Hosanna Private High School

Hosanna Private High School Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hosanna Private High School, Education, Myitkyina.

To Lead Lost souls to the Living God Throught Teaching

ဟောရှဏ္ဏကိုယ်ပိုင်အထက်တန်းကျောင်းမှ ......အစဉ်အမြဲကြိုဆိုနေပါတယ်၊..✍️

လူငယ်တစ်ယောက်ချင်းစီတိုင်းအတွက်
လူရည်ချွန်များစွာ နှစ်စဉ်နှစ်တိုင်း ...💌

ဘက်စုံထူးချွန်တဲ့ ကြယ်ပွင့်လေးတွေ
ဖြစ်အောင်call now

14/08/2026

🏆🏆𝐇𝐎𝐒𝐀𝐍𝐍𝐀 𝐏𝐑𝐈𝐕𝐀𝐓𝐄 𝐇𝐈𝐇𝐆 𝐒𝐂𝐇𝐎𝐎𝐋🏆🏆
𝐌𝐄𝐌𝐎𝐑𝐈𝐄𝐒 𝐕𝐈𝐃𝐄𝐎

12/08/2026

🎖️🎖️ အသင်း၏သက်ဝင်လှုပ်ရှား ကြိုးစားအားထုတ်မှု ၊စည်းလုံးညီညွတ်မှု နှင့် အားကစားစိတ်ဓာတ်များကိုပါ ပေါ်လွင်စေခဲ့ပါတယ် ။
အကောင်းဆုံးအရာနဲ့ ထိုက်တန်သူများ 💪🏿
💪🏿💪🏿
🏆𝐂𝐡𝐚𝐦𝐩𝐢𝐨𝐧 🏆

အမျိုးသားအသင်း (အနီသင်း)
အမျိုးသမီးအသင်း (အစိမ်းသင်း)
#𝐡𝐨𝐬𝐚𝐧𝐧𝐚𝐩𝐫𝐢𝐯𝐚𝐭𝐞𝐡𝐢𝐠𝐡𝐬𝐜𝐡𝐨𝐨𝐥
#𝐊𝐚𝐜𝐡𝐢𝐧
#𝐌𝐲𝐢𝐭𝐤𝐲𝐢𝐧𝐚

🎉🎉 HAPPY BIRTHDAY SR GYI 🎂🥳🥳“ပျော်ရွှင်ဖွယ် မွေးနေ့လေးဖြစ်ပါစေ ဆရာကြီး။ ကျန်းမာချမ်းသာပြီး အသက်ရှည်ကာ ပညာအလင်းနဲ့ လူအမျာ...
04/08/2026

🎉🎉 HAPPY BIRTHDAY SR GYI 🎂🥳🥳

“ပျော်ရွှင်ဖွယ် မွေးနေ့လေးဖြစ်ပါစေ ဆရာကြီး။ ကျန်းမာချမ်းသာပြီး အသက်ရှည်ကာ ပညာအလင်းနဲ့ လူအများကို ဆက်လက်လမ်းပြနိုင်ပါစေ။ ဆန္ဒမှန်သမျှ ပြည့်ဝပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ် 🎉🎂🙏”

ဆရာကြီးရဲ့ စကားတစ်ခွန်း၊ သင်ကြားပေးမှုတစ်ခုချင်းစီဟာ ပညာတင်မကဘဲ ဘဝကို ဘယ်လိုရပ်တည်ရမလဲဆိုတာကိုပါ သင်ပေးခဲ့ပါတယ်။ ဒီကျေးဇူးတွေကို အချိန်ဘယ်လောက်ကြာကြာ မမေ့နိုင်ပါဘူး။

“ဆရာကောင်းတစ်ယောက်ရဲ့ သင်ကြားပေးမှုက စာသင်ခန်းထဲမှာပဲ မပြီးဆုံးဘဲ တပည့်တွေရဲ့ ဘဝတစ်လျှောက်လုံးကို ဆက်လက်လင်းပေးနေပါတယ်။”
ဘုရားသခင်သာ၍ဘိသိက်ကောင်းကြီးရှိပါစေ🙏🙏

၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းသား/သူများ
၂၀၂၅-၂၀၂၆ တပည့်များ
၂၀၂၃-၂၀၂၄ တပည့်များ
လုပ်ဖော်ဆောင်ဖက် ဆရာ/မများ မိတ်ဆွေများ
အားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်🥰🥰🥰

22/07/2026

(၇၉)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲ
(လယ်ဆင့် နှင့် ထက်ဆင့် )

(၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်                                    အကြိုဟောပြောပွဲ(၇၉) နှစ်မြောက် အာဇာနည်နေ့ကို ဂ...
18/07/2026

(၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်
အကြိုဟောပြောပွဲ

(၇၉) နှစ်မြောက် အာဇာနည်နေ့ကို ဂုဏ်ပြုအောက်မေ့သည့်အနေဖြင့် “ဟောရှဏ္ဏကိုယ်ပိုင်အထက်တန်းကျောင်း” တွင် အထိမ်းအမှတ် အကြိုဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။

ဒီအခမ်းအနားမှာ အကောင်းမွန်ဆုံးပါဝင်ဆောင်ရွက်ပေးကြသောဆရာကြီး၊ဆရာမကြီးများကိုလည်း ကျွန်တော်တို့ဟောရှဏ္ဏကိုယ်ပိုင်ကျောင်းမှ အထူးပင်ဝမ်းသာကျေးဇူးတင်ကြောင်းပြောကြားလိုခြင်းဖြစ်ပါသည်။

လွတ်လပ်ရေး၏ တန်ဖိုးကို သိမြင်လိုလျှင် အာဇာနည်တို့၏ စွန့်လွှတ်အနစ်နာခံမှုကို မမေ့သင့်ပါ။”

အခမ်းအနားမှတစ်ဆင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ နိုင်ငံနှင့် ပြည်သူအတွက် စွန့်လွှတ်အနစ်နာခံခဲ့သည့် စိတ်ဓာတ်၊ တာဝန်သိစိတ်နှင့် မျိုးချစ်စိတ်တို့ကို မျိုးဆက်သစ်များ ရင်ထဲတွင် ကိန်းအောင်းစေရန် ရည်ရွယ်၍ ဟောပြောဆွေးနွေးခဲ့ပါသည်။

အာဇာနည်နေ့သည် အောက်မေ့ဂုဏ်ပြုရမည့် နေ့တစ်နေ့သာ မဟုတ်ဘဲ သမိုင်း၏ သင်ခန်းစာများကို ဆင်ခြင်သုံးသပ်ကာ တာဝန်ယူတတ်သော နိုင်ငံသားကောင်းများ ဖြစ်လာစေရန် အားပေးလှုံ့ဆော်ပေးသည့် နေ့တစ်နေ့လည်း ဖြစ်ပါသည်ဟု ဆရာကြီး၊ဆရာမကြီးတို့ကဆုံးမ မိန်.ဆိုပြောကြားခဲ့ပါသည်။

“ကျောင်းသား/သူ များအား အာဇာနည်တို့၏ ဂုဏ်ကျေးဇူးကို အစဉ်အောက်မေ့၍ ကောင်းမွန်သော အနာဂတ်ကို တာဝန်သိစိတ်ဖြင့် အတူတကွ တည်ဆောက်ကြပါစို့။”ဟုပြောကြားရင်း၂၀၂၆-၂၀၂၇ပညာသင်နှစ်တွင်ကျရောက်သော (၇၉)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် အကြိုဟောပြောပွဲကိုအောင်မြင်စွာဆောင်ရွက်ပြီးစီးကျင်းပခဲ့ပါသည်။

#ဟောရှဏ္ဏကိုယ်ပိုင်အထက်တန်းကျောင်း

07/07/2026
29/06/2026

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတော်ကြီးမှ အထူးဝမ်းမြောက်ဂုဏ်ယူစွာဖြင့် ဂုဏ်ပြုအပ်ပါသည်။

ထို့အပြင် ယခုနှစ်တွင် မျှော်မှန်းထားသည့်အတိုင်း မအောင်မြင်ခဲ့ကြသူများအတွက်လည်း စိတ်ဓာတ်မကျဘဲ ကြိုးစားအားထုတ်မှုများကို ဆက်လက်ထိန်းသိမ်း၍ အနာဂတ်အောင်မြင်မှုများကို ရယူနိုင်ကြမည်ဟု ယုံကြည်မျှော်လင့်လျက် အမြဲသတိရအားပေးနေပါသည်။

အောင်မြင်မှုဖြစ်စေ၊ စိန်ခေါ်မှုဖြစ်စေ ကျောင်းတော်ကြီး၏ ရင်ခွင်ထဲမှ မွေးထုတ်ပေးခဲ့သော သားသမီးများအားလုံးသည် ကျောင်းတော်ကြီး၏ အမြဲတမ်း ဂုဏ်ယူရသော အမှတ်တရများပင် ဖြစ်ပါသည်။

