07/07/2025
ဆီစားသက်သာအောင် မောင်းရအောင်...
#ဆီစားသက်သာစေရန်လုပ်ဆောင်ရမဲ့နည်းလမ်းအသွယ်သွယ်
မြို့ထဲမောင်းနှင်သူတွေရော၊ Highway မောင်းနှင်ရသူတွေအတွက်ပါ အသုံးဝင်စေမယ့် ဆီစားသက်သာတဲ့ နည်းလမ်းများကို စုစည်းဖော်ပြပေးလိုက်ပါတယ်.။ Edmunds.com ဟာ ဆီစားသက်သာစေမယ့် နည်းလမ်းအမျိုးမျိုးကို လမ်းမတွေပေါ်မှာ စမ်းသပ်ခဲ့ပါတယ်.။ စမ်းသပ်မှုရဲ့ ရလဒ်တွေအရ အောက်ပါအချက်များကို လိုက်နာခြင်းဖြင့် ဆီသုံးစွဲမှုကို လျှော့ချနိုင်ကြောင်း တွေ့ရှိခဲ့ရပါတယ်.။
(၁) အလွန်လျှင်မြန်စွာ မောင်းနှင်ခြင်းကို ရှောင်ပါ.။
ဒီအချက်ဟာ စမ်းသပ်မှုလုပ်ခဲ့သမျှထဲမှာ ဆီအချွေတာနိုင်ဆုံး အချက်ဖြစ်ပါတယ်.။ Highway မှာပဲဖြစ်ဖြစ် မြို့တွင်းလူရှင်းတဲ့လမ်းတွေမှာပဲဖြစ်ဖြစ်၊ ကားစထွက်ထွက်ချင်းမှာ ပုံမှန်မောင်းနှင်နိုင်တဲ့ အရှိန်ဖြစ်တဲ့ 0-60 mph ကို 15 စက္ကန့်အတွင်း ရောက်နိုင်လောက်တဲ့ အရှိန်နဲ့ မောင်းနှင်ခြင်းဖြင့် ဆီစားနှုန်းကို 31% အထိ လျှော့ချနိုင်တာ တွေ့ရပါတယ်.။
(၂) ဖြည်းဖြည်းမောင်းပါ.။
Edmunds.com ရဲ့ စမ်းသပ်မှုတွေအရ မိုင် ၅ဝ အကွာအဝေးကို 65mph နဲ့တစ်ကြိမ် 75mph နဲ့တစ်ကြိမ် မောင်းနှင်စေရာမှာ ဆီစားမှုကို 12% အထိ လျှော့ချနိုင်တာတွေ့ရှိရပါတယ်.။
(၃) ရပ်နားချိန် တစ်မိနစ်ထက်ကျော်မယ်ဆိုရင် စက်သပ်ထားပါ.။
ဒီအချက်ဟာလဲ စမ်းသပ်မှုထဲမှာ ဆီစားအတော်လေး သက်သာစေတဲ့အချက်ဖြစ်ကြောင်း တွေ့ရှိရပါတယ်.။ ဆီစားနှုန်း 19% ထိ လျှော့ချနိုင်ပါတယ်.။
(၄) ပုံမှန်မောင်းနှင်ပါ.။
လီဗာကို ပုံမှန်အတိုင်းနင်းထားပြီး မောင်းနှင်ခြင်းထက် လီဗာလျှော့ခြင်း၊ လီဗာတိုးနင်းခြင်း ခဏခဏပြုလုပ်ခြင်းဟာ ဆီပိုကုန်စေပါတယ်.။ အနောက်ကနေကပ်လိုက်တာမျိုးကိုလဲ ရှောင်ကြဉ်ပါ.။ အန္တရာယ် များတဲ့အပြင် ရှေ့ကားက ရုတ်တရက်အရှိန်လျှော့လိုက်တဲ့အခါ သင်လဲ လိုက်လျှော့ရမှာဖြစ်တဲ့အတွက် ဆီပိုကုန်စေပါတယ်.။
(၅) ကုန်းမြင့်တွေ့ပါက ဂီယာမပြောင်းဘဲ အရှိန်ကို မြှင့်တင်ပြီး တက်ပါ.။
