Triumph Education Center

Triumph Education Center We provide quality English language courses to learners of 3 and above.

All levels of classes are run all year long.There are also YLE class,YLE Primary Class, Communicative English classes, Academic English classes and customized & personalized courses to meet the needs of particular learners are available.

KTCS jawng shang san poi htai na matu hkyen lajang mayu ai jawng ma ni hpang de -TEC kaw nna Seminary Entrance Exam Prep...
13/08/2026

KTCS jawng shang san poi htai na matu hkyen lajang mayu ai jawng ma ni hpang de -

TEC kaw nna Seminary Entrance Exam Preparation Class hpe August shata 31 ya shani sharin hpang na re..

Course duration: 60 hrs (Shata 2 jan)

Jawng shang san poi a matu atsawm hkyen lajang mayu ai jawng ma ni matut mahkai wa mai ai..

Hkring dat: Jan Mai Buga, Lawk 6, လမ်းသွယ် 3 (ထောင့်)မိန်းလမ်းမကြီးဘေး ​, Agape မျက်မမြင်ကျောင်းအနီး, မြစ်ကြီးနားမြို့..

--------------
KTCs ကျောင်းဝင်ခွင့်စာမေးပွဲအတွက်

သင်ကြားပေးမည့် ဘာသာရပ်များ -

Bible Knowledge
English 4 Skills
Grammar
Maths
Basic Presentation Skills
Entrance Interview အတွက်လည်းလေ့ကျင့် သင်ကြားပေးသွားပါမည်။

Starting Date - August 31,2026 (Mon)

Duration - 2 and half months (60hrs)

လူဦးရေ အကန့်အသတ်ရှိပါသည်။

အသေးစိတ် စုံစမ်းလိုပါက -

09 740 825 638, 09 896 191 678

ရုံးချိန် 9:00 am မှ 4:00 pm (Mon to Friday)

Starlink တွေပိတ်တော့မယ်ဆိုတဲ့သတင်းကြောင့်TEC ရဲ့online class တွေကို ဘယ်လိုrun ရတော့မလဲနော်။ G-12 online study guide အတွက...
17/07/2026

Starlink တွေပိတ်တော့မယ်ဆိုတဲ့သတင်းကြောင့်
TEC ရဲ့online class တွေကို ဘယ်လိုrun ရတော့မလဲနော်။

G-12 online study guide အတွက်ဖုန်းဆက်မေးမြန်းထားကြတဲ့မိဘများကိုပြန်အကြောင်းကြားပေးပါမယ်ရှင့်...

အခြေအနေ စောင့်ကြည့်ရုံကလွဲပြီး🥺

မဂ်လာပါTEC မှာ Online Learning Platform အတွက် Online Tutoring Class (English) တန်းခွဲသစ်ကို ထပ်မံဖွင့်လှစ်လိုက်ပါတယ်ရှင်...
07/07/2026

မဂ်လာပါ

TEC မှာ Online Learning Platform အတွက် Online Tutoring Class (English) တန်းခွဲသစ်ကို ထပ်မံဖွင့်လှစ်လိုက်ပါတယ်ရှင့်။

အစိုးရသင်ရိုးကိုအခြေခံပြီး Grade -12 ကျောင်းသူ/သားတွေအတွက် ထိရောက်တဲ့သင်ကြားနည်းဗျူဟာ သင်ခန်းစာများနဲ့ လပတ်အစမ်းစာမေးပွဲများထည့်သွင်းလေ့ကျင့်ပေးသွားမှာဖြစ်ပါတယ်။

သင်တန်းကာလကတော့ July to March တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုပြီးတဲ့အထိဖြစ်ပါတယ်။

သင်ကြားရေးအတွေ့အကြုံရှိပြီး သက်ဆိုင်ရာဘာသာရပ်များကို B.A(Hons),M.A ဘွဲ့ရဆရာ ဆရာမများမှ အထူးကြပ်မတ်သင်ကြားပေးသွားမှာဖြစ်လို့ ယုံကြည်စိတ်ချစွာအပ်နှံနိုင်ပါတယ်ရှင့်။

