13/04/2022
https://www.facebook.com/1556436754647246/posts/2909423266015248/
💻 Chinese Reality Show 3 ခုလည်း ကြည့်ရင်း ပိတ်ရက်မှာ အနားယူပါ 💻
❇️ ဒီနေ့မှာတော့ သင်္ကြန်တွင်း ပိတ်ရက်မှာ Chinese Reality Show တွေ ကြည့်ရင်း ဘာသာစကား လေ့လာချင်သူတွေ အတွက် Recommend Show/ Program 3 ခု ကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
❇️ Reality Show ဖြစ်တဲ့အတွက်
¤ စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေ
¤ Daily life တွေမှာ အမှန်တကယ် သုံးနေတဲ့ စကားလုံးတွေ
¤ Textbook ထဲမှာမပါတဲ့ ပြင်ဗဟုသုတတွေ ကို
သင်ယူနိုင်မှာ ဖြစ်ပါတယ်။
(1) Back to Field / 向往的生活
ပထမတစ်ခုကတော့ Back to Field ပါ။
စိမ်းလန်းတဲ့ ကျေးလက်တောတောင်ထဲက ရိုးရှင်းတဲ့ဘဝဖြတ်သန်းပုံလေးတွေကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီနှစ်ပိုင်းတွေထဲမှာ လူကြည့်များလာတဲ့ အစီအစဉ်တွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။
(HSK 3/4 လောက်ရရင် subtitle သိပ်မလိုတတ်ကြပါဘူး)
🖇️ Link
https://m.youtube.com/playlist?list=PLUM8x224JrX-K9Xx5-v0sUm7LAVAnJZNF
(2) Informal Talks / 非正式会谈
ဒုတိယတစ်ခုကတော့ Informal Talksပါ။ဒီအစီအစဉ်က မတူညီတဲ့နိုင်ငံ၁၀နိုင်ငံက (အမျိုးသား)လူငယ်တွေနဲ့ အစီအစဉ်တင်ဆက်သူ၊ဧည့်သည်(jiābīng)တွေက လူ့အဖွဲ့အစည်းတွင်းက ခေတ်စားနေတဲ့ သတင်းခေါင်းစဉ်နဲ့ နိုင်ငံအသီးသီးက ယဉ်ကျေးမှုတွေဓလေ့တွေကို ဆွေးနွေး၊ debatesလုပ်တဲ့အစီအစဉ်ဖြစ်ပါတယ်။
နိုင်ငံခြားသားတွေက တရုတ်လိုပြောပြီးဆွေးနွေးကြတာမလို့ ကိုယ်လည်း motivateယူရင်း တရုတ်စကားပြောတိုးတက်အောင် ကြည့်သင့်ပါတယ်။
🖇️ Link
https://m.youtube.com/watch?v=viBOD4z-ztM&list=PLj8WJnZ7vUGe9dlJ_fHT0l-PWL289k6Hz
(3) Go Fighting / 极限挑战
နောက်ဆုံးတစ်ခုကတော့ Go Fighting ပါ။ သူက Running Man နဲ့ ပုံစံ အနည်းငယ် ဆင်တူပြီး တစ်မျိုး ကွဲထွက်တဲ့ အစီစဥ် တစ်ခု ဖြစ်ပါတယ်။ ပါဝင်တဲ့ MC, Guest တွေက ခက်ခဲတဲ့စိန်ခေါ်မှု Challenge တွေကို ပြီးမြောက်အောင် လုပ်ရတာမျိုးမို့ စိတ်လှုပ်ရှားစရာလည်း ကောင်းပြီး Daily usage စကားလုံး အသစ်တွေပါ လေ့လာလို့ရပါတယ်။
🖇️ Link
https://youtube.com/playlist?list=PLhayK-qLSbibVK9yNfRqoV0v85KFKZFzC
NOTES:
📺 Video တစ်ခုကို ၁ နာရီခွဲ ၂ နာရီ ကြာတတ်ပါတယ်။
📺 YouTube ကနေလည်း English Subtitles နဲ့တွဲပြီး ကြည့်ရှုရင်း Listening skill လေ့ကျင့်နိုင်ပါတယ်။
Admin ကတော့ Back to Field ကို ပြန်ကြည့်ရင်း ဖြတ်သန်းဖို့ စိတ်ကူးထားပါတယ်။
အားလုံးရဲ့ သင်္ကြန် ပိတ်ရက် အစီစဥ်တွေကရော ဘယ်လိုလဲ ?
🏘️NOBLE STAR Chinese Language Center
62-63ကြား၊ 20-21လမ်း၊ MUFL အနီး၊ မန္တလေး။
☎️09425025622