Lin Let Kyae Private High School

Lin Let Kyae Private High School အနာဂါတ်တွေလှပလင်းလက်ဖို့ လင်းလက်ကြယ်

(၂၉-၇-၂၀၂၆) ရက်၊ ဗုဒ္ဓဟူးနေ့ ဝါဆိုလပြည့်နေ့ (ဓမ္မစင်္ကြာနေ့) တွင် လင်းလက်ကြယ် ကိုယ်ပိုင်အထက်တန်းကျောင်းမှ (၁) ရက် ကျောင်...
28/07/2026

(၂၉-၇-၂၀၂၆) ရက်၊ ဗုဒ္ဓဟူးနေ့ ဝါဆိုလပြည့်နေ့
(ဓမ္မစင်္ကြာနေ့) တွင် လင်းလက်ကြယ် ကိုယ်ပိုင်အထက်တန်းကျောင်းမှ (၁) ရက် ကျောင်းပိတ်မည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

"ဝါဆိုလပြည့်နေ့
မင်္ဂလာရှိသော ရက်မြတ်အခါတော်နေ့မှာ
မိတ်ဆွေ သင်္ဟအပေါင်း ဝေနေယျအပေါင်း ဘေးကင်းကျန်းမာကျက်သရေ အဖြာဖြာကျရောက်ပါစေကြောင်း
လင်းလက်ကြယ် မိသားစုက ဆုတောင်း မေတ္တာ
ပို့သအပ်ပါသည်"

ဝါဆိုလပြည့်နေ့
ဝါဆိုလပြည့်နေ့သည်ကား သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တချက်ပြာဋိဟာ ဆိုသည့်အတိုင်း ဂေါတမမြတ်စွာဘုရားရှင် ပဋိသန္ဓေ နေတော်မူခြင်း။ တောထွက်တော်မူခြင်း။ တရားဦးဓမ္မစကြာကို ဟောကြားတော်မူခြင်း။ ရေအစုံ မီးအစုံ တန်ခိုးပြာဋိဟာကို ပြသတော်မူခြင်းဟူသော ထူးခြားသည့် ဘာသာရေးမှတ်တိုင်ကြီးများကို စိုက်ထူခဲ့သောနေ့ ဖြစ်သည်။ ထို့ပြင် ဝါဆိုလပြည့်နေ့သည် ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့လဲဖြစ်သည်။ တရားရတနာ စတင်ပေါ်ပေါက်ရာနေ့လဲ ဖြစ်သည်။ သံဃာရတနာ စတင်ပေါ်ထွန်းသောနေ့လဲ ဖြစ်သည်။ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်ကူးပြောင်းခွင့် ကြုံသောနေ့လဲ ဖြစ်သည်။ဧဟိဘိက္ခူ ဟူသော စကားကို စတင်ကြားရသော နေ့လဲ ဖြစ်သည်။ ထိုမျှသာမက သံဃာတော်များသည် ဝါဆိုလပြည့်ကျော် ၁-ရက်မှစ၍ ဝါတွင်းသုံးလ ကာလပတ်လုံး ဝါဆိုဝါကပ်သော အခါထူး အခါမြတ်လည်း ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင် မြန်မာတို့သည် စားနပ်ရိက္ခာအတွက် လယ်ယာလုပ်ငန်းကို ကြိုးစားလုပ်ကိုင်ရင်း တဖက်ကလည်း ဝါဆိုလပြည့်နေ့၌ ကျောင်းကန်ဘုရားများသို့ သွားရောက်၍ ဝါဆိုပန်းများ ကပ်လှူခြင်း၊ ဓမ္မစကြာတရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်းများ ပြုကြသည်။ ဝါတွင်းသုံးလတွင် အခြားကာလများထက်ပို၍ အလှူဒါနများ ပြုခြင်း၊ သီလဆောက်တည်ခြင်း၊ တရားဘာဝနာများ ကျင့်ကြံအားထုတ်ခြင်းလည်း ပြုကြသည်။

