Kaung Htet Naing

Kaung Htet Naing

Share

သည်းခံခြင်းသည်...အရာရာအောင်မြင်၏

17/06/2025

#ငွေထက်ပိုတန်ဖိုးကြီးတဲ့အရာဆယ်ခု

လောကမှာ ဘ၀တစ်ခု ရှင်သန် ရပ်တည်နိုင်ဖို့
ငွေဟာ မရှိမဖြစ် လိုအပ်တဲ့ အရာ တစ်ခုပါ။

ဒါပေမယ့် ဘ၀မှာ ငွေထက် ပိုပြီး တန်ဖိုးကြီးတဲ့
အရာတွေလည်း များစွာ ရှိနေပါတယ်။

အဲဒီအရာ ဆယ်ခုကို အခု ပြောပြပေးသွားပါမယ်။

၁။ ။ မိဘနှစ်ပါး

ဆုံးရှုံး သွားပြီးရင် ဘယ်တော့မှ ပြန်မရနိုင်တော့
တဲ့ အရာတွေထဲမှာ မိဘ နှစ်ပါး ပါဝင်ပါတယ်။

ဒါကြောင့် အသက်ရှင်နေတုန်း သင့်ရဲ့ မိဘကို တန်ဖိုးထားပါ။
ဂရုစိုက်ပေးပါ။ပြုစုပေးပါ။

မိဘတွေ မရှိတော့မှ တမ်းတနေတာထက်အသက်
ရှင်နေတုန်း ဂရုတစ်စိုက် ပြုစု ၊ယုယ၊ကျေးဇူးဆပ်ပေးပါ။

၂။ မိသားစု

လောကမှာ သင်ဆိုးသည်ဖြစ်စေ၊ကောင်းသည်
ဖြစ်စေ၊ သင့်ရဲ့ ဖြစ်တည်မှုတိုင်းကို အရှိအတိုင်း
နားလည် လက်ခံပေးနိုင်တာ သင့်ရဲ့ မိသားစုပါ။

ကမ္ဘာကြီး မှာ ဘယ်အရာမှ မိသားစုလောက်
အရေးမကြီးပါဘူး။

သင့်မိသားစုကို အခြား အရာတွေနဲ့ ဘယ်တော့မှ အစားမထိုးမိပါစေနဲ့။

သင့်မိသားစု ပြိုကွဲအောင်မဖန်တီးပါနဲ့။
သင့်မိသားစုကို တန်ဖိုးထားပါ။မြတ်နိုးပါ။ကာကွယ်စောင့်
ရှောက်ပါ။

၃။ ကျန်မာရေး

ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားရင် ကိုယ့်ကျန်မာရေးကို ဂရုစိုက်ပါ။
ကိုယ်ကျန်မာမှ စိတ်ချမ်းသာမှာပါ။

ကိုယ်ကျန်မာ၊ စိတ်ချမ်းသာမှ အခြားသူများ
ကို ကူညီထောက်ပံ့ ပေးနိုင်ပါမယ်။

ဘယ်လောက်ကြာကြာ အသက်ရှင်ရမယ်မှန်း
မသိတဲ့ လူ့ဘ၀မှာ အသက်ရှင်တုန်း အနာမဲ့ဖို့၊
ကျန်မာရေးကို အထူးဂရုစိုက်ပါ။ ။

၄။ မတျတောတရား

ကမ္ဘာကြီးရဲ့ အတောင့်တဆုံးနဲ့ အဆာငတ်ဆုံး
သော အရာဟာ မေတ္တာတရားပါ။

လူတိုင်း လူတိုင်းက မေတ္တာတရားကို ဆာငတ်
နေကြတယ်တဲ့။
ဒါကြောင့် နေရာတိုင်းမှာ မေတ္တာတရားကို ဖြန့်ဝေပါ။

အမုန်းတရားတွေကို ချေဖျက်ဖို့ အင်အားအကြီး
မားဆုံးသော လက်နက်က မေတ္တာတရားပါတဲ့။

ကမ္ဘာကြီးမှာ အမုန်းအာဃာတတွေအစား ချစ်ခြင်းမေတ္တာတွေ မွှေးပျံ့နေပါစေ။

၅။ အချိန်

အချိန်ကို တန်ဖိုးထားပါ။အချိန်ဟာ သင့်ရဲ့ဘ၀၊
သင့်ရဲ့ အနာဂတ်ပါ။
အချိန်ကို အကျိုးရှိရှိ အသုံးပြုတတ်ဖို့ သင်ယူပါ။