လူဦးရေ အကန့်အသတ်နှင့် စုစုပေါင်း 8 ဦးသာလက်ခံသင်ကြားမှာဖြစ်တဲ့အတွက် အမြန်ဆုံးစာရင်းပေးသွင်းလိုက်ပါနော် 😊

သင်တန်းစမည့်ရက် > 17th July, 2026
@
သင်တန်းချိန် > တပတ်(3) ရက် - 3 hrs per week

Online တန်းခွဲသစ်အကြောင်း အသေးစိတ်စုံစမ်းလိုပါက အောက်ပါဖုန်းနံပါတ်သို့ ဆက်သွယ်မေးမြန်းလို့ရပါတယ်ရှင့်။

မှတ်ချက် ! July လအတွက်သင်တန်းကြေးအပြည့်သွင်းစရာမလိုပါ။

TEC မှ အနီးကပ်​ကြပ်မတ်လေ့ကျင့်ပေးမည့် တက္ကသိုလ်ဝင်တန်း နှစ်ကျတန်းခွဲများအတွက် အမည်စာရင်းလက်ခံနေပါပြီရှင့်...အချိန်နဲ့အမျ...
30/06/2026

TEC မှ အနီးကပ်​ကြပ်မတ်လေ့ကျင့်ပေးမည့် တက္ကသိုလ်ဝင်တန်း နှစ်ကျတန်းခွဲများအတွက် အမည်စာရင်းလက်ခံနေပါပြီရှင့်...

အချိန်နဲ့အမျှ တိကျသော Time management /Course outline / Assessment စသည့် ထိရောက်သောသင်ကြားရေးနည်းဗျူဟာများနှင့် ဘာသာရပ်အသီးသီးကို အထူးကျွမ်းကျင်​ပြီးသက်ဆိုင်ရာ ဘာသာရပ်များ၌ M.Ed,M.A, M.Sc ဘွဲ့ရရှိထားသည့် ဝါရင့် ဆရာ/မ များမှ အသေးစိတ် လေ့ကျင့်​သင်ကြားပေးမည့် တန်းခွဲဖြစ်ပါသည်။

July လအတွင်း အမည်စာရင်း သွင်းလို့ရပါသည်။

တန်းခွဲများ စတင်မည့်ရက်

Intake A - 13. July .2026
Intake B - 3. August .2026

တန်းခွဲ တခုစီတွင် လူဦးရေကန့်သတ်ထားပါသည်။

အသေးစိတ် စုံစမ်းရန်
Ph..09 740825638/ 09 896191678
လိပ်စာ.. လမ်းသွယ်3ထောင်ံ့ အိမ်/အေးမြသာယာလမ်းမကြီး

တန်းခွဲသစ်များအတွက် အမည်စာရင်းလက်ခံနေပါတယ်ရှင့်..👇👇
30/06/2026

တန်းခွဲသစ်များအတွက် အမည်စာရင်းလက်ခံနေပါတယ်ရှင့်..👇👇

TEC မှ June နှင့် July လအတွင်း ဖွင့်လှစ်သွားမယ့် အတန်းများ -



1. MOE- အစိုးရသင်ရိုး (June Intake)

>Study Guide (Grade 10/11)

>Grade 12 အထူးဝိုင်း (Bio - ဇီဝတွဲ only)

2. International curriculum (July Intake)

>Academic Writing (Weekend Class)

>Communicative Language Training

>Grammar Practice Class

>GED Study Guide

အတန်းများကို ဖွင့်လှစ်သွားပါမည်။

သက်ဆိုင်ရာ ဘာသာရပ်များတွင်

M.A ,M.Sc, Ph.D ဘွဲ့များရရှိထားပြီး

ပညာရေး လောက၌ စာသင်သက် များပြီး ပညာရည်ပြည့်ဝသော ဆရာ ဆရာ မကြီးများ မှ အထူးကြတ်မတ်ပြီး ကျောင်းသားဦးရေနည်းနည်းနှင့်သင်ကြားရေး ထိရောက်မှု ရရှိအောင် လက်တွေ့ လုပ်ဆောင်မှုများနှင့် တွဲဖက်သင်ကြားပေးမည့်

