာမပြောနဲ့

Talk to the hand-I don't need this drama right now.
ဒါမျိုးတွေရိုးနေပြီ ငါတို့ကဂဂုကိုမစိုက်တော့တာဟေ့

Talk to the hand-I like my style.
ငါ့စတိုင်နဲ့ငါပဲ ဘယ်သူ့ဂရုစိုက်ရမှာ

You are just butterflyကိုယ့်အလှတရားကို ကိုယ်မသိတဲ့သူလို့ ပြောချင်တာပါလိပ်ပြာလေးတွေဟာ သူတို့တောင်ပံက ဘယ်လောက်လှလှ သူတို့မ...
22/05/2025

You are just butterfly
ကိုယ့်အလှတရားကို ကိုယ်မသိတဲ့သူလို့ ပြောချင်တာပါ

လိပ်ပြာလေးတွေဟာ သူတို့တောင်ပံက ဘယ်လောက်လှလှ သူတို့မှာတွေ့ခွင့် ခံစားခွင့်မရှိကြပါဘူး သူတို့ရဲ့အလှကို သူတို့က မသိကြဘူး ဒီလောက်လှပစွာဖြစ်တည်နေတဲ့ အတောင်ပံတွေကို မြင်ခွင့်မရကြတဲ့ beautiful creature လေးမို့

ကိုယ့်အလှကို ကိုယ်မဖော်ထုတ်တတ်တာ
ကိုယ့်အလှကို ကိုယ်မခံစားတတ်ဘဲ
ငါကမလှပါဘူး သူမကအရမ်းလှလိုက်တာ သူမလိုလှချင်လိုက်တာ ငါကစိတ်ညစ်ဖို့ကောင်းတယ်လို့ ခိုမလေးတွေအတွက်ပါရှင်

ကိုယ့်အလှကို ကိုယ်မမြင်တတ်ဘဲ မမြင်နိုင်ဘဲ ဖြစ်နေရင်
You may be a butterfly!
You are just butterfly.

ဒီကတီချယ်တွေကတော့ မနည်းကို ခဲနဲ့ဆွဲထားရတယ်

Anthophile(n) a person who loves ''flowers'' 🌸🌸anthos (Greek for flower)phile (Greek for love)ဂရိဘာသာစကားကနေဆင်းသက်လာတဲ့...
20/05/2025

Anthophile(n) a person who loves ''flowers'' 🌸🌸

anthos (Greek for flower)

phile (Greek for love)
ဂရိဘာသာစကားကနေဆင်းသက်လာတဲ့ anthos(ပန်းလို့ အဓိပ္ပါယ်ရပြီး) နဲ့ phile(အချစ်လို့အဓိပ္ပါယ်ရတဲ့)
ဂရိစကားလုံးနှစ်လုံးရဲ့ ပေါင်းစပ်မှုဖြစ်တဲ့
''anthophile'' ဆိုတဲ့ စကားလုံးလေးဟာ
ပန်းတွေကိုနှစ်သက်သဘောကျသူ ချစ်မြတ်နိုးသူ လို့ အဓိပ္ပါယ်ရပါသတဲ့ရှင့်

14/05/2025

ဒီနေ့မှာတော့ အတွေ့များရတဲ့ ပုထုစဥ်လူသားအချို့ရဲ့ နာမ်စားလေးကို ပြောပြပေးသွားပါ့မယ်နော်
Sugar Coated လုပ်ချို လို့အဓိပ္ပါယ်ရပါတယ်ရှင့်
သူ့ရဲ့ usage လေးကို ယဥ်ကျေးအောင် တစ်ဖန်ပြန်လည်အသုံးပြုရမယ်တိုရင်
မုသားမပါ လင်္ကာမချောဆိုလေတဲ့အတိုင်း ချိုမြစေချင်သောအသွင်နဲ့ ပြေပြစ်အောင်ပြောဆိုခြင်းလို့ မည်ပါပေတယ်ရှင့်
အို..ဘာတွေ ဘယ်လိုပြောပြော ငါတို့ရပ်ကွက်ကတော့
လုပ်ချိုပဲဆိုတဲ့ ပရိသတ်များအတွက် အသုံးတည့်စေမှာပါရှင့်

12/05/2025

နေရာတကာဝင်ပါတတ်တဲ့လူတွေအတွက် idiom words

1. Beating a dead horse
အရေးအကြောင်းရယ်မရှိဘဲ နေရာတကာဝင်ပါတတ်တဲ့ အမိတို့တွေအတွက် ပွင့်လင်းစွာဘာသာပြန်ပြရရင်တော့
မိုးထိထိုးကာ ခြောက်လုံးပြူးသေနတ်ထက်ပို၍ပြူးတော်မူသော တောင်ကာထောင်ကာထွက်တတ်သော
$ စိ ကို ပြူးပြီး ရှည် နေ တာ ပဲ
လို့ပြောခြင်းဖြစ်ပါတယ်ရှင့်

2. Dragging it out for nothing
အဓိပ္ပါယ်မရှိ အရည်မရအဖတ်မရ ဘာရယ် သေချာမသိ ဇွတ်တုတ်မယ်ဆိုတဲ့ CCTV တို့အတွက်
$ လုပ် မရှိ $ ကိုင် မရှိ $ တင်း တုတ် ကြ ပြီ
သူများနားမရှိတဲ့ မျက်ချေး ဇွတ်ဆွဲထုတ်ကြသူများ
လို့ပြောခြင်းဖြစ်ပါတယ်ရှင့်

