ကျော် မိန်းကလေးသီးသန့်ဘော်ဒါ Myitkyina Kachin State

  • Home
  • Myanmar
  • Myitkyina
  • ကျော် မိန်းကလေးသီးသန့်ဘော်ဒါ Myitkyina Kachin State

ကျော် မိန်းကလေးသီးသန့်ဘော်ဒါ Myitkyina Kachin State မိန်းကလေးသီးသန့်ဖြစ်လို့မိဘများအနေနဲ့အခြား စိတ်ပူပန်စရာများမရှိပါ

စတင်လက်ခံနေပါပြီ
22/03/2024

စတင်လက်ခံနေပါပြီ

၂၀၂၃- ၂၀၂၄ ပညာသင်နှစ်အတွက် စတင်လက်ခံနေပြီနော်
03/05/2023

၂၀၂၃- ၂၀၂၄ ပညာသင်နှစ်အတွက် စတင်လက်ခံနေပြီနော်

15/01/2022

Hi

06/01/2022

hi

လိုအပ်သူများ အိမ်အရောက် စာသင်ကြားပေးပါတယ်။0975137309809696926677
15/11/2021

လိုအပ်သူများ အိမ်အရောက် စာသင်ကြားပေးပါတယ်။
09751373098
09696926677

08/05/2021

မြန်မာ့ ဂဏန်းသချင်္ာမှာ ကုဋေ ပြီးရင် ဘာလာလဲ မသိသေးသူများအတွက်
ကုဋေ ပြီးရင် ဘာလာလဲ။

ခု ၊ ဆယ် ၊ ရာ ၊ ထောင် ၊ သောင်း ၊ သိန်း ၊ သန်း ၊ ကုဋေ ဆိုပြီး ကျွန်တော်တို့ ငယ်ငယ်တုန်းက ဆိုခဲ့ကြဖူးတယ်။ ကုဋေ ပြီးရင် အစဉ်လိုက်လာတဲ့ ဂဏန်းအခေါ်အဝေါ်တွေကို မင်မင်က ဗဟုသုတအနေနှင့် ဖော်ပြပေးလိုက်ရပါတယ်။

ငယ်၊စဉ်၊ကြီး၊လိုက် ဆိုရသော်ခု ၊ ဆယ် ၊ ရာ ၊ ထောင် ၊ သောင်း ၊ သိန်း ၊ သန်း ၊ကုဋေ ၊ ကောဋိ ၊ ပကောဋိ ၊ ကောဋိပကောဋိ ၊ နဟုတံ ၊ နိန္နဟုတံ ၊ အက္ခေဘိဏီ ၊ဗိန္ဒု ၊ အဗ္ဗုဒ ၊ နိရဗ္ဗုဒ ၊ အဗဗ ၊ အဋဋ ၊ သောကန္ဓိက ၊ ဥပ္ပလ ၊ ကုမုဒ ၊ ပဒုမ ၊ ပုဏ္ဍရိက ၊ ကထာန ၊ မဟာကထာန ၊ အသင်္ချေ ဆိုပြီးရှိပါတယ်။

ခု ကနေ ကုဋေ အထိကို သုည တစ်လုံးစီတိုးခြင်းဖြင့် သွားပါတယ်။

ဆယ် = 10

ရာ = 100

ထောင် = 1000

သောင်း = 10000

သိန်း = 100000

သန်း = 1000000

ကုဋေ = 10000000 ဆိုပြီး သုညတစ်လုံးစီ တိုးခြင်းဖြင့် အစဉ်လိုက်သွားပါတယ်။

ကုဋေပြီးလို့ ကောဋိ ကနေ အသင်္ချေ အထိက အဆင့်တစ်ခုတက်တိုင်း သုည (၇) လုံးစီ တိုးရပါတယ်။