ဗုဒ္ဓအယူဝါဒကို သက်ဝင်ယုံကြည်ကြသူများအဖို့ ဝါဆိုလပြည့်နေ့သည် အယူဝါဒရေးဆိုင်ရာ နေ့ထူးနေ့မြတ်ဖြစ်ပေသည်။ ထူးခြားပုံမှာ ဂေါတမမြတ်စွာဘုရား အလောင်းတော်သည် အထက် တုသိတာနတ်ပြည်မှ သက်ဆင်း၍ လူ့ပြည်၌ ပဋိသန္ဓေတည်သောနေ့၊ သူအို၊ သူနာ၊ သူသေ ရဟန်းဟူသော နိမိတ်ကြီးလေးပါးကို နတ်များဖန်ဆင်းပြရာတွင် သံဝေဂရ၍ တောထွက်တော်မူသောနေ့၊ ဘုရားအဖြစ်သို့ရောက်ပြီး နောက် ဓမ္မစကြာတရားဦး ဟောတော်မူသောနေ့၊ သာဝတ္ထိပြည် သရက်ဖြူ ပင်ရင်း၌ တိတ္တိသင်းကိုနှိမ်နင်း၍ တန်းခိုးပြာဋိဟာ ပြသောနေ့တို့ ဖြစ်သော ကြောင့်တည်း။

ဂေါတမမြတ်စွာဘုရားသည် ဘုရားအဖြစ်သို့ ရောက်တော်မှုပြီး နောက် ရှေးဦးစွာဖြစ်သော ဓမ္မစကြာဒေသနာတော်ကို ပဉ္စဝဂ္ဂီငါးဦးတို့အား ဝါဆိုလပြည့်နေ့တွင် မိဂဒါဝုန်တော၌ ဟောကြားတော်မူသည်။ ထို့ကြောင့် ဝါဆိုလပြည့်ကို ဓမ္မစကြာအခါတော်နေ့ဟူ၍ နိုင်ငံအစိုးရတို့က သတ်မှတ်ထားသည်။

ဘုရားရှင်သာသနာတော်ရှိ ရဟန်းတို့သည် ဤဝါဆိုလပြည့်နေ့တွင် ဝါတွင်းသုံးလပတ်လုံး မိမိတို့၏ ကျောင်းအာရမ်အတွင်းမှ အရပ် တစ်ပါးသို့ ရွှေ့ပြောင်းသွားလာခြင်း မပြုပါဟူသော ပဋိညာဉ်ဖြင့် ဝါဆို ဝါကပ်မှုများကိုပြုကြသည်။

ထိုကဲ့သို့ ရဟန်းသံဃာတော်တို့သည် ဝါတွင်းသုံးလပတ်လုံး ငြိမ်သက်စွာ တရားအားထုတ်လျက်ရှိစဉ် လူတို့သည်လည်း ထိုဝါတွင်းသုံးလတွင် ရဟန်းတို့၏ သိက္ခာပုဒ်တော်များကို ကြည်ညိုခြင်းဖြစ်လျက် ရှစ်ရက်လပြည့်လကွယ်နေ့များတွင် သီတင်းသီလဆောက်တည်၍ သူတော်ကောင်း တရား ပွားများအားထုတ်ကြခြင်း၊ ကုသိုလ်ဒါနမှုများကို ပြုကြခြင်းဖြင့် ဝါကပ်သော ရဟန်းတို့အား ချမ်းမြေ့စေရန် ထောက်ပံ့ကြ၏။ ဤသို့ ရဟန်းရှင်လူတို့ သုံးလပတ်လုံး ဒါန၊ သီလ၊ ဘာဝနာ အစရှိသော သူတော်ကောင်းတရားများကို ငြိမ်သက်စွာအားထုတ်ရန် အစပြုသော ဝါဆိုလပြည့်နေ့များတွင် လူတို့သည် ဝါကပ်ခြင်းအမှုကို ပြုကြကုန်သော ရဟန်း သံဃာတို့အား ပန်း၊ ဆီမီးတို့ဖြင့် ပူဇော်ကြကုန်သည်။ ဝါဆို ဝါကပ်ကို အစွဲပြု၍ ဝါဆိုပန်း၊ ဝါဆိုဖယောင်းတိုင် စသည့်ဝေါဟာရများ ပေါ်ပေါက်လာသည်။