3. Milking a dry cow
သူများမကောင်းကြောင်းကိုယ့်ကောင်းကြောင်း လို့ ပြောလို့ရတာပေါ့ သူတစ်ပါးကိုထိုးနှက်ဖိချပြီးမှ သူ့ကိုယ်သူ ဂုဏ်ယူဝမ်းမြောက်စွာ မော်ကြွားနိုင်တာမျိုး
ဥပမာ- သူ့ကြည့်လိုက်လေ အမြဲစုတ်ပြတ်နေတာပဲ ငါသာဆို အပျိုလေးတန်မယ့်အဲ့လိုမနေဘူးတို့ဘာတို့
အဲ့တစ်ယောက်က သတင်းဆိုးအရမ်းများတာ သူကတော့မဟုတ်ဘူးပြောမှာပဲ မလုပ်ရင်မထွက်ဘူးလေ ငါ့ပဲကြည့် ငါနဲ့ပတ်သက်ပြီး ကောင်းတာကလွဲ ဘာကြားဖူးကြတုံး ဆိုတာမျိုးတော့ပေါ့အေ

idiom words တွေဖြစ်တဲ့အတွက် slang word တွေဖြစ်တဲ့အတွက် သုံးတဲ့နေရာပေါ်သာမူတည်ပါလိမ့်မယ်ရှင်

လူတွေမင်းကိုဘယ်လိုဆက်ဆံလဲဆိုတာက သူတို့$ ကြောင်းကိုယ်ဘယ်လ်ို ပြန်ပြုမူမလဲဆိုတာက ကိုယ့်ကိစ္စကိုယ့်$ကြောင်းမို့ ယုတ်မာမယ်ဆိ...
11/05/2025

လူတွေမင်းကိုဘယ်လိုဆက်ဆံလဲဆိုတာက သူတို့$ ကြောင်း
ကိုယ်ဘယ်လ်ို ပြန်ပြုမူမလဲဆိုတာက ကိုယ့်ကိစ္စကိုယ့်$ကြောင်းမို့ ယုတ်မာမယ်ဆိုရင်လဲ မကျန်ခဲ့စေနဲ့
သူတော်ကောင်းမယ်ဆိုရင်လည်း ရှင်တို့ကိစ္စပဲ

30/04/2025

Full of beans(IDM )
အရမ်းတွေတက်ကြွနေသောလို့အဓိပ္ပါယ်ရပါတယ်
မြန်မာလိုတိုက်ရိုက်အချိုးချရရင်တော့ ဘာကြီးတွေဘယ်လိုဖြစ်နေနေ ပျော်ရွှင်ကြည်နူးတစ်တီတူး ရင်ထဲပန်းပွင့်နေသလိုကို ပျော်နေတာမျိုး
enthusiastic(n) တက်ကြွလန်းဆန်းသော
very engertic(phrase) အင်အားအပြည့်နှင့်တက်ကြွမှုရှိသော
😁😁

He's so full of beans after came back from vacation with his girlfriend.
သူ့ကောင်းမလေးနဲ့အတူခရီးကနေပြန်လာပြီးတည်းက အရမ်းတွေတက်ကြွနေတော့တာပဲ🌚🌚
If you know,you know😁😁

I'm full of beans with his kiss.
သူ့အာဘွားလေးတစ်ချက်နဲ့ကိုကွာ အားတွေပြည့်သွားတာပဲ

I'm full of beans when my Ko Ko call me ''သဲသဲ''
ကိုကိုက သဲသဲလို့ခေါ်လိုက်တာနဲ့ကွာ လောကကြီးကိုတောင်ရင်ဆိုင်ဖို့အသင့်ပဲ(ပြောချင်တာက အရမ်းတွေကြွနေတာပါ)

29/04/2025

nasty(adj)နက်စ်တီ
1.မနှစ်မြို့ဖွယ်ကောင်းသော/မကောင်းသော
This meat is nasty.
ဒီအသားတွေက အနံ့မကောင်းတော့ဘူးနော်
There're so much nasty stuff in this shop.
ဒီဆိုင်မှာအရည်အသွေးမကောင်းတဲ့ပစ္စည်းတွေအရမ်းများတယ်

2.ရိုင်းစိုင်းသော/ရက်စက်သော
She has a nasty temper.
အဲ့ကောင်မလေးကအရိုင်းစိုင်းလေးပါအေ
What a nasty man!
ဘယ်လိုတောင်ရိုင်းစိုင်းလိုက်တဲ့လူလဲ
ဘယ်လိုတောင်ရက်စက်နိုင်ရတာလဲဟယ်

3.ရုန့်ရင်းကြမ်းတမ်းသော
No one is as nasty as he is.
သူ့လိုရုန့်ရင်းကြမ်းတမ်း(အရိုင်းအစိုင်းလိုကောင်မျိုး)တစ်ယောက်မှမရှိဘူး

4.ကသိကအောက်နိုင်သော/စိတ်ထင့်သော
His words make me feel nasty and humiliated.
သူ့စကားတွေက ကသိကအောက်နိုင်လွန်းတယ်
I've got a nasty feeling to travel there.
အဲ့ဒီကိုသွားဖို့အတွက် ငါစိတ်ထင့်နေတယ်

5.ဒေါကန်သော/ဒေါပွသော
My mom turn nasty as I refuse to open the new classes.
အတန်းသစ်ဖွင့်ဖို့ငြင်းလိုက်တာနဲ့ငါ့အမေကစိတ်ဆိုးသွားတော့တာပဲ

Ex ဆိုရင် extra ပဲကြိုက်တတ်တဲ့ကောင်မလေးတွေအတွက်
Extra word အနေနဲ့ idiom word လေးတစ်လုံးပြောပြမယ်
Nasty piece of work(IDM) ပေါင်းရသင်းရမကောင်းသောသူ/ မယုံကြည်ရသောသူ

Address

Namsang

Website

Alerts

Be the first to know and let us send you an email when TSL Language Online School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category