30/11/2018
What is PANDA? (PANDA ဆိုတာ...?)
-------------------------
PANDA ပညာ့ရိပ်သာကို မြစ်သားမြို့၌ ၂၀၁၂ ခုနှစ်တွင် ကျောင်းသား အယောက် ၂၀သာ ရှိသော အင်္ဂလိပ်စာ သင်တန်း အဖြစ် စတင်တည်ထောင်ခဲ့ရာမှ ၂၀၁၄ ခုနှစ်တွင် PANDA ဘော်ဒါအဖြစ်သို့ တိုးချဲ့ ဖွင့်လှစ်ပြီး အစိုးရသင်ရိုညွှန်းတမ်းများကို သင်ကြားလာသည်မှာ ယခုနှစ်တွင် ၅ နှစ်သက်တမ်း ရှိပါပြီ။ 2017 ခုနှစ်က PANDA အဆောင်ရဲ့ စီမံအုပ်ချုပ်သူ ဆရာချစ်သည် အမေရိကားသို့ ၆ လ Internship ဆင်းနေရသောကြောင့် အဆောင်ကို တစ်နှစ်နားခဲ့ရပါသည်။
PANDA was established in 2012 and it started out as an English Language Centre in 2012, with 20 students occupying a small class in Myittha. Two years later it got changed into a boarding school in 2014, teaching both Myanmar Government Curriculum and extra English lessons to high school students and college students. It was fifth year of founding PANDA and it was closed in 2017 as Sayar Chit, co-founder of PANDA, left for US to do an internship for about six months.
ကျနော်တို့ရဲ့ သန့်ရှင်း သပ်ရက်သော PANDA အဆောင်သို့ လာရောက်လေ့လာလိုက်ပါ။ PANDA အဆောင်ရှိ ဆရာ/မ များ ဂိုက်ဆရာများ ကျောင်းသားမိဘ များနှင့် တွေ့ဆုံပြီး ကျောင်းအပ်နှံခြင်း ကျောင်းလခ ထောက်ပံ့ခြင်း စသည့် အချက်အလက်များကို လေ့လာစုံစမ်းနိုင်ပါသည်။ စည်းကမ်းရှိမှု စာနာရိုင်းပင်းမှု ဇွဲလုံ့လဝီရိယနှင့် စာသင်ယူမှုအလေ့အထကောင်းများ စသည်တို့ကို မွေးမြူပေးမည့်အပြင် လူကြီးမင်းတို့ ကလေးများကို သား/သမီးအရင်းသဖွယ် ဂရုစိုက်၍ ပညာရေးနယ်ပယ်တွင် ယှဉ်ပြိုင်မှုအားကောင်းသော ပတ်ဝန်းကျင်တွင် PANDA ကျောင်းသား/သူများ ရှင်သန်နေထိုင်ကြရပါသည်။ ကျောင်းတိုင်းတွင် သင်ကြားသော အဓိက ဘာသာရပ်များအပြင် ကျောင်းသားများ၏ သင်ယူနိုင်မှုစွမ်းရည် အလိုက် ကျနော်တို့၏သင်ရိုးတွင် အင်္ဂလိပ်ဘာသာကို ထပ်ဆင့်တိုးမြှင့် သင်ကြားပေးပါသည်။
Come take a tour of our clean and nice PANDA boarding school. Meet teachers, staff and school parents and receive information on admissions and financial assistance. PANDA students thrive in a caring and academically challenging environment which fosters good study habits, perseverance, compassion and self-discipline. In addition to core subjects offered in every school, our curriculum is enhanced with English language at every level.
PANDA အဆောင်ရဲ့ ရည်ရွယ်ချက်
---------------------------------------
ဖျက်လတ်တက်ကြွ၍ တီထွင်မှုစွမ်းရည်စိတ်ရှိသော အခြားသူများအပေါ် စာနာ နားလည်းမှုရှိသော မိမိယုံကြည်ရာကို လုပ်ရဲသည့်သတ္တိရှိသော လူငယ်လူရွယ်များ ဖြစ်လာအောင် ပြုစုပျိုးထောင်ပေးရေးသည် ကျနော်တို့ PANDA အဆောင်၏ အဓိက ရည်ရွယ်ချက်ဖြစ်ပါသည်။
တာဝန်သိတတ်သော နိုင်ငံသားများ ဖြစ်စေဖို့ ကျောင်းသား/သူများကို လေ့ကျင်းပျိုးထောင် သင်ကြားပေးဖို့အတွက်လည်း ကျွန်တော်တို့ PANDA အဆောင်ရှိ ဆရာ ဆရာမများက စိတ်ပိုင်းဖြတ်ထားပါသည်။
Our Mission Statement
------------------------------------
Our mission is to develop young men with active and creative minds, a sense of understanding and compassion for others, and the courage to act on their beliefs.