သင်အောင်မြင်တာ၊ကျရှုံးတာ အချိန်ကိုဘယ်လို အသုံးချသလဲ ဆိုတဲ့ အပေါ်အများကြီးမူတည်ပါတယ်။

ဘ၀တစ်ခု ကို အချိန်နဲ့ တည်ဆောက်ထားတာမို့
သင့်ဘ၀ကို တန်ဖိုးထားရင် အချိန်ကိုလည်း တန်
ဖိုးထားပါ။

၆။ ပျော်ရွှင်မှု

လူ့ဘ၀က တိုတောင်းလွန်းပါတယ်။စိတ်ညစ်စရာ၊ ဝမ်းနည်းစရာတွေကို မတွေးပါနဲ့။

ဖြစ်ပျက်သမျှ အရာအားလုံးကို အတိတ်မှာ
ထားခဲ့လိုက်ပါ။ဖြစ်ပြီးသမျှ အရာအားလုံးက
ပြီးသွားပါပြီ။လွှတ်ချထားလိုက်ပါ။

ပျော်စရာတွေကို တွေးပါ။ပျော်ပျော်နေပါ။
ကမ္ဘာကြီးမှာ ဖြစ်ပျက်သမျှ အရာအားလုံးက
သင်နဲ့ မဆိုင်ပါဘူး။

သင့်ကို စိတ်ဆင်းရဲစေမယ့် ဘယ်လိုအရာတွေ
မဆို မေ့ပစ်လိုက်ပါ။ပျော်ရွှင်ရယ်မောစရာကိုသာ
ဖန်တီးပါ။စိတ်ပျော်ရွှင်အောင် နေပါ။

၇။ ယုံကြည်မှု

ဆုံးရှုံးသွားပြီးရင် အသစ် တစ်ဖန် ပြန်လည်
တည်ဆောက်လို့ မရနိုင်တဲ့ အရာတွေထဲမှာ
ယုံကြည်မှု' လည်း ပါတယ်။

လူတွေ သင့်နာမည်ကြားတာနဲ့ သူဆိုရင် ယုံကြည်
တယ် ဆိုတဲ့ အဆင့်အထိ ဖြစ်အောင် နေပါ။

လူတစ်ယောက်ရဲ့ ယုံကြည်မှုကို ဘယ်တော့မှ
အလွဲသုံးစား မလုပ်မိပါစေနဲ့။
သင့်ရဲ့ ဂုဏ်သိက္ခာက သင့်ရဲ့ တန်ဖိုးပါ။ ။

၈။ ကိုယ်ချင်းစာတရား

သူ့နေရာမှာ ငါသာ ဆိုရင် ဆိုတဲ့ကိုယ်ချင်းစာ
တရား အမွဲထားပါ။

ဘ၀မှာ ဘာမှ မပိုင်ဆိုင်ခဲ့ရရင်တောင် လူတွေအပေါ် ကိုယ်ချင်းစာတရား ထားတတ်အောင် နေထိုင်ပါ။

လူကို လူလို မြင်ပါ။လူတွေအပေါ်စာနာစိတ်
မွေးပါ။လူတစ်ယောက်အပေါ် ဘယ်တော့မှ
မယုတ်မာပါနဲ့။မရက်စက်ပါနဲ့။

၉။ မိတ်ဆွေ

သင်အမှန်တကယ် အကူညီ လိုအပ် ချိန်မှာ
သင့်ကို ကူညီပေးတဲ့ သူတွေကို တန်ဖိုးထားပါ။

ဆွေမျိုး၊ထောင်သောင်းထက် စစ်မှန်တဲ့ မိတ်ဆွေ
စစ်တစ်ယောက်က ပိုတန်ဖိုးကြီးပါတယ်။

သင့်ရဲ့ မိတ်ဆွေအပေါ် ဘယ်တော့မှ သစ္စာ မဖောက်ပါနဲ့။
သူ့အပေါ် ကျေးဇူးမကန်းပါနဲ့။ အမြဲတန်ဖိုးထားပေးပါ။