ကုန်းမြင့်အတက်လမ်းရောက်မှ အရှိန်မြှင့်တင်ခြင်း၊ ဂီယာပြောင်းခြင်းဟာလဲ ဆီပိုကုန်စေပါတယ်.။ ကုန်းမြင့်ကို မြင်ရချိန်ကစပြီး အရှိန်ကို ဖြည်းဖြည်းချင်း မြှင့်တင်မောင်းနှင်ခြင်းဖြင့် ဆီချွေတာနိုင်ပါတယ်.။
(၆) လီဗာပုတ်ခြင်းနှင့် အရှိန်ဖြင့် စထွက်ခြင်းကို ရှောင်ရှားပါ.။
လီဗာပုတ်ခြင်းဟာ အကြောင်းမဲ့သက်သက် ဆီကုန်စေပြီး ကားစထွက်ထွက်ခြင်း အရှိန်မြှင့်ခြင်းဟာလဲ ဆီပိုကုန်စေပါတယ်.။ ဖြည်းဖြည်းချင်း စထွက်ပြီး တဖြည်းဖြည်း အရှိန်မြှင့်တင်ခြင်းဟာ ကားအင်ဂျင်အတွက်ရော ဆီစားနှုန်းကိုပါ သက်သာစေပါတယ်.။
(၇) ဂီယာအမြင့်ကို အမြန်ဆုံးပြောင်းနိုင်အောင် ကြိုးစားပါ.။
အော်တိုဂီယာဖြစ်စေ၊ Manual ဖြစ်စေ ဂီယာအမြင့်တွေဟာ ဆီစားနှုန်းသက်သာစေပါတယ်.။ ဂီယာအနိမ့်တွေမှာ အချိန်ကြာကြာမောင်းနှင်ခြင်းဖြင့် ဆီပိုကုန်စေပါတယ်.။
(၈) ရှေ့ကားကို ကျော်နိုင်ရင်ကျော်ပါ၊ မစောင့်ပါနဲ့.။
အန္တရာယ်ကင်းတဲ့အနေအထားမှာ အရှေ့ကားကို ကျော်နိုင်တယ်ဆိုရင် ကျော်လိုက်တာကောင်းပါတယ်.။ သူမောင်းတဲ့အတိုင်း ကိုယ်လိုက်မောင်းနေရင် ဆီပိုစားဖို့များပါတယ်.။
(၉) အတိုဆုံးလမ်းထက် ခဏခဏမရပ်ရမယ့် လမ်းကိုရွေးပါ.။
အတိုဆုံးလမ်းထက် ခဏခဏမရပ်ရမယ့်၊ မီးပွိုင့်နည်းတဲ့၊ လမ်းမပိတ်တဲ့လမ်းကို ရွေးခြင်းဟာ ဆီစားပိုသက်သာစေပါတယ်.။ အထက်မှာပြောခဲ့သလိုပဲ ခဏခဏရပ်ရခြင်းဟာ လီဗာခဏခဏနင်းရခြင်း၊ ဂီယာပြောင်းရခြင်း၊ အရှိန်မြှင့်ရခြင်း၊ စတဲ့အချက်တွေကြောင့် ဆီပိုကုန်ရတာဖြစ်ပါတယ်.။
(၁ဝ) အဲကွန်းအဖွင့်အပိတ်ခဏခဏလုပ်ပါ.။
အဲကွန်းဖွင့်မောင်းခြင်းဟာ ဆီပိုကုန်မယ်ဆိုတာ အားလုံးသိပါတယ်.။ မလိုအပ်ဘဲ အဲကွန်းဖွင့်မမောင်းနှင်ဘဲ လိုအပ်တဲ့အအေးဓာတ်ရရင် ခဏပြန်ပိတ်ထားခြင်းဖြင့် ဆီချွေတာနိုင်ပါတယ်.။ သွားလိုရာအရပ်သို့ မရောက်ခင် (၅) မိနစ်ခန့် ကြိုပြီး အဲကွန်းပိတ်ထားခြင်းဖြင့်လဲ ချွေတာနိုင်ပါတယ်.။
ကားနဲ့ပတ်သတ်တဲ့ အသ်ပညာဗဟုသုတများစွာကို တင်ဆက်ပေးသွားမှာဖြစ်လို့
ကျွန်တော်တို့ရဲ့ Page လေးကို Like လုပ်သွားပေးကြပါဦးခင်ဗျာ
Credit