We are also committed to education and nurturing all students so they grow towards responsible citizens.
Boarder Disciplines (အဆောင်စည်းကမ်းများ)
--------------------------------------------------------------
The boarder rules of PANDA have been established in partnership with the community by the principal. Students are expected to follow the boarder rules at all times.
PANDA အဆောင်စည်းကမ်းများကို အဆောင်မှူးက ပတ်ဝန်းကျင်ရှိ ရပ်မိရပ်ဖများ နှင့်အတူလက်တွဲကာ ချမှတ်ထားပါသည်။ ကျောင်းသားများသည် အချိန်ပြည့် ယင်းစည်းကမ်းများကို လိုက်နာရပါမည်။
Students have the responsibility:
ကျောင်းသားများလိုက်နာရမည့်တာဝန်ဝတ္တရားများ
+ To attend school regularly
ကျောင်းမှန်မှန်တက်ရန်
+ To respect the right of others to learn
ပညာသင်ယူရာတွင် အခြားသူများ၏အခွင့်အရေးကို လေးစားရန်
+ To respect their peers and teachers regardless of ethnicity, religion or gender
လူမျိုး ဘာသာ ကျား/မ တို့ကိုမခွဲခြားဘဲ ရွယ်တူမျာ်းနှင့် ဆရာများကို လေးစားခြင်း
+ To respect the property and equipment of the boarder and others
အဆောင်ရှိ ပစ္စည်း ကိရိယာများ နှင်း အခြားပစ္စည်းများ ကို ရိုသေစွာ ကိုင်တွယ်ရန်
+ To carry out reasonable instructions to the best of their ability
ဆရာ/မ မျာ၏ ညွန်ကြားချက်များကို လိုက်နာဆောင်ရွက် ရန်
+ To conduct themselves in a courteous and appropriate manner in school and in public
လူအများကြား နှင့် ကျောင်းတွင် ယဉ်ကျေးပျူငှာသော အမူအရာတို့ကို ပြုမူရန်
+ To keep the boarder environment and the local community free from litter
အဆောင်ပတ်ဝန်းကျင် နှင့် အနီးနားပတ်ဝန်းကျင်တို့တွင် အမိုက်ကင်းစင်နယ်မြေ ဖြစ်အောင်ထိန်းသိမ်းရန်
+ To observe the uniform code of the boarder
အဆောင်၏ တူညီဝတ်စုံ စည်းကမ်း ကို ဂရုပြုလိုက်နာရန်
+ To read all boarder notices and bring them to their parents'/guardians' attention
အဆောင်မှ အကြောင်းကြားစာများကို ဖတ်၍ မိဘ (သို့) အုပ်ထိန်းသူများထံ သတင်းပို့ရန်
The following are not to be brought on to the boarder grounds and strictly forbidden on boarder property when students are under boarder discipline.