ကောဋိ = 1 × 10^14

ပေကာဋိ = 1 × 10^21

ကောဋိပကောဋိ = 1 × 10^28

နဟုတံ = 1 × 10^35

နိန်နဟုတံ = 1 × 10^42

အက်ခဘေိဏီ = 1 × 10^49

ဗိန္ဒု = 1 × 10^56

အဗ္ဗုဒ = 1 × 10^63

နိရဗ္ဗုဒ = 1 × 10^70

အဗဗ = 1 × 10^77

အဋဋ = 1 × 10^84

သောကန္ဓိက = 1 × 10^91

ဥပ်ပလ = 1 × 10^98

ကုမုဒ = 1 × 10^105

ပဒုမ = 1 × 10^112

ပုဏ္ဍရိက = 1 × 10^119

ကထာန = 1 × 10^126

မဟာကထာန = 1 × 10^133

အသေင်္ခ်ျ = 1 × 10^140

ဆိုပြီး အဆင့်တစ်ဆင့်တက်တိုင်း သုည (၇) လုံးစီတိုးပြီး တက်ရပါတယ်။ ဒါကြောင့် တစ်အသင်္ချေဆိုရင် တန်ဖိုးအားဖြင့် 1 × 10^140 ( ၁ ရဲ့နောက်မှာ သုည အလုံး ၁၄၀ ) နဲ့ ညီမျှပါတယ်။

သချာၤကြီး (၈)မျိုး

(1) သတကောဋိ = ကုဋေတစ်ရာ 1 နောက်မှ သုည 9 လုံးရှိသောအရေအတွက်။

(2) ပကောဋိ = 1 နောက်မှ သုည 14 လုံး ရှိသောအရေအတွက်။

(3) ကောဋိပ္ပကောဋိ = 1 နောက်မှ သုည 21 လုံးရှိသောအရေအတွက်။

(4) နဟုတ = 1 နောက်မှ သုည 28 လုံးရှိသောအရေအတွက်။

(5) နိန္နဟုတ = 1 နောက်မှ သုည 35 လုံးရှိသောအရေအတွက်။

(6) နိရဗ္ဗုဒ = 1 နောက်မှ သုည 36 လုံးရှိသောအရေအတွက်။

(7) အက္ခောဘိဏီ = 1 နောက်မှ သုည 42 လုံးရှိသောအရေတွက်။

(8) အသင်္ချေယျ = 1 နောက်မှ သုည 140 လုံးရှိသော အရေအတွက်။ခရစ်ဒစ်

အသင်္ချေ ရေတွက်ပုံ

ဗုဒ္ဓဘာသာတို့အနေဖြင့် လေးအသင်္ချေနှင့်ကမ္ဘာတစ်သိန်း ဟူသော စကားကို လူတိုင်းကြားဖူး၍ နားလည်းယဉ်နေလောက်ပေ၏။ သို့သော် အဓိပ္ပါယ်ကိုကား နားမလည်သူက များ၏။ အဓိက နားမလည်နိုင်သော စကားလုံးမှာ အသင်္ချေ သို့မဟုတ် အသင်္ချေယျ ဟူသော စကားပင် အဓိက ဖြစ်၏။ သို့အတွက် အသင်္ချေ ၏ အဓိပ္ပါယ် သို့မဟုတ် ၎င်း၏တန်ဖိုးကို တွက်ပြပါအံ့။

တစ်အသင်္ချေ ဆိုသည်မှာ တစ်နောက် သုညအလုံးပေါင်း ၁၄၀ ရှိသည်ဟု ဦးစွာ မှတ်သားထားစေလိုပါ၏။ အဘယ့်ကြောင့် ၁၄၀ ရှိရသနည်း။ တွက်ပြပေးပါမည်။ လက်တွေ့ ရေတွက်ကြည့်ကြပါစို့။

“ ခု၊ ဆယ်၊ ရာ၊ ထောင် ” မှ စ၍ “ အသင်္ချေယျ ” ထိအောင် ရေတွက်ပုံုံကို အရင်သိရာ၏။ ၎င်းကို အစဉ်လိုက် ရေတွက်သော် “ ခု၊ ဆယ်၊ ရာ၊ ထောင်၊ သောင်း၊ သိန်း၊ သန်း၊ ကုဋေ၊ကောဋိ၊ ပကောဋိ၊ ကောဋိပကောဋိ၊ နဟုတံ၊ နိန္နဟုတံ၊ အက္ခေဘိဏီ၊ ဗိန္ဒု၊ အဗ္ဗုဒ၊ နိရဗ္ဗုဒ၊ အဗဗ၊ အဋဋ၊ သောကန္ဓိက၊ ဥပ္ပလ၊ ကုမုဒ၊ ပဒုမ၊ ပုဏ္ဍရိက၊ ကထာန၊ မဟာကထာန၊ အသင်္ချေယျ ” ( ၂၇ လုံး ရှိ၏ )