၁၀။ ဘဝလက်တွဲဖော်

သင့်ဘဝရဲ့ လက်တွဲဖော်ကို တန်ဖိုးထားပါ။
မြတ်နိုးပါ။ သူ့အပေါ် သစ္စာရှိပါ။ရိုးသားပါ။

ကမ္ဘာပေါ်မှာ ရှိတဲ့သန်းပေါင်းများစွာသောလူတွေထဲက
အကောင်းဆုံးသောသူကို သင့်အတွက် ဘုရား ပြင်ဆင်ပေးထားတဲ့သူပါ။

ဒီ(၁၀ )ခု ကို ဘယ်တော့မှ ငွေကြေးနဲ့ တန်ဖိုး
မဖြတ်လိုက်ပါနဲ့။
ငွေကြေးထက် ပိုတန်ဖိုး ကြီးမားပါတယ်။

#ဆရာအောင်သင်းစာပေများ
#စာပေဗဟုသုတုလူတိုင်းရ
#ဘဝစာပေနှင့်ဗဟုသုတများ
#ခွန်အားရှိသောစာတ်ိုများ

15/10/2024

မရိုးသားတဲ့ သူတစ်ယောက်ဆီကနေ
နားလည်မှုကို တောင်းခံနေမိရင်
ကိုယ်ပဲ ပင်ပန်းရပါလိမ့်မယ်။

*မယဥ်ကျေးတဲ့ သူတစ်ယောက်ဆီကနေ
သိတက်မှုကို မျှော်လင့်နေမိရင်
ကိုယ်ပဲ နာကျင်ရပါလိမ့်မယ်။

*မဖြူစင်တဲ့ သူတစ်ယောက်ဆီကနေ
စာနာမှုကို စောင့်စားနေမိရင်
ကိုယ်ပဲ ဝမ်းနည်းရပါလိမ့်မယ်။

မစာနာတက်သူကို
မတောင်းပန်နေပါနဲ့။

မခံစားတက်သူကို
မခယနေပါနဲ့တော့။

သူနဲ့ တန်တဲ့သူဆီသွားချင်တဲ့
သူတစ်ယောက်ကို
လက်လွှတ်လိုက်ပါ။

တစ်ချို့သူတွေဟာ
စေတနာကို စော်ကားတက်ကြတယ်။

တစ်ချို့သူတွေဟာ
အကြင်နာကို နင်းချေတက်ကြတယ်။

တစ်ချို့သူတွေဟာ
နားလည်မှုကို တလွဲသုံးတက်ကြတယ်။

တချို့သူတွေဟာ
ယုံကြည်မှုကို အခွင့်ကောင်းယူသွားတက်ကြတယ်။

ဒါကြောင့်
တစ်ယောက်ယောက်ကို
ဇွတ်တရွတ် ဖက်တွယ်ထားမိရင်
ကိုယ်ပဲ နောင်တရမှာပါ။

ဘဝမှာ တစ်စုံတစ်ခုကို
ပိုင်ဆိုင်ဖို့ဆိုရင်
တစ်ခုခုကိုတော့ စွန့်လွှတ်လိုက်ရစမြဲပါ။

ပိုကောင်းတဲ့အရာ တစ်ခုအတွက်
ကိုယ့်ကို လေးလံစေတဲ့အရာ
နောက်ကျစေတဲ့အရာ
နာကျင်စေတဲ့အရာ
ရှုံးနိမ့်စေခဲ့တဲ့အရာတွေကို
အတိတ်မှာ ဒီနေ့ပဲ
ထားခဲ့လိုက်ပါ။