TEC - Truimph Education Centerသို့

မိမိရင်သွေးလေးများ၏ပညာရေးအတွက် ယုံကြည်စိတ်ချစွာဖြင့် အမြန်ဆုံးစာရင်းပေးသွင်းလိုက်ပါနော်...

လမ်းသွယ် (3) အေးမြသာယာလမ်းမကြီး, Htoo Family တည်းခိုခန်းဘေးကပ်ရက်, မြစ်ကြီးနားမြို့.

Ph- 09 740 825 638

ဒီကနေ့ ကျရောက်တဲ့ ဖခင်များနေ့မှစ၍ ကမ္ဘာပေါ်မှာရှိတဲ့ ဖခင်များအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပ...
21/06/2026

ဒီကနေ့ ကျရောက်တဲ့ ဖခင်များနေ့မှစ၍
ကမ္ဘာပေါ်မှာရှိတဲ့ ဖခင်များအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပါစေကြောင်း TEC မှ ဂုဏ်ပြု ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ရှင့်...

Happy Father`s Day! !!

TEC မှ June နှင့် July လအတွင်း ဖွင့်လှစ်သွားမယ့် အတန်းများ -  1. MOE- အစိုးရသင်ရိုး (June Intake)>Study Guide (Grade 10/...
10/06/2026

TEC မှ June နှင့် July လအတွင်း ဖွင့်လှစ်သွားမယ့် အတန်းများ -



1. MOE- အစိုးရသင်ရိုး (June Intake)

>Study Guide (Grade 10/11)

>Grade 12 အထူးဝိုင်း (Bio - ဇီဝတွဲ only)

2. International curriculum (July Intake)

>Academic Writing (Weekend Class)

>Communicative Language Training

>Grammar Practice Class

>GED Study Guide

အတန်းများကို ဖွင့်လှစ်သွားပါမည်။

သက်ဆိုင်ရာ ဘာသာရပ်များတွင်

M.A ,M.Sc, Ph.D ဘွဲ့များရရှိထားပြီး

ပညာရေး လောက၌ စာသင်သက် များပြီး ပညာရည်ပြည့်ဝသော ဆရာ ဆရာ မကြီးများ မှ အထူးကြတ်မတ်ပြီး ကျောင်းသားဦးရေနည်းနည်းနှင့်သင်ကြားရေး ထိရောက်မှု ရရှိအောင် လက်တွေ့ လုပ်ဆောင်မှုများနှင့် တွဲဖက်သင်ကြားပေးမည့်

TEC - Truimph Education Centerသို့

မိမိရင်သွေးလေးများ၏ပညာရေးအတွက် ယုံကြည်စိတ်ချစွာဖြင့် အမြန်ဆုံးစာရင်းပေးသွင်းလိုက်ပါနော်...

လမ်းသွယ် (3) အေးမြသာယာလမ်းမကြီး, Htoo Family တည်းခိုခန်းဘေးကပ်ရက်, မြစ်ကြီးနားမြို့.

Ph- 09 740 825 638

ဂျပန်နိုင်ငံမှာ စာသင်နှစ်တစ်ခုမစခင် ကျောင်းသားမိဘတွေဆီကို သူတို့သားသမီးတွေလိုက်နာရမယ့် အခြေခံအမူအကျင့်ဆိုင်ရာလမ်းညွှန်ချ...
01/06/2026

ဂျပန်နိုင်ငံမှာ စာသင်နှစ်တစ်ခုမစခင် ကျောင်းသားမိဘတွေဆီကို သူတို့သားသမီးတွေလိုက်နာရမယ့် အခြေခံအမူအကျင့်ဆိုင်ရာလမ်းညွှန်ချက်စာရင်းတစ်ခု ပို့ပေးလေ့ရှိပါတယ်။