ဟူ၍ အစဉ်အတိုင်း ရေတွက်ရ၏။

ရေတွက်ပုံမှာ ခု မှ ကုဋေ အထိကို သုည ၁ လုံးစီသာ တိုးရာ၏။ ဥပမာ

၁ = တစ်ခု

၁၀ = တစ်ဆယ်

၁၀၀ = တစ်ရာ

၁၀၀၀ = တစ်ထောင်

၁၀၀၀၀ = တစ်သောင်း

၁၀၀၀၀၀ = တစ်သိန်း

၁၀၀၀၀၀၀ = တစ်သန်း

၁၀၀၀၀၀၀၀ = တစ်ကုဋေဤလောက်ထိ အားလုံးနားလည်ပြီးသား ဖြစ်၏။ သို့သော် ကောတိ မှစ၍ ရေတွက်ပုံကိုမူ အလှမ်းဝေးကြ၏။ ရေတွက်ပုံမှာ ကောဋိ မှ အသင်္ချေယျ ထိကိုမူ သုည ၇ လုံးစီ တိုးရာ၏။

ဥပမာ

၁၀၀၀၀၀၀၀ =တစ် ကုဋေ

၁၀၀၀၀၀၀၀,၀ =ဆယ်ကုဋေ (သုညတစ်လုံးတိုး)

၁၀၀၀၀၀၀၀,၀၀ =ကုဋေတစ်ရာ( ။ နှစ်လုံးတိုး)

၁၀၀၀၀၀၀၀,၀၀၀ =ကုဋေတစ်ထောင် ( ။သုံးလုံးတိုး)

၁၀၀၀၀၀၀၀,၀၀၀၀ =ကုဋေတစ်သောင်း(။လေးလုံးတိုး)

၁၀၀၀၀၀၀၀,၀၀၀၀၀ =ကုဋေတစ်သိန်း(။ငါးလုံးတိုး)

၁၀၀၀၀၀၀၀,၀၀၀၀၀၀ =ကုဋေတစ်သန်း(။ခြောက်လုံးတိုး

၁၀၀၀၀၀၀၀,၀၀၀၀၀၀၀ =တစ်ကောဋိ (။ခုနစ်လုံးတိုး)

စသဖြင့် ကောဋိ မှ ပကောဋိ သို့လည်း ဤနည်းအတိုင်း သုညခုနစ်လုံး ကပ်ပေးခြင်းဖြင့် ရေတွက်၏။ ဥပမာ

တစ်ကောဋိကို သုည

တစ်လုံး ကပ်သော် ဆယ်ကောဋိ

နှစ်လုံးကပ်သော် ကောဋိတစ်ရာ ( နားလည်ပါအဲ့ )

သုံးလုံးကပ်သော် ကောဋိတစ်ထောင်

လေးလုံးကပ်သော် ကောဋိတစ်သောင်း

ငါးလုံးကပ်သော် ကောဋိတစ်သိန်း

ခြောက်လုံးကပ်သော် ကောဋိတစ်သန်း

ခုနစ်လုံးကပ်သော် ပကောဋိ (နားလည်ပါအံ့)

ဤနည်းအတိုင်း ပကောဋိ မှ ကောဋိပကောဋိ၊ ကောဋိပကောဋိ မှ နဟုတံ စသဖြင့် နောက်ဆုံး ၂၇ ကြိမ်မြောက် အသင်္ချေယျ အထိ ဤနည်းအတိုင်း သုညတစ်လုံးလုံးချင်းစီ ကပ်ပေးလာ၍ ခုနစ်လုံးမြှောက်သော် နောက်တန်ဖိုး ပြောင်းပေးရ၏။