မြန်မာမင်းများ လက်ထက်တော်တွင် တစ်လလျှင် ပွဲတော်တစ်မျိုးကျ ကျင်းပလေ့ရှိရာ ဤဝါဆိုလအခါတွင် ပဉ္စင်းတော်ခံပွဲများ ကျင်းပမြဲဖြစ် ၏။ ပဉ္စင်းတော်ခံပွဲမှာ ရဟန်းအဖြစ်သို့ ဝင်ခွင့်ရှိ၍ ဝင်လိုသူ ရှင်လူရဟန်း လောင်းတို့အား ရဟန်းဘောင်သို့အခမ်းအနားနှင့် သွတ်သွင်းချီးမြှင့်ခြင်းပင် ဖြစ်လေရာ ဘုရင်မင်းများကိုယ်တော်တိုင် အလေးအမြတ်ပြုလျက် ကျင်းပသောပွဲတော်ဖြစ်လေသည်။

ကိုးကား
ကဏ္ဍ:မြန်မာနိုင်ငံရှိ အားလပ်ရက်များ

Content extracted from Myanmar Wikipedia which is available under CC BY-SA 3.0 license.

ဇူလိုင်လပတ် စာမေးပွဲကို ကြိုးစားပမ်းစား ဖြေဆိုနေသောသား/သမီးတွေရဲ့ ပုံရိပ်များ
22/07/2026

ဇူလိုင်လပတ် စာမေးပွဲကို ကြိုးစားပမ်းစား ဖြေဆိုနေသော
သား/သမီးတွေရဲ့ ပုံရိပ်များ

လင်းလက်ကြယ် ကိုယ်ပိုင်အထက်တန်းကျောင်းမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော 4...
10/07/2026

လင်းလက်ကြယ် ကိုယ်ပိုင်အထက်တန်းကျောင်းမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော 4D,3D ကျောင်းသားသူများ rehearsal ပြုလုပ်ရန်အတွက် မြို့တော်ခန်းမသို့ ၁၃-၇-၂၀၂၆ ရက် တနင်္လာနေ့ နေ့လယ် ၁:၀၀ နာရီ အရောက်လာကြရန် အသိပေးအပ်ပါသည်။

သမီးလေးရေဟက်ပီးဘတ်ဒေးပါနော်။ဒီနေ့ကျရောက်တဲ့ သမီးလေးရဲ့မွေးနေ့မှာ ပျော်ပါစေအမြဲတမ်းပါနော်။လင်းလက်ကြယ်ကိုယ်ပိုင်အထက်တန်းကျ...
07/07/2026

သမီးလေးရေ

ဟက်ပီးဘတ်ဒေးပါနော်။

ဒီနေ့ကျရောက်တဲ့ သမီးလေးရဲ့
မွေးနေ့မှာ ပျော်ပါစေအမြဲတမ်းပါနော်။

လင်းလက်ကြယ်ကိုယ်ပိုင်အထက်တန်းကျောင်းမှာ
(၆)ဘာသာဂုဏ်ထူးထွက်သွားအောင်
ဘယ်လိုကြိုးစားပြီးနေထိုင်သွားကြတဲ့
အကြောင်းတွေကို နောက်မျိုးဆက်မောင်လေး၊ညီမလေးတွေကို လက်ဆင့်ကမ်းပြောပြနေမိတယ်။

ဒီနေ့ မွေးနေ့ကစလို့
ဘဝတစ်သက်တာ ပျော်ရွှင်ပါစေ။
လူထုက အားထားရတဲ့ ဆရာဝန်မကြီးဖြစ်ပါစေ။
ဘုရားသခင်ရဲ့အမှု တော် တွေကိုလဲ မွန်မြတ်စွာ ထမ်းရွက်နိုင်ပါစေလို့
မေတ္တာရည်လောင်းလိုက်ပါတယ် သမီးရေ။