အဲဒီလမ်းညွှန်ချက်တွေဟာ ရိုးရှင်းပေမယ့် အဓိပ္ပာယ်ပြည့်ဝတဲ့ အလေ့အကျင့်တွေဖြစ်ပါတယ်။

- တစ်ယောက်ယောက်က ကိုယ့်ကိုစကားပြောတဲ့အခါ ဂရုစိုက်ပြီးနားထောင်ပါ။

- လူတစ်ဖက်သားကို ရိုးရိုးသားသားနှုတ်ဆက်ပါ။ သူတို့ကိုစကားပြန်ပြောတဲ့အခါ ရှင်းရှင်းလင်းလင်းနဲ့ ယုံကြည်မှုရှိရှိပြန်ပြောပါ။

- တခြားတစ်ယောက်ရဲ့ပစ္စည်းဟာ ကိုယ့်ပစ္စည်းမဟုတ်ဘူးဆိုတာကို သတိရပါ။ သူများရဲ့ပစ္စည်းကို ခွင့်ပြုချက်မတောင်းဘဲ ဘယ်တော့မှမယူပါနဲ့။

- စာသင်ခန်းထဲမဝင်ခင်မှာ ဖိနပ်တွေကို သတ်မှတ်ထားတဲ့နေရာမှာ သေသေသပ်သပ်ချွတ်ထားခဲ့ပါ။

- ခါးမတ်မတ်ထိုင်ပါ။ ပျော့တိပျော့ခွေမထိုင်ပါနဲ့။

- အဝတ်အစားတွေကို သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်နဲ့ လိုက်ဖက်ညီအောင်ဝတ်ပါ။

- ကိုယ့်ရဲ့စာရေးစားပွဲနဲ့ ကိုယ်ထိုင်တဲ့နေရာကို သန့်ရှင်းသပ်ရပ်အောင်ထားပါ။

- ညဘက်ကိုစောစောအိပ်ပြီး မနက်ကို အချိန်မီအိပ်ယာထပါ။

- မနက်စာကို အာဟာရပြည့်အောင် နေ့စဉ်စားပါ။

- သွားတိုက်ဖို့မမေ့ပါနဲ့။

- ဘယ်တော့မှလိမ်မပြောပါနဲ့။

- ကိုယ့်ရဲ့အတန်းဖော်သူငယ်ချင်းကို ဘယ်တော့မှပစ်မထားပါနဲ့။ အထီးမကျန်ပါစေနဲ့။

- အခက်အခဲဖြစ်နေတဲ့သူတွေကို ကူညီပါ။

- သူများအကြောင်း မကောင်းမပြောပါနဲ့

- လူတိုင်းနဲ့ သင့်မြတ်အောင်သင်ယူပါ။ အတူကစားပြီးသင်ယူပါ။

- တစ်ယောက်တည်း သီးသန့်မနေပါနဲ့။ တခြားလူတွေနဲ့ အပြန်အလှန်ဆက်ဆံနိုင်အောင် လေ့ကျင့်ပါ။

- ကျန်းမာရေးကောင်းပြီး သဘာဝတရားနဲ့ အဆက်အသွယ်မပြတ်ဖို့အတွက် အချိန်ပေးပြီး အပြင်ထွက်ပါ။

- အမှားတစ်ခုလုပ်မိရင် ရိုးရိုးသားသားတောင်းပန်ပါ

အဲဒီရိုးစင်းတဲ့ စည်းကမ်းတွေဟာ ကလေးတစ်ယောက်ရဲ့ အမူအကျင့်တွေကို ပုံသွင်းပေးရုံတင်မကဘဲ ကလေးရဲ့အကျင့်စရိုက်ကိုပါ ပုံသွင်းပေးနိုင်ပါတယ်။

အဲဒီစည်းကမ်းတွေဟာ ကလေးတွေ တာဝန်သိဖို့ တာဝန်ယူတတ်ဖို့၊ တစ်ဖက်သားကို ရိုသေလေးစားတတ်ဖို့နဲ့ ကိုယ့်ထက်ပိုကြီးတဲ့ လူမှုအသိုင်းအဝိုင်းတစ်ခုရဲ့ အစိတ်အပိုင်းအဖြစ် ရပ်တည်နိုင်ဖို့အတွက် သင်ကြားပေးပါတယ်။
Crd to org post😊😊

(Translated by )

In Japan, before the school year begins, parents are given a list of basic behavior guidelines their children are expected to follow.

Its a collection of simplebut meaningfulhabits:

Listen carefully when someone is speaking to you.

Greet others sincerely and respond clearly and confidently.

Remember: what belongs to someone else is not yoursnever take it without permission.

Take off your shoes before entering and place them neatly where they belong.

Sit up straightdont slouch.

Keep your clothes clean, tidy, and well put together.

Keep your desk and personal space organized.

Go to bed early and wake up on time.

Dont skip a proper breakfast.

Dont forget to brush your teeth.

Always tell the truth.

Dont leave a classmate out or alone.

Help those who are struggling.

Dont speak badly about others.

Learn to get along with everyoneplay and learn together.

Dont isolate yourselfpractice interacting with others.

Spend time outdoors to stay healthy and connected to nature.

If you make a mistakeapologize sincerely.

These simple rules dont just shape a childs behaviorthey shape character.

They teach responsibility, respect, and the ability to be part of something bigger than yourself.

စာသင်တာ အရင်းအနှီးမလိုဘူးထင်သူများသို့ စာသင်ရတာ အရင်းအနှီးမလိုဘူးလို့ တချို့က ထင်ကောင်းထင်မယ်။ စာသင်နေတဲ့အခါ စာအုပ်တစ်အု...
18/05/2026

စာသင်တာ အရင်းအနှီးမလိုဘူးထင်သူများသို့

စာသင်ရတာ အရင်းအနှီးမလိုဘူးလို့ တချို့က ထင်ကောင်းထင်မယ်။ စာသင်နေတဲ့အခါ စာအုပ်တစ်အုပ်လောက်ကိုင်၊ ဒါမှမဟုတ် စာအုပ်တောင် မကိုင်ဘဲ လေကလေးနဲ့ ပြောနေတာကို အများတွေ့ဖူးကြတာကိုး။ ဒါပေမဲ့ စာသင်တာကို professional ကျကျလုပ်သူတိုင်းမှာ အရင်းအနှီးတွေ အများကြီး လိုအပ်ပါတယ်။

အရင်းအနှီးတွေထဲမှာ အရေးအကြီးဆုံး အရင်းအနှီးက ပညာအရင်းအနှီးပါ။ စာသင်တယ်ဆိုတာ ကိုယ်တတ်သမျှ တဆင့်ပြန်သင်ပေးရတာပဲ။ ကိုယ်က မတတ်တတတ်ဆို တပည့်တွေကို ဘယ်လိုများ ပြန်သင်ပါ့မလဲ။ ဒီတော့ ပညာတွေ စဉ်ဆက်မပြတ် ဆည်းပူးရပါတယ်။ ပညာအရင်းအနှီးအပြင် လိုအပ်တဲ့ တခြားအရင်းအနှီးတွေ ရှိသေးတယ်။

(၁) ငွေကြေးအရင်းအနှီး
Professional ဆရာတစ်ယောက် ငွေကြေးအရင်းအနှီးမရှိဘူးလို့ ထင်တဲ့ အထင်က တက်တက်စင်အောင် လွဲပါတယ်။ စာအုပ်တွေ ဝယ်ရပါတယ်။ မေးခွန်းအယူအဆ တစ်ချက်ကလေးသိရဖို့တင် စာအုပ်လေးငါးအုပ်လောက် ဝယ်ဖတ်ကြည့်ရတာ ရှိတယ်။ စာအုပ်တွေ အစအဆုံး ဖတ်ဖြစ်ချင်မှ ဖတ်ဖြစ်မယ် ဒါပေမဲ့ လိုတာလေးတွေ ညှိနှိုင်းဖို့ ဝယ်ရတယ်။ ဖတ်ကြည့်ရတယ်။ ကိုယ်တတ်ဖို့ပါ လုပ်ရတော့ ပညာဖြည့်ဆည်းရတာ စာအုပ်စာတမ်း၊ အခွေ၊ software စတာတွေ ဝယ်ရပါတယ်။ ကျွန်တော်ဆို စာသင်တာနဲ့မဆိုင်တဲ့ စာအုပ်တွေမပါ စာသင်ဖို့ စာအုပ်သက်သက်နဲ့တင် တစ်လကို ငါသောင်းလောက် ကုန်ကျပါတယ်။ တချို့ဆရာတွေ စာသင်ဖို့ ဝယ်ရတာ တစ်လကို သိန်းချီကုန်တာ မြင်ရပါတယ်။ ဒီလို စုဆောင်းလေ့လာထားတဲ့အခါ နယ်ပယ်အစုံကို ထိတွေ့သင်ကြားနိုင်ပါတယ်။ တစ်နည်းပြောရရင် ဘယ်စာမဆို သင်နိုင်၊ အသက်မွေးဝမ်းကျောင်းနိုင်ပါတယ်။

စာအုပ်ဖိုး တစ်ခုတည်းနဲ့တင် ပြီးသလားဆိုတော့ မပြီးသေးဘူး။ အင်တာနက်ဖိုးရှိသေးတယ်။ လိုအပ်တဲ့ video fileတွေ၊ အသံဖိုင်တွေ၊ software တွေ၊ ပုံတွေ ရှာဖွေ download လုပ်တာ အင်တာနက်ဖိုး ဘယ်လောက် ကုန်လိုက်မလဲ တွေးကြည့်ပေါ့။

တချို့ သင်တန်းတွေ online/offline တက်ရပါတယ်။ အခမဲ့သင်တန်းဆို စရိတ်ကုန်ပါတယ်။ အခပေးသင်တန်းဆို သင်တန်းကြေးကုန်ပါတယ်။ နည်းစနစ်သိရဖို့ ပိုထိရောက်ဖို့ အရင်းအနှီးပြုရပါတယ်။

(၂) အချိန်အရင်းအနှီး
စာကို သာမန်ဝတ်ကျေတန်းကျေသင်သူမဟုတ်ဘဲ professional သင်တဲ့သူမှန်သမျှ ကြည့်လိုက်ပါ။ မေးမြန်းကြည့်ပါ။ လေ့လာဆည်းပူး၊ တွေးတောကြံဆ၊ တိုင်ပင်နှီးနှောတာတွေ မရှိတဲ့သူ လုံးဝမရှိပါဘူး။ ကျွန်တော့် account ထဲမှာ စာသင်ကောင်းသူတွေ အများကြီးရှိပါတယ်။ တစ်ယောက်မှ အေးအေးလေးနေပြီး စာသင်ချိန်မှ ထသင်သူမရှိပါဘူး။ ကြိုးစားကြံဆနေပုံများ အားရစရာကောင်းလွန်းလို့ အဲဒီလိုမကြိုးစားနိုင်တဲ့ ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်မိတဲ့အထိပါပဲ။

(၃) အားထုတ်မှုအရင်းအနှီး
professional ဆရာတစ်ယောက်က အားစိုက်ထုတ်ရတာတွေ အင်မတန်များပါတယ်။ လေ့လာဖို့ အားစိုက်ရတယ်။ သင်တဲ့အခါ အားစိုက်ရတယ်။ ကိုယ့်အလုပ်ကို လေးစားဖို့ အားစိုက်ရတယ်။ ဘယ်လောက်ပဲ ပင်ပန်းပါစေ၊ စိတ်ညစ်ပါစေ အားစိုက်ထုတ်ပြီး သင်ရပါတယ်။

တချို့က ပြောပါလိမ့်မယ်။ မင့်ဟာက လွန်ပါတယ်။ ငါတို့မြင်နေတဲ့ ဆရာ/မတွေများ သာသာယာယာပါပဲ။ ဘာမှ အရင်းအနှီးမရှိပါဘူးဆိုပြီး။ အဲဒါမှားပါတယ်။ ကိုယ်မသိ၊ မမြင်လို့ပဲ ဖြစ်ပါလိမ့်မယ်။ ဒါမှမဟုတ် သူတို့က professional ဆရာ/မ မဟုတ်လို့ ဖြစ်ပါလိမ့်မယ်။ ဘာသာရပ်တစ်ခုမှာ နာမည်ရနေတဲ့ ဆရာ/မ ဘယ်သူမဆို ပညာအရင်းအနှီး၊ ငွေအရင်းအနှီး၊ အချိန်အရင်းအနှီး၊ အားစိုက်မှုအရင်းအနှီး စိုက်ထုတ်ရပါတယ်။

စာသင်တာက အတတ်ပညာတစ်ခုဖြစ်ပါတယ်။ အနုပညာတစ်ခုဖြစ်ပါတယ်။ လွယ်လွယ်လေး မရဘူး။ လွယ်လွယ်ကလေး သင်ရတာမဟုတ်ဘူးဆိုတာ ရှင်းလင်းစေချင်ပါတယ်။

မူရင်းပို့်စ်ပိုင်ရှင်ကို လေးစားစွာဖြင့်
credit

TEC မှဖွင့်လှစ်သော တန်းခွဲများတက်ရောက်ရန် Admission ဝင်ထား​ပြီးသော သင်တန်းသားများနှင့် မိဘများရှင့် ..အောက်တွင်ဖော်ပြထား...
07/04/2026

TEC မှဖွင့်လှစ်သော တန်းခွဲများတက်ရောက်ရန် Admission ဝင်ထား​ပြီးသော သင်တန်းသားများနှင့်
မိဘများရှင့် ..

အောက်တွင်ဖော်ပြထားသော အချိန်ဇယားသည် 👇👇

CLT course Weekdays & Weekend Class များအတွက် အချိန်ဇယား ဖြစ်ပါတယ်။

CLT - Weekend Class ကို April 8ရက်နေ့ စတင်ပြီး

CLT - Weekdays class morning session ကို April 13ရက်နေ့ စတင်မှာဖြစ်ပါကြောင်း အကြောင်းကြား
အပ်ပါသည်။

CLT Course အကြောင်းကို ဖော်ပြပါ link ထဲတွင်ဝင်ရောက်လေ့လာနိုင်ပါသည်။

https://m.facebook.com/story.php?story_fbid=1575900247874980&id=100063650605529&mibextid=Nif5oz

သင်တန်းတက်ရောက်ဖို့ Admission မဝင်ရသေးသူများ
အမည်စာရင်းအပ်နှံနိုင်ပါ​တယ်ရှင့်..

Notes!
> CLT Weekend Class ဂျန်မိုင်ကောင်း ​အေးမြသာယာ Campus တန်းခွဲအတွက် အတန်းချိန်သည် နေ့ခင်းပိုင်း 1:00 - 3:30 PM ဖြစ်ပါသည်။

For more Information 👇👇
09 740 825 638



Address

Str. No(3) Corner, Ayemya Tharyar Main Road, Kachin State
Myitkyina
01011

Opening Hours

Monday 09:00 - 16:00
Tuesday 09:00 - 16:00
Wednesday 09:00 - 16:00
Thursday 09:00 - 16:00
Friday 09:00 - 16:00

Telephone

+959880223389

Website

Alerts

Be the first to know and let us send you an email when Triumph Education Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Triumph Education Center:

Shortcuts

Share

Category