ဤနည်းအတိုင်း ရေတွက်လာသော် အသင်္ချယျ သို့ရောက်သော် သုည အလုံးပေါင်း ၁၄၀ ရှိသည်ကို တွေရမည် ဖြစ်၏။ ထို့ကြောင့် တစ်သင်္ချေယျ၏ အရေအတွက်သည် တစ်နောက် သုညအလုံးပေါင်း (၁၄၀) ရှိသည်ဟု ဆိုခြင်းဖြစ်၏။

ထိုကြောင့် အသင်္ချေယျ ၏ တန်ဖိုးအရေအတွက်မှာ လွန်စွာများပြားလှတော့၏။ အသင်္ချေယျ ၏ တန်ဖိုးများပြားပုံကို နမူနာသာဓက တစ်ခု ပြထား၏။

ဦးစွာ ဝါးအလုံးပေါင်း ၆၀ ကို စည်းထား၏။ ထို အလုံး ၆၀ ပါသော ဝါးစည်းကို ခါးမှ အပိုင်းပေါင်း ၆၀ ပိုင်းဖြတ်မည်ဖြစ်၏။ ထိုသို့ ပိုင်းဖြတ်ပြီး၍ ရသော အစည်းပိုင်းတို ၆၀ ကို ခရီးလမ်းဆုံ လမ်းမအလယ်မှာ ထား.ထား၏။

ထိုဝါးအစည်းပုံအား ဆင်၊ မြင်း၊ ရထား၊ စစ်သည် ဗိုလ်ပါ ရဲမက်အပေါင်းများက ထောင်းထောင်း ညက်ညက်ကြေအောင် နင်းချေဖြတ်ဆီးသွားသောအခါ ထိုဝါးအစည်းပုံသည် မှုန့်မှုန့်ညက်ညက် ကြေသွား၏။

ထိုဝါးပုံမှ ကြေညက်သွားသော ဝါးမှုန်များကို ရေတွက်သော် ၁၄ ခု မြှောက်သော အက္ခေဘိဏီ မျှသာ ရှိသေးသည်ဟု ဆို၏။ သိုဆိုလျှင် အသင်္ချေယျ၏ တန်ဖိုးကား မည်မျှပင် များပြားနေမည်နည်း ဟု တွေးရင်း ဘုရား ရဟန္တာတို့၏ ကြီးမြတ်လှသော ဉာဏ်တော်အား အံ့သြ လေးစား ချီးကျူး ပူဇော်ရင်း……

ဓမ္မရောင်ခြည်

Credit

15/04/2021
🧖🏼‍♀️ရေချိုးခြင်း🧖🏼‍♀️👉ခေါင်းကနေ ရေ စတင်လောင်းချိုးတာက လေဖြတ်တတ်ပါတယ်။ဦးခေါင်းမှ စ၍ ရေလောင်းမချိုးသင့်ပါ။👉ကျွန်တော်တို့က...
23/09/2020

🧖🏼‍♀️ရေချိုးခြင်း🧖🏼‍♀️

👉ခေါင်းကနေ ရေ စတင်လောင်းချိုးတာက လေဖြတ်တတ်ပါတယ်။
ဦးခေါင်းမှ စ၍ ရေလောင်းမချိုးသင့်ပါ။

👉ကျွန်တော်တို့က သွေးနွေးသတ္တဝါတွေ ဖြစ်တဲ့အတွက် ခန္ဓာကိုယ်က အပူချိန်ကို အလျှင်အမြန် ထိန်းညှိနေရတာကြောင့်ပါ။

👉ခေါင်းကို ရေလောင်းစဉ် ခေါင်းအေးသွားတဲ့အတွက် အပူချိန် ထိန်းညှိနိုင်အောင် ခန္ဓာကိုယ်က သွေးတွေက ခေါင်းကို အလျှင်အမြန် လာကြတာကြောင့် ဦးနှောက်
သွေးကြော ပေါက်လွယ်သွားပြီး လေဖြတ်ကာ လိမ့်ကျသွားနိုင်ပါတယ်။