ကျောင်းသား/သူများသည် အဆောင်စည်းကမ်း၏ ထိန်းကွပ်မှုအောက်တွင် ရှိနေစဉ် အဆောင်သို့အောက်ပါ အရာများ ကို ယူဆောင်ခွင့်မပြုသည့်အပြင် တင်းကျပ်စွာ တားမြစ်ထားပါသည်။
+ Alcohol or drugs in any form
အရက်သေစာ နှင် မူးယစ်ဆေးအမျိုးမျိုး
+ Chemicals
ဓါတုပစ္စည်းများ
+ Ci******es or to***co
ဆေးလိပ် နှင့် ဆေးရွက်ကြီး
+ Knives or other weapons
ဓါး နှင့် အခြားလက်နက်များ
+ Matches/lighters/explosive or dangerous material
မီးခြစ် ပေါက်ကွဲစေသော ပစ္စည်း နှင် အန္တရာယ်ရှိသော အရာများ
+ Costly equipments & cameras
အဖိုးတန် ပစ္စည်းများ နှင့် ကင်မရာများ
+ Mobile phones/CD players/IPods/MP3 & MP4 players
ဖုန်းများ CD စက်များ i pods များ MP3 စက်များ
+ Theft or attempted theft
ခိုးဝှက်ခြင်း
+ Any act of violence
ခိုက်ရန်ဖြစ်ပွားခြင်း
+ Having boyfriends & girlfriends
ကျား/မ ကိစ္စများ
NOTE : Students are expected to follow some rules promulgated by the relevant authority of the Boarder at any time.
မှတ်ချက်။ ။ အဆောင်မှူးက အချိန်မရွေး ထုတ်ပြန်ကြေငြာထားသော စည်းကမ်းများကိုလည်း ကျောင်းသားအားလုံးလိုက်နာရမည်။
Disciplinary Actions
------------------------------
(စည်းကမ်းဖောက်ဖျက်ပါက ပေးအပ်မည့် ပြစ်ဒဏ်များ)
In case of a disciplinary offence, the Boarder will impose any one or more of the disciplinary actions given below, depending on the severity of the offence.
အကယ်၍ ချမှတ်ထားသော စည်းကမ်းများကို ဖောက်ဖျက်ခဲ့ပါက ပြစ်မှု အကြီးအသေး အလိုက် အောက်တွင်ဖော်ပြထားသော အရေးယူဆောင်ရွက်မှုများထဲမှ တစ်ခု (သို့) တစ်ခုထက်ပိုသော ပြစ်ဒဏ်ကို အဆောင်က ပေးအပ်ပါလိမ့်မည်။
1. Written apology or promissory note countersigned by parents
၁။ မိဘများကိုယ်တိုင် ထပ်ဆင့်လက်မှတ် ရေးထိုးထားသော ဝန်ခံကတိ သို့မဟုတ် မေတ္တာရပ်ခံစာ
2. Counselling of the student
၂။ ကျောင်းသား နှင့် တိုင်ပင်ဆွေးနွေးခြင်း
3. A letter of warning to the student
၃။ ကျောင်းသားထံ သတိပေးစာ ပေးပို့ခြင်း
4. Confiscation of property misused
၎။ တလွဲသုံးသော ပစ္စည်းများကို သိမ်းဆည်းခြင်း
5. Expulsion from the Boarder
၅။ အဆောင်မှ ထုတ်ပယ်ခြင်း
6. Any other penalty which the relevant authority of the Boarder may deem fit to impose
၆။ အဆောင်မှူးက ပြစ်ဒဏ်ပေးသင့်သည်ဟု ယူဆသော အခြား ပြစ်ဒဏ်များ
#ကျောင်းသားစာရင်းစတင်လက်ခံပြီ
၈ တန်း ၉ တန်း ၁၀ တန်း ကျောင်းသားများအားလုံးအတွက် တန်းခွဲအားလုံး [အမှတ်စဉ် ၅- ၂၀၁၉/၂၀] ကို ၂၀၁၉ မတ်လ (၅) ရက် အင်္ဂါနေ့တွင် စတင်ဖွင့်လှစ်သင်ကြားမည် ဖြစ်သည်။ စိတ်ပါဝင်စားသော ကျောင်းသား/သူ များ ၂၆. ၂. ၂၀၁၉ နေ့မှ စတင်ကာ PANDA တွင် ကျောင်းအပ်နှံနိုင်ပြီး ၂၅. ၄. ၂၀၁၉ ထက် နောက်မကျစေရန် မေတ္တာရပ်ခံပါသည်။ အသေးစိတ် သိရှိလိုပါက ဖုန်း ၀၉၇၇၅၀၅၀၉၁၄ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။
!!
Different classes for the Grade 9, 10 & ,11 students [Batch-5, 2019/20] will commence on 10th March 2019 (Tuesday). Interested candidates are requested to register at the reception, starting from 26 2 2019. Please register not later than 25th April 2019. For further information, feel free to call 09775050914. Thank you!!