အားလုံး၏ အနာဂတ်ခရီးလမ်းများ သာယာဖြောင့်ဖြူး၍ ပိုမိုကြီးမားသော အောင်မြင်မှုများကို ဆက်လက်ရရှိကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

28/06/2026
23/04/2026

“စည်းလုံးခြင်းရဲ့အင်အား “

2024-2025ပညာသင်နှစ်
HOSANNA IDOL SEASON(1)
တုန်းက Top 5 တွေရဲ့ဖျော်ဖြေတင်ဆက်မှု



📢 ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းသားသစ်များ စတင်လက်ခံနေပြီဖြစ်ကြောင်း အသိပေးကြေညာခြင်း"စံပြစည်းကမ်း၊ ထူးချွန်ပညာ၊ နှလု...
22/04/2026

📢 ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းသားသစ်များ စတင်လက်ခံနေပြီဖြစ်ကြောင်း အသိပေးကြေညာခြင်း
"စံပြစည်းကမ်း၊ ထူးချွန်ပညာ၊ နှလုံးရည်ပြည့်ဝဖို့ #ဟောရှဏ္ဏကျောင်းမှာ အတူတူလျှောက်လှမ်းကြပါစို့"
ဟောရှဏ္ဏ (Hosanna) ကိုယ်ပိုင်အထက်တန်းကျောင်းနှင့် အဆင့်မြင့်ဘော်ဒါဆောင် တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် KG မှ Grade-12 အထိ ကျောင်းသား/သူသစ်များကို စတင်လက်ခံသင်ကြားပေးနေပြီ ဖြစ်ပါသည်။
📅 #အတန်းစတင်မည့်ရက်များ
Grade-12 (အတန်းသစ်များ): ၂၀၂၆ ခုနှစ်၊ဧပြီလ(၂၀)ရက်နေ့
KG မှ Grade-11 အထိ (အတန်းအားလုံး): ၂၀၂၆ ခုနှစ်၊ ဧပြီလ(၂၀)ရက်နေ့
🌟 ကျွန်ုပ်တို့ကျောင်း၏ ထူးခြားချက်များ
ဘက်စုံပညာရေး: စာပေသာမက အားကစား၊ ပန်းချီ၊ ဂီတ၊ 4-Skills နှင့် သိပ္ပံလက်တွေ့စမ်းသပ်မှုများကိုပါ ထည့်သွင်းသင်ကြားပေးသဖြင့် ကလေးငယ်များ၏ ဗဟုသုတနှင့် #စွမ်းရည်ကို မြှင့်တင်ပေးပါသည်။
စိတ်ကြိုက်ရွေးချယ်ခွင့်: ကျောင်းသီးသန့်၊ #ဂိုက်သီးသန့်၊ #အဆောင်နေ/ #အဆောင်စား စနစ်များကို မိဘနှင့် ကျောင်းသားများ စိတ်ကြိုက်ရွေးချယ် တက်ရောက်နိုင်ပါသည်။
စံပြပြုစုပျိုးထောင်မှု: စိတ်ဓာတ်ကောင်းမွန်ပြီး စည်းကမ်းပြည့်ဝသော ထူးချွန်ထက်မြက်သည့် ကျောင်းသား/သူများ ဖြစ်လာစေရန် အလေးထား သင်ကြားပေးပါသည်။
အောင်မြင်မှုမှတ်တမ်း: နှစ်စဉ် အောင်ချက်ရာခိုင်နှုန်း မြင့်မားခြင်းနှင့် ဂုဏ်ထူးရှင်များစွာ မွေးထုတ်ပေးနေခြင်းသည် ကျွန်ုပ်တို့ကျောင်း၏ ခိုင်မာသော သက်သေပင် ဖြစ်ပါသည်။
📍 ဆက်သွယ်ရန်လိပ်စာ
အမှတ် (၂၁၀)၊ အပိုင်း (၅)၊ ဒူကထောင်ရပ်ကွက်၊ မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်။
ဖုန်းနံပါတ်များ:
📞 09 785692608, 09 252774933, 09 400037220, 09 783880386, 09 251708388
"ရင်သွေးငယ်တို့၏ အနာဂတ်အတွက် စိတ်အချရဆုံးသော လက်တွဲဖော် - ဟောရှဏ္ဏ"

Address

Myitkyina

Telephone

+959400037220

Website

Alerts

Be the first to know and let us send you an email when Hosanna Private High School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Hosanna Private High School:

Shortcuts

Share

Category