👉ရေချိုးတဲ့အခါမှာ ခြေထောက်ကနေ စတင်ရေလောင်းပြီးမှ တဖြည်းဖြည်း အပေါ်ပိုင်းကို ဆက်လောင်းချိုးပါ ။

👉အထူးသဖြင့် သွေးတိုးရောဂါရှိသူ သွေးတွင်းကိုလက်ထရောမြင့်တက်သူနဲ့ ဦးခေါင်း
တခြမ်းကိုက် ဝေဒနာခံစားရသူတွေ ဒီရေချိုးနည်းကို လိုက်နာသင့်ပါတယ်။
. . . . . . . . . . . . . . . . . . . . . .

👇- ရေချိုးနည်း

◆ရေချိုးတဲ့အခါ ခြေထောက်ကို အရင် ရေလောင်းပါ
◆တဖြေးဖြေး ဒူး ပေါင် ခါး လောင်းပြီးမှ တကိုယ်လုံး ရေချိုးပါ။

◆ရေ အဆင့်ဆင့် လောင်းနေတုံး ပါးစပ်ထဲမှာ ရေငုံထားတာက ကိုယ်ခန္ဓာကို ◆ရေလောင်းလို့ ထွက်လာတဲ့ အပူခိုးတွေ မျက်စိကို မရောက်အောင် အကာအကွယ်
ပြုတာပါ။

◆ခန္ဓာကိုယ်ကို အဆင့်ဆင့် ရေလောင်းနေတုန်း ချမ်းစိမ့်စိမ့် ဖြစ်လာရင် ရေမချိုးပါနဲ့
◆ရေချိုးရင် ဖျားတာက အပူရှိလို့ အပူငုတ် အပူရှပ်ချင်တာပါ။

●အပူထဲမှလာပြီး ချက်ခြင်း ရေမချိုးပါနဲ့။
●ထမင်းစားပြီး ရေမချိုးသင့်ပါ ။
●ရေမချိုးခင် ရေ ဝ အောင် သောက်ပါ။
●ရေချိုးပြီးရင် ရေကို စင်အောင်သုတ်ပြီး ရေနွေးသောက်ပါ။
. . . . . . . . . . . . . . . . . . . . .

👇- ရေချိုးလို့ ရနိုင်တဲ့ ကောင်းကျိုးများ

★ဆီးချိုရောဂါရှိသူတစ်ယောက်က နာရီဝက်ကြာ ရေချိုးတာ သွေးထဲက သကြားဓာတ် ၁၃ % လျော့နည်းတယ်။

★ရေနွေး ၃၂ . ၃၅ ဒီဂရီကို ချိုးရင် အရေပြားက အပေါက်လေးတွေကို ပွင့်စေပြီး
အဆိပ် အတောက်တွေ ထွက်ကုန်မယ်၊ ကြွက်သားနာတာ သက်သာမယ် ၊ အူတွေ ပို
အလုပ် လုပ်နိုင်မယ်။

★ရေချိုးတာကို ၁၀မိနစ် ၂၀မိနစ် သာကြာပါစေ ရေနွေး ၁၂ . ၁၈ ဒီဂရီကို ချိုးရင် စိတ်ဖိအား ကျစေမယ် သွေးကြောလေးတွေကို ကျဉ်းစေလို့ သကြားဓာတ် တက်စေမယ်။

★ အင်ပြင် ထ တာမျိုးကို Sodium Bicarbonate ( ဆော်ဒါ ) ပါတဲ့ ရေချိုးရင်
သက်သာမယ် ၊ ပိုးတချို့ကိုလည်း သေစေမယ် ။

★ ရေနွေးနဲ့ ချိုးတာက တုတ်ကွေး အအေးမိတာ သက်သာစေမယ် ၊ နင်းခူနာ သက်သာစေမယ်။

★ ရေအေးထဲမှာ ခြေထောက်ကို စိမ်ပေးရင် ကောင်းကောင်းအိပ်ပျော်စေတယ်။
. . . . . . . . . . . . . . . . . . . . .