Credit

28/11/2023
10/12/2022

ပုံစံ၁၀၅_ရှိရင်မြေပိုင်တယ်_ဂရံ_ရတယ်လို့ထင်နေကြသူများအတွက်

ပုံစံ ၁၀၅ ရှိရင် မြေပိုင်တယ်၊ ဂရန်ရနေတယ်လို့ထင်တတ်ကြပါတယ်။ ၁၀၅ ကိုပြဂရန်ဆိုပြီး ရောင်းဝယ်နေကြတာရှိနေပါတယ်။လူတစ်ယောက်ကမေးတယ် “ဥပဒေဆရာတို့ဖြေကြားပေးပါ၊လွန်ခဲ့တဲ့ (၁၅) နှစ်ကမြေဂရမ်ရှိရက်နဲ့ ခုမြေဂရမ်အသစ်ဖောက်ပြီးရောင်းအဝယ်လုပ်နေကြတယ်ဆိုပြီးသူတင်ပြတာကပုံစံ ၁၀၅ စာရွက်ဖြစ်နေပါတယ်။ဂရန်မဟုတ်ပါဘူး၊နောက်ပြီးစာရွက်မှာရေးထားတာ ကြည့်လိုက်တော့ရွာမြေအတွင်းမှာရှိတဲ့ မည်သူက်ိုမျှဂရန်အဖြစ်ထုတ်ပေးမထားတဲ့ မြေကွက်တစ်ကွက်ဖြစ်ပါတယ်။

ဒီပုံစံ ၁၀၅ ကိုကာယကံရှင်များက မိမိတို့နည်းမိမိတို့ဟန်ဖြင့် ပုံစံ ၁၀၅ ထုတ်ယူထားခြင်းသာဖြစ်ပါတယ်။အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ဂရန်မှတ်တမ်းမှာစာရင်းမဝင်နိုင်သလိုမြေစာရင်းဌာနရဲ့ မြေပိုင်ဆိုင်မှုမှတ်ပုံတင်စာရင်း 1.A (၁-က)မှာလည်းမှတ်တမ်းမ၀င်နိုင်ပါဘူး။ရွာမြေကိုအခုမှတစ်မြို့နယ်တစ်ရွာနှုန်း မြေတိုင်းတာဂရန်ပေးနေတဲ့စီမံချက်နဲ့ လုပ်ပေးနေတာပါ။ကျေးရွာတိုင်းမြေဂရန်ရဖို့မလွယ်သေးပါဘူး၊အသေးစိတ် မြေတိုင်းတာခြင်းလုပ်ငန်းတွေအချိန်ယူလုပ်ဆောင်ရပါတယ်။

ရွာမှာအိမ်တစ်ကွက်ချင်းမည်သူပိုင်တယ်လို့တိုင်းတာပုံထုတ်မှတ်တမ်းတင်တဲ့စနစ်မရှိသေးပါဘူး။ကာယကံရှင်ကမိမိအကွက်ကိုမိမိအစီအစဉ်နဲ့တိုင်းတာပုံထုတ်ထားတာ ဖြစ်နိုင်ပါတယ်။မြေပိုင်ဆိုင်မှုအတွက်ပုံစံ ၁၀၅ ဆိုတာကအထောက်အကူမပြုပါဘူး။ ပုံစံ ၁၀၅ ဆိုတာ ရေးကူးလိုသောအကြောင်းတစ်ရပ်အတွက်ရေးကူးပေးသောမြေပုံသာဖြစ်ပါတယ်။မြေပိုင်ဂရန် (Grant) သို့မဟုတ် အငှါးချထားဂရန်(Lease)သို့မဟုတ် လိုင်စင် (License) မဟုတ်ပါဘူး။

လယ် ယာမြေ ဖြစ်ရင်လယ်ယာမြေလုပ်ကိုင်ရန် ပုံစံ (၇) ကိုရပ်ကျေးမှမြို့နယ်၊မြို့နယ်မှခရိုင်အဆင့်ဆင့်လယ်စီအဖွဲ့ရဲ့သ ဘောထားအတည်ပြုချက်နဲ့ခရိုင်လယ်စီက အတည်ပြုပြီးအဖွဲ့၀င်(၇)ဦးပါတဲ့မြို့နယ်လယ်စီအဖွဲ့ကခွင့်ပြုပေးပါတယ်။မြို့မြေဂရန်ကိုကော်လိပ်တော်(ခရိုင်အုပ်ချုပ်ရေးမှူး၊ခရိုင်ထွေအုပ်)ကခွင့်ပြုပါတယ်။ မြေလွတ်မြေရိုင်းလုပ်ပိုင်ခွင့်ကိုဧက ၃၀၀/၅၀ အောက်ဆိုရင်ပြည်နယ်တိုင်း ဝန်ကြီးချုပ်ဦးဆောင်သောမြေလွတ်မြေရိုင်းအဖွဲ့ကခွင့်ပြုပေးပြီးထိုထက်ပိုရင်ဗဟိုမြေလွတ်မြေရိုင်းအဖွဲ့ကခွင့်ပြုပေးပါတယ်။