ချစ်တပည့်တို့ ကျတာမဟုတ်ဘူးနောက်တစ်ကြိမ် အခွင့်အရေးရတာအားကုန်ပြန်ထုတ်Fighting 🤍💪စာမေးပွဲကျတာ ဘဝတစ်ခုလုံး ကျသွားတာမဟုတ်ဘူး...
29/06/2026

ချစ်တပည့်တို့ ကျတာမဟုတ်ဘူး
နောက်တစ်ကြိမ် အခွင့်အရေးရတာ
အားကုန်ပြန်ထုတ်
Fighting 🤍💪

စာမေးပွဲကျတာ ဘဝတစ်ခုလုံး ကျသွားတာမဟုတ်ဘူး
လဲရင် ပြန်ထဖို့ဘဲ လိုတယ်။

မင်းတို့ရဲ့ မပြီးဆုံးသေးတဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ …

လင်းလက်ကြယ်မှာ ဆရာစောင့်နေမယ် …

နှစ်ကျတန်းခွဲသစ်ကို ၆-၇-၂၀၂၆ မှာ စတင်သင်ကြားပေးမှာ ဖြစ်ပါတယ်။

2025_26 ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း​ဂုဏ်ထူးရရှိသူများ အောင်မြင်သူ ချစ်တပည့်များအတွက် အထူးဂုဏ်ယူ ဝမ်းမြောက်မိပါတယ်။——————...
28/06/2026

2025_26 ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း
​ဂုဏ်ထူးရရှိသူများ အောင်မြင်သူ ချစ်တပည့်များအတွက် အထူးဂုဏ်ယူ ဝမ်းမြောက်မိပါတယ်။
———————————————————————————

🎓 “အောင်မြင်မှုဆိုတာ ကံမဟုတ်ပါဘူး
မှန်ကန်တဲ့နေရာမှာ သင်ယူထားတဲ့ရလဒ်တစ်ခုပါ”🎓

“လင်းလက်ကြယ်” ကိုယ်ပိုင်အထက်တန်းကျောင်းမှ
နှစ်စဉ်မပျက်

🏆ဂုဏ်ထူးရှင်များ မွေးထုတ်ပေးလျက်ရှိပြီး

✨၂၀၂၆ ခုနှစ်တွင်✨

🎓 လေးဘာသာဂုဏ်ထူးရှင် 🏅🏅🏅🏅
မောင်မိုးမခ
ကမန - ၄၅၉၇
မြန်မာ၊သင်္ချာ၊ရူပ၊ဇီဝ

🎓 တစ်ဘာသာ ဂုဏ်ထူးရှင် 🏅
မောင်ထက်မြတ်အောင်
ကမန - ၄၉၉၀
ဘောဂဗေဒ

10/06/2026

Happy Birthday ပါ ဆရာမကြီး
သာယာပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ …

သားသားမီးမီးတို့ရေ…ကျောင်းဖွင့်ချိန်ရောက်လာပြီနော်နှစ်စကနေ နှစ်ဆုံးထိတိုင်အောင် ပညာလဲသင် စိတ်လဲသင်ရင်းပျော်ပျော်ရွှင်ရွှ...
28/05/2026

သားသားမီးမီးတို့ရေ…
ကျောင်းဖွင့်ချိန်ရောက်လာပြီနော်

နှစ်စကနေ နှစ်ဆုံးထိတိုင်အောင်
ပညာလဲသင် စိတ်လဲသင်ရင်း
ပျော်ပျော်ရွှင်ရွှင် ပညာသင်ကြားရအောင်
ဆရာတွေ ဆရာမတွေစောင့်နေပါတယ်နော်။

စာရင်းသွင်း အပ်နှံနိုင်ပါသည်။
15/05/2026

စာရင်းသွင်း အပ်နှံနိုင်ပါသည်။

Address

Myitkyina

Website

Alerts

Be the first to know and let us send you an email when Lin Let Kyae Private High School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category