For health care

👇- မနက်ခင်းရေချိုးခြင်း၏ကောင်းကျိုး

●မနက်ခင်းရေချိုးခြင်းက ကိုယ်ခန္ဓာတွင်းမှ အပူခိုးများထွက်ခြင်း

●ရေနွေးနဲ့ချိုးရင် သွေးလည်ှ့ပတ်မှုကောင်းစေ
ကြွက်သားများကို တောင့်တင်းသန်မာစေ
ရေနွေးနဲ့ချိုးခြင်းက ကျမ်းမာရေးများစွာ အထောက်အကူပြု

●အိပ်ရာနိုးတဲ့အခါမနက်ခင်း ရေချိုးခြင်းက ပေါ့ပါးလွတ်လပ်သွား စိတ်ဖိစီးမှုကိုသက်
သာစေ. စိတ်ဖိစီးမှုဖြစ်နေရင် မနက်ခင်းရေချိုးခြင်းက အထောက်အကူပြုတယ်။

●မနက်ခင်း လေ့ကျင့်ခဏ်းတခုခုလုပ်ပြီးမှ ရေချိုးတာကြွက်သားတွေကိုပိုမိုသန်မာစေ

●ကယ်လီးဖိုးနီးယားတက္ကသိုလ်မှသုတေသနပညာရှင်များအဆိုအရ
မနက်ခင်းအေးတဲ့ရေနဲ့ရေချိုးခြင်းက သုပ်ပိုးများကိုပိုမိုဖွံဖြိုးစေတယ်လို့ဆိုတယ်

●ရေနွေး သိုမဟုတ် ရေအေးနဲ့မနက်ခင်းခေါင်းလျော်ခြင်းဟာ ဆံပင်မကျွတ်ခြင်းအ
တွက်အထူးကောင်းမွန်စေ .. ဆံပင်သားမကောင်းခြင်း မွဲခြောက်ခြောက်ဖြစ်ခြင်းတို့ကို
ကာကွယ်တားဆီးပေး။
. . . . . . . . . . . . . . . . . . . . . . . . .

➕ ကျမ်းမာရေးအတွက်ဆေးတစ်ခွက်

👉 ညနေပိုင်းရေချိုးလျင် သတိထားရန် ..ညနေ ၅ နာရီမှ ၇ နာရီရေချိုး နေစဉ် ဆီးမသွားရကျောက်ကပ် အလုပ် လုပ်နေချိန် ဖြစ်သည်။ ကျောက်ကပ် မပျက်စီးအောင်
ဂရုပြုရန်..

ခန္ဓာကိုယ်တွင် အသည်း အလုပ်လုပ်ချိန် ည ၁၁နာရီ မှ ၃ နာရီထိ
ကျောက်ကပ် အလုပ် လုပ်ချိန် ညနေ ၅ နာရီ မှ ရ နာရီ

ညရာသီအလိုက်ရေချိုးချိန်

နွေ မနက် ၉ နာရီ
မိုး မနက်. ၁၀ နာရီ
ဆောင်း. မနက် ၁၁ နာရီ

အရိုးပွ. အရိုးပါး. ဂေါက်ရောဂါ ရှိသူတွေ နာကျဉ်ခြင်းသက်သာအောင် ရေနွေးထဲဆားခါး ထည့်ဖျော် ချိုးခြင်းဖြင့်သက်သာစေပါသည်။
. . . . . . . . . . . . . . . . . . . . . .

👉" ညဖက်ရေချိုးခြင်း သတိထားရန် "

ခေါင်းလျှော်လျှင် မအိပ်ခင်မှာ ခြောက်အောင်သုတ်ပြီးမှ အိပ်ပါ။
မိမိကိုယ် အပူချိန်က နေ့ခင်းဖက်မှာထက် လျော့ကျနေသည်ကို သတိပြုပါ။
နှစ်ခြိုက်စွာ အိပ်ချင်လို့ ရေချိုးတာဆိုလျှင် မအိပ်ခင်လေးမှာ အချိန်ခွာပြီးရေချိုးပါ။

ကိုယ်ကာယ လေ့ပျင့်ခဏ်း လုပ်ပြီးစမှာ ချွေးပေါက်လေးတွေ ကျယ်နေတဲ့အတွက် ချက်ခြင်း ရေမချိုးပါနဲ့ မိနစ် ၃၀ ခန့်စောင့်ပြီး ကိုယ်အပူချိန် လျော့ကျသွားပြီး ချွေးပေါက်
ပြန်ကျဉ်းသွားချိန်မှ ရေချိုးပါ။

ညဖက် အရမ်းနောက်ကျရင် ရေနွေးနဲ့ ချိုးပါ - ရေနွေးနဲ့ မချိုးခင်မှာ ရေအပူချိန်ကို လက်
နဲ့ ထိတွေ့ ခံစားကြည့်ပါ။

ပုံမှန်အားဖြင့် လူကိုယ်ခန္ဓာအပူချိန်ထက် ၅ ဒီဂရီ ပို၍ လက်ခံနိုင်သည့် လူတစ်ယောက်
ရဲ့ သာမန် အပူချိန်ကတော့ ၉၇ ဖာရင်ဟိုက် ဖြစ်တဲ့အတွက် ကိုယ် လက်ခံနိုင်မယ့် မပူ
လွန်း မအေးလွန်း အနေအထားကို ရယူပါ။

ရေချိုးခြင်းက စိတ်နဲ့ကိုယ်နဲ့ ပြန်လည် လန်းဆန်းအောင် လုပ်ခြင်းဖြစ်တယ်။
ရေနွေးနွေးနဲ့ ချိုးလိုက်ရင် အရေပြားပေါ်မှာ ရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေး
ပြီး စိတ်ဖိစီးမူကို လျော့ချ သွေးပေါင်ကျ - တစ်နေ့တာကုန်သွားတဲ့ အားအင်တွေကို ပြန်
ဖြည့်ပေး - တောင့်တင်းနေတဲ့ ကြွက်သားတွေကို ရေချိုးခြင်းက ဖြေလျော့ပေးပါတယ်။

ရေနွေးနဲ့ ချိုးခြင်းက အရေပြားကို ချောမွတ်စေ - နုပျို လန်းဆန်းခြင်းကို ခံစားရ -
ညဖက် ရေချိုးတာက ကောင်းသော ကိုယ်သင်းးနံ့ကို ပေး - နှစ်ခြိုက်စွာ အိပ်ပျော်စေ-
မျက်စိကြောင်ပြီး အိပ်မပျော်ခြင်း မဖြစ်တော့ပါ။

တတ်နိုင်ရင် ရေနွေးနဲ့ချိုးပါ အများစုက ရေအေးနဲ့ ချိုးကြတယ်။
ညနေပိုင်း အပူအခိုးထွက်နေတာတွေက ကိုယ်တွင်းသို့ ပြန်ဝင်တတ်ပါတယ်။

# copy Dr. Khin Moe Moe

ကျန်းမာရေးနှင့်ညီညွှတ်စွာ ရေချိုးခြင်းဖြင့် သက်ရှည်ကျန်းမာကြပါစေ.....

29/08/2020

ကျောင်းတွေပိတ်တာပါ။
Home Learning, Home Studying ,
Home Reading, Home Training မလုပ်ရလို့ မဆိုလိုပါ။ ကြိုးစားကြပါ

အဖြေလေးတွေမန့်ပေးပါ
29/08/2020

အဖြေလေးတွေမန့်ပေးပါ

22/08/2020

အဆောင်တစ်ခုလုံးအတွက် ယုံကြည်စိတ်ချရဆုံး အားကိုးရဆုံး jinghpaw ကပြားမလေးတစ်ဦးဖြစ်တဲ့ အဆောင်မှူးဆရာမလေးရဲ့ တောက်ပလှပနေတဲ့ပုံရိပ်လေးများ

Address

အမှတ် ၁၁၁ မြေမြင့်ရပ်ကွက် စည်ပင်သာယာလမ်း။ မြစ်ကြီးနားမြို့။
Myitkyina

Website

Alerts

Be the first to know and let us send you an email when ကျော် မိန်းကလေးသီးသန့်ဘော်ဒါ Myitkyina Kachin State posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category