လယ်ယာမြေအခြားနည်းအသုံးပြုမှုကိုလယ်မြေအတွက်ဗဟိုလယ်စီအဖွဲ့နဲ့ ဥယျဉ်မြေအတွက်ပြည်နယ်တိုင်းအစိုးရ + ပြည်နယ်တိုင်းလယ်စီအဖွဲ့ကခွင့်ပြုပါတယ်။မြေအမျိုးအစားအလိုက်သက်ဆိုင်ရာ ဌာန၊အဖွဲ့များကသာလုပ်ပိုင်ခွင့်ပြုခြင်းဖြစ်ပါတယ်။အခုသူပြတဲ့ ပုံစံ ၁၀၅/၁၀၆ ဆိုတာမှာ ပုံစံ ၁၀၅ ဆိုတာက မြေပုံ၊ ပုံစံ ၁၀၆ က မြေရာဇ၀င်ပါ။မြေစာရင်းဌာနက ထုတ် ပေးတဲ့မြေစာရင်းပုံစံ ၁၀၅ ကို “လက်ရှိမြေပုံမှာယခုနှစ်အသုံးပြု နေသော ဦးပိုင်မြေပုံ”လို့ခေါ်ပါတယ်။စာတိုခေါ်ရရင် “မြေပုံ”ပေါ့။

နောက်မြို့ကြီးတွေမှာအိုးအိမ်ဦးစီးဌာနကထုတ်ပေးတဲ့ မြေပုံကိုတော့ “S-22” လို့ခေါ်ပါတယ်။ နောက်တစ်ခုကရန်ကုန် မြို့တော်စည်ပင်ကထုတ်ပေးတဲ့မြေပုံမှာကတော့ပုံစံနံပါတ်မပါရှိပါဘူး။ပုံစံ ၁၀၅ မြေပုံစာရွက်မှာကြည့်လို့ရ တာတွေအများကြီးရှိပါတယ်။

သိသင့်၊ ကြည့်သင့်၊ မှတ်သင့်ပါတယ်။တိုင်း၊ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ကျေးရွာ အုပ်စု၊ကွင်းအမှတ်၊ကွင်းအ မည်၊ဦးပိုင်အမှတ်၊မြေကွက်အမှတ်၊ ပိုင်ရှင်အမည်၊ပိုင်ဆိုင်မှု၊မြေအမျိုးအစား၊အကျယ်အ၀န်းနဲ့ရေးကူးပေးရတဲ့ အကြောင်းအရာစသည်ဖြင့်တိကျမှန် ကန်စွာရေးသားထားကြပါတယ်။

သိထားသင့်တာက ပုံစံ ၁၀၅ ဆိုတာ “မြေစာရင်းဌာန” ကထုတ်ပေးတဲ့”ပုံစံ တစ်ခုသာ”ဖြစ်ပါတယ်။အဲဒီ ပုံစံက လယ်ယာမြေပဲဖြစ်ဖြစ်၊ရွာမြေ၊ ဥယျာဉ်ခြံမြေပဲ ဖြစ်ဖြစ်၊ဂရန်မြေပဲ ဖြစ်ဖြစ် သက်ဆိုင်ရာမြေစာရင်း ဦးစီးဌာနအပိုင် နယ်နိမိတ်အတွင်းမှာရှိတဲ့မြေတို့ရဲ့အကျယ်အဝန်းနဲ့အမျိုးအစားကို ဖော်ပြပေးတဲ့ပုံစံစာရွက်သာဖြစ်ပါတယ်။

ဒီပုံစံ ၁၀၅ လက်ထဲရောက်တာနဲ့ ကိုယ်လုပ်ချင်တာ လုပ်လို့ရမယ်၊ မြေပိုင်မယ်လို့ မထင်လိုက်ပါနဲ့။ မြေပိုင်ဆိုင်မှု တရားဝင်အထောက်အထားနဲ့ ပုံစံ ၁၀၅ အရဝယ်ထားတဲ့ မြေက “လယ်ယာမြေ” ဆိုရင်လယ်လုပ်လို့ရမယ်ဆိုတာမျိုးပါ။ ပုံစံ ၁၀၅ မှာပါတဲ့မြေမျိုးနှင့်အတန်းမှာ ရေးတဲ့ သင်္ကေတများရဲ့ဆိုလိုချက်က-

(က) R = မိုးကောင်းလယ်မြေ။

(ခ) R1 = ပထမ အတန်းစား မိုးကောင်း လယ်မြေ။

(ဂ) R2 = ဒုတိယ အတန်းစား မိုးကောင်း လယ်မြေ။

(ဃ) R3 = တတိယ အတန်းစား မိုးကောင်း လယ်မြေ။
(အထွက်နှုန်းစပါး ၃၀ အောက်)

(င) R4 = စတုတ္ထ အတန်းစား မိုးကောင်း လယ်မြေ။
(အထွက်နှုန်းစပါး ၂၀ အောက်)

(စ) RG = အစိုးရ ဆည်ရေသောက် လယ်မြေ။

(ဆ) RP = ပုဂ္ဂလိက ဆည်ရေသောက် လယ်မြေ။

(ဇ) M = မူရင်း သို့မဟုတ် နွေရာသီစိုက် လယ်မြေ။

(ဈ) Y = ယာမြေ။

(ည) D = ဓနိမြေ။

(ဋ) G = ဥယျာဉ်ခြံမြေ။

(ဋ္ဌ) L = ဂရန်မြေ။

(ဍ) B = ဘိုးဘပိုင်မြေ စသည်ဖြင့် ခွဲခြားပြထားတာပါ။

ပုံစံ ၁၀၅ သည်ပိုင်ဆိုင်မှုအတွက် ထုတ် ပေးချင်းမဟုတ်ပါဘူး။၁၀၅ ကို ထုတ် ပေးခြင်းသည်-

၁။ ဂရံလျှောက်ထားရန်အတွက် တင်ပြရန်။

၂။ ဘဏ်ချေးငွေ တင်ရန်အတွက် ဂရံရှိနေသော်လည်း ဘဏ်ချေးငွေ တင်ပြရန်။

၃။ အိမ်ဆောက်လုပ်ခွင့် အမိန့်အတွက် စည်ပင်သာယာတင်ပြရန်။

၄။ Sp/Gp ကိုယ်စားလှယ်လွှဲစာတွင် တွဲရန်။

၅။ မြေတည်နေရာ ပြရန်။

၆။ လက်ဝယ်ထားရန်။

၇။ ပါမစ်မြေပေးမိန့်အရ ရေးကူးရန် စသည်ဖြင့် ရေးဆွဲပေးခြင်းသာ ဖြစ်ပါတယ်။

ဂရန်ချထားခြင်းလုပ်ငန်းအတွက်အောက် မြန်မာပြည်မြေနှင့်အခွန်တော်လက်စွဲဥပဒေ၊အထက်မြန်မာပြည်မြေနှင့်အခွန်တော်စည်းမျဉ်းဥပဒေ၊အောက်မြန်မာပြည်မြို့နှင့်ကျေးရွာမြေများဥပဒေတို့မှာပြဌာန်းထားရှိတဲ့လုပ်ထုံးလုပ်နည်းတွေနဲ့ထွေအုပ်၊ မြေစာရင်းဌာန (၂) ခုပေါင်းစပ်ပြီးဥပဒေနဲ့အညီ ဆောင်ရွက်ပေးခြင်းသာဖြစ်ပါတယ်။ရန်ကုန်၊မန္တလေးလိုမြို့တော်တွေမှာ မြို့ တော်စည်ပင်ကဂရန်ထုတ်ပေးပါကြောင်း တင်ပြလိုက်ရပါတယ်။

စာ သား - စီ အာ ဒီ

Want your school to be the top-listed School/college in Myittha